အရောင်မဲ့ လွင်ပြင်(အေရာင္မဲ့...

Da Ownlish

263K 32.7K 4K

Unicode အချစ်ဆိုတဲ့ကွင်းပြင်ကျယ်ကြီးမှ မိမိနှစ်သက်ရာအရောင်ကို ဆေးခြယ်ပါ။ Zawgyi အခ်စ္ဆိုတဲ့ကြင္းျပင္က်ယ္ႀကီးမ... Altro

Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Ending
Extra 1
Extra 2
Extra 4

Extra 3

4K 542 54
Da Ownlish

Unicode

တကယ်တော့ သမိုင်းပြန်လာတဲ့နေ့က မေမေတို့လည်း လေဆိပ်ကို လာကြိုနေခဲ့သည်။မေမေတို့နှင့် ကိုတိမ်တို့ အဖွဲ့ လေဆိပ်ထဲ မှာတွေ့နေခဲ့ပေမယ့် တစ်ယောက်နှင့်တစ်ယောက်မသိကြသဖြင့် ထူးပြီး သတိမထားမိခဲ့ကြပေ။ ပူဖောင်းတွေနှင့် ကိုတိမ်တို့အုပ်စုကိုတော့ မေမေတို့က သတိထားမိချင် သတိထားမိနေခဲ့မှာပဲ။ အဲ့ဒီမှာ စလွဲရာကနေ ကိုတိမ်နှင့် သူ၏ အလွမ်းသည်မှုကို မေမေတို့လည်း မျက်ဝါးထင်ထင်မြင်လိုက်ရသည်။ ဘယ်လိုပတ်သတ်မှု၊ ဘယ်လိုအခြေအနေဆိုတာ ရှင်းရှင်းလင်းလင်းကြီး သဘောပေါက်နိုင်သည့် အနေအထားမျိုးနှင့် တွေ့လိုက်ရခြင်းဖြစ်သည်။ ဒါပေမယ့် မေမေတို့ဘယ်လိုနားလည်သွားသလဲဆိုတာတော့ သူမခန့်မှန်းတတ်။

ကိုတိမ်နှင့် တစ်ယောက်ကို တစ်ယောက်ကို တစ်ယောက်ဖက်ထားရာမှ ဖယ်ခွာလိုက်ချိန်မှာ နောက်ကနေ သူတို့ကို အံ့အားသင့်သလို စိုက်ကြည့်နေသည့် မေမေနှင့် ဖေဖေကို တွေ့လိုက်ရသည်။ အဲ့အချိန်ကျမှ သူလည်း ပူထူပြီး ဘာလုပ်လို့လုပ်ရမှန်းမသိတော့။ ဘေးကနေ တစ်ချိန်လုံးစိုက်ကြည့်နေခဲ့သည့် ကိုတိမ်က သူ့မျက်နှာ မသက်မသာဖြစ်နေသည်ကို ရိပ်မိသွားသဖြင့်
"သမိုင်း ဘာဖြစ်လို့လဲ" ဟု မေးသည်။
"ဟိုမှာ မေမေတို့" ဟု သူကပြောလိုက်ရာ ကိုတိမ်လည်း သူကြည့်နေသည့်ဖက်ကို လိုက်ကြည့်လာသည်။
ပြေးလို့လည်း မလွတ်နိုင်သည့် အခြေအနေကို အကောင်းဆုံး ထိန်းသိမ်းနိုင်ရန် ကိုတိမ်သူငယ်ချင်းတွေကို နှုတ်ဆက်ခွင့်တောင်းပြီး ကိုတိမ်ကိုပါ မေမေတို့ရှိရာဆီ ဆွဲခေါ်လာခဲ့လိုက်သည်။ လမ်းလျှောက်နေရင်း အသက်ကို ၀၀ ရှုသွင်းထားရသည်။ အခြေအနေမကောင်းရင် မကြာခင်မှာ အသက်ရှုခွင့်လေးတောင် ပျောက်ရင်ပျောက် သွားနိုင်သည်လေ။

"မေမေ"
မေမေ့ ကိုပြေးဖက်တော့ မေမေကလည်းသူ့ကို အသာပြန်ပွေ့ဖက်သည်။
"သား မျက်နှာလေး ဖောင်းလာတယ်
အသားတွေလည်း ပိုဖြူလာတယ်"
သူ့မျက်နှာကို လက်ဖဝါးနှစ်ခုထဲ အသာထည့်ရင်း မေမေက မျက်ရည်ဝဲနေသည့် အကြည့်တွေနှင့် ကြည့်နေသည်။ သူ့ကိုတွေ့လို့ ဝမ်းသာမျက်ရည်လား၊ တခြားခံစားချက်ပါတဲ့ မျက်ရည်လားဆိုတာကတော့ မေမေမှသာ သိနိုင်မည်။ ဖေဖေကတော့ ဘေးကနေဘာမှဝင်မပြော။ ခါတိုင်းလို အေးဆေးတည်ငြိမ်သည့် မျက်နှာထားမျိုးနှင့်သာ သူတို့ကို ကြည့်နေခဲ့သည်။
"မေမေ
စိုစိုရော မပါဘူးလား"
"သား စိုစိုက အလုပ်ကိစ္စပေါ်လာလို့
ပြီးမှ အိမ်ကိုပဲ လာခဲ့မှာတဲ့"
"ဟင့်
သားပြန်လာတာကိုတောင် လာကြိုဖော်မရဘူး"
"အလုပ်က အရေးကြီးလို့ဖြစ်မှာပါ သားရဲ့"
"မေမေတို့ရော ဘယ်နေ့က ရန်ကုန်ကိုရောက်တာလဲ"
"မနေ့ကမှ သားရဲ့
အိမ်အလုပ်တွေကလည်း သားသိတဲ့အတိုင်းပဲ ပစ်ထားလို့မှမရတာ"
"သားက မေမေတို့လာကြိုမယ်တောင် မထင်ထားဘူး"
"သားဖေဖေပေါ့
သွားကြိုရအောင်ပါဆိုပြီး မရမကပြောနေလို့လေ"
မေမေနဲ့ သူက ပုံမှန်အတိုင်း သဘာဝကျတဲ့ စကားပြောခန်းကို သရုပ်ဆောင်နေရသလိုပဲ။ မေမေ့ရင်ထဲက တကယ်တမ်းမေးချင်ပြောချင်နေတဲ့ စကားတွေဟာ ဒါတွေမဟုတ်မှန်း သူလည်းသိပါသည်။ ထို့ကြောင့်ပင်
ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်သည်။
"မေမေ
ဒါ ကိုတိမ်တဲ့"
ဘယ်သူပါ ဘယ်ဝါပါဆိုပြီး ဆက်မိတ်ဆက်ပေးလိုက်ချင်ပေမယ့် စကားလုံးတို့က လည်ချောင်းဝမှာတင် တစ်ဆို့နေပြီး ဘယ်လိုမှ နှုတ်ဖျားကနေထွက်မလာခဲ့။ တစ်ဝက်တစ်ပျက်နဲ့ စကားလုံးတို့ ပျောက်ဆုံးကုန်သည့် သူ့ကို မေမေတို့ကလည်း ဘာဆက်ပြောမှာလဲ ဆိုသည့် သဘောဖြင့် စူးစိုက်ကြည့်နေသည်။ ထိုအကြည့်ကြောင့်ပင် ပိုပြီး နှုတ်ဆိတ်သွားရသည်။
"ကျွန်တော့်နာမည် တိမ်မိုးဝေပါခင်ဗျ
သမိုင်းရဲ့ မိတ်ဆွေပါ"
ကိုတိမ်ကပဲ သူ့နာမည်ပြောပြီး အဆင်ပြေအောင်မိတ်ဆက်သွားသည်။ ကိုတိမ်၏ မိတ်ဆက်စကားကြောင့် ရင်ထဲမှာ အမည်မသိတဲ့ ခံစားမှုတစ်မျိုးဖြတ်ပြေးသွားသည်။ ကိုတိမ်မျက်နှာကို လှည့်ကြည့်မိပေမယ့် ကိုတိမ်က သူ့ကိုကြည့်မနေ။ မေမေ့ကိုသာ ပြုံးပြီး စကားဆက်ပြောနေခဲ့သည်။
"သြော် အေးအေး
သားက ရန်ကုန်ကလား"
"ဟုတ်တယ်ခင်ဗျ
အန်တီတို့လာကြိုမယ်မှန်းမသိလိုက်လို့
သမိုင်းတစ်ယောက်တည်းဖြစ်နေမှာစိုးလို့ လာကြိုလိုက်တာ"
"ကျေးဇူးပါပဲ သားရယ်"
လူကြီးလူကောင်းမေမေနှင့် ကိုတိမ်တို့ကတော့ သံခင်းတမန်ခင်းစကားများပြောနေကြသည်။ ဒါကြီးက တစ်ဖက်နှင့်တစ်ဖက် မိုင်းတွေကို ရှောင်ကွင်းပြီး ပြေးလွှားနေသလိုမျိုးဟု ခံစားလိုက်ရသည်။
"သား ပင်ပန်းလာမှာပေါ့
အိမ်ပြန်ပြီးနားမယ်လေ"
"ဟုတ် မေမေ"
"ဒီက သားမိတ်ဆွေကိုရော ဘယ်လိုလုပ်မလဲ
အန်တီတို့နဲ့ အိမ်လိုက်ခဲ့မလား"
တစ်ချို့မေးခွန်းတွေမှာက အဖြေတစ်ခါတည်း တွဲပါနေသလိုပါပဲ။ အမှန်တကယ် ကိုတိမ့်ကိုပါ လိုက်စေချင်လျှင် "လိုက်ခဲ့လေ"ဆိုသော စကားကိုသာ ဆိုမှာဖြစ်သည်။ အခုတော့ "လိုက်ခဲ့မလား"ဆိုသည့် အသုံးအနှုန်းက မလိုက်ပါနဲ့ဟု ကြိုတင်တာဆီးပြီးနေပြီ။
"မလိုက်တော့ဘူး ခင်ဗျ
သမိုင်း အားမှပဲ တွေ့ရအောင် ချိန်းလိုက်တော့မယ်"
"သြော် အေးအေး
ဒီနေ့လာကြိုပေးတာ ကျေးဇူးပါပဲ သားရယ်"
"ရပါတယ်ခင်ဗျ
ဒါဆို ကျွန်တော် သွားလိုက်ပါဦးမယ်ခင်ဗျ"
ကိုတိမ်က မေမေတို့ကိုနှုတ်ဆက်ပြီး သူ့ကိုပါ လက်ပြပြီး လှည့်ထွက်ရန်ပြင်လိုက်သည်။ ဒီလိုမျိုးကြီး လက်လွတ်စပယ်နိုင်လွန်းတာကိုတော့ အဖြစ်မနိုင်သည့်အတွက် ဆုံးဖြတ်ချက်တစ်ခုချလိုက်ရင်း မေမေ့ဖက် လှည့်ပြောလိုက်သည်။
"ကိုတိမ်နဲ့ အတူပါလာတဲ့ သူငယ်ချင်းတွေကိုလည်း သွားနှုတ်ဆက်လိုက်ဦးမယ်နော်
သားကို ခဏစောင့်ပေး"
မေမေ့ဆီက အသံတို့တိတ်နေပေမယ့် ဖေဖေက ဘေးကနေပြီး ခေါင်းငြိမ့်ပြုံးပြ ခွင့်ပြုပေးခဲ့သည်။
"သွားလေ သား"

ထွက်ခွာသွားသည့် ကိုတိမ်၏ ကျောပြင်ကို မြင်နေရသဖြင့် အလျင်အမြန်ပြေးပြီးလိုက်သည်။ ထို့နောက် မီလာတော့ ကိုတိမ်လက်ကို ဆုပ်ကိုင်ပြီး မေမေတို့လှမ်းကြည့်လျှင် မမြင်ရနိုင်သည့် လူအနည်းငယ်ရှင်းသည် ဟု ထင်ရသည့် လက်ဆောင်ပစ္စည်း အရောင်းကောင်တာဖက်ကို အပြေးတပိုင်း ဆွဲခေါ်လာခဲ့သည်။
နှစ်ယောက်သား မျက်နှာချင်းဆိုင်မိတော့မှ ညှိုးငယ်နေသည့် ကိုတိမ်၏ မျက်နှာလေးကို ရင်နင့်ဖွယ်တွေ့ လိုက်ရသည်။ သူသိသည်။ ကိုတိမ်တစ်ယောက် စိတ်မကောင်းဖြစ်သွားမည်ကို ခံစားမိသဖြင့် လိုက်လာမိခဲ့ခြင်းပဲ ဖြစ်သည်။ သူထင်တဲ့အတိုင်းပါပဲ။
"ကိုတိမ်"
နာမည်လေးကိုသာ တိုးတိတ်စွာခေါ်မိသည်။ နှစ်ယောက်သား တစ်ယောက်လက်တစ်ယောက် ဆုပ်ကိုင်ထားမိပေမယ့် ဘာစကားမှမပြောဖြစ်ကြ။ ပြောစရာမလိုလောက်အောင် နားလည်မိနေသလိုမျိုးပေါ့။
"ကျွန်တော် ညကို ထွက်လို့ရရင် ထွက်လာခဲ့မယ်
မရရင်လည်း မနက်စောစော လာခဲ့မယ်နော်"
"အင်းပါ
အိမ်ရောက်ရင်သာဖုန်းခေါ်လိုက်နော်
Sim cardရှိသေးလား
ဝယ်ပေးလိုက်ရမလား"
"ရှိတယ်
အရင် ကဒ်ပဲ ပြန်ထည့်ထားလိုက်မယ်
ကျွန်တော်ဖုန်းခေါ်မှာစောင့်နေနော်"
"အင်း"
အင်းဆိုသော ပြန်စကားတစ်လုံးသာ ထွက်လာသည်။ မေမေတို့ကိုလည်း အကြာကြီးစောင့်ခိုင်းထားလို့ မကောင်းသဖြင့် လူခွဲဖို့ပြင်ရသည်။ မခွဲခင် ဘေးဘီဝဲယာတစ်ချက်ကြည့်ပြီး ဘယ်သူမှ ရှိမနေသဖြင့် ကိုတိမ်၏ နှုတ်ခမ်းကို ဖျပ်ခနဲ နမ်းလိုက်သည်။ သူ့ဆီက အနမ်းရမှပဲ ကိုတိမ်တစ်ယောက် မျက်နှာက အနည်းငယ်ကြည်လာတော့သည်။

ထို့နောက်တော့ ကိုတိမ်ကလည်း သူ့သူငယ်ချင်းတွေ ဘေးမှာပဲကျန်ခဲ့သည်။ သူကတော့ မေမေတို့ဆီ ပြန်လျှောက်လာခဲ့တော့သည်။ သားအဖသုံးယောက် အိမ်ပြန်ရောက်တော့ မေမေက သူ့ကိုခဏနားစေပြီး ရေချိုးခိုင်းသည်။ ရေမချိုးခင် ကိုတိမ်ဆီ ဖုန်းဆက်ပြီး ပြန်ရောက်ပြီဆိုသည့်အကြောင်း လှမ်းပြောလိုက်သည်။ မအိပ်ခင်မှ တစ်ခါ ထပ်ဆက်မှာမို့ ကြာကြာစကားမပြောဖြစ်လိုက်တော့။

မေမေတို့နှင့် ညစာ စားပြီးချိန်မှာတော့ ခဏ စကားပြောရင်း အပြင်ထွက်ဖို့ စကားစကြည့်ပေမယ့် မေမေ့ဆီက မသွားစေချင်သည့် လေသံထွက်လာသဖြင့် သူလည်း အတင်းအကျပ်မပူဆာဖြစ်တော့။ ထိုအစား မနက်ကျရင်သာ သူငယ်ချင်းတွေနဲ့ အပြင်ထွက်ပြီး ဘရိတ်ဖက်စားချင်ကြောင်း ခွင့်တောင်းလိုက်သည်။ လေယာဉ် အကြာကြီးစီးလာရတာရော၊ အချိန်ကွာခြားမှုကို အသားမကျသေးတာကြောင့် ထိုညက ကိုတိမ်နဲ့လည်း စကားသိပ်မပြောနိုင်ခဲ့။ ကိုတိမ်ကတော့ မနက်လည်း စောစောထမလာဖို့နှင့် နိုးမှသာ ထွက်လာရန် မှာနေသေးသည်။

နောက်ရက် မနက်ကျတော့ သူစောစောပဲနိုးလာခဲ့သည်။နာရီကိုကြည့်လိုက်တော့ 6နာရီ။ ဟိုမှာက အချိန်2နာရီခွဲစောတာဆိုတော့ သူ့မျက်လုံးတို့က အလိုလိုနိုးလာသောအချိန်ဟာ စောနေခဲ့တာဖြစ်သည်။ ပြန်အိပ်လို့လည်းမရတာတူတူမို့ စိတ်ပုတ်စွာနှင့်ပဲ ကိုတိမ်ဆီ ဖုန်းခေါ်လိုက်သည်။ သူနိုးလာသလို ကိုတိမ့်ကိုလည်း မအိပ်စေချင်ဘူးလေ။
"ဟယ်လို သမိုင်းလေး
နိုးတော့တာလား"
ကိုတိမ်၏ အိပ်ချင်မူးတူးအသံလေးကြားတော့ အလိုလိုပြုံးမိရပြန်သည်။
"အင်း နိုးပီ"
"အင်း အင်း
ကိုယ့်ဆီ လာတော့မှာလား"
"အာ အခုတော့ ဘယ်လာလို့ရဦးမလဲ
မေမေတို့က အဲ့လောက်အစောကြီးထွက်လာရင် ပြောနေမှာပေါ့"
"ကိုယ်အရမ်းတွေ့ချင်နေပြီလေ
ကိုယ့်ကို မသနားဘူးလား"
"အပိုတွေပြောမနေနဲ့
ကျွန်တော်ဖုန်းဆက်မှ နိုးလာပြီးတော့"
"မဟုတ်ပါဘူးကွာ
ကိုယ့်ဘာသာလည်း alarmပေးထားပါတယ်
စောစောထမလို့ပါ"
"အင်းပါ ဟုတ်ပါပြီ
ကျွန်တော့်ကို ဘာလိုက်ကျွေးမှာလဲပြော"
"သမိုင်းလေး စားချင်တာပြော
အကုန်လိုက်ဝယ်ကျွေးမယ်
ရန်ကုန်တစ်မြို့လုံး ပတ်စားလည်းရတယ်"
"ဟားဟား
ဟုတ်ပါပြီဗျာ"
နံနက်ချိန်ခါ ချစ်သူနှင့် ချစ်ကြည်နူး တစ်တီတူးရတာ အင်မတန်မှ စိတ်ရွှင်လန်းရတယ်ဆိုတာ သူပိုပြီး လက်ခံရတော့သည်။ ထို့နောက် ခဏစကားဆက်ပြောပြီး အိပ်ယာထခဲ့သည်။ အကုန်ပြင်ဆင်ပြီးလို့ သူအခန်းပြင်ထွက်ခဲ့တော့ ဖေဖေက ဘုရားခန်းမှာ ပုတီးစိပ်နေပြီး မေမေကတော့ ခြံထဲမှာ အလုပ်ရှုပ်နေသည်။ ရန်ကုန်အိမ်က သူတို့ သိပ်မနေဖြစ်တာမို့ တစ်ခါတစ်ခါ လာမှပဲ ရှင်းလင်းရသည်။ ထို့ကြောင့် အခုလည်း မေမေက တောင်ငူအိမ်က ပါလာသည့် ကောင်မလေးနှစ်ယောက်နှင့် ပန်းအိုးတွေပြန်စီ အမှိုက်တွေ လှဲနေကြတာဖြစ်သည်။
"မေမေ သားဘာကူရမလဲ"
အပြင်ထွက်ချင်စိတ်က ယွစိထိုးနေပေမယ့် မေမေတို့အလုပ်လုပ်နေတာကို သူကလတ်လျားလတ်လျားမထွက်ချင်သဖြင့် မေမေ့အနားသွားမေးလိုက်သည်။
"သား အပြင်သွားဖို့ ချိန်းထားတယ်မလား
သွားလေ သားရဲ့"
"ရပါတယ် သားက"
"သွားပါ
နည်းနည်းပါးပါးရှင်းရုံပါပဲ
ကားယူသွားမှာမလားသား"
"ဟုတ် ယူသွားလိုက်မယ်"
"အေးအေး ဂရုစိုက်မောင်းသွား
သြော် မုန့်ဖိုးရှိလား"
"ရှိတယ် ညက ဖေဖေပေးထားတယ်"
"အေးအေး
သားကဒ်ထဲလည်း မေမေထည့်ထားပေးတယ်
သားထုတ်ကြည့်လိုက်ဦး
မရရင်လည်း ဘဏ်ကိုတစ်ခါတည်းဝင်ခဲ့
ကဒ်က မသုံးတာကြာတော့ ရချင်မှရနေမှာ"
"ဟုတ် သားထုတ်ကြည့်လိုက်မယ်
မေမေ ဘယ်လောက်ထည့်ထားတာလဲ"
သူက မေမေ့ခါးကို ဖက်ပြီး စသလိုမေးလိုက်တော့ မေမေကလည်း ပြန်နောက်သည်။
"တစ်သောင်း" တဲ့။ သူသဘောကျစွာရယ်ပြီး
"အဲ့ဒါဆိုသားသွားတော့မယ်"
"အေးအေး"

မမောင်းတာကြာပြီဖြစ်တဲ့ ရန်ကုန်လမ်းတွေကို ဂရုစိုက်စွာနှင့်ပဲ ကိုတိမ်ဆိုင်ရှိရာကို မောင်းနှင်လာခဲ့သည်။ ကိုတိမ်ဆိုင်ကိုရောက်တော့ ထုံးစံအတိုင်းပဲ ကိုတိမ်က ဆိုင်ပေါက်ဝကနေ သူ့ကို ထွက်စောင့်ကြိုနေခဲ့သည်။ အရင်အချိန်များကိုပင် သတိရမိသေးသည်။ စတိုးဆိုင်မှာ ဝင်အလုပ်လုပ်တုန်းက ဒီဆိုင်ရှေ့ကနေ အသွားအပြန်ဖြတ်လျှောက်ခဲ့ချိန်တွေ၊ နောက်ပိုင်း သူ့ကိုအဆောင်လိုက်ပို့ပေးတိုင်း ကိုတိမ်က အမြဲဆိုင်ရှေ့ထွက်စောင့်နေပေးခဲ့ချိန်တွေ၊ ချစ်သူဖြစ်ပြီးနောက်ပိုင်းမှာတော့ ဒီဆိုင်ကို သူလာဖြစ်ခဲ့တဲ့အချိန်တွေ အားလုံးဟာ မနေ့တနေ့ကလို ခံစားရစေသည်။

ကိုတိမ်က သူ့လက်ကို ဆွဲပြီး ဆိုင်ထဲခေါ်လာခဲ့သည်။ ဆိုင်ခန်းကို တိုးချဲ့ထားတာမို့ အထဲမှာပိုကျယ်ဝန်းနေသည်။ ဝေယံတို့ကလည်း ဒီနေ့ ဆိုင်အသစ်မှာရောက်နေတာမို့ ဝန်ထမ်းအသစ်လေးတွေက သူ့ကိုမတွေ့ဖူးတော့ ဝိုင်းကြည့်နေကြသဖြင့် အနည်းငယ် ရှက်သလိုဖြစ်ရသေးသည်။ နားနေခန်းထဲကိုရောက်တာနှင့် တပြိုင်နက် ကိုတိမ်သည် သူ့ကို တင်းကျပ်နေအောင် ဆွဲဖက်ပြီး စနမ်းတော့သည်။

တစ်နှစ်လောက် ခွဲခွာထားရသည့် အနမ်းတွေမို့ အစပျိုးအနမ်းတွေတောင်မဟုတ်ခဲ့။ ပျင်းပျ နက်ရှိုင်းသော အလွမ်းတွေက ပေါက်ဖွားလာသည့် အနမ်းတွေမို့ အသက်ရှုချိန်ပင် မရလောက်အောင် ကိုတိမ်အနမ်းတို့က နူးညံ့စွာ ကြမ်းတမ်းနေခဲ့သည်။ လက်တစ်ဖက်က သူ့ခေါင်းကို ထိန်းထားပြီး တစ်ဖက်က ခါးကိုဖက်ကိုင်ထားတာမို့ သူ့တစ်ကိုယ်လုံးဟာလည်း ကိုတိမ်ရင်ခွင်ထဲမှာ စုံးစုံးမြုပ်နေလေပြီ။ နှုတ်ခမ်းသားတို့ ပူထူလာသည်အထိ နမ်းပြီးသွားချိန်မှာတော့ သူ့လည်ပင်းထက်တွင် ကိုတိမ်အနမ်းတို့က ဖွဖွလေး လမ်းလျှောက်ထွက်နေကြသည်။ နှလုံးသားတစ်ခုလုံး ပုရွက်ဆိတ်ကိုက်ခံလိုက်ရတော့ သူသည် ကိုတိမ်၏ လက်မောင်းကို ကိုက်ချလိုက်မိတော့သည်။
"အ"
ကိုတိမ်ဆီက ညည်းသံသဲ့သဲ့လေးထွက်လာမှပဲ ကိုက်ထားတာကို လွှတ်ပေးလိုက်သည်။ ပြီးတော့ စိတ်ကျေနပ်စွာ ကိုတိမ်မျက်နှာကို မော့ကြည့် ပြုံးပြလိုက်သည်။
"အရမ်းချစ်တယ်"
အကိုက်ခံရသည့်ကိုတိမ်ကပဲ မနေနိုင်စွာ သူ့နဖူးပေါ်က ဆံပင်လေးတွေကို သပ်ပေးလိုက်၊ ပါးလေးတွေကို ဖွဖွလေး ပွတ်သတ်လိုက်၊ မျက်ခံတို့ကို ဖိကပ်နမ်းလိုက်နှင့် အလုပ်ရှုပ်နေပြန်သေးသည်။ ကိုတိမ့်မျက်ဝန်းတွေထဲမှာတော့ ထိန်းမနိုင်သည့် ချစ်ခြင်းအသေင်္ချက ပြည့်လျံကျနေသည်။
"ဗိုက်ဆာပြီ"
"ကိုယ့်ကို စားလေ
ရော့ ထပ်ကိုက်"
"အတည်ဗိုက်ဆာပြီလို့"
သူတကယ်ပဲ ဗိုက်ဆာနေပြီမို့ နှုတ်ခမ်းဆူပြီးပြောတော့ ထပ်အနမ်းခံရတာပဲ အဖက်တင်သည်။
"အား
လွှတ်မပေးချင်သေးဘူးကွာ"
သူ့ပခုံးအစွန်းနှစ်ဖက်ကို ကိုင်ပြီး သူ့ရင်ခွင်ကျယ်ထဲပြန်ထည့်ထားသဖြင့် သူကလည်း ကိုတိမ်ရင်ဖက်ကိုပဲ အနမ်းသူခိုးလုပ်မိသေးသည်။ ဒီတစ်နှစ်အတွင်းမှာ ကိုတိမ်ဟာ ဝိတ်ဂိမ်းတွေလည်း gymမှာဆော့နေသဖြင့် အရင်လိုပိန်ပိန်လေးမဟုတ်တော့ပဲ ကျစ်လစ်သည့် ခန္ဓာကိုယ်ရှိနေပြီလေ။ ကိုတိမ်၏ ကိုယ်နံ့သင်းသင်းလေးကို မသိမသာ ရှုရှိုက်ရင်း နောက်ကျောကို ပြန်လည်ဖက်တွယ်ထားလိုက်သည်။ သူငြိမ်ငြိမ်လေးနေပေးတော့ကိုတိမ်က သူ့ခေါင်းကို အသာဖိကပ်နမ်းနေတာကို ခံစားမိလိုက်သည်။

အတန်ကြာမှ သူ့ကို မလွှတ်ပေးချင်လွှတ်ပေးချင်ပုံစံဖြင့် လွတ်ပေးတော့သည်။
"ဗိုက်ဆာနေပြီမလား
သွားကြစို့"

ထိုနေ့က သူတို့ နန်းကြီးသုပ်သွားစားပြီး အပြန်မှာ ကိုတိမ်၏ ဆိုင်အသစ်ကို ခဏဝင်ခဲ့ကြသည်။ ဝေယံတို့ကိုလည်းနှုတ်ဆက်ပြီးမှ ကိုတိမ့်အိမ်အတွက် လက်ဆောင်နှင့် ဝေယံတို့အတွက် လက်ဆောင်ကိုမေ့ခဲ့တာ သတိရတော့သည်။ အပြင်ထွက်ချင်ဇောအားကြီးနေခဲ့တာကြောင့် ဘာကိုမှ သတိမရခဲ့တာလည်းအမှန်ပင်ဖြစ်သည်။ ပြီးမှ သပ်သပ် ယူလာပေးရတော့မည်။

အိမ်ပြန်ရောက်တော့ စိုစိုက ရောက်နှင့်နေပြီ။ ထိုစည်းကမ်းမရှိသည့်အဒေါ်က သူ့အိတ်တွေကို စိတ်ကြိုက်မွှေနှောက်ပြီး သူမအတွက်လက်ဆောင်တွေကိုရော တခြားသူမလိုချင်တာတွေကိုပါ ယူထားပြီးနေပြီလေ။
"တီကြေးရော"
"နင့် တီကြေးက လင်နောက် လိုက်သွားပြီ"
"လျှောက်ပြောနေပြန်ပြီ"
"ဟဲဟဲ
ဖြစ်စေချင်တာပြောတာလေ"
"တီကြေး ယောက်ျားယူရင်ဖြင့် စိုစိုပဲ အထီးကျန်နေခဲ့ရမှာကိုများ"
"အထီးလည်းမကျန်ဘူး
အမလည်း မကျန်ဘူး"
"ပြီးတာပါပဲနော်
စိုစို အဲ့တာတွေက သူများတွေအတွက်လို့
ယူမသွားနဲ့
ပြန်ချ"
ကိုတိမ်မကြီးအတွက် ဝယ်လာသည့် လက်ဆောင်တွေထဲကပါ ယူနေသဖြင့် မနည်းပြန်လုရသည်။ ဘယ်သူ့အတွက်လည်း ဘာလဲလုပ်နေသဖြင့် မကြားချင်ယောင်ဆောင်ရသေးသည်။

ညနေခင်း ထမင်းဝိုင်းမှာ ဘယ်နေ့တောင်ငူပြန်ကြမလဲဆိုတာကို စကားဆက်မိကြသည်။ မေမေကတော့
"မနက်ဖြန် ညနေခင်းလောက်ပြန်မယ်လေ
မနက်ပိုင်း ဈေးခဏဝယ်ချိန်လည်းရတာပေါ့"
ဟု အကြံပေးသည်။ ဖေဖေကလည်း မေမေ့သဘောပဲလေဆိုပြီး သဘောတူလိုက်သည်။ သူကသာ သဘောမတူနိုင်ရတာ။
"ဟို
သားပြီးမှ သပ်သပ် ပြန်လာခဲ့လို့မရဘူးလား"
"သားက ဘာလုပ်စရာရှိသေးလို့လဲ
ကျန်သေးရင်လည်း မေမေတို့ တစ်ရက်လောက်ထပ်စောင့်ပေးမယ်လေ"
တကယ်တော့ သူ့မှာ လုပ်စရာမကျန်ပါ။ ကျောင်းကလည်း ပြန်မဖွင့်သေးတာမို့ ဘာမှလုပ်စရာမရှိ။ ဌာနကိုသာ ပြန်ရောက်ကြောင်းသွားပြီး ပြောရင်ပဲရပြီ။

တကယ်ကတော့ သူကိုတိမ်နှင့် မခွဲချင်သေးတာပါ။ ကိုတိမ်နှင့်ပတ်သတ်ပြီး သူတွေးထားသည့်အရာတစ်ခုကိုလည်း မလုပ်ရသေးဘူးလေ။ ထို့ကြောင့် ရန်ကုန်မှာ တစ်ပတ်လောက်နေပြီးမှ အိမ်ပြန်ချင်ခဲ့တာဖြစ်သည်။
"သူ့ရည်းစားနဲ့ မခွဲနိုင်လို့ဖြစ်မှာပေါ့"
ဘေးနားကနေ တစ်ချိန်လုံးဂဏန်းလက်မကိုက်နေခဲ့သည့် စိုစို့စကားကြောင့် မေမေရော ဖေဖေကပါ သူ့ကိုလှမ်းကြည့်လာသည်။ ရုတ်တရက်ဆိုတော့ သူ့မှာ မဟုတ်ပါဘူးဆိုပြီး ငြင်းဖို့အတွေးကမရခဲ့။
"ဘာလဲ
တကယ်ကြီးလား
သားမှာရည်းစားရနေပြီလား"
"ဟုတ်"
တကယ့်တကယ်ဖွင့်ပြောရမည့်အခါကျတော့ ခြေဖျားလက်ဖျားတွေပါအေးလာသည်။
"ဟင်
ဘယ်သူလဲ
ကျောင်းကလား"
"ထမင်းစားပြီးမှပဲ မေးကြပါရှင်
ထမင်းစားချိန်မှာ အစားကိုပဲ အာရုံစိုက်စားကြမယ်လေ"
ဘာပြန်ဖြေလို့ဖြေရမှန်းမသိဖြစ်နေသည့်သူ့ကို စိုခလာနတ်သမီးကပဲ ကယ်တင်ပေးသွားသည်။ မေမေကလည်း သူ့ကိုပဲ တကြည့်ကြည့်လုပ်နေသဖြင့် သူ့မှာ မေမေ့မျက်လုံးတွေနှင့် မဆုံမိအောင် မနည်းရှောင်နေရသည်။

ထမင်းစားပြီးတော့ မေမေတို့ပန်းကန်တွေဆေးပြီး သိမ်းနေတာကို အခွင့်ကောင်းယူပြီး အခန်းထဲသို့ အသာလစ်ထွက်လာခဲ့သည်။ အခန်းထဲရောက်တော့လည်း သူ့မှာမထိုင်နိုင်။ မေမေ မေးရင်သာ ဘယ်လိုဖြေရမလဲတွေးပူပြီး ခေါက်တုံ့ခေါက်ပြန်လျှောက်နေမိခဲ့သည်။ ခဏနေတော့ တံခါးခေါက်သံနှင့်အတူ မေမေသည် အခန်းထဲဝင်လာသည်။
"သား ရန်ကုန်မှာ နေခဲ့ချင်တာလား"
"ဟုတ်
တစ်ပတ်လောက်ပါပဲ မေမေ"
"စိုစို ပြောသလိုပဲ သားရည်းစားကြောင့်လား"
"အဲ့လိုလည်းမဟုတ်ပါဘူး
ဒီမှာလည်း ခဏ လည်ချင်သေးလို့ပါ
ပြီးရင်နီးနီးနားနားခရီးလည်းထွက်မလားလို့တွေးထားလို့ပါ"
"အင်း ဟုတ်ပါပြီ
ဒါဆို
သားရည်းစားက ဘယ်သူလဲ
လေဆိပ်မှာတွေ့တဲ့ ဟိုကောင်လေးတော့ မဟုတ်ဘူးမလား"
မေမေ့အမေးကို သဘောတူခြင်းလည်းမရှိ၊ ငြင်းဆန်ခြင်းလည်းမရှိသည့် သူ၏ဆိတ်ဆိတ်နေမှုကြောင့် မေမေဟာ ဟုတ်သည်ဟု ယူဆသွားပုံရသည်။ စိတ်မရှည်သည့်လေသံဖြင့် ထက်မေးလာသည်။
" သသ
တကယ်ပဲ အဲ့ကောင်လေးနဲ့ ဖြစ်နေတာလား"
"ဟုတ်"
သူ့ဆီက ဝန်ခံသည့် စကားအဆုံးမှာ မေမေဟာ အလွန်တရာမှကို တိတ်ဆိတ်သွားခဲ့သည်။ ခြောက်ခြားစရာကောင်းသည့်တိတ်ဆိတ်ခြင်းမျိုးနှင့်ပေါ့။ သူကတော့ မေမေ့ကိုဘာဆက်ပြောလို့ပြောရမှန်း မသိ။ မေမေ မေးလာသမျှကိုသာ အမှန်အတိုင်းဖြေဖို့ပဲ စိတ်ပိုင်းဖြတ်ထားခဲ့သည်။
"ဖြစ်နေတာဘယ်လောက်ကြာပြီလဲ"
တော်တော်ကြာမှ တုန်ယင်နေသည့်အသံနှင့် မေးလာသည်။
"သား ဒုတိယနှစ် တက်ကတည်းကပါ"
"သြော်"
ထပ်ပြီး တိတ်ဆိတ်သွားပြန်သည်။
"အဲ့ကောင်လေးအိမ်ကရော သိလား"
"ဟုတ်
သိပါတယ်"
"ဘာပြောလဲ"
"ခင်ဗျာ
မေမေဘာမေးတာလဲ"
"ဘာပြောလဲလို့
သဘောတူတယ်ပြောလား
မတူဘူးပြောလား"
"မတူဘူးတော့ မပြောပါဘူး
သားတို့အဆင်ပြေရင်ပြီးတာပဲလို့ ပြောပါတယ်"
မေမေနှင့် အမေးအဖြေလုပ်နေရတာက သူပညာတော်သင် အရွေးခံရဖို့နှုတ်ဖြေ ဖြေရတုန်းကထက်ပင် ပို၍ သတိကြီးစွာဖြေနေရသည်။
" သသ တကယ် အဲ့ကောင်လေးကို ကြိုက်တာလား"
"ဟုတ်ကဲ့"
"သားဆုံးဖြတ်ချက်ကို မပြင်တော့ဘူးလား"
"ဟုတ်ကဲ့"
"သားရယ်"
မေမေ၏ မချိတင်ကဲ ရေရွတ်လိုက်သည့် အသံအဆုံးမှာ သူ၏ ငုံ့ထားသော ခေါင်းသည်လည်း ပိုပြီး ငိုက်စိုက်ကျသွားသည်။ တောင်းပန်ပါတယ် မေမေရယ် ဟုသာ ဘာကိုတောင်းပန်ရမှန်းမသိသည့် ခံစားချက်မျိုးနှင့်သာ စိတ်ထဲက တောင်းပန်နေခဲ့မိသည်။ လူကတော့ ကျောက်ရုပ်တရုပ်လို တုပ်တုပ်မျှ မလှုပ်မိ။
"မမ
လာပါ
ခဏ သွားနားရအောင်"
ဘယ်အချိန်ကတည်းက အခန်းပေါက်ဝမှာ ရောက်နေခဲ့မှန်းမသိသည့် စိုစိုက မေမေ့ဘေးသို့ ရောက်လာပြီး မေမေ့လက်ကို ဆွဲခေါ်သည်။
"ညည်းပါ သိနေခဲ့တာလား စိုစို"
"အင်း"
"ဘာလို့မပြောခဲ့တာလဲ အေ"
"ကလေးရှေ့မှာ ဒါတွေမပြောကြစို့
သသ လည်း နားတော့လေ"
စိုစိုက ပြောလည်းပြော၊ မေမေ့လက်ကိုပါ အတင်းဆွဲခေါ်သွားခဲ့သည်။ အခန်းပေါက်ရောက်မှ သူ့ကိုအားပေးသလို တစ်ချက်ကြည့်ပြီး ပြုံးပြသွားခဲ့သည်။ အခု သူကဘယ်လိုဖြစ်မှာလဲ။ မေမေသိသွားမှတော့ ဖေဖေလည်း မကြာခင်သိတော့မည်။ သူ့အိမ်က သူ့ကိုဘာပြောမှာလဲ။ ကိုတိမ်ရေ....ကျွန်တော် နေမရတော့ဘူးဗျာ........................................

<<<<<<<<<<<<<<<>>>>>>>>>>>>>>>>>
Zawgyi

တကယ္ေတာ့ သမိုင္းျပန္လာတဲ့ေန႔က ေမေမတို႔လည္း ေလဆိပ္ကို လာႀကိဳေနခဲ့သည္။ေမေမတို႔ႏွင့္ ကိုတိမ္တို႔ အဖြဲ႕ ေလဆိပ္ထဲ မွာေတြ႕ေနခဲ့ေပမယ့္ တစ္ေယာက္ႏွင့္တစ္ေယာက္မသိၾကသျဖင့္ ထူးၿပီး သတိမထားမိခဲ့ၾကေပ။ ပူေဖာင္းေတြႏွင့္ ကိုတိမ္တို႔အုပ္စုကိုေတာ့ ေမေမတို႔က သတိထားမိခ်င္ သတိထားမိေနခဲ့မွာပဲ။ အဲ့ဒီမွာ စလြဲရာကေန ကိုတိမ္ႏွင့္ သူ၏ အလြမ္းသည္မႈကို ေမေမတို႔လည္း မ်က္ဝါးထင္ထင္ျမင္လိုက္ရသည္။ ဘယ္လိုပတ္သတ္မႈ၊ ဘယ္လိုအေျခအေနဆိုတာ ရွင္းရွင္းလင္းလင္းႀကီး သေဘာေပါက္ႏိုင္သည့္ အေနအထားမ်ိဳးႏွင့္ ေတြ႕လိုက္ရျခင္းျဖစ္သည္။ ဒါေပမယ့္ ေမေမတို႔ဘယ္လိုနားလည္သြားသလဲဆိုတာေတာ့ သူမခန႔္မွန္းတတ္။

ကိုတိမ္ႏွင့္ တစ္ေယာက္ကို တစ္ေယာက္ကို တစ္ေယာက္ဖက္ထားရာမွ ဖယ္ခြာလိုက္ခ်ိန္မွာ ေနာက္ကေန သူတို႔ကို အံ့အားသင့္သလို စိုက္ၾကည့္ေနသည့္ ေမေမႏွင့္ ေဖေဖကို ေတြ႕လိုက္ရသည္။ အဲ့အခ်ိန္က်မွ သူလည္း ပူထူၿပီး ဘာလုပ္လို႔လုပ္ရမွန္းမသိေတာ့။ ေဘးကေန တစ္ခ်ိန္လုံးစိုက္ၾကည့္ေနခဲ့သည့္ ကိုတိမ္က သူ႔မ်က္ႏွာ မသက္မသာျဖစ္ေနသည္ကို ရိပ္မိသြားသျဖင့္
"သမိုင္း ဘာျဖစ္လို႔လဲ" ဟု ေမးသည္။
"ဟိုမွာ ေမေမတို႔" ဟု သူကေျပာလိုက္ရာ ကိုတိမ္လည္း သူၾကည့္ေနသည့္ဖက္ကို လိုက္ၾကည့္လာသည္။
ေျပးလို႔လည္း မလြတ္ႏိုင္သည့္ အေျခအေနကို အေကာင္းဆုံး ထိန္းသိမ္းႏိုင္ရန္ ကိုတိမ္သူငယ္ခ်င္းေတြကို ႏႈတ္ဆက္ခြင့္ေတာင္းၿပီး ကိုတိမ္ကိုပါ ေမေမတို႔ရွိရာဆီ ဆြဲေခၚလာခဲ့လိုက္သည္။ လမ္းေလွ်ာက္ေနရင္း အသက္ကို ၀၀ ရႈသြင္းထားရသည္။ အေျခအေနမေကာင္းရင္ မၾကာခင္မွာ အသက္ရႈခြင့္ေလးေတာင္ ေပ်ာက္ရင္ေပ်ာက္ သြားႏိုင္သည္ေလ။

"ေမေမ"
ေမေမ့ ကိုေျပးဖက္ေတာ့ ေမေမကလည္းသူ႔ကို အသာျပန္ေပြ႕ဖက္သည္။
"သား မ်က္ႏွာေလး ေဖာင္းလာတယ္
အသားေတြလည္း ပိုျဖဴလာတယ္"
သူ႔မ်က္ႏွာကို လက္ဖဝါးႏွစ္ခုထဲ အသာထည့္ရင္း ေမေမက မ်က္ရည္ဝဲေနသည့္ အၾကည့္ေတြႏွင့္ ၾကည့္ေနသည္။ သူ႔ကိုေတြ႕လို႔ ဝမ္းသာမ်က္ရည္လား၊ တျခားခံစားခ်က္ပါတဲ့ မ်က္ရည္လားဆိုတာကေတာ့ ေမေမမွသာ သိႏိုင္မည္။ ေဖေဖကေတာ့ ေဘးကေနဘာမွဝင္မေျပာ။ ခါတိုင္းလို ေအးေဆးတည္ၿငိမ္သည့္ မ်က္ႏွာထားမ်ိဳးႏွင့္သာ သူတို႔ကို ၾကည့္ေနခဲ့သည္။
"ေမေမ
စိုစိုေရာ မပါဘူးလား"
"သား စိုစိုက အလုပ္ကိစၥေပၚလာလို႔
ၿပီးမွ အိမ္ကိုပဲ လာခဲ့မွာတဲ့"
"ဟင့္
သားျပန္လာတာကိုေတာင္ လာႀကိဳေဖာ္မရဘူး"
"အလုပ္က အေရးႀကီးလို႔ျဖစ္မွာပါ သားရဲ႕"
"ေမေမတို႔ေရာ ဘယ္ေန႔က ရန္ကုန္ကိုေရာက္တာလဲ"
"မေန႔ကမွ သားရဲ႕
အိမ္အလုပ္ေတြကလည္း သားသိတဲ့အတိုင္းပဲ ပစ္ထားလို႔မွမရတာ"
"သားက ေမေမတို႔လာႀကိဳမယ္ေတာင္ မထင္ထားဘူး"
"သားေဖေဖေပါ့
သြားႀကိဳရေအာင္ပါဆိုၿပီး မရမကေျပာေနလို႔ေလ"
ေမေမနဲ႔ သူက ပုံမွန္အတိုင္း သဘာဝက်တဲ့ စကားေျပာခန္းကို သ႐ုပ္ေဆာင္ေနရသလိုပဲ။ ေမေမ့ရင္ထဲက တကယ္တမ္းေမးခ်င္ေျပာခ်င္ေနတဲ့ စကားေတြဟာ ဒါေတြမဟုတ္မွန္း သူလည္းသိပါသည္။ ထို႔ေၾကာင့္ပင္
ဆုံးျဖတ္ခ်က္တစ္ခုကို ခ်လိုက္သည္။
"ေမေမ
ဒါ ကိုတိမ္တဲ့"
ဘယ္သူပါ ဘယ္ဝါပါဆိုၿပီး ဆက္မိတ္ဆက္ေပးလိုက္ခ်င္ေပမယ့္ စကားလုံးတို႔က လည္ေခ်ာင္းဝမွာတင္ တစ္ဆို႔ေနၿပီး ဘယ္လိုမွ ႏႈတ္ဖ်ားကေနထြက္မလာခဲ့။ တစ္ဝက္တစ္ပ်က္နဲ႔ စကားလုံးတို႔ ေပ်ာက္ဆုံးကုန္သည့္ သူ႔ကို ေမေမတို႔ကလည္း ဘာဆက္ေျပာမွာလဲ ဆိုသည့္ သေဘာျဖင့္ စူးစိုက္ၾကည့္ေနသည္။ ထိုအၾကည့္ေၾကာင့္ပင္ ပိုၿပီး ႏႈတ္ဆိတ္သြားရသည္။
"ကြၽန္ေတာ့္နာမည္ တိမ္မိုးေဝပါခင္ဗ်
သမိုင္းရဲ႕ မိတ္ေဆြပါ"
ကိုတိမ္ကပဲ သူ႔နာမည္ေျပာၿပီး အဆင္ေျပေအာင္မိတ္ဆက္သြားသည္။ ကိုတိမ္၏ မိတ္ဆက္စကားေၾကာင့္ ရင္ထဲမွာ အမည္မသိတဲ့ ခံစားမႈတစ္မ်ိဳးျဖတ္ေျပးသြားသည္။ ကိုတိမ္မ်က္ႏွာကို လွည့္ၾကည့္မိေပမယ့္ ကိုတိမ္က သူ႔ကိုၾကည့္မေန။ ေမေမ့ကိုသာ ၿပဳံးၿပီး စကားဆက္ေျပာေနခဲ့သည္။
"ေၾသာ္ ေအးေအး
သားက ရန္ကုန္ကလား"
"ဟုတ္တယ္ခင္ဗ်
အန္တီတို႔လာႀကိဳမယ္မွန္းမသိလိုက္လို႔
သမိုင္းတစ္ေယာက္တည္းျဖစ္ေနမွာစိုးလို႔ လာႀကိဳလိုက္တာ"
"ေက်းဇူးပါပဲ သားရယ္"
လူႀကီးလူေကာင္းေမေမႏွင့္ ကိုတိမ္တို႔ကေတာ့ သံခင္းတမန္ခင္းစကားမ်ားေျပာေနၾကသည္။ ဒါႀကီးက တစ္ဖက္ႏွင့္တစ္ဖက္ မိုင္းေတြကို ေရွာင္ကြင္းၿပီး ေျပးလႊားေနသလိုမ်ိဳးဟု ခံစားလိုက္ရသည္။
"သား ပင္ပန္းလာမွာေပါ့
အိမ္ျပန္ၿပီးနားမယ္ေလ"
"ဟုတ္ ေမေမ"
"ဒီက သားမိတ္ေဆြကိုေရာ ဘယ္လိုလုပ္မလဲ
အန္တီတို႔နဲ႔ အိမ္လိုက္ခဲ့မလား"
တစ္ခ်ိဳ႕ေမးခြန္းေတြမွာက အေျဖတစ္ခါတည္း တြဲပါေနသလိုပါပဲ။ အမွန္တကယ္ ကိုတိမ့္ကိုပါ လိုက္ေစခ်င္လွ်င္ "လိုက္ခဲ့ေလ"ဆိုေသာ စကားကိုသာ ဆိုမွာျဖစ္သည္။ အခုေတာ့ "လိုက္ခဲ့မလား"ဆိုသည့္ အသုံးအႏႈန္းက မလိုက္ပါနဲ႔ဟု ႀကိဳတင္တာဆီးၿပီးေနၿပီ။
"မလိုက္ေတာ့ဘူး ခင္ဗ်
သမိုင္း အားမွပဲ ေတြ႕ရေအာင္ ခ်ိန္းလိုက္ေတာ့မယ္"
"ေၾသာ္ ေအးေအး
ဒီေန႔လာႀကိဳေပးတာ ေက်းဇူးပါပဲ သားရယ္"
"ရပါတယ္ခင္ဗ်
ဒါဆို ကြၽန္ေတာ္ သြားလိုက္ပါဦးမယ္ခင္ဗ်"
ကိုတိမ္က ေမေမတို႔ကိုႏႈတ္ဆက္ၿပီး သူ႔ကိုပါ လက္ျပၿပီး လွည့္ထြက္ရန္ျပင္လိုက္သည္။ ဒီလိုမ်ိဳးႀကီး လက္လြတ္စပယ္ႏိုင္လြန္းတာကိုေတာ့ အျဖစ္မႏိုင္သည့္အတြက္ ဆုံးျဖတ္ခ်က္တစ္ခုခ်လိုက္ရင္း ေမေမ့ဖက္ လွည့္ေျပာလိုက္သည္။
"ကိုတိမ္နဲ႔ အတူပါလာတဲ့ သူငယ္ခ်င္းေတြကိုလည္း သြားႏႈတ္ဆက္လိုက္ဦးမယ္ေနာ္
သားကို ခဏေစာင့္ေပး"
ေမေမ့ဆီက အသံတို႔တိတ္ေနေပမယ့္ ေဖေဖက ေဘးကေနၿပီး ေခါင္းၿငိမ့္ၿပဳံးျပ ခြင့္ျပဳေပးခဲ့သည္။
"သြားေလ သား"

ထြက္ခြာသြားသည့္ ကိုတိမ္၏ ေက်ာျပင္ကို ျမင္ေနရသျဖင့္ အလ်င္အျမန္ေျပးၿပီးလိုက္သည္။ ထို႔ေနာက္ မီလာေတာ့ ကိုတိမ္လက္ကို ဆုပ္ကိုင္ၿပီး ေမေမတို႔လွမ္းၾကည့္လွ်င္ မျမင္ရႏိုင္သည့္ လူအနည္းငယ္ရွင္းသည္ ဟု ထင္ရသည့္ လက္ေဆာင္ပစၥည္း အေရာင္းေကာင္တာဖက္ကို အေျပးတပိုင္း ဆြဲေခၚလာခဲ့သည္။
ႏွစ္ေယာက္သား မ်က္ႏွာခ်င္းဆိုင္မိေတာ့မွ ညႇိဳးငယ္ေနသည့္ ကိုတိမ္၏ မ်က္ႏွာေလးကို ရင္နင့္ဖြယ္ေတြ႕ လိုက္ရသည္။ သူသိသည္။ ကိုတိမ္တစ္ေယာက္ စိတ္မေကာင္းျဖစ္သြားမည္ကို ခံစားမိသျဖင့္ လိုက္လာမိခဲ့ျခင္းပဲ ျဖစ္သည္။ သူထင္တဲ့အတိုင္းပါပဲ။
"ကိုတိမ္"
နာမည္ေလးကိုသာ တိုးတိတ္စြာေခၚမိသည္။ ႏွစ္ေယာက္သား တစ္ေယာက္လက္တစ္ေယာက္ ဆုပ္ကိုင္ထားမိေပမယ့္ ဘာစကားမွမေျပာျဖစ္ၾက။ ေျပာစရာမလိုေလာက္ေအာင္ နားလည္မိေနသလိုမ်ိဳးေပါ့။
"ကြၽန္ေတာ္ ညကို ထြက္လို႔ရရင္ ထြက္လာခဲ့မယ္
မရရင္လည္း မနက္ေစာေစာ လာခဲ့မယ္ေနာ္"
"အင္းပါ
အိမ္ေရာက္ရင္သာဖုန္းေခၚလိုက္ေနာ္
Sim cardရွိေသးလား
ဝယ္ေပးလိုက္ရမလား"
"ရွိတယ္
အရင္ ကဒ္ပဲ ျပန္ထည့္ထားလိုက္မယ္
ကြၽန္ေတာ္ဖုန္းေခၚမွာေစာင့္ေနေနာ္"
"အင္း"
အင္းဆိုေသာ ျပန္စကားတစ္လုံးသာ ထြက္လာသည္။ ေမေမတို႔ကိုလည္း အၾကာႀကီးေစာင့္ခိုင္းထားလို႔ မေကာင္းသျဖင့္ လူခြဲဖို႔ျပင္ရသည္။ မခြဲခင္ ေဘးဘီဝဲယာတစ္ခ်က္ၾကည့္ၿပီး ဘယ္သူမွ ရွိမေနသျဖင့္ ကိုတိမ္၏ ႏႈတ္ခမ္းကို ဖ်ပ္ခနဲ နမ္းလိုက္သည္။ သူ႔ဆီက အနမ္းရမွပဲ ကိုတိမ္တစ္ေယာက္ မ်က္ႏွာက အနည္းငယ္ၾကည္လာေတာ့သည္။

ထို႔ေနာက္ေတာ့ ကိုတိမ္ကလည္း သူ႔သူငယ္ခ်င္းေတြ ေဘးမွာပဲက်န္ခဲ့သည္။ သူကေတာ့ ေမေမတို႔ဆီ ျပန္ေလွ်ာက္လာခဲ့ေတာ့သည္။ သားအဖသုံးေယာက္ အိမ္ျပန္ေရာက္ေတာ့ ေမေမက သူ႔ကိုခဏနားေစၿပီး ေရခ်ိဳးခိုင္းသည္။ ေရမခ်ိဳးခင္ ကိုတိမ္ဆီ ဖုန္းဆက္ၿပီး ျပန္ေရာက္ၿပီဆိုသည့္အေၾကာင္း လွမ္းေျပာလိုက္သည္။ မအိပ္ခင္မွ တစ္ခါ ထပ္ဆက္မွာမို႔ ၾကာၾကာစကားမေျပာျဖစ္လိုက္ေတာ့။

ေမေမတို႔ႏွင့္ ညစာ စားၿပီးခ်ိန္မွာေတာ့ ခဏ စကားေျပာရင္း အျပင္ထြက္ဖို႔ စကားစၾကည့္ေပမယ့္ ေမေမ့ဆီက မသြားေစခ်င္သည့္ ေလသံထြက္လာသျဖင့္ သူလည္း အတင္းအက်ပ္မပူဆာျဖစ္ေတာ့။ ထိုအစား မနက္က်ရင္သာ သူငယ္ခ်င္းေတြနဲ႔ အျပင္ထြက္ၿပီး ဘရိတ္ဖက္စားခ်င္ေၾကာင္း ခြင့္ေတာင္းလိုက္သည္။ ေလယာဥ္ အၾကာႀကီးစီးလာရတာေရာ၊ အခ်ိန္ကြာျခားမႈကို အသားမက်ေသးတာေၾကာင့္ ထိုညက ကိုတိမ္နဲ႔လည္း စကားသိပ္မေျပာႏိုင္ခဲ့။ ကိုတိမ္ကေတာ့ မနက္လည္း ေစာေစာထမလာဖို႔ႏွင့္ ႏိုးမွသာ ထြက္လာရန္ မွာေနေသးသည္။

ေနာက္ရက္ မနက္က်ေတာ့ သူေစာေစာပဲႏိုးလာခဲ့သည္။နာရီကိုၾကည့္လိုက္ေတာ့ 6နာရီ။ ဟိုမွာက အခ်ိန္2နာရီခြဲေစာတာဆိုေတာ့ သူ႔မ်က္လုံးတို႔က အလိုလိုႏိုးလာေသာအခ်ိန္ဟာ ေစာေနခဲ့တာျဖစ္သည္။ ျပန္အိပ္လို႔လည္းမရတာတူတူမို႔ စိတ္ပုတ္စြာႏွင့္ပဲ ကိုတိမ္ဆီ ဖုန္းေခၚလိုက္သည္။ သူႏိုးလာသလို ကိုတိမ့္ကိုလည္း မအိပ္ေစခ်င္ဘူးေလ။
"ဟယ္လို သမိုင္းေလး
ႏိုးေတာ့တာလား"
ကိုတိမ္၏ အိပ္ခ်င္မူးတူးအသံေလးၾကားေတာ့ အလိုလိုၿပဳံးမိရျပန္သည္။
"အင္း ႏိုးပီ"
"အင္း အင္း
ကိုယ့္ဆီ လာေတာ့မွာလား"
"အာ အခုေတာ့ ဘယ္လာလို႔ရဦးမလဲ
ေမေမတို႔က အဲ့ေလာက္အေစာႀကီးထြက္လာရင္ ေျပာေနမွာေပါ့"
"ကိုယ္အရမ္းေတြ႕ခ်င္ေနၿပီေလ
ကိုယ့္ကို မသနားဘူးလား"
"အပိုေတြေျပာမေနနဲ႔
ကြၽန္ေတာ္ဖုန္းဆက္မွ ႏိုးလာၿပီးေတာ့"
"မဟုတ္ပါဘူးကြာ
ကိုယ့္ဘာသာလည္း alarmေပးထားပါတယ္
ေစာေစာထမလို႔ပါ"
"အင္းပါ ဟုတ္ပါၿပီ
ကြၽန္ေတာ့္ကို ဘာလိုက္ေကြၽးမွာလဲေျပာ"
"သမိုင္းေလး စားခ်င္တာေျပာ
အကုန္လိုက္ဝယ္ေကြၽးမယ္
ရန္ကုန္တစ္ၿမိဳ႕လုံး ပတ္စားလည္းရတယ္"
"ဟားဟား
ဟုတ္ပါၿပီဗ်ာ"
နံနက္ခ်ိန္ခါ ခ်စ္သူႏွင့္ ခ်စ္ၾကည္ႏူး တစ္တီတူးရတာ အင္မတန္မွ စိတ္႐ႊင္လန္းရတယ္ဆိုတာ သူပိုၿပီး လက္ခံရေတာ့သည္။ ထို႔ေနာက္ ခဏစကားဆက္ေျပာၿပီး အိပ္ယာထခဲ့သည္။ အကုန္ျပင္ဆင္ၿပီးလို႔ သူအခန္းျပင္ထြက္ခဲ့ေတာ့ ေဖေဖက ဘုရားခန္းမွာ ပုတီးစိပ္ေနၿပီး ေမေမကေတာ့ ၿခံထဲမွာ အလုပ္ရႈပ္ေနသည္။ ရန္ကုန္အိမ္က သူတို႔ သိပ္မေနျဖစ္တာမို႔ တစ္ခါတစ္ခါ လာမွပဲ ရွင္းလင္းရသည္။ ထို႔ေၾကာင့္ အခုလည္း ေမေမက ေတာင္ငူအိမ္က ပါလာသည့္ ေကာင္မေလးႏွစ္ေယာက္ႏွင့္ ပန္းအိုးေတြျပန္စီ အမႈိက္ေတြ လွဲေနၾကတာျဖစ္သည္။
"ေမေမ သားဘာကူရမလဲ"
အျပင္ထြက္ခ်င္စိတ္က ယြစိထိုးေနေပမယ့္ ေမေမတို႔အလုပ္လုပ္ေနတာကို သူကလတ္လ်ားလတ္လ်ားမထြက္ခ်င္သျဖင့္ ေမေမ့အနားသြားေမးလိုက္သည္။
"သား အျပင္သြားဖို႔ ခ်ိန္းထားတယ္မလား
သြားေလ သားရဲ႕"
"ရပါတယ္ သားက"
"သြားပါ
နည္းနည္းပါးပါးရွင္း႐ုံပါပဲ
ကားယူသြားမွာမလားသား"
"ဟုတ္ ယူသြားလိုက္မယ္"
"ေအးေအး ဂ႐ုစိုက္ေမာင္းသြား
ေၾသာ္ မုန႔္ဖိုးရွိလား"
"ရွိတယ္ ညက ေဖေဖေပးထားတယ္"
"ေအးေအး
သားကဒ္ထဲလည္း ေမေမထည့္ထားေပးတယ္
သားထုတ္ၾကည့္လိုက္ဦး
မရရင္လည္း ဘဏ္ကိုတစ္ခါတည္းဝင္ခဲ့
ကဒ္က မသုံးတာၾကာေတာ့ ရခ်င္မွရေနမွာ"
"ဟုတ္ သားထုတ္ၾကည့္လိုက္မယ္
ေမေမ ဘယ္ေလာက္ထည့္ထားတာလဲ"
သူက ေမေမ့ခါးကို ဖက္ၿပီး စသလိုေမးလိုက္ေတာ့ ေမေမကလည္း ျပန္ေနာက္သည္။
"တစ္ေသာင္း" တဲ့။ သူသေဘာက်စြာရယ္ၿပီး
"အဲ့ဒါဆိုသားသြားေတာ့မယ္"
"ေအးေအး"

မေမာင္းတာၾကာၿပီျဖစ္တဲ့ ရန္ကုန္လမ္းေတြကို ဂ႐ုစိုက္စြာႏွင့္ပဲ ကိုတိမ္ဆိုင္ရွိရာကို ေမာင္းႏွင္လာခဲ့သည္။ ကိုတိမ္ဆိုင္ကိုေရာက္ေတာ့ ထုံးစံအတိုင္းပဲ ကိုတိမ္က ဆိုင္ေပါက္ဝကေန သူ႔ကို ထြက္ေစာင့္ႀကိဳေနခဲ့သည္။ အရင္အခ်ိန္မ်ားကိုပင္ သတိရမိေသးသည္။ စတိုးဆိုင္မွာ ဝင္အလုပ္လုပ္တုန္းက ဒီဆိုင္ေရွ႕ကေန အသြားအျပန္ျဖတ္ေလွ်ာက္ခဲ့ခ်ိန္ေတြ၊ ေနာက္ပိုင္း သူ႔ကိုအေဆာင္လိုက္ပို႔ေပးတိုင္း ကိုတိမ္က အၿမဲဆိုင္ေရွ႕ထြက္ေစာင့္ေနေပးခဲ့ခ်ိန္ေတြ၊ ခ်စ္သူျဖစ္ၿပီးေနာက္ပိုင္းမွာေတာ့ ဒီဆိုင္ကို သူလာျဖစ္ခဲ့တဲ့အခ်ိန္ေတြ အားလုံးဟာ မေန႔တေန႔ကလို ခံစားရေစသည္။

ကိုတိမ္က သူ႔လက္ကို ဆြဲၿပီး ဆိုင္ထဲေခၚလာခဲ့သည္။ ဆိုင္ခန္းကို တိုးခ်ဲ႕ထားတာမို႔ အထဲမွာပိုက်ယ္ဝန္းေနသည္။ ေဝယံတို႔ကလည္း ဒီေန႔ ဆိုင္အသစ္မွာေရာက္ေနတာမို႔ ဝန္ထမ္းအသစ္ေလးေတြက သူ႔ကိုမေတြ႕ဖူးေတာ့ ဝိုင္းၾကည့္ေနၾကသျဖင့္ အနည္းငယ္ ရွက္သလိုျဖစ္ရေသးသည္။ နားေနခန္းထဲကိုေရာက္တာႏွင့္ တၿပိဳင္နက္ ကိုတိမ္သည္ သူ႔ကို တင္းက်ပ္ေနေအာင္ ဆြဲဖက္ၿပီး စနမ္းေတာ့သည္။

တစ္ႏွစ္ေလာက္ ခြဲခြာထားရသည့္ အနမ္းေတြမို႔ အစပ်ိဳးအနမ္းေတြေတာင္မဟုတ္ခဲ့။ ပ်င္းပ် နက္ရႈိင္းေသာ အလြမ္းေတြက ေပါက္ဖြားလာသည့္ အနမ္းေတြမို႔ အသက္ရႈခ်ိန္ပင္ မရေလာက္ေအာင္ ကိုတိမ္အနမ္းတို႔က ႏူးညံ့စြာ ၾကမ္းတမ္းေနခဲ့သည္။ လက္တစ္ဖက္က သူ႔ေခါင္းကို ထိန္းထားၿပီး တစ္ဖက္က ခါးကိုဖက္ကိုင္ထားတာမို႔ သူ႔တစ္ကိုယ္လုံးဟာလည္း ကိုတိမ္ရင္ခြင္ထဲမွာ စုံးစုံးျမဳပ္ေနေလၿပီ။ ႏႈတ္ခမ္းသားတို႔ ပူထူလာသည္အထိ နမ္းၿပီးသြားခ်ိန္မွာေတာ့ သူ႔လည္ပင္းထက္တြင္ ကိုတိမ္အနမ္းတို႔က ဖြဖြေလး လမ္းေလွ်ာက္ထြက္ေနၾကသည္။ ႏွလုံးသားတစ္ခုလုံး ပု႐ြက္ဆိတ္ကိုက္ခံလိုက္ရေတာ့ သူသည္ ကိုတိမ္၏ လက္ေမာင္းကို ကိုက္ခ်လိုက္မိေတာ့သည္။
"အ"
ကိုတိမ္ဆီက ညည္းသံသဲ့သဲ့ေလးထြက္လာမွပဲ ကိုက္ထားတာကို လႊတ္ေပးလိုက္သည္။ ၿပီးေတာ့ စိတ္ေက်နပ္စြာ ကိုတိမ္မ်က္ႏွာကို ေမာ့ၾကည့္ ၿပဳံးျပလိုက္သည္။
"အရမ္းခ်စ္တယ္"
အကိုက္ခံရသည့္ကိုတိမ္ကပဲ မေနႏိုင္စြာ သူ႔နဖူးေပၚက ဆံပင္ေလးေတြကို သပ္ေပးလိုက္၊ ပါးေလးေတြကို ဖြဖြေလး ပြတ္သတ္လိုက္၊ မ်က္ခံတို႔ကို ဖိကပ္နမ္းလိုက္ႏွင့္ အလုပ္ရႈပ္ေနျပန္ေသးသည္။ ကိုတိမ့္မ်က္ဝန္းေတြထဲမွာေတာ့ ထိန္းမႏိုင္သည့္ ခ်စ္ျခင္းအေသခ်ၤက ျပည့္လ်ံက်ေနသည္။
"ဗိုက္ဆာၿပီ"
"ကိုယ့္ကို စားေလ
ေရာ့ ထပ္ကိုက္"
"အတည္ဗိုက္ဆာၿပီလို႔"
သူတကယ္ပဲ ဗိုက္ဆာေနၿပီမို႔ ႏႈတ္ခမ္းဆူၿပီးေျပာေတာ့ ထပ္အနမ္းခံရတာပဲ အဖက္တင္သည္။
"အား
လႊတ္မေပးခ်င္ေသးဘူးကြာ"
သူ႔ပခုံးအစြန္းႏွစ္ဖက္ကို ကိုင္ၿပီး သူ႔ရင္ခြင္က်ယ္ထဲျပန္ထည့္ထားသျဖင့္ သူကလည္း ကိုတိမ္ရင္ဖက္ကိုပဲ အနမ္းသူခိုးလုပ္မိေသးသည္။ ဒီတစ္ႏွစ္အတြင္းမွာ ကိုတိမ္ဟာ ဝိတ္ဂိမ္းေတြလည္း gymမွာေဆာ့ေနသျဖင့္ အရင္လိုပိန္ပိန္ေလးမဟုတ္ေတာ့ပဲ က်စ္လစ္သည့္ ခႏၶာကိုယ္ရွိေနၿပီေလ။ ကိုတိမ္၏ ကိုယ္နံ႔သင္းသင္းေလးကို မသိမသာ ရႈရႈိက္ရင္း ေနာက္ေက်ာကို ျပန္လည္ဖက္တြယ္ထားလိုက္သည္။ သူၿငိမ္ၿငိမ္ေလးေနေပးေတာ့ကိုတိမ္က သူ႔ေခါင္းကို အသာဖိကပ္နမ္းေနတာကို ခံစားမိလိုက္သည္။

အတန္ၾကာမွ သူ႔ကို မလႊတ္ေပးခ်င္လႊတ္ေပးခ်င္ပုံစံျဖင့္ လြတ္ေပးေတာ့သည္။
"ဗိုက္ဆာေနၿပီမလား
သြားၾကစို႔"

ထိုေန႔က သူတို႔ နန္းႀကီးသုပ္သြားစားၿပီး အျပန္မွာ ကိုတိမ္၏ ဆိုင္အသစ္ကို ခဏဝင္ခဲ့ၾကသည္။ ေဝယံတို႔ကိုလည္းႏႈတ္ဆက္ၿပီးမွ ကိုတိမ့္အိမ္အတြက္ လက္ေဆာင္ႏွင့္ ေဝယံတို႔အတြက္ လက္ေဆာင္ကိုေမ့ခဲ့တာ သတိရေတာ့သည္။ အျပင္ထြက္ခ်င္ေဇာအားႀကီးေနခဲ့တာေၾကာင့္ ဘာကိုမွ သတိမရခဲ့တာလည္းအမွန္ပင္ျဖစ္သည္။ ၿပီးမွ သပ္သပ္ ယူလာေပးရေတာ့မည္။

အိမ္ျပန္ေရာက္ေတာ့ စိုစိုက ေရာက္ႏွင့္ေနၿပီ။ ထိုစည္းကမ္းမရွိသည့္အေဒၚက သူ႔အိတ္ေတြကို စိတ္ႀကိဳက္ေမႊေႏွာက္ၿပီး သူမအတြက္လက္ေဆာင္ေတြကိုေရာ တျခားသူမလိုခ်င္တာေတြကိုပါ ယူထားၿပီးေနၿပီေလ။
"တီေၾကးေရာ"
"နင့္ တီေၾကးက လင္ေနာက္ လိုက္သြားၿပီ"
"ေလွ်ာက္ေျပာေနျပန္ၿပီ"
"ဟဲဟဲ
ျဖစ္ေစခ်င္တာေျပာတာေလ"
"တီေၾကး ေယာက္်ားယူရင္ျဖင့္ စိုစိုပဲ အထီးက်န္ေနခဲ့ရမွာကိုမ်ား"
"အထီးလည္းမက်န္ဘူး
အမလည္း မက်န္ဘူး"
"ၿပီးတာပါပဲေနာ္
စိုစို အဲ့တာေတြက သူမ်ားေတြအတြက္လို႔
ယူမသြားနဲ႔
ျပန္ခ်"
ကိုတိမ္မႀကီးအတြက္ ဝယ္လာသည့္ လက္ေဆာင္ေတြထဲကပါ ယူေနသျဖင့္ မနည္းျပန္လုရသည္။ ဘယ္သူ႔အတြက္လည္း ဘာလဲလုပ္ေနသျဖင့္ မၾကားခ်င္ေယာင္ေဆာင္ရေသးသည္။

ညေနခင္း ထမင္းဝိုင္းမွာ ဘယ္ေန႔ေတာင္ငူျပန္ၾကမလဲဆိုတာကို စကားဆက္မိၾကသည္။ ေမေမကေတာ့
"မနက္ျဖန္ ညေနခင္းေလာက္ျပန္မယ္ေလ
မနက္ပိုင္း ေဈးခဏဝယ္ခ်ိန္လည္းရတာေပါ့"
ဟု အႀကံေပးသည္။ ေဖေဖကလည္း ေမေမ့သေဘာပဲေလဆိုၿပီး သေဘာတူလိုက္သည္။ သူကသာ သေဘာမတူႏိုင္ရတာ။
"ဟို
သားၿပီးမွ သပ္သပ္ ျပန္လာခဲ့လို႔မရဘူးလား"
"သားက ဘာလုပ္စရာရွိေသးလို႔လဲ
က်န္ေသးရင္လည္း ေမေမတို႔ တစ္ရက္ေလာက္ထပ္ေစာင့္ေပးမယ္ေလ"
တကယ္ေတာ့ သူ႔မွာ လုပ္စရာမက်န္ပါ။ ေက်ာင္းကလည္း ျပန္မဖြင့္ေသးတာမို႔ ဘာမွလုပ္စရာမရွိ။ ဌာနကိုသာ ျပန္ေရာက္ေၾကာင္းသြားၿပီး ေျပာရင္ပဲရၿပီ။

တကယ္ကေတာ့ သူကိုတိမ္ႏွင့္ မခြဲခ်င္ေသးတာပါ။ ကိုတိမ္ႏွင့္ပတ္သတ္ၿပီး သူေတြးထားသည့္အရာတစ္ခုကိုလည္း မလုပ္ရေသးဘူးေလ။ ထို႔ေၾကာင့္ ရန္ကုန္မွာ တစ္ပတ္ေလာက္ေနၿပီးမွ အိမ္ျပန္ခ်င္ခဲ့တာျဖစ္သည္။
"သူ႔ရည္းစားနဲ႔ မခြဲႏိုင္လို႔ျဖစ္မွာေပါ့"
ေဘးနားကေန တစ္ခ်ိန္လုံးဂဏန္းလက္မကိုက္ေနခဲ့သည့္ စိုစို႔စကားေၾကာင့္ ေမေမေရာ ေဖေဖကပါ သူ႔ကိုလွမ္းၾကည့္လာသည္။ ႐ုတ္တရက္ဆိုေတာ့ သူ႔မွာ မဟုတ္ပါဘူးဆိုၿပီး ျငင္းဖို႔အေတြးကမရခဲ့။
"ဘာလဲ
တကယ္ႀကီးလား
သားမွာရည္းစားရေနၿပီလား"
"ဟုတ္"
တကယ့္တကယ္ဖြင့္ေျပာရမည့္အခါက်ေတာ့ ေျခဖ်ားလက္ဖ်ားေတြပါေအးလာသည္။
"ဟင္
ဘယ္သူလဲ
ေက်ာင္းကလား"
"ထမင္းစားၿပီးမွပဲ ေမးၾကပါရွင္
ထမင္းစားခ်ိန္မွာ အစားကိုပဲ အာ႐ုံစိုက္စားၾကမယ္ေလ"
ဘာျပန္ေျဖလို႔ေျဖရမွန္းမသိျဖစ္ေနသည့္သူ႔ကို စိုခလာနတ္သမီးကပဲ ကယ္တင္ေပးသြားသည္။ ေမေမကလည္း သူ႔ကိုပဲ တၾကည့္ၾကည့္လုပ္ေနသျဖင့္ သူ႔မွာ ေမေမ့မ်က္လုံးေတြႏွင့္ မဆုံမိေအာင္ မနည္းေရွာင္ေနရသည္။

ထမင္းစားၿပီးေတာ့ ေမေမတို႔ပန္းကန္ေတြေဆးၿပီး သိမ္းေနတာကို အခြင့္ေကာင္းယူၿပီး အခန္းထဲသို႔ အသာလစ္ထြက္လာခဲ့သည္။ အခန္းထဲေရာက္ေတာ့လည္း သူ႔မွာမထိုင္ႏိုင္။ ေမေမ ေမးရင္သာ ဘယ္လိုေျဖရမလဲေတြးပူၿပီး ေခါက္တုံ႔ေခါက္ျပန္ေလွ်ာက္ေနမိခဲ့သည္။ ခဏေနေတာ့ တံခါးေခါက္သံႏွင့္အတူ ေမေမသည္ အခန္းထဲဝင္လာသည္။
"သား ရန္ကုန္မွာ ေနခဲ့ခ်င္တာလား"
"ဟုတ္
တစ္ပတ္ေလာက္ပါပဲ ေမေမ"
"စိုစို ေျပာသလိုပဲ သားရည္းစားေၾကာင့္လား"
"အဲ့လိုလည္းမဟုတ္ပါဘူး
ဒီမွာလည္း ခဏ လည္ခ်င္ေသးလို႔ပါ
ၿပီးရင္နီးနီးနားနားခရီးလည္းထြက္မလားလို႔ေတြးထားလို႔ပါ"
"အင္း ဟုတ္ပါၿပီ
ဒါဆို
သားရည္းစားက ဘယ္သူလဲ
ေလဆိပ္မွာေတြ႕တဲ့ ဟိုေကာင္ေလးေတာ့ မဟုတ္ဘူးမလား"
ေမေမ့အေမးကို သေဘာတူျခင္းလည္းမရွိ၊ ျငင္းဆန္ျခင္းလည္းမရွိသည့္ သူ၏ဆိတ္ဆိတ္ေနမႈေၾကာင့္ ေမေမဟာ ဟုတ္သည္ဟု ယူဆသြားပုံရသည္။ စိတ္မရွည္သည့္ေလသံျဖင့္ ထက္ေမးလာသည္။
" သသ
တကယ္ပဲ အဲ့ေကာင္ေလးနဲ႔ ျဖစ္ေနတာလား"
"ဟုတ္"
သူ႔ဆီက ဝန္ခံသည့္ စကားအဆုံးမွာ ေမေမဟာ အလြန္တရာမွကို တိတ္ဆိတ္သြားခဲ့သည္။ ေျခာက္ျခားစရာေကာင္းသည့္တိတ္ဆိတ္ျခင္းမ်ိဳးႏွင့္ေပါ့။ သူကေတာ့ ေမေမ့ကိုဘာဆက္ေျပာလို႔ေျပာရမွန္း မသိ။ ေမေမ ေမးလာသမွ်ကိုသာ အမွန္အတိုင္းေျဖဖို႔ပဲ စိတ္ပိုင္းျဖတ္ထားခဲ့သည္။
"ျဖစ္ေနတာဘယ္ေလာက္ၾကာၿပီလဲ"
ေတာ္ေတာ္ၾကာမွ တုန္ယင္ေနသည့္အသံႏွင့္ ေမးလာသည္။
"သား ဒုတိယႏွစ္ တက္ကတည္းကပါ"
"ေၾသာ္"
ထပ္ၿပီး တိတ္ဆိတ္သြားျပန္သည္။
"အဲ့ေကာင္ေလးအိမ္ကေရာ သိလား"
"ဟုတ္
သိပါတယ္"
"ဘာေျပာလဲ"
"ခင္ဗ်ာ
ေမေမဘာေမးတာလဲ"
"ဘာေျပာလဲလို႔
သေဘာတူတယ္ေျပာလား
မတူဘူးေျပာလား"
"မတူဘူးေတာ့ မေျပာပါဘူး
သားတို႔အဆင္ေျပရင္ၿပီးတာပဲလို႔ ေျပာပါတယ္"
ေမေမႏွင့္ အေမးအေျဖလုပ္ေနရတာက သူပညာေတာ္သင္ အေ႐ြးခံရဖို႔ႏႈတ္ေျဖ ေျဖရတုန္းကထက္ပင္ ပို၍ သတိႀကီးစြာေျဖေနရသည္။
" သသ တကယ္ အဲ့ေကာင္ေလးကို ႀကိဳက္တာလား"
"ဟုတ္ကဲ့"
"သားဆုံးျဖတ္ခ်က္ကို မျပင္ေတာ့ဘူးလား"
"ဟုတ္ကဲ့"
"သားရယ္"
ေမေမ၏ မခ်ိတင္ကဲ ေရ႐ြတ္လိုက္သည့္ အသံအဆုံးမွာ သူ၏ ငုံ႔ထားေသာ ေခါင္းသည္လည္း ပိုၿပီး ငိုက္စိုက္က်သြားသည္။ ေတာင္းပန္ပါတယ္ ေမေမရယ္ ဟုသာ ဘာကိုေတာင္းပန္ရမွန္းမသိသည့္ ခံစားခ်က္မ်ိဳးႏွင့္သာ စိတ္ထဲက ေတာင္းပန္ေနခဲ့မိသည္။ လူကေတာ့ ေက်ာက္႐ုပ္တ႐ုပ္လို တုပ္တုပ္မွ် မလႈပ္မိ။
"မမ
လာပါ
ခဏ သြားနားရေအာင္"
ဘယ္အခ်ိန္ကတည္းက အခန္းေပါက္ဝမွာ ေရာက္ေနခဲ့မွန္းမသိသည့္ စိုစိုက ေမေမ့ေဘးသို႔ ေရာက္လာၿပီး ေမေမ့လက္ကို ဆြဲေခၚသည္။
"ညည္းပါ သိေနခဲ့တာလား စိုစို"
"အင္း"
"ဘာလို႔မေျပာခဲ့တာလဲ ေအ"
"ကေလးေရွ႕မွာ ဒါေတြမေျပာၾကစို႔
သသ လည္း နားေတာ့ေလ"
စိုစိုက ေျပာလည္းေျပာ၊ ေမေမ့လက္ကိုပါ အတင္းဆြဲေခၚသြားခဲ့သည္။ အခန္းေပါက္ေရာက္မွ သူ႔ကိုအားေပးသလို တစ္ခ်က္ၾကည့္ၿပီး ၿပဳံးျပသြားခဲ့သည္။ အခု သူကဘယ္လိုျဖစ္မွာလဲ။ ေမေမသိသြားမွေတာ့ ေဖေဖလည္း မၾကာခင္သိေတာ့မည္။ သူ႔အိမ္က သူ႔ကိုဘာေျပာမွာလဲ။ ကိုတိမ္ေရ....ကြၽန္ေတာ္ ေနမရေတာ့ဘူးဗ်ာ........................................

Continua a leggere

Ti piacerà anche

33.4K 3.7K 23
[ДУУССАН] NOT SMUT!! Төрөл: Drama, Comedy, Хайр дурлал Дүрүүдэд : EXO- Oh Sehun (main) BTS-Jung Hoseok BTS-Min Yoongi Олон жил хөдөлмөрлөсний эцэст...
124K 6.9K 89
ချစ်သောမောင်💙 ညှို့မျက်ဝန်း💙 ခ်စ္ေသာေမာင္💙 ညႇိဳ႕မ်က္ဝန္း💙
87K 9K 54
ေမြးဖြားျခင္းနဲ႔အတူ တြဲရက္ကပ္ပါလာေသာ ကံမေကာင္းျခင္းေတြေၾကာင့္ ခက္ခဲၾကမ္းတမ္းစြာႀကီးျပင္းခဲ့ရတဲ့ေကာင္ေလးရဲ႕ဘဝကို ေမတၱာတရားနဲ႔ေအးခ်မ္းေစတဲ့အခါ။ ဒီဇာတ္လ...
20.7K 1.1K 58
ျမတ္ႏိုးရေသာ ပန္းေလးတစ္ပြင့္အေၾကာင္း