Chapter 82

2.8K 531 17
                                    


Arc 5: အညတရအကျဉ်းထောင်
Chapter 82: အကျဉ်းထောင်

စုမင်တစ်စုံတစ်ခုကို ဆုံးဖြတ်ချက်ချလိုက်ပြီဆိုရင် လုပ်ကိုလုပ်လိမ့်မယ်။

သို့သော် ထုတ်လွှင့်သည့်ရက်၌ ရုပ်ရှင်ရုံရှိ တာဝန်ခံက‌ဖုန်းခေါ်ပြီး မေးလာ၏ .."မစ္စတာစု ... ဒီတခါလာမကြည့်တော့ဘူးလားခဗျ?"

မူလက မသွားခင် စုမင်ရက်အနည်းငယ်ကြာထိစောင့်ချင်ခဲ့သော်လည်း ရုတ်တရက်သူ့စိတ်ပြောင်းသွား၏ .."ကျွန်တော်နောက်ပိုင်းအလုပ်များနေလို့ပါ။ အာ့ကြောင့် လာကြည့်ဖို့အစီစဉ်မရှိသေးပါဘူး"

တာဝန်ခံတုန့်ဆိုင်းနေ၏။

စုမင်က ကျောင်းသားဆိုတာ အများတကာသိထားကြသည်။ စာမေးပွဲကလည်း သိပ်မကြာတော့တာကြောင့် သူ့အကြောင်းပြချက်က ဘာမှမမှားချေ။

သို့ပေမဲ့ သူသည် မေးမြန်းဖို့တာဝန်ရှိသော်လည်း စုမင်အဖြေက ရုပ်ရှင်ရုံလိုချင်သောအဖြေမဟုတ်ပေ။

တာဝန်ခံတခဏတုန့်ဆိုင်းသွားပြီး ပြော၏ .."ဒီမနက်ကပဲ အခုအသစ်ထွက်တဲ့ ‘မညတရအကျဉ်းထောင်’ကို တစ်ယောက်က အောင်အောင်မြင်မြင် လွတ်သွားခဲ့တယ်"

စုမင်တည်ငြိမ်စွာ .."ဂုဏ်ပြုပါတယ်"

တာဝန်ခံ "……..…"

ဤတုံ့ပြန်မှုကမဟုတ်သေးဘူး။ ဘာလို့တန်မပြန်တာလဲ? သူအဲ့လောက်တည်ငြိမ်နေမှတော့ သူဘယ်လိုလုပ်စကားဆက်ပြောလို့ရတော့မလဲ?

တာဝန်ခံဆက်ပြီးသာပြောနိုင်သည် .."ဒါပေမဲ့ သူထွက်လာတော့ horrorကားလုံးဝမကြည့်တော့ဘူးလို့ပြောခဲ့တယ်။ မစ္စတာစုတစ်ချက်လောက်လာကြည့်ပေးပါလို့ ကျွန်တော်တို့မျှော်လင့်ပါတယ်"

စုမင်ပြန်မေး၏ .."ကျွန်တော်မသွားရင် ဘာမှမဖြစ်ဘူးမလား?"

ဘာလို့ရုပ်ရှင်ရုံက သူကြည့်ဖို့ကိုစိတ်အားထက်သန်နေတာလဲ? တစ်ရက်လောက်မသွားတာနဲ့ ဖုန်းခေါ်ပြီးလိုက်ဖမ်းနေကြသည်။

တာဝန်ခံသည် .."မစ္စတာစု ... လူကြီးမင်းရဲ့ အောင်မြင်မှုနှုန်းက ၁၀၀ရာခိုင်နှုန်းဖြစ်ပါတယ် ... ဒီတခါ လူကြီးမင်းအောင်မြင်မယ်ဆိုရင်လည်း ကျွန်တော်တို့အတွက်အကျိုးမြတ်ရမှာ သဘာဝပါပဲ ... ဒါ့အပြင် နောက်မြို့နယ်ကတစ်ယောက်ယောက်သာ အောင်မြင်သွားရင်တောင် သူကကျွန်တော်တို့ဘက်ကမဟုတ်ဘူး"

To be a Heartthrob in a Horror Movie(Myanmar Translation)Where stories live. Discover now