Chapter 74: မီးလောင်ဒဏ်ရာနက်စုမင် သူ့မှန်းဆချက်က ပုံမှန်မဟုတ်ဘူးလို့ ခံစားနေရသေးသည်။
လွန်ခဲ့တဲ့နှစ်ရက်လုံးလုံး ဒါရိုက်တာအိုကြီးက သူ့အတွက်ထူးထူးခြားခြားမဖြစ်စေသော်လည်း မင်မင်ဆိုတဲ့ကလေးကတော့ သူ့ကိုအလွန်လျှို့ဝှက်ဆန်းကြယ်သည့်ခံစားချက်ကို ပေးသည်။ယခင်က မင်မင်သည် လူသားမဟုတ်ဘူးလို့ သံသယရှိခဲ့ပေမယ့် လူသားနဲ့လည်းတူနေပြန်သည်။
ယန်ဂျင်းချိုင်ပဟေဋ္ဌိဆန်စွာဖြင့် .."ငါတို့က ခရစ်ယာန်ဘာသာနဲ့ ဘာမှမဆိုင်ဘူးလေ ... မင်းဘာလို့မေးတာလဲ?""ဒီတိုင်းမေးကြည့်တာ" စုမင်ဖြေ၏။
"ဟုတ်သားပဲ ... ကျွန်မတို့မနက်စာ မစားလို့ပြောထားတယ်လေ" ရွှီရိီရှောင်ရုတ်တရက်ပြောလာတယ် .."အချိန်ရတုန်း ဒီက ကလေးတွေကိုသွားကြည့်လို့ရတယ်"
အခုထိတော့ အရာအားလုံးမရှင်းလင်းသေးချေ။
အပြင်ရှိကောင်းကင်ယံကို စုမင်တစ်ချက်ကြည့်လိုက်တော့ မှောင်နေသေးကာ လင်းထိန်လာမည့်အရိပ်ယောင်မပေါ်ပေ။
"နည်းနည်းလောက်ထပ်စောင့်ရအောင်"
သူပြောပြီးသည်နှင့် မိုးကောင်းကင်မှာ ရုတ်တရက်ဆိုသလို ချက်ချင်းလင်းထိန်သွား၏။
အလွန်လျင်လျင်မြန်မြန်ဖြစ်ပျက်သွားသည်လို့ ပြောနိုင်သည်။ မျက်စိတစ်မှိတ်အတွင်း ကောင်းကင်မှာ ကြည်လင်ပြီး တောက်ပစွာ လင်းထိန်နေကာ စောနက ငြီးငွေ့ဖွယ်ကောင်းစွာအုံ့မှိုင်းနေသည်က လုံးလုံးပျောက်ကွယ်သွားသည်။
ဒါအတော်လေး ထူးဆန်းသည်ဟု စုမင်ခံစားမိ၏။
ကောင်းကင်ကိုလည်း လိုသလိုထိန်းချုပ်နိုင်လို့ရတယ်ပေါ့?
အပြင်ဘက်က ပြောင်းလဲမှုကို ယန်ဂျင်းချိုင်သတိမထားမိဘဲ သူ့ဖုန်းကိုကြည့်ရင်း ပြော၏ .."အံ့ဩစရာကောင်းလိုက်တာ ... အခု ရှစ်နာရီတောင်ရှိတော့ပြီ"
စုမင်သတိပြန်ကပ်သွားပြီး .."ဒါဆိုသွားကြအောင်"
ရှစ်နာရီအချိန်သည် အရမ်းမစောတော့ပေ။ ဒါရိုက်တာအိုကြီးကို သူတို့မနက်စာမစားတော့ကြောင်း ပြောထား၍ ယုတ္တိရှိရှိပြောရရင် သူတို့ကိုဘာမှမလုပ်နိုင်ပေ။ ဘယ်လိုပဲဖြစ်ပါစေ သူတို့မစားဘူးလို့ပြောခဲ့တဲ့အတွက် ဒါရိုက်တာက သူတို့ကိုတွန်းအားပေးမှာမဟုတ်ပေ။
YOU ARE READING
To be a Heartthrob in a Horror Movie(Myanmar Translation)
Mystery / ThrillerOriginal Author - Jiang Zhi Yu(姜之鱼) Chapters - 149+7 extras English Translator - Naeda / Kk translates [Zawgyi/Unicode] Holographicကြည့်ရှူသည့်နည်းပညာသည် ပရိသတ်များအား ရုပ်ရှင်ထဲဝင်ခွင့်ရပြီး ကိုယ်တိုင်ကိုယ်ကျအတွေ့အကြုံခံစားနိုင်တယ်။ သဘာဝအားဖြင့် အ...