Chapter 117

284 59 8
                                    


Chapter 117: အင်္ကျီချိတ်

သူတို့ပြောတာကြားတော့ စုန့်နျဉ်နျဉ်ငြီးတွား၏ .."သေချာတာပေါ့၊ ကြောက်တာကကြောက်တာလေ ဘယ်သူက ကြောက်လန့်ပြီးနေမကောင်းဖြစ်လို့လဲ? ငါတို့က ကလေးတွေလည်းမဟုတ်ဘဲနဲ့"

ရှဟဲယင်းက .."ငါတို့ကိုနုနယ်တယ်လို့ ထင်ကြတာများလား?"

ရိုးရိုးသားသားပြောရလျှင် သူတို့စိတ်ပူတာမျိုးက ထူးဆန်းနေသာ်ဟု ခံစားရသော်လည်း ဘာကြောင့်လဲဆိုတာ သူမ မပြောနိုင်ပေ။ သူတို့အတွက်ပူပန်ပေးတာမို့လည်း သူမ ဘာမှမပြောနိုင်ပေ။

"ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ထိခိုက်တာမှမဟုတ်တာ ... ငါတွေးနေတာက သူတို့တကယ် အလောင်းကိုပြန်ပစ်ချ မချပဲ" ရှဟဲယင်းပြော၏။

ပြောနေတုန်းပင် တစ်စုံတစ်ယောက်က အလောင်းကိုပင်လယ်ထဲသို့ ပြန်ပစ်ချပြီး‌နှင့်လေပြီ။

ပင်လယ်လှိုင်းသံများက ကျယ်လောင်‌ပေမယ့်လည်း ရေထဲအလောင်းကိုယ်ကျသံမှာ ကျယ်လောင်နေသေးပြီး မကြာ ပင်လယ်လှိုင်းများနှင့်မျောပါပျောက်ကွယ်သွားသည်။

နောက်ဆုံး ထန်ရီရှုအသိပြန်ဝင်လာ၏။

ဤကဲ့သို့အဖြစ်မျိုးကြုံခဲ့ပြီးနောက် သူစိတ်ထက်သန်မှုမရှိတော့ပေ။ သင်္ဘောဘေးဘက်ကိုတောင် သွားချင်စိတ်မရှိတော့ပေ။ ချင်းမုရင်ထံသို့ လျင်မြန်စွာပြေးသွားလေသည်။

ချင်းမုရင်ရှော့ခ်သွားကာ ဆွံ့အသွားသည်။

ငါးမဖမ်းမိရင်တောင် အဆင်ပြေသော်လည်း အလောင်းပေါ်လာမယ်ကို မမျှော်လင့်ခဲ့ပေ။

အလောင်းကိုကြည့်ရုံဖြင့် သူတို့သည်လည်း ပင်လယ်မုန်တိုင်းနှင့်ကြုံခဲ့ရပြီး ကံမကောင်းစွာ စုမင်တို့ကဲ့သို့ကယ်ဆယ်ရေးသင်္ဘော မတွေ့ခဲ့ရပေ။

ထန်ရီရှုရွှေ့သွားတာကို buzzဆံပင်ကေနဲ့လူကမြင်တော့ အလွန်စိတ်ပျက်သွားသည်။ သူ့အမူအရာကိုလျင်မြန်စွာ ပြန်ထိန်းလိုက်ပြီး မေး၏ .."ငါးဆက်မမျှားတော့ဘူးလား?"

ထန်ရီရှုသည် ခေါင်းကိုအသံထွက်မည့်အလား ‌ခါယမ်းပြီး .."မမျှားတော့ဘူး"

To be a Heartthrob in a Horror Movie(Myanmar Translation)Where stories live. Discover now