Chapter 112: ပါတီပွဲမိနစ်နောက်ပိုင်းအတွင်း သူတို့အားလုံးကို ကယ်တင်ခဲ့လေပြီ။
သင်္ဘောပေါ်ရောက်ပြီး မကြာ ငါးမန်းတွေ ကူးခတ်လာသည်ကိုတွေ့လိုက်ရသည်။ ထိုငါးမန်းတွေက သူနှင့် စုယင်းကိုသတ်မည့် ငါးမန်းဟု စုမင်တန်းပြောနိုင်သည်။
သို့သော် အံ့ဩစွာပင် အပျော်စီးသင်္ဘောကိုမမြင်သည့်အလား၊ ထိုနားတဝိုက်သာကူးခတ်နေသည်။ ထို့နောက် ရေနက်ထဲသို့ဝင်ရောက်ပျောက်ကွယ်သွားသည်။
သင်္ဘော ထိုနေရာတွင်မရှိခဲ့သည့်သဖွယ်။
စုမင်အစွန်းအဖျားတွင် ရပ်နေ၏။ ပင်လယ်၏လေပြေလေညှင်းသည် သူ့ကိုယ်ခန္ဓာကို ချမ်းစိမ့်စေပြီး သူ၏အဝတ်စားများလည်း လုံးလုံးစိုရွှဲနေကာ သက်တောင့်သက်သာမရှိပေ။
သင်္ဘောကုန်းပတ်တွင် လူလေးယောက်ရှိသည်။ အမျိုးသားနှစ်ယောက်နှင့် အမျိုးသမီးနှစ်ယောက်ဖြစ်ပြီး သူတို့သည် အရွယ်အိုနေပုံမပေါ်ကာ ပုံမှန်အဝတ်စားများကို ဝတ်ဆင်ထားသည်။ တဖက်တွင် အမျိုးသမီးများက ပွဲတက်ဂါဝန်များကို ဝတ်ဆင်ထား၏။
သူတို့သည် ဤအပျော်စီးသင်္ဘောတွင် အားလပ်ရက်အတွက်ရောက်နေကြတာဖြစ်နိုင်သည်။
ရှဟဲယင်းကို ချင်းမုရင်နှစ်သိမ့်ခဲ့ပြီး အားတောင့်အားနာဖြင့် တောင်းပန်၏။
စုမင်နောက်သို့ စုယင်သည် ကြောက်ရွံ့နေသယောင်ဆောင်လျက် လိုက်လာသည်။
ဆံပင်အတိုနှင့်အမျိုးသမီးတစ်ယောက်က သူတို့ဆီလျှောက်လှမ်းလာပြီး မေးမြန်း၏ .."ရှင်တို့ပင်လယ်မှာ တစ်ခုခုဖြစ်ခဲ့ကြလို့လား?"
"ဟုတ်တယ် ... ကျွန်တော်တို့မုန်တိုင်းနဲ့ကြုံခဲ့ရလို့၊ ကံကောင်းလို့ ခင်ဗျားတို့နဲ့ဆုံလို့ပေါ့ မဟုတ်ရင် အဲ့မှာပဲသေနေလောက်ပြီ" ချင်းမုရင်ပြော၏။
ဆံပင်တိုတိုနှင့်အမျိုးသမီး ပြုံးလိုက်ကာ .."ရှင်တို့အဝတ်တွေ စိုရွှဲနေတာ ... အခုမလဲရင် နောက်ကျနေမကောင်းဖြစ်လိမ့်မယ်၊ ကျွန်မ ကပ္ပတိန်ကိုခေါ်လိုက်မယ်"
CITEȘTI
To be a Heartthrob in a Horror Movie(Myanmar Translation)
Polițiste / ThrillerOriginal Author - Jiang Zhi Yu(姜之鱼) Chapters - 149+7 extras English Translator - Naeda / Kk translates [Zawgyi/Unicode] Holographicကြည့်ရှူသည့်နည်းပညာသည် ပရိသတ်များအား ရုပ်ရှင်ထဲဝင်ခွင့်ရပြီး ကိုယ်တိုင်ကိုယ်ကျအတွေ့အကြုံခံစားနိုင်တယ်။ သဘာဝအားဖြင့် အ...