Chapter 66

2.3K 559 24
                                    


Chapter 66: ဂါဝန်လေး

စုမင်ဘက်ကို အားလုံးလှည့်ကြည့်လာကြသည်။

ယန်ဂျင်းချိုင်နဲ့ ရွှီရီရှောင်တို့က ထိတ်လန့်တကြားအဖြစ်ဆုံးပဲ။ စုမင်ရှေ့က ဟင်းလျာနှစ်ပွဲကိုကြည့်ပြီးတော့ စုမင်ကိုပြန်ကြည့်လိုက်ကြကာ ဘာတွေဖြစ်နေလဲ သူတို့မသိပေ။

သူ့အရှေ့က ဟင်းနှစ်ပွဲကို စုမင်တိတ်တဆိတ်ကြည့်နေခဲ့သည်။

တစ်မျိုးက ဟင်းနုနွယ်ရွက်ကြော်ပန်းကန်နဲ့ နောက်တစ်မျိုးက နုပ်နုပ်စဉ်းထားသောဝက်သားကြော်ဖြစ်သည်။

ဖြန့်ကြဲလျက် ရောနှောနေသည့်အသားအစိတ်အပိုင်းများကိုကြည့်ပြီး စုမင်ထူးဆန်းစွာတွေးမိသည်။ ဒီနုပ်နုပ်စဉ်းထားတဲ့အသားက ရှောင်ချန်ရဲ့အသားနဲ့လုပ်ထားတာတော့ မဟုတ်နိုင်ဘူးမလား?

အစားအစာများကို တည်ခင်းပေးပြီးသည့်နောက် ရှောင်ချန်အခန်းထဲကတဖန်ထွက်သွားပြန်သည်။

စုမင်ကို ဒါရိုက်တာအိုကြီးကကြည့်ပြီး ရက်ရက်ရောရောပြောတယ်။
"ကောင်းကောင်းစား မဖြုန်းတီးနဲ့ ... အစားအသောက်ဖြုန်းတီးတာကရှက်စရာကောင်းတယ်"

စုမင်သည် ထူးဆန်းသောဇာတ်ကွက်တစ်ခုထဲသို့ ဆွဲသွင်းခံရသည်ဟုခံစားမိသည်။ သူ့ကို ဘာလို့အတင်းစားခိုင်းတာလဲ။  သူမှ လုံးဝ ဗိုက်မဆာတာ။

သူနဲ့ ထိတ်လန့်နေသည့်ယန်ဂျင်းချိုင်တို့ အချင်းချင်းကြည့်လိုက်ကြသည်။ ထို့နောက် ငုံ့လိုက်ပြီး ရှေ့က စားစရာ‌ကို တူတစ်စုံဖြင့်ထိုးကြည့်သည်။

ဘာမှထူးခြားတာ မပေါ်လာပေ။

စုမင် ယန်ဂျင်းချိုင်ကိုခေါင်းခါပြသည်။ ယန်ဂျင်းချိုင်နဲ့ ရွှီရီရှောင်တို့ စိတ်သက်သာရာရစွာသက်မချလိုက်သော်လည်း သူတို့မစားဝံ့သေးပေ။

သူတို့စားသည်ဖြစ်စေ မစားသည်ဖြစ်စေ ဒါရိုတ်တာအိုကြီးကအာရုံမစိုက်ဘဲ သူ့ဘာသာသူဖြည်းညှင်းစွာ စတင်စားလေသည်။ တစ်လုပ်စာကို အချိန်အတော်ကြာ ကိုက်ဝါးနေပြီးမှ သူ(ဒါရိုက်တာ)မြိုချနိုင်သည်။

ရှစ်နန်ရှန်းစားနေရင်း မေးလာတယ် .."ဘာလို့ အခုကလေးတွေ တော်တော်နည်းသွားတာလဲ?"

To be a Heartthrob in a Horror Movie(Myanmar Translation)Where stories live. Discover now