Chapter 85

1.9K 430 26
                                    


Chapter 85: ပေါင်းပင်နုတ်မယ်

ရှောင်စုဆိုတဲ့ နာမည်အပေါ် တကယ်ပဲ သူ့ကိုပြင်းထန်တဲ့ခံစားချက်တွေပေးစေတယ်။

ဒီရုပ်ရှင်ကို မကြည့်ခင်မှာပင် ရှောင်စု နှင့် ချန်စုတို့အကြားဆက်ဆံရေး ဖြစ်နိုင်ချေကို သူ သံသယရှိခဲ့ပြီး  အခုနောက်ဆုံးတော့ သူ့မေးခွန်းတွေထဲက အဖြေတစ်ခုကို သူရခဲ့တယ်။

"ဒါခင်ဗျားနာမည်ပြောင်လား?" စုမင်အလွန်တည်ငြိမ်စွာပြောလိုက်တယ်။

ချန်စုပြုံးလိုက်ပေမဲ့ ဘယ်သူမှ သူ့ကိုအမှောင်ထဲမှာမတွေ့နိုင်ပေ။
"မင်းအဲ့လိုယူဆလို့ရတယ်"

ဒါရယ်စရာကောင်းတယ်လို့ စုမင်ခံစားရပြီး .."ကျွန်တော်ယူဆလို့ရတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ? ခင်ဗျား ကိုယ့်နာမည်ပြောင်တောင် ခင်ဗျားမသိဘူးလား?"

သူ့အဖွား ထိုစကားလုံးနှစ်လုံးခေါ်သည့်ချိန်တည်းက သူသံသယရှိ နေခဲ့သည်။ အခုထပ်ဖော်ပြလာတဲ့အတွက် တစ်ခုခုအချိတ်ဆက်နေရမယ်ဆိုတာ သေချာသည်။

ချန်စုဘာမှမပြောဘဲ သူ့နားသန်သီးလေးကိုသာ ကြင်နာစွာထိကိုင်နေတယ်။

သူနဲ့ စုမင်သည် အလွန်နီးကပ်နေပြီး တစ်ယောက်ကိုယ်အပူချိန်တစ်ယောက်ခံစားသိနိုင်သည်။ တစ်ယောက်က ရေခဲတုံးအလား အင်မတန်အေးစက်နေပြီး တစ်ယောက်က ပူနွေးနေ၏။ ထိုပူနွေးမှုက သူ့ကို လူသားလို့ရည်ညွှန်းသည်ဟု ထင်ရှားသိသာစေသည်။

သူ့မေးခွန်းကို မဖြေတာတော့ စုမင်မအံ့ဩပေ။

‌အဖြေကိုလွယ်လွယ်ရမယ်ဆိုရင် ဟိုးအရင်တည်းက ရပြီးလောက်ပြီပေါ့ ... ဒီနေ့အထိစောင့်နေစရာတောင် မလိုချေ။

ချန်စုအသံနိမ့်နိမ့်ဖြင့် .."မင်းတကယ်သိချင်တာလား?"

သူ့စကားလုံး‌တွေနောက်ကွယ်မှာ အခြားအဓိပ္ပာယ်ရှိနေတယ်ဆိုတာ စုမင်ပြောနိုင်သည်။ အပြုသဘောဆောင်တဲ့ တုံ့ပြန်မှုဖြစ်ပြီး အဲဒါက အရမ်းအရေးကြီးတဲ့ အရာတစ်ခုဖြစ်ကြောင်း သူ့ကိုပြောနေသလိုပါပဲ။

"ကျွန်တော်သိချင်တယ်လို့ပြောရင်ရော ခင်ဗျားပြောပြမှာလား?" စုမင်ပြန်မေး၏ .."ဒါမှမဟုတ် ခင်ဗျားသက်သက်လှည့်ပတ်ရိုက်နေတာလား?"

To be a Heartthrob in a Horror Movie(Myanmar Translation)Where stories live. Discover now