Chapter 16

5.3K 1.1K 24
                                    


Chapter 16: မတ်ဆေ့ခ်ျစာတို

စုမင်မျက်လုံးများဖွင့်ကြည့်လိုက်သည့်အခါ သူ့ကိုယ်သူ ခုံ ၌ထိုင်နေမှန်းသိလိုက်ရတယ်။
ရုပ်ရှင်ရုံက ပေးတဲ့ခေါင်းဆောင်းစွတ်ဝတ်ထားဆဲ ဖြစ်နေသောကြောင့် ဘေးဘက်ချွတ်ထားလိုက်တယ်။ ထို့နောက် သူစခရင်ကို မော့ကြည့်၏။

နောက်ဆုံး စခရင်မျက်နှာပြင်ပေါ်၌ ရုပ်ရှင်ဇာတ်လမ်းတွင်ပါဝင်သော သရုပ်ဆောင်နာမည်များကို အသိအမှတ်ပြုထားသည်။ ဘယ်ဘက်ရှိ နာမည်များက သူခုနလေးတင် အတွေ့ကြုံရပြီးသော ဇာတ်ကောင်နာမည်တွေဖြစ်ပြီး ညာဘက်ရှိ နာမည်များသည် ဇာတ်ကောင်နောက်ခံ သရုပ်ဆောင်များ၏နာမည်တွေဖြစ်တယ်။ သဘာဝကျကျပင် သူတို့ကို စုမင်မသိဘူး။

ဘာအကြောင်းကြောင့်မှန်း သူ့ကိုယ်သူမသိပေ ... နောက်ဆုံးအချိန်ထိ ခရက်ဒစ်နာမည်များကို ဖတ်ရှူနေမိသည်။

ဖြတ်သွားဖြတ်လာ‌ဇာတ်ကောင်မှန်သမျှ သူတို့သရုပ်ဆောင်သည့် ဇာတ်ကွက်နည်းနည်းလေးသာပါသည့် ဘယ်‌ဇာတ်ကောင်မဆို နာမည်ပါသည်။ စကားနည်းနည်းလေးသာ ပြောရတဲ့ ကျောက်ရှိုနျဉ်နာမည်တောင် ပါ၏။

ဘယ်လိုပဲဖြစ်ပါစေ ... မသိရင် ခပ်ပါးပါး လေထုထဲက ပေါ်လာသလို ဂျင်းရှင်းနာမည် လုံးဝမတတ်လာခဲ့ပေ။

ဂျင်းရှင်းကိုယ်တိုင် သူ့ကိုပေးခဲ့တဲ့နာမည်သည် လုံးလုံးပေါ်မလာခဲ့ပေ။

စုမင်ဘာကြောင့်လဲဆိုတာ မသိဘဲဖြစ်သွားသည်။ ဤသည်မှာ သူ၏ပထမဆုံးသော holographicနည်းပညာကို အသုံးပြုခဲ့သောကြောင့် သီအိုရီကိုသူနားမလည်‌ပေ။

အွန်လိုင်းမှာ သိပ်မပြောထားကြပေ။ အရင်ကမတွေ့ဖူးတဲ့ ဇာတ်ကောင်တွေနဲ့ အမြောက်စာဇာတ်ကောင်တွေက ကြုံနိုင်သလို ဆက်သွယ်နိုင်တယ်လို့သာ ဖော်ပြထားတယ်။

မိနစ်အနည်းငယ်ကြာ ရုပ်ရှင်ပြီးဆုံးသွား၏။ ရုတ်တရက် ရုပ်ရှင်ရုံမီးအလင်းရောင် ပွင့်သွားကာ အခုလေးတင် ဝင်လာတဲ့ဝန်ထမ်းက စုမင်မှိုင်ဝေဝေထိုင်နေတာကိုမြင်ပြီး သူကြောက်နေတုန်းပဲလို့တွေးလိုက်မိသည်။

သူရှေ့တိုးလာပြီး မေးမြန်းလိုက်တယ် .."မစ္စတာစု ... အဆင်ပြေရဲ့လား?"

To be a Heartthrob in a Horror Movie(Myanmar Translation)Where stories live. Discover now