Chapter 63

3K 643 22
                                    


Chapter 63: Couple

ရိုးရိုးသားသားပြောရရင် ဒီအတိုင်း ယန်ဂျင်းချိုင်သတ်ခံလိုက်ရမှာကို စုမင်စိုးထိတ်မိသည်။

ဒီတခါ ဇာတ်လိုက်က နည်းနည်းကြောင်တောင်တောင်နိုင်ပုံရပြီး သူ့ချစ်သူ ရွှီရီရှောင်က သူမရဲ့ပင်ကိုစရိုက်ကို မ‌ထုတ်ပြရသေးပေ။

ဒါရိုက်တာအိုကြီးက သင်္ကာမကင်းသည့်အမူအယာဖြင့် .."တကယ်လား?"

ယန်ဂျင်းချိုင်အရှေ့ကို ညွှန်ပြလိုက်တယ် .."ဟိုမှာ"

"ဘာမှမရှိပါဘူး ... မင်းတို့အမြင်မှားတာလား?" ဒါရိုက်တာအိုကြီးပြောတယ်။

သူ့အဖြေကိုကြားတော့ စုမင်တွန့်ဆုတ်မိပြီး အမြန်လှည့်ကြည့်လိုက်စဉ် စောနက ထောင့်မှာဆောင့်ကြောင့်ထိုင်နေတဲ့ကလေးငယ်ပျောက်သွားသည်ကို တွေ့လိုက်ရ၏။

အစတည်းက ထိုနေရာမှာ မရှိသည့်အလား။

ရွှီရီရှောင်ခေါင်းယမ်းပြီး .."မဖြစ်နိုင်ဘူး ... အစောတုန်းကကျွန်မတို့ သေသေချာချာတွေ့ခဲ့တာ ... မှားမမြင်နိုင်လောက်ဘူး……"

သူမက ပထမဆုံးတွေ့ခဲ့သူမို့လို့ သူမအခြားသူတွေထက် ပိုကျိန်းသေသည်။

"ကျွန်တော်လည်းတွေ့ခဲ့တယ်" စုမင်လည်းဝန်ခံသည်။

သူတို့သုံးယောက်လုံးတွေ့ခဲ့ကြောင်းပြောမှတော့ ဒါရိုက်တာအိုကြီးငြင်းဆန်လို့မရနိုင်ပေ။ တခဏတွေးတောပြီး .."အဲ့ကလေးအခြားအခန်းထဲပြေးသွားတာနေမယ် ... ကျုပ်သွားကြည့်လိုက်မယ် ... အခုခေတ်ကလေးတွေက အရမ်းဆိုးတယ်လေ"

သင်္ကာမကင်းသည့်ခံစားချက်ဖြင့် သူရှေ့ဆက်လျှောက်ကာ သူ့ခြေလှမ်းကနှေးကွေးနေသည်။

စုမင်နဲ့ ယန်ဂျင်းချိုင်က ဒါရိုက်တာအိုကြီးနောက်မလိုက်ခင် အချင်းချင်းကြည့်လိုက်ကြပြီး ကော်ရစ်ဒါအဆုံးရဲ့ ပထမဆုံးအခန်းကို စတင်ရှာဖွေသည်။

မမျှော်လင့်စွာ အခန်းအားလုံးရဲ့တံခါးတိုင်းက သော့ခတ်ထားသည်။

ဒါရိုက်တာအိုကြီးက သော့တွဲကိုဆွဲထုတ်ပြီး တစ်ခန်းပြီးတစ်ခန်း‌သော့ဖွင့်၍ စစ်ဆေးသည်။

To be a Heartthrob in a Horror Movie(Myanmar Translation)Where stories live. Discover now