Chapter 76

2.4K 628 21
                                    


Chapter 76: ဖက်ရအောင်

မင်မင်အပြုံးပေါ်လွင်လာပြီး .."အင်း"

စကားလုံးတစ်လုံးကို ရိုးရိုးစင်းစင်းဖြင့် အပြစ်ကင်းမဲ့သောလေသံနဲ့ပြောလာတယ်။

ခုနမှ ငြင်းဆန်နေတဲ့ယန်ဂျင်းချိုင်မှာ ကြက်သေသေသွားပြီး အခြေအနေကိုမလိုက်နိုင်တော့ဘဲ သူ့စိတ်ထဲပရမ်းပတာဖြစ်နေလေပြီ။

စောစောက သူတို့နဲ့တွေ့စဉ်အချိန်က မင်မင်သည်သေချာပေါက်ကလေးငယ်သာဖြစ်သော်လည်း အခုကျတော့ လုံးလုံးအခြားတစ်ယောက်လိုပြောင်းလဲသွားသည့်အတိုင်းပင်။

ရွှီရိီရှောင်သည် ယန်ဂျင်းချိုင်ထက်ပိုတည်ငြိမ်ပါသော်လည်း ကြက်သေသေနေဆဲဖြစ်ကာ မေးလိုက်တယ် .."နင်ငါတို့ကိုပြန်ခေါ်တာလား? ဘာလို့ပြန်ခေါ်ခဲ့တာလဲ?"

နောက်ပြီး ဒါရိုက်တာအိုကြီးလိုတောင် ဟန်ဆောင်ခဲ့တယ်။

အကယ်၍ အီးမေးလ်ကမင်မင်ပို့ခဲ့တာဆိုရင် ထိတ်လန့်စရာအတွေးပင်။ သူအီးမေးလ်ထဲမှာ ဒါရိုက်တာအိုကြီးအသက်ကြာကြာမနေရတော့ဘူးလို့ ဖော်ပြခဲ့တယ်- ဒါက အမှန်လား အတုယောင်လား?

တဖြည်းဖြည်း မီးတောက်မှာလွမ်းမိုးရွေ့လျားလာသည်။

"ငါတို့ဒီမှာသေအောင်လို့ ပြန်ခေါ်ခဲ့တာမလား?" စုမင်မေး၏။

အခုထက်ထိ မင်မင်ရည်ရွယ်ချက်ကို သူမသိပေ။ ရှစ်နန်းရှန်းနဲ့ ဟန်ချင်းချင်းတို့ ဒီလိုကံကြမ္မာနဲ့ဆုံခဲ့ရ၍ ဆက်နေလျှင် သူတို့လည်းသေနိုင်ဖို့များသည်။

သူတို့ ဒီနေ့ကလေးတွေကို သွားမကြည့်ခဲ့ရင် ဒီအခြေနေထိရောက်မှာမဟုတ်သလို ဘာမှန်းမသိဘဲသေသွားနိုင်သည်။

သို့သော် ရုပ်ရှင်ကထိုသို့သောဇာတ်ကွက်အနည်းငယ်ကိုသာ ဖန်တီးထားသည်။ သူတို့အားလုံးကို သင်ကြုံပြီးပြီဆိုရင်တော့ ရုပ်ရှင်လည်းအလိုလိုအဆုံးသတ်ကိုရောက်လာလိမ့်မည်။
မီးခိုငွေ့ပိုပိုသိပ်သည်းလာပြီး ဒီ့ထက်များလာပါက ဒီမှာသူတို့အသက်ရှူမွန်းကျပ်သွားနိုင်သည်။

စုမင်ချက်ချင်းဆုံးဖြတ်လိုက်၏ .."အရင်ဒီကထွက်သွားရအောင်"

To be a Heartthrob in a Horror Movie(Myanmar Translation)Where stories live. Discover now