Chapter 84

2.8K 532 29
                                    


Chapter 84: အမည်

လူမှုတွေ့ဆုံရေးက မဖြစ်နိုင်ပေ။ ထောင်ထဲမှာ နေနေသာသာ ဒီဘဝမှာ လုပ်မှာမဟုတ်ဘူး။

စုမင်ငြင်းလိုက်၏ .."ကျွန်တော်မလုပ်ချင်လို့ မသွားဘူး"

ကော်ရစ်ဒါတဖက်ခြမ်းရှိ အခန်းငါးက ‌လူတွေက အော်ခေါ်သည်။
"အမြန်လာစမ်းကွာ! မင်းမလာ‌လို့ကတော့ မနက်ဖြန်ဒုက္ခရောက်လိမ့်မယ်!"

"ဒါတွေ့ဆုံပွဲသက်သက်လေးပါ ... ငါတို့မင်းပျော်အောင်လုပ်ပေးမယ်!"

"အမြန်လာစမ်းဟာ ... အချိန်မဖြုန်းစမ်းနဲ့ ... အကိုဟောင်မစောင့်နိုင်တော့ဘူး ... မြန်မြန် မြန်မြန် သူ့ကိုခေါ်ခဲ့!"

သူ့ရှေ့က မြင်ကွင်းက အနည်းငယ် ထူးဆန်းနေသည်။ လက်တွေကို သံတိုင်များမှ ဆန့်ထုတ်ထားသော်လည်း နောက်လူက ရုန်းမထွက်နိုင်ပေ။

ထောင်စောင့်သည် .."တွေ့ဆုံရုံလေးပဲ ... မင်းမသေနိုင်ပါဘူး"

အကိုဟောင်ထံက နောက်တပတ်အတွင်းပြဿနာမဖြစ်စေရဘူးဆိုသည့် ကတိကိုရထားသည်။ အတော်လေးမက်စရာကောင်းတဲ့ကမ်းလှမ်းချက်မို့‌ တွေ့ဆုံမှုကကိစ္စမရှိပေ။

စုမင်ကော်ရစ်ဒါဆီအကြည့်ရောက်သွားပြီး .."ဒါဆို ကောင်းပြီလေ"

သူတကယ်သေရင် ဒီအတိုင်းပဲ ယူသွားမယ်။ သူ ဤခရီးလေးတွင် တစ်ခုခုကို ရှာဖွေတွေ့ရှိနိုင်သည်။

အချိန်နှောင်းသွားပေမဲ့ ယင်းဇီသတိပေးခဲ့သည်။
"သတိထား"

သူသည် နေ့လည်တစ်ခင်းစာသာသိသော အခန်းဖော်သာဖြစ်သည်။ စုမင်ဘာဖြစ်မလဲဆိုတာ သူကောင်းကောင်းသိသော်လည်း မတားမိပေ။

စုမင် ထောင်စောင့်နောက်ကလိုက်သွား၏။

ညစာပြီးတာ အချိန်အတော်ကြာပြီဖြစ်ကာ အနံ့ကပိုပိုပြင်းလာပြီး သူထူးဆန်းသည်ဟု ထင်မိသည်။

ထောင်စောင့်အနားနီးကပ်လိုက်ပြီး .."ခင်ဗျားအနံ့ရလား?"

ထောင်စောင်နောက်လှည့်မကြည့်ဘဲ .."ဘာအနံ့လဲ?"

စုမင်ဆက်မမေးတော့ပေ။

အခန်းရှစ်နဲ့ ငါးက မီတာအနည်းငယ်သာဝေး၏။ အခြားအခန်းဆီရွေ့နေစဉ် ရုတ်ခြည်းမီးပျက်သွားသည်။

To be a Heartthrob in a Horror Movie(Myanmar Translation)Where stories live. Discover now