Chapter 24

4.7K 1.1K 57
                                    


Chapter 24: ရေနစ်ခြင်း

စုမင်မှန်းဆကြည့်ရုံသာ ... အဲဒီမှာ အဝတ်အစားတွေသာ တကယ်ရှိမယ်ဆိုတဲ့အချက်ကိုမတားမြစ်ထားတာကြောင့် သူထပ်ပြီး ထိုးကြည့်သည်။ သစ်ကိုင်းသိပ်မထူတာမို့ သူအားမသုံးနိုင်ပေ။

ခဏကြာယက်ထုတ်ပြီးနောက် စုမင်လက်လျှော့လိုက်သည်။ သစ်ကိုင်းနဲ့ဆွဲထုတ်လို့မရရင် တစ်ခုခုနဲ့ဆွဲတင်ရမယ့် အရာဖြစ်လိမ့်မယ်။

ဒီလိုသာဆို အထဲမှာတစ်ခုခုရှိမှာလည်း သူကြောက်သည်။

စုမင်ဘေးဘီဝဲယာကို ကြည့်လိုက်တော့ ချန်းရှင်းကျို့တို့က ပင်လယ်ထဲရောက်နှင့်နေပြီဖြစ်ကာ မသိရင် သူတို့တွေပဲရှိသည့်အတိုင်းပင် ... ဘယ်ကျွန်းသားမှ မရှိ။

ကျွန်းငယ်သည် တောင်တန်းများ၊ တောင်များနှင့် အကြိမ်များစွာကွေ့ကောက်သောလမ်းငယ်များဖြင့် အတော်လေးမညီညာပေ။ လမ်းငယ်များမှာလည်း သစ်ပင်များအတန်းလိုက်စီထားကာ ... ဤနေရာတွင်မြေပြင်အနေအထားအမျိုးမျိုးရှိသည်ဟုဆိုနိုင်ပါသည်။ သူသာ ဒီထက်ပိုဝင်ရင် ဘာမြင်ရမလဲ သူမသိဘူး။

သူ့ဘာသာသူလည်း ဝင်မကြည့်ရဲပေ။

စုမင် သစ်ကိုင်းကိုဆွဲထုတ်ပြီး လွှင့်ပစ်မည့်အချိန် ထပ်ပြီး သစ်ကိုင်း၌ တစ်ခုခုကိုကောက်မိသွားသည်။

လက်ချောင်းပြတ်နဲ့တူသော အရိုးဖြစ်နေသည်။ အထည်အပိုင်းအစနဲ့အတူ ပါလာခြင်းပင်...

စုမင်နှလုံးသားတိမ်နစ်သွား၏။ ‌အစောတုန်းက သူ့ခန်းမှန်းချက်မှန်ကန်နေပြီး တကယ်ပဲ တွင်းထဲ၌အလောင်းရှိနေတယ်။

ဒီကျွန်းမှာ ဘာတွေဖြစ်နေတာလဲ? ဘာလို့လူသေအလောင်းတွေက ထူးဆန်းတဲ့နေရာမှာဖုန်းကွယ်ထားပြီး ဘာလို့ဖားပြုပ်တွေက ဒီတွင်းထဲမှာ နေနေကြသေးတာလဲ?

စုမင်ဒီ့ထက်ပိုပြီး မစဥ်းစားရဲတော့ပေ ... သူတွေးလေလေ ဆိုးရွားသည့်အတွေးတွေ ဝင်လာလေလေပင်။
ယမန်နေ့မှ ယခုထိ “လူသတ်ကျွန်း”မှ သူ့အားပေးသောကြောက်ရွံ့မှုသည် “သည်းထိတ်ရင်ဖိုတက္ကသိုလ်” ထက်အဆပေါင်းများစွာ ပိုမိုပြင်းထန်သည်။

To be a Heartthrob in a Horror Movie(Myanmar Translation)Tempat cerita menjadi hidup. Temukan sekarang