Chapter 33

4K 1K 58
                                    


Chapter 33: အခြေအနေ

စုမင်ရဲ့အခြားသူတွေကို စိတ်ချစေတဲ့နည်းလမ်းကဘယ်လောက်ကြောက်စရာကောင်းလဲဆိုတာ ပထမဆုံးအကြိမ်ကျောက်မင်ရာသတိထားမိသည်။

သူမနောက်ပြန်လှည့်ကြည့်လိုက်တော့ မှန်ဘောင်နှင့်နီးကပ်လွန်းသော မျက်နှာကို သူမတွေ့လိုက်ရသည်။ သူ့မျက်နှာသည် ရေထဲ၌ကြာရှည်စွာစိမ်ထားသလို ရောင်ရမ်းလာပြီး သူ့မျက်နှာ၌ကပ်နေသောဆံပင်များသည်ရေဖြင့်စိုရွှဲနေကာ ရေစက်တပေါက်ပေါက်ကျနေဆဲဖြစ်သည်။

သူသည် အတန်ငယ်ညစ်ပေနေပြီး မျက်နှာ၌ အပေါက်အမျိုးမျိုးကိုအထင်းသားမြင်နေရသည်။ သူ့ပုံစံသည် သဘာဝမကျစွာကြောက်မက်ဖွယ်ကောင်းလှသည်။
ချန်ယုချင်းလျင်မြန်စွာ သူနဲ့ဝေးရာသို့ပြေးထွက်သွားတယ်။ ပြတင်းပေါက်မှ ဟုန်ရွှေ့ကိုမြင်ခဲ့တဲ့အချိန် သူမနှလုံးသားခုန်ထွက်တော့မည့်အတိုင်းပင်။

ပင်လယ်မှာတုန်းက သူ့ကိုဆွဲခဲ့သည့်လက်ကို ချန်းရှင်းကျို့မှတ်မိသွားသည်။ .."သူက ရေနစ်သေခဲ့တဲ့တစ်ယောက်လား?"

ကျောင်းယွင်းဟော်ငြင်းပယ်တယ် .."မဟုတ်လောက်ဘူး ... သူ့ကိုယ်ပေါ်က ရေညှိတွေတွေ့လား?"

ဟုန်ရွှေ့၏ဆံပင်များသည် အဆီပြန်သောရေညှိစိမ်းများ ကျန်ရှိနေသေးပြီးသူ၏ခေါင်းမှာ ပေါက်နေသောအစိမ်းရောင်လွင်ပြင်ငယ်တစ်ခုနှင့် တူသည်။  ကြည့်ရတာတော်တော်ထူးခြားလွန်းတယ်။

ကျောင်းယွင်းဟော်တီးတိုးဖြင့် .."သူ့မျက်နှာအပေါက်တွေက ဖားပြုပ်တွေလက်ချက်ပဲဖြစ်ရမယ်……"

အပေါက်တိုင်းအတွင်းမှ လတ်လတ်ဆတ်ဆတ်အသားများကို သူတို့တွေ့နိုင်သည်။ ထိုကဲ့သို့ လူသေအလောင်းသည် အလွန်ကြောက်စရာကောင်းလှ၏။

စုမင်တွေးကြည့်ပြီး ပြောလာတယ် .."ပင်လယ်ထဲကအလောင်းက အစားထိုးမရှိသရွေ့ ကုန်းပေါ်မလာနိုင်ဘူး"

အဲ့ဒါ ရေတစ္ဆေ၏ထူးခြားသောလက္ခဏာဖြစ်သည်။ ထိုအချိန်က ချန်းရှင်းကျို့ မသေခဲ့သဖြင့် ထိုအရာပင်လယ်ထဲက ထွက်မလာနိုင်ဘဲ ရေတစ္ဆေအဖြစ်သာဆက်လတ်ကျန်ရှိပေလိမ့်မည်။
ထိုတစ္ဆေ၏ဝိသေသလက္ခဏာနှင့် ပတ်သက်၍ ရှာဖွေရန်နည်းလမ်းမရှိပေ။

To be a Heartthrob in a Horror Movie(Myanmar Translation)Where stories live. Discover now