Chapter 21: ညသန်းခေါင်ယံဖြတ်တောက်ထားသောလက်ချောင်းသည် ပုံမှန်လက်ချောင်းလိုမခံတော့ပေ ... အရှေ့က အမှောင်ထုထဲ လွှင့်ပစ်ခံလိုက်ရပေမယ့် ခြံဝင်းထဲကမှုန်ပျပျအလင်းရောင်အောက် ပုံသဏ္ဍာန်ကိုတွေ့မြင်နိုင်သေးတယ်။
မြေကြီးထဲကနေ လက်ချောင်းငေါထွက်နေသလိုပဲ... စုမင်ပြောလိုက်တော့မှ ကျောင်းယွင်းဟော်ပိုလန့်သွားသည်။
လွှင့်ပစ်ခံလိုက်ရတဲ့ သာမန်အင်္ဂါအစိတ်အပိုင်းလေးပဲ ဖြစ်မယ်လို့ သူတွေးခဲ့သော်လည်း ဒီလိုတွေ့ရလိမ့်မယ်ဟု ဘယ်သူထင်မှာလဲ ... ဘာလို့ငါးတစ်ကောင်သတ်နေတုန်း ဒီလိုဖြစ်ရတာလဲ?
ကျောင်းယွင်းဟော် မေးတယ် .."သတ္တဝါတစ်ကောင်ရဲ့ လက်ချောင်းများလား?"
အဘယ်ကြောင့်ဆို ... ပုပ်နေပြီဖြစ်၍ အရွတ်တွေနဲ့ အဆစ်တွေသာ တွေ့နိုင်တယ်။ ကျောင်းယွင်းဟော်သည် အဲ့ဒါတကယ်ဘာလဲမသေချာပေ။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့က ဆေးကျောင်းသားတွေမဟုတ်ဘူးလေ ...
စုမင်ခေါင်းခါပြီး .."အဲ့ဒါလို့ငါမထင်ဘူး"
ကျောင်းယွင်းဟော်မျက်နှာ ပိုလို့ဆိုးရွားလာတယ် ... သူတစ်ခုခုတွေးမိပြီး တိုးတိုးလေးဖြင့် .."အဲ့ဒါဆို လူသားစားငါးလား?"
လူသားစားငါးက တကယ်ရှိတာမို့ သူလည်းနည်းနည်းသံသယဝင်မိတယ်။
စုမင် ဖြတ်တောက်ခံထားရသောလက်ချောင်းကို တုတ်နဲ့ထိကြည့်ပြီး သူ့နှလုံးသားတဖြည်းဖြည်းနှစ်မြှုပ်သွားတယ် .."စောနက ငါမှားတာ ... ဒါအမှန်တကယ် သတ္တဝါလက်ချောင်း"
သတ္တဝါအမျိုးအစားအရ ... သက်ရှိလူသားကလည်း သတ္တဝါပဲလေ ...
ကျောင်းယွင်းဟော်က တကယ့်သတ္တဝါကို ရည်ညွှန်းတယ်အထင်နဲ့ စိတ်သက်သာရာရစွာ သက်မချလိုက်ပြီး ငါးကိုလွှင့်ပစ်လိုက်ကာ .."ငါဆက်မရှင်းတော့ဘူး ... စားချင်စိတ်ပျောက်သွားပြီ"
စုမင်တခဏတွေးမိပြီး .."ခဏ ... ကျန်တဲ့ငါးတွေပါ သတ်ကြည့်လိုက်"
သူ(စုမင်)ဘာကိုရည်ရွယ်လဲ သူမသိသော်လည်း ကျောင်းယွင်းဟော် သူပြောတဲ့အတိုင်းလုပ်ပေးကာ ဆွဲပုံးထဲမှ ကျန်သည့်ငါးတွေထုတ်လေသည်။
ΔΙΑΒΑΖΕΙΣ
To be a Heartthrob in a Horror Movie(Myanmar Translation)
Μυστήριο / Τρόμου/ ΘρίλερOriginal Author - Jiang Zhi Yu(姜之鱼) Chapters - 149+7 extras English Translator - Naeda / Kk translates [Zawgyi/Unicode] Holographicကြည့်ရှူသည့်နည်းပညာသည် ပရိသတ်များအား ရုပ်ရှင်ထဲဝင်ခွင့်ရပြီး ကိုယ်တိုင်ကိုယ်ကျအတွေ့အကြုံခံစားနိုင်တယ်။ သဘာဝအားဖြင့် အ...