Chapter 25

4K 1K 33
                                    


Chapter 25: လျှို့ဝှက်ဆန်းကြယ်

စုမင်မျက်နှာမှ ရေတို့ကိုသုတ်လိုက်ပြီး ရေထဲထပ်ငုပ်သော်လည်း အဆုံးမရှိသောပင်လယ်ရေကိုသာ တွေ့ရသည်။ ငါးတစ်ကောင်တောင်မရှိပေ။ သူပြန်မပေါ်လာခင် သူ့နားများဆိတ်ငြိမ်သွားပြီး မူးနောက်နောက်ဖြစ်နေသောစိတ် ကြည်လင်သွားခဲ့သည်။

ချန်းရှင်းကျို့ရှော့ခ်ရသွား၏ .."စုမင် မင်းအဆင်ပြေလား?"

စုမင်ခေါင်းခါပြီး .."ပြေတယ်"

အလွန်အမင်းနေထိုင်မသာကောင်းသော သူ့နားထဲရေတွေကို ခါထုတ်လေသည်။ အထူးသဖြင့်သူ့မျက်နှာပေါ်ရှိပင်လယ်ရေသည် သုတ်ပြီးနောက်တောင်မှ အကြွင်းကျန်ရှိနေသေးသည်။

ချန်းရှင်းကျို့က .."ပင်လယ်ကမလုံခြုံဘူး ... အမြန်ပြန်ရအောင်"

စောနက သူ့ခြေထောက်ကို တစ်စုံတစ်ယောက်လှမ်းဆွဲခဲ့ပြီး ထိုအချိန်က ကျောင်းယွင်းဟော်နှင့်သူသာ ရေထဲမှာရှိကာ ကျောင်းယွင်းဟော်က သူ့အရှေ့မှာရှိသည့်အတွက် သူလုပ်တာမဖြစ်နိုင်ပေ။

တစ်စုံတစ်ယောက်ကိုရှင်းပစ်တဲ့လုပ်ငန်းအရ လူသားလုပ်တာမဖြစ်နိုင်ဘူး။ ရေထဲဆင်းခဲ့သည့်အတွက် ချန်းရှင်းကျို့နောင်တရမိကာ ဒီ့ထက်ပိုပြီးသတိဝီရိယရှိသင့်တယ်။ စုမင်‌ကိုတောင် အက်ဆီးဒင့်ထဲ ဝင်ပါစေမိတော့မလို့...

စုမင်ပြောတယ် .."ပြန်သွားရအောင်"

သူတို့ သတိကြပ်ကြပ်ဂရုတစိုက်ဖြင့် ရှေ့ဆက်ကူးကြကာ နောက်ဆုံးစိုစွတ်နေသော သဲပေါ်သို့ ခြေချလိုက်ကြပြီး တစ်လှမ်းပြီးတစ်လှမ်း ကမ်းခြေသို့လျှောက်လာတယ်။

ခိုင်မာသည့်မြေပြင်ပေါ်သို့ ခြေချမိသည့်အခါ သူတို့အနည်းငယ်ပိုစိတ်ချရသည်ဟု ခံစားလိုက်ရသည်။
စုမင်အတွေးထဲ နစ်မြောစွာ ပြော၏ .."ကျောင်းယွင်းဟော်ဖြစ်ခဲ့တဲ့ကိစ္စက ထူးဆန်းတယ် ... ကမ်းခြေအနီးမှာ ပင်လယ်မှော်ပင်မရှိသင့်ဘူး"

ချန်းရှင်းကျို့က ရေမငုပ်ခဲ့တာမို့ ရေမှော်ပင်ကြောင့်ဆိုတာ မသိခဲ့ပေ ..."ရေမှော်ပင်? သူမဖြစ်ခင် ငါ့ကိုကျ လက်တစ်ဖက်လှမ်းဆွဲခဲ့တာ"

To be a Heartthrob in a Horror Movie(Myanmar Translation)Where stories live. Discover now