Chapter 115[ဟောလိုးဝင်းအထူးသီးသန့် End]

1.3K 160 25
                                    


Chapter 115: [ဟောလိုးဝင်းအထူးသီးသန့် ၂]

စုမင် C ဖြစ်သော မြေစာတောင်ပို့ကို ရွေးခဲ့သည်။

ထို့နောက်တွင် ချန်စုသည် သင်္ချိုင်းတစ်ခုထက်တွင် ကခုန်ခြင်းအား အလွန်အမင်းစွဲလမ်းနေသဖြင့် ကခုန်ရန် အခွင့်အရေးကို စောင့်ဆိုင်းနေသော ထိုနေရာတွင် ရှိနေနိုင်သည်ဟု သူ ခံစားခဲ့ရသည်။

သို့သော် ရွှေးချယ်မှုသာမှားသွားခဲ့ရင်……..

ဟုတ်တာပေါ့၊ သူမှားသွားခဲ့ရင် သူမှားသွားတာပေါ့။

အများဆုံးကတော့ ဆိုးရွားတဲ့အဆုံးသတ်တစ်ခုပဲ ဖြစ်ဖြစ် အခြေအနေကို လှည့်ကြည့်ဖို့ နောက်ထပ်ရွေးချယ်မှုတစ်ခုပဲ လုပ်ရနိုင်သည်။

ဒါက ရုပ်ရှင်ရုံက စီစဉ်တဲ့ အထူးပွဲဖြစ်တာကြောင့် အရမ်းကြီးမဆိုးသင့်‌ပေ။

စုမင်၏ရွေးချယ်မှုဖြင့် သူ့ရှေ့တွင် လမ်းတစ်ခုပေါ်လာသည်။ ၎င်းသည် သူ့အား ရှေ့မှ မြေစာတောင်ပို့ဆီသို့ ဦးတည်သွားစေသည်။

သူချည်းကပ်လာသည်နှင့်အမျှ တောင်ပို့သည်အတော်လေးကြီးတာကို တွေ့လိုက်ရသည်။

တောင်ပို့သည် မီတာအမြင့်မျှရှိပြီး ၎င်းပေါ်ရှိ မြက်ပင်များပင်လျှင် လေတိုက်ရာယိမ်းယိုင်နေ၏။ ချန်စုသည် ထိုနေရာတွင် အမှန်တကယ်နေထိုင်နေသလား သို့မဟုတ် ဤအဖြစ်အပျက်ကို သိနေသလားဆိုတာ သူမသိပေ။

စုမင်တွေးတောနေစဉ် မေးခွန်းတဖန်ပြန်ပေါ်လာ၏။

【သင်သည် သိသိသာသာလျစ်လျုရှူခံထားရတဲ့တောင်ပို့ကိုရွေးချယ်ခဲ့တယ်။ အနီးကပ်သွားကြည့်ပြီးနောက် ဤတောင်ပို့က တစ်ဦးတစ်ယောက်၏သင်္ချိုင်းဖြစ်မယ်လို့ သင်ခံစားခဲ့ရပေမဲ့ အုတ်ဂူကျောက်တိုင် ဒါမှမဟုတ် ထိုအရာနဲ့ခပ်ဆင်ဆင်လိုမျိုး သင်ရှာမတွေ့တာကြောင့် သင်သည်——-】

【A.ဒါက ဒီတိုင်းအာရုံလွှဲတာပဲ၊ ဘာမှမခက်ခဲဘူး။ ငါ့ရဲ့တတိယမျက်လုံးဖွင့်ကြည့်ဖို့လိုရုံပဲ】

【B.ဒါက ချုံတော မြက်တောထဲမှာရှိတဲ့ သင်္ချိုင်းအုတ်ဂူပဲ။ သင် တံခါးကိုရှာဖို့ ဆုံးဖြတ်ခဲ့တယ်】

You've reached the end of published parts.

⏰ Last updated: Dec 01, 2023 ⏰

Add this story to your Library to get notified about new parts!

To be a Heartthrob in a Horror Movie(Myanmar Translation)Where stories live. Discover now