Chapter 73.1

2.5K 584 6
                                    


Chapter 73.1: နံပါတ်

အပြင်ကောင်းကင်သည် အလွန်မှောင်နေပြီး အခန်းထဲမီးအလင်းမှာဖွင့်‌ထားဆဲဖြစ်၏။ နှစ်ခုယှဉ်ကြည့်ရင် အပြင်ကောင်းကင်မှာ တစ်ခါမှမလင်းသကဲ့သို့ပင်။

စုမင်လှည့်ပြီး အိပ်ယာမှထွက်ကာ သူ့ဖုန်းရှိအချိန်ကို ကြည့်လိုက်တော့ ယခုခြောက်နာရီထိုးနေပြီ။

သူ တဖန်ပြတင်းပေါက်ဆီသွားကာ ကုလားကာနောက်မှ ရှုခင်းကိုကြည့်လိုက်ပြန်တော့ အပြင်ကောင်းကင်မှာ ထူးထူးခြားခြားမှောင်မိုက်နေ၏။

ပုံမှန်ဆို နွေရာသီ၌ အနည်းဆုံးခြောက်နာရီလောက်ဆို ကောင်းကင်မှာစတင်လင်းထိန်လာပြီဖြစ်သည်။

မပူမအိုက်သော်လည်း ခြောက်နာရီက မစောတော့တာမို့ အခုလောက်ဆို နေမင်းထွက်ပေါ်နေလောက်ပြီ။

သို့ပေမဲ့ ကောင်းကင်သည်မှောင်ရီဖျိုးဖျနေဆဲဖြစ်၏။

စုမင်ကုလားကာကို ပြန်ပိတ်လိုက်ပြီး အခန်းထဲကမီးအလင်းရောင်‌ဖြင့် ယန်ဂျင်းချိုင်နှင့် ရွှီရီရှောင်တို့နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေတာ တွေ့လိုက်ရတယ်။

သူ တခဏစဉ်းစားလိုက်ပြီး သူတို့ကိုနှိုးရန် ဆုံးဖြတ်ချက်ချလိုက်သည်။

ယန်ဂျင်းချိုင်ချက်ချင်းနိုးလာပြီး ဇဝေဇဝါနဲ့မေးလိုက်၏ .."ဘာဖြစ်လို့လဲ? ရှောင်ချန် စားစရာကိုတစ်ခုခုလုပ်ပြန်ပြီလား?"

စုမင်နှာမှုတ်ပြီး အသိပေးလိုက်တယ် .."ဟန်ချင်းချင်းဒုက္ခရောက်နေလောက်ပြီ"

ထိုစာကြောင်းက ယန်ဂျင်းချိုင်ကိုလုံးလုံးအငိုက်ပြေသွားစေတယ်။ သူ့ဘေးနားက ရွှီရီရှောင်ပင်နိုးလာပြီး .."ဟန်ချင်းချင်းတစ်ခုခုဖြစ်လို့လား?"

"အဲ့ဒါကြောင့် ငါသွားကြည့်ချင်တာ" စုမင်ပြောတယ်"

ရွှီရီရှောင်မျက်လုံးတွေ ပွတ်ပြီး .."‌အိုခေ"

ရွှီရီရှောင်အိပ်ယာမှ ဆွေ့ခနဲအမြန်ဆင်းလိုက်သည်။ လွန်ခဲ့တဲ့ညအချို့က တစ်ခုခုဖြစ်မှာစိုး၍ သူတို့အဝတ်ဝတ်ထား၍သာ အိပ်ကြသည်။
သုံးယောက်လုံးထွက်သွားကြ၏။

To be a Heartthrob in a Horror Movie(Myanmar Translation)Where stories live. Discover now