Chapter 50

3.3K 818 28
                                    


Arc 3: မရဏဖျော်ဖြေပွဲ
Chapter 50: ဦးထုပ်

လီချီယွီအဖြေက စုမင်ကိုသိချင်စိတ်ပြင်းပြစေတယ်။
သူမေး၏ .."မင်းဘာလို့ သူ့ကိုမျက်လှည့်ဆရာလို့ ထင်တာလဲ?"

မျက်လှည့်ဆရာတွေက ပုံမှန်အားဖြင့် ဆပ်ကပ်လူပြက်လို မဝတ်ဆင်ကြဘူးမလား။

"ငါ အရင်ကမျက်လှည့်ကြည့်ဖူးတယ်။ မျက်လှည့်ဆရာတွေက အမြဲဒီတိုင်းဝတ်ကြတာ ... ဒါပေမဲ့ သူတို့မျက်နှာကို ဒီလိုမျိုးမိတ်ကပ်တော့ လိမ်းမှာမဟုတ်ဘူး" လီချီယွီဖြေတယ်။

ဒီဆပ်ကပ်လူပြက်မိတ်ကပ်က တော်တော်ကြောက်စရာကောင်း၏။

ကျောင်းထောင်ကျီးကြားဖြတ်ပြောလာတယ် .."ဒါမိတ်ကပ်လိမ်းထားမှန်း နင်ဘယ်လိုသိလဲ? ငါမိတ်ကပ်လိမ်းလာတာ နှစ်တွေကြာပြီ ... ဒါ‌တောင် လိမ်းထားလားမပြောနိုင်ဘူး ...  ဒါမဲ့သူကြည့်ရတာ မလိမ်းထားသလိုပဲ ... ငါထင်တာ သူ့မူရင်းမျက်နှာပဲဖြစ်မယ်"

သူမ လဲ့လင်းကိုကြည့်လိုက်ပြီး .."ဟုတ်တယ်မလား?"

လဲ့လင်း ခဏမျှတုံ့ဆိုင်းသွားသည်မှာ အထူးအဆန်းပင် .."အင်း"

ကျောင်းထောင်ကျီး၏ စကားများသည် ဒီ့ထက်ပိုကြောက်စရာကောင်းသည်ဟု စုမင်ခံစားမိသော်လည်း ဒါက ထိတ်လန့်ဖွယ်ရာ ရုပ်ရှင်ဇာတ်ကွက်နှင့် အမှန်တကယ် ကိုက်ညီတာက‌တော့ ငြင်းဆို၍မရပေ။

ရေလှောင်အိမ်ကန်ကို ထုတ်ခဲ့ပြီး စင်မြင့်အလယ်တွင်နေရာချထားသည်။

ဆပ်ကပ်လူရွှင်တော်က ပရိသတ်ကိုယဉ်ယဉ်ကျေးကျေးဦးညွှတ်လိုက်သည်။ သူ့မျက်နှာကလွဲလို့ ကျန်တာကြောက်ဖို့မကောင်းပေ။

ပိုငြိမ်သက်လေလေ အန္တရာယ်များလေလေပဲ။

ထိုလူပြက်ဘာလုပ်ချင်လဲ စုမင်မသိပေမဲ့ တစ်စုံတစ်‌ယောက်သေရင်သေလိမ့်မည် မဟုတ်ရင်သေပြီးသားလည်းဖြစ်နိုင်သည်ဟု ခပ်ရေးရေးမျှ စုမင်ပြောနိုင်သည်။

ဖျော်ဖြေတင်ဆက်သူက သရဲပင်ဖြစ်နိုင်လောက်တယ်။

စတိတ်စင်တစ်ခုလုံးမှောင်မည်းလှပါသော်လည်း အရာရာကိုထင်ထင်ရှားရှားမြင်နိုင်တယ်။ ဆပ်ကပ်လူပြက်ရဲ့လှုပ်ရှားမှုနဲ့ အမူအယာအပါအဝင်ပေါ့..။

To be a Heartthrob in a Horror Movie(Myanmar Translation)Where stories live. Discover now