Chapter 23

4.2K 1K 16
                                    


Chapter 23: ပင်လယ်ကမ်းခြေ

ပုံမှန်အားဖြင့် ပင်လယ်ရေသုံးပြီး ရေချိုးဖို့မဖြစ်နိုင်ပေ။ စုမင်မကြာခင်သတိထားမိလိုက်တာက သူရေချိုးတဲ့အချိန်သေချာပေါက်ရေချိုကိုသာ သုံးခဲ့သည်။

ပင်လယ်ရေနဲ့ချိုးရင် အကျိုးရှိသော်လည်း သန့်ရှင်းစင်ကြယ်ဖို့အတွက် သက်သက်ကြီးတော့မသုံးသင့်ပေ။
အကယ်၍ သူ ပင်လယ်ရေကိုသာ တကယ်သုံးခဲ့ရင် ထပ်ပေါင်း ပင်လယ်ထဲမှာလူသားစားငါးရှိသေးတယ်………စုမင်တစ်ကိုယ်လုံးကျက်သီးထသွား၏။

ချန်းရှင်းကျို့ဘာဖြစ်မှန်းနားမလည်ပေ ... သူမေးတယ် "ဒါပေမယ့် ကမ်းခြေမသွားခင် ကျွန်တော်တို့အမြဲရေချိုနဲ့ပဲ ပါးလုပ်ကျင်းနေကျပါ ... အဲ့ဒါရေချိုးဖို့အတွက်ရော သုံးနိုင်လား?"

ဒါသက်တောင့်သက်သာမရှိဘူးဟု သူခံစားမိတယ်။ ဘယ်လိုပဲဖြစ်ပါစေ ပင်လယ်ရေက ရေချိုနဲ့မတူဘူး။

အန်ကယ်ဟဲအံ့ဩဟန်ဖြင့် .."ဘယ်ရမလဲ ... ဘာတွေတွေးနေတာလဲ? ကျုပ်တို့ကျွန်းမှာ ရေငန်ကို ရေချိုအဖြစ်သုံးလို့ရတဲ့ကိုယ်ပိုင်နည်းစနစ်တွေ ရှိပြီးသား ... အဲ့ဒါကြောင့် ပမာဏနည်းတာ ... မင်းတို့ချွေချွေတာတာသုံးသင့်တယ်"

ဘာနည်းစနစ်လဲ စုမင်မသိပေမယ့် ... ကျွန်းတွေမှာဒီလိုအရာတွေရှိနေတာအံ့သြစရာတော့မဟုတ်ပါဘူး။

နောက်ကျိနေတဲ့ရွံ့ရေတွေက အဓိကပြဿနာမဟုတ် ... ပြဿနာက သွေးရေပင်။

စုမင် ရေစက်တွေက သွေးနီတွေဆိုတာ ထင်ထင်ရှားရှားမြင်ခဲ့တယ်။ အခုလို horrorရုပ်ရှင်တွေမှာ အဲ့တာကလွဲပြီး ဘာမှမဖြစ်နိုင်ပေ။

ချန်းရှင်းကျို့ရေချိုးခန်းကို လှမ်းကြည့်ပြီး .."ကျွန်တော်သိပြီ"

အန်ကယ်ဟဲ သူ့ထိပ်ပြောင်ပြောင်ခေါင်းကိုပွတ်ပြီး ပြုံးကာ .."အားလုံးအဆင်ပြေရင် ကျုပ်ပြန်တော့မယ် ... လိုတာရှိရင် ခေါ်လိုက်"

ချန်းရှင်းကျို့ .."အိုခေ"

ခြေလှမ်းအတန်ငယ်လှမ်းပြီးနောက် အန်ကယ်ဟဲရုတ်တရက်တစ်စုံတစ်ခုတွေးမိပြီး လှည့်ကာ .."ဟုတ်သားပဲ ... ပြောဖို့တစ်ခုမေ့နေတာ"

To be a Heartthrob in a Horror Movie(Myanmar Translation)Where stories live. Discover now