Chapter 69

2.2K 537 8
                                    


Chapter 69: အလောင်းကိုယ်ခန္ဓာ

စုမင်နေရာမှာရပ်တန့်သွားသည်။ ဒီသဘာဝဖြစ်စဉ်ကြီးကို သူရှော့ခ်ရသွားကာ နောက်ကွယ်ကအကြောင်းရင်းကို သူနားမလည်ပေ။ အလောင်းဖျက်စီးဖို့အတွက် စက်ယတ္တရားတွေရှိနေတာလား?

သို့ပေမဲ့ ကြည့်ရတာတော့ မဟုတ်လောက်ဘူး။

ယန်ဂျင်းချိုင်နောက်လှည့်ကာ အော်ပြောလေသည်။
"စုမင် အဲ့မှာဘာလုပ်နေတာလဲ?"

စုမင်သတိပြန်ဝင်ကာ တံခါးပိတ်လိုက်၍ "လာပြီ"

သူတို့က ပထမထပ်မှာပဲဖြစ်လို့ ထမင်းစားခန်းနဲ့ သိပ်မဝေးပေ။ ထမင်းစားခန်းကိုရောက်တော့ စားစရာများမှာ အငွေ့ထောင်းထောင်းထနေဆဲပင်။

အခုလက်ရှိ နွေရာသီဖြစ်သော်လည်း မိဘမဲ့ဂေဟာ၌ ဆောင်းဦးအစောပိုင်းလို ခံစားရသည်။

နေ့အချိန် ဘယ်ပန်ကာမှမသုံးရသလို အဲယားကွန်းများလည်းမရှိပါဘဲ ဒီမှာပူအိုက်မနေပေ။

ဒါရိုက်တာအိုကြီးက .."ကျုပ်က စားပြီးပြီ။ နေမကောင်းတဲ့ကလေးရှိလို့ ကျုပ်တစ်ချက်သွားကြည့်လိုက်အုန်းမယ် ... မင်းတို့အေးအေးဆေးဆေးစားကြ"

သူတို့နေရာ၌ ထိုင်လိုက်ကြသည်ကို သူကြည့်သည်။

စုမင်ထိုင်တော့မည့်အချိန် ဒါရိုက်တာဟန့်တားခြင်းခံလိုက်ရသည်။
"ဒါကမင်းထိုင်ခုံ ... နေရာမှားမထိုင်နဲ့"

သူညွှန်ပြတဲ့နေရာကို စုမင်လှမ်းကြည့်လိုက်တယ်။

စားပွဲ၌ အရသာရှိပုံရသောဟင်းလျာ သုံးပန်းကန်ရှိနေသည်။

ထို့နောက် သူ အခြားလူတွေကိုကြည့်လိုက်သည်။ ကျန်တဲ့အားလုံးက တစ်ပန်းကန်တည်းပဲဖြစ်ကာ ပန်းကန်ပြားအခံကအစအတူတူပင်။

စုမင်: “………..”

သူတို့စားစရာတွေ ပေါင်းထည့်ပြီးရင်း ထည့်နေမှာလား?

ယန်ဂျင်းချိုင်နဲ့ ရွှီရီရှောင်တို့သည် စုမင်အတွက် စိတ်မကောင်းကြပေ။

စုမင်ဆိတ်ငြိမ်ငြိမ်ထိုင်လိုက်သည်။

ထို့နောက် ဒါရိုက်တာက သူ့ကိုဩဝါဒပေးသည်။
"မင်း မနေ့ကနည်းနည်းစားခဲ့တာ မကောင်းဘူး ... ဒီနေ့မင်းများများစားသင့်တယ်"

To be a Heartthrob in a Horror Movie(Myanmar Translation)Tempat cerita menjadi hidup. Temukan sekarang