Chapter 71

2.2K 576 16
                                    


Chapter 71: လေပြေလေညှင်း

သုံးယောက်စာ ဝေစုခွဲလို့ဆိုသည့်အဓိပ္ပာယ်ကို ယန်ဂျင်းချိုင်စိတ်ကူးမယဉ်ကြည့်ရဲပေ။

ဖြတ်ထားတဲ့ ခေါင်းအပွင့်ကြီးကို သူ့ပန်းကန်ပြားထဲတွင် တကယ်မတွေ့ချင်ပေ။ မြင်မြင်ချင်း ပျို့အန်မိမှာစိုးရိမ်သည်။

ယန်ဂျင်းချိုင်ကျောကို ရွှီရီရှောင်ခပ်ပြင်းပြင်းပုတ်လိုက်ပြီး အံကြိတ်ရင်းပြောတယ် .."ဟုတ်ပါပြီ ... ကျွန်မတို့သေချာဂရုစိုက်ပြီး သေချာပေါက်….….လွှတ်ပစ်မှာမဟုတ်ပါဘူး"

အနောက်မှာရပ်နေသော စုမင်တစ်ယောက်ကတော့ ယန်ဂျင်းချိုင်ရဲ့ကျောအတွက် သနားမိသည်။

သူ့ကျောကုန်းကို သူမဒီလောက်အားထည့်ပုတ်တော့ သူ(ယန်ဂျင်းချိုင်)ဘယ်လိုခံစားရမလဲဆိုတာ သူစိတ်ကူးမကြည့်ရဲပေ။

ဒါရိုက်တာအိုကြီး စိတ်အေးလက်အေးဖြစ်သွားကာ ခေါင်းငြိမ့်ပြီး .."မင်းတို့ငယ်ငယ်လေးတည်းက ကျုပ်သင်ပေးလာခဲ့တာ ပစ္စည်းတွေကိုဖြုန်းတီးတာရှက်စရာကောင်းတယ် ... ဒီ့တော့ စားစရာကိုမလွှတ်ပစ်ရဘူး။ မဖြုန်းတီးဘဲ အကုန်စားရမယ် နားလည်လား?"

စုမင်တုန့်ပြန်တယ် “ဟုတ်ကဲ့”

ယန်ဂျင်းချိုင်က “ကျွန်တော်တို့မလုပ်ပါဘူး တကယ်မလုပ်ဘူး”

ဒါရိုက်တာအိုကြီးက သူတို့သုံးယောက်လုံးလိမ်ညာနေလား သေချာဂရုတစိုက်အတည်ပြုရန် ကြည့်လိုက်သည်။
"ဒီလိုဆိုရင် ကျုပ်ပြန်အုန်းမယ် ... မင်းတို့ဒီညစောစောအိပ်သင့်တယ် ... မနက်ဖြန်မနက်စာစားကြမှာလား?"

သုံးယောက်လုံးပြိုင်တူပြောတယ် .."မစားတော့ဘူး"

ဒါရိုက်တာအိုကြီးမျက်လုံးကျဉ်းမြောင်းလိုက်ပြီး .."မင်းတို့မစားတာဆိုးတာပဲ"

"ဒါရိုက်တာ ... ကျွန်တော်တို့လူငယ်တွေကမနက်အိပ်ယာထနောက်ကျကြတယ်လေ……. အဲ့ဒါကြောင့်မလို့ မနက်စာစားနေကျမဟုတ်တော့ မနက်စာပြင်ဆင်စရာမလိုပါဘူး" ယန်ဂျင်းချိုင်ပြောတယ်။

ဒါရိုက်တာခေါင်းညိတ်ရင်း .."ဒါဆိုကောင်းပြီ"

သူလှည့်ပြီး အောက်ဆင်းသွားသည်။ လှေကားမှဆင်းသွားသော ဒါရိုက်တာ၏နောက်ကျော ပျောက်သွားမှ ယန်ဂျင်းချိုင်တို့စိတ်သက်သာရာရစွာ အသက်ရှူချောင်တော့သည်။

To be a Heartthrob in a Horror Movie(Myanmar Translation)Where stories live. Discover now