Unicode
အပိုင်း၄၀၆: အဓိကဇာတ်ဆောင်၏အရောင်အဝါ
ချောင်ဝူရွှမ်း၏စကားများက တင်းမာလုဆဲဆဲ
ပတ်ဝန်းကျင်အား ချက်ချင်းပြေလျော့သွားစေ၏။
သူ့ဆိုလိုရင်းကို ဟွမ်ဖူလီက
ရှင်းရှင်းလင်းလင်းသိလိုက်ပြီး သူ့ဒေါသကို
ချက်ချင်းထိန်းလိုက်ကာ အချင်းချင်းနားလည်မှုနဲ့
ပြန်မေးလိုက်သည်၊
"ချောင်ဝူရွှမ်း၊ မင်းပြောတာ ဘာကိုဆိုလိုတာလဲ?"
ချောင်ဝူရွှမ်းကပြန်ဖြေလိုက်၏၊
"ကျွန်တော်ခုနကပြောလိုက်တာက ကျွန်တော့်ရဲ့
ထင်မြင်ချက်တွေထဲကတစ်ခုပါပဲ။ ဒါပေမယ့်
ဒီလိုနိဂုံးချုပ်လိုက်တာရဲ့ ဖြစ်နိုင်ချေက အရမ်း
နည်းပါတယ်၊ တစ်ရာခိုင်နှုန်းတောင်မရှိဘူး။
ဘာလို့လဲဆိုတော့ မြေအောက်နန်းတော်ရဲ့ဖွဲ့စည်းပုံကို
လူတစ်ယောက်က ထူးပြီးသိနေနိုင်ဖို့ဆိုတာ
မဖြစ်နိုင်ဘူး။ မဟုတ်ရင် ချန်မဟာမိတ်အဖွဲ့ကလဲ
ဒီသတင်းကိုရနေခဲ့မှာပေါ့။"
"အကိုချောင်၊ဒါကိုဘယ်လို အကြောင်းပြချက်မျိုးလဲ?" ရှုန်းရှောင်က
မေးလိုက်သည်။
"ဒါကသတ္တုစားသားရဲနဲ့ ပတ်သတ်နေနိုင်တယ်။"
ချောင်ဝူရွှမ်းကချက်ချင်းပဲ ပြန်ပြောလိုက်၏။
"စဉ်းစားကြည့်လေ၊ ငါတို့သတ္တုစားသားရဲနောက်ကို
စပြီးလိုက်ဖမ်းကတည်းက ဘယ်သူကများ
အဲ့အကောင်ကိုမြင်ခဲ့လို့လဲ? အဲ့ဒီ့အကောင်က
မြေအောက်နန်းတော်တစ်ဝိုက်ကို ဘယ်လောက်ပဲ
ရင်းနှီးနေပါစေ သူသာတစ်ခြားသူလက်ထဲ
ကျသွားတာမဟုတ်ဘူးဆိုရင်
ငါတို့လိုက်ဖမ်းတာကနေ လုံးဝလွတ်မြောက်သွားဖို့
ဆိုတာမဖြစ်နိုင်ဘူး။"
ဤအဆိုပြုချက်ထွက်ပေါ်လာတာနဲ့ လူတိုင်းက
ရှော့ရသွား၏။
ယူမင်းရဲ့မျက်နှာအမူအရာက မှောင်မှိုင်းနေသည်။
သူ မိုင်းတွင်းတစ်ခုဆီ သတ္တုစားသားရဲနောက်
လိုက်ဖမ်းတုန်းကအချိန်ကို ပြန်တွေးကြည့်
လိုက်တယ်။ ဂူထဲမှာတွေ့ခဲ့ရတဲ့အလောင်းတွေက
သေချာပေါက်ကို သူ့လူတွေရဲ့အလောင်းတွေပဲ။
ဒီဟာကသာတကယ်အမှန်ဆိုရင်
သတ္တုစားသားရဲက ထိုလူများကိုသတ်လိုက်သည့်
လူလက်ထဲကျသွားခြင်းဖြစ်ပေမည်။
ယူချင်ရှန်းကလဲ သူတွေးနေတဲ့အကြောင်းကိုပဲ
တွေးနေတာဖြစ်ပြီး သူ့မျက်နှာအမူအရာက
မြင်မကောင်းလောက်အောင်ဖြစ်နေသည်။
ချောင်ဝူရွှမ်းက သူတို့ရဲ့အမူအရာတွေကို
သတိပြုမိသော်လည်း မျက်တောင်တစ်ချက်မခတ်ဘဲ
ဆက်ပြောလိုက်၏၊ "ဒါကြောင့်၊ ကျွန်တော့်အယူအဆ
အတိုင်းဆိုရင် ဖြစ်နိုင်ချေနှစ်ခုရှိတယ်၊
ပထမတစ်ခုက သတ္တုစားသားရဲက
အဖမ်းခံလိုက်ရပြီးတော့ သတ္တုဒြပ်စင်အဆီအနှစ်ယူဖို့
သူ့ကိုဖမ်းသွားတဲ့လူကို ဒီနေရာကိုခေါ်လာတာ၊
ဒုတိယတစ်ခုက သတ္တုစားသားရဲက သတ္တုဒြပ်စင်
အဆီအနှစ်ကို သူ့ဘာသူယူသွားတာ၊ ဒါပေမယ့်
ဒုတိယဖြစ်နိုင်ချေက ငါးရာခိုင်နှုန်းပဲရှိတယ်။
ဘာလို့လဲဆိုတော့ သူသာသတ္တုဒြပ်စင်အဆီအနှစ်ကို
ယူချင်ခဲ့မယ်ဆိုရင် ဒီအခိုက်အတန့်ထိ တမင်သက်သက် စောင့်နေဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဒါ့ကြောင့် ပထမတစ်ခုက ဖြစ်နိုင်ချေအရှိဆုံးပဲ။"
ရှုန်းရှောင်က သဘောတူ၏၊
"အကိုချောင်ရဲ့သုံးသပ်ချက်က အကျိုးကြောင်းသင့်
တယ်။ ဒါဆိုလည်း အဲ့ဒီ့လူမြေအောက်နန်းတော်ကနေ
မထွက်သွားခင် သူ့ကိုရှာဖို့အတွက် အချိန်ကို
အခွင့်ကောင်းယူရပါအုံးမယ်။
မဟုတ်ရင် သူထွက်သွားတဲ့အခါကျရင်
ကောင်းကင်ကြီးကပဲကန့်သတ်ချက်ဖြစ်လိမ့်မယ်၊
သူ့ကိုနောက်ထပ်ရှာဖို့ဆိုတာ ပိုလို့တောင်
ခက်ခဲသွားလိမ့်မယ်။"
ချောင်ဝူရွှမ်းက ပြုံးပြရင်းခေါင်းညိတ်လိုက်၏။
ဟွမ်ဖူလီကလဲ ချောင်ဝူရွှမ်းစကားများကို
သဘောတူလေသည်။ သို့ပေမယ့်လည်း
သူကယူမင်းကိုမြင်တော့ အေးစက်စက်နှာခေါင်း
ရှုံ့လိုက်သည်။
အကြီးအကဲက ခုနကဖြစ်သွားတာနဲ့ပတ်သတ်ပြီး
မပျော်မရွှင်ဖြစ်နေတုန်းပဲဆိုတာ
ချောင်ဝူရွှမ်းကသိသည်။ သူ့အကြည့်က ယူမင်းဆီသို့
ရောက်သွားပြီး ဖျော့ဖျော့လေးပြုံးလိုက်၏။
"အကြီးအကဲဟွမ်ဖူ၊ ဒေါသမထွက်ပါနဲ့။ လူအိုကြီးယူ
ကနောက်ထပ် ဒီလိုထပ်မတွေးတော့ဘူးလို့
ကျွန်တော်ယုံပါတယ်။ သတ္တုစားသားရဲကိုရသွားတဲ့
လူကိုတောင် သူတို့သိရင်သိနေမှာ။"
သူ့စကားများက လူတိုင်းရဲ့အာရုံကို ယူမင်းဆီသို့
ရောက်သွားစေ၏။
ဟွမ်ဖူလီက ချက်ချင်းမေးလိုက်သည်။
"ဝူရွှမ်း၊ သူတို့ကသတ္တုစားသားရဲရဲ့ အခြေအနေ
အကြောင်းသိတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ?"
ချောင်ဝူရွှမ်းက ပြုံးလိုက်သည်။
"ခုနတုန်းက သတ္တုစားသားရဲက တစ်ခြားသူလက်ထဲ
ရောက်သွားလောက်ပြီလို့ ကျွန်တော်
ပြောလိုက်တုန်းက၊ လူအိုကြီးယူရဲ့အမူအရာက
သူတစ်ခုခုတွေးမိသွားတဲ့ပုံနဲ့ သိသိသာသာ
ပြောင်းလဲသွားတယ်။ ဒါ့ကြောင့် သူသိနေတယ်လို့
ကျွန်တော်ယုံကြည်တယ်။"
ချောင်ဝူရွှမ်းပြောသမျှက အရမ်းယုတ္တိရှိတာကြောင့်
သူငြင်းချင်ရင်တောင်မှ ငြင်းမရတော့ချေ။
သူကသာငြင်းပယ်လိုက်မယ်ဆိုရင် တစ်ခြားသူများက
သွေးစွေးနီကလန်က သတ္တုဒြပ်စင်အဆီအနှစ်ကို
ခိုးဖို့အတွက် ထိုလူနှင့်ပူးပေါင်းသည်ဟု
ထင်သွားကြမည်ပင်။
ယူချင်ရှန်းက သူ့မျက်လုံးများကို မှေးကျဉ်းလိုက်၏။
ဒီချောင်ဝူရွှမ်းက ကိုင်တွယ်ရတာတကယ်ခက်တယ်။
သူနောက်ပြန်ဆုတ်ဖို့ လမ်းမရှိတော့တာကြောင့်
ယူမင်းက မိုင်းတွင်းထဲမှာဖြစ်ခဲ့တဲ့ အကြောင်းကို
ပြောပြရတော့၏။ သို့သော်လည်း
သတ္တုစားသားရဲကို ဘယ်သူယူသွားလဲဆိုတာ
သူတို့လဲမသိပေ။ သူတို့စကားများက
ချောင်ဝူရွှမ်း၏မှန်းဆချက်က မှန်ကန်ကြောင်းသာ
သက်သေပြနိုင်သည်။
ဟွမ်ဖူလီက ထေ့ငေါ့လိုက်၏၊
"ယူမင်း၊ မင်းကအဲ့ဒီ့လူကို အသိအမှတ်ပြု
ထားပြီးတော့ သူနဲ့သဘောတူညီချက်တစ်ခု
လုပ်ထားတယ်လို့ ငါပြောနိုင်တယ်။ ဒါ့ကြောင့်
အဲ့ဒီ့အကောင်လေးကို မြေအောက်နန်းတော်ကနေ
ထုတ်လာနိုင်ဖို့အတွက် သူဘယ်သူလဲဆိုတာ
မသိဘူးလို့ ငါတို့ကိုတမင်သက်သက်လိမ်နေတာပဲ။"
"ဟွမ် ဖူ လီ!" ယူမင်းက သူ့ကိုမယိမ်းမယိုင်
စိုက်ကြည့်နေရင်း သူ့ရဲ့မျက်နှာအမူအရာက အနည်းငယ်တွန့်နေသည်။
ဒါက 'ကြက်တစ်ကောင်ကိုခိုးဖို့ကြိုးစားတာ
သူ့ကိုမျှားဖို့ဆန်ကုန်တာပဲ အဖတ်တင်တယ်'*
ဆိုတဲ့စကားပင်ဖြစ်၏။ အပြစ်က သူ့ခေါင်းပေါ်ကိုပဲ
ပြန်ကျလာတယ်!
[Eng t/n: *အခွင့်အရေးတစ်ခုရဖို့ကြိုးစားတာ
ပိုဆိုးတာပဲအဖတ်တင်တယ်]
တစ်ချက်မှပြန်မပြောနိုင်ဘဲ ယူမင်းရဲ့မျက်နှာအမူအရာက တွန့်ရှုံ့နေတာကို
မြင်ရတော့ ဟွမ်ဖူလီကကျေနပ်သွားတယ်။
ချောင်ဝူရွှမ်းက ဒီတစ်ကြိမ်တော့ ဟွမ်ဖူလီကိုမတား
တော့ပေ။ သူကြားဖြတ်မပြောခင် စောင့်လိုက်ပြီးမှ၊
"အကြီးအကဲဟွမ်ဖူ၊ အကိုရှုန်း၊ သူ့နောက်ကနေ
မြန်မြန်လိုက်သွားရအောင်။"
ဟွမ်ဖူလီနှင့် ရှုန်းရှောင်တို့ နှစ်ယောက်စလုံး
ခေါင်းညိတ်လိုက်ကြသည်။
သူတို့ထွက်သွားပြီးပြီးချင်းပဲ မှော်ဆရာအစည်းအရုံးနဲ့
သွေးစွေးနီကလန်ကလူတွေကလဲ ဒီနေရာမှာ
ထပ်အချိန်မဆွဲသင့်ဘူးဆိုတာ သိတယ်။
သူတို့လဲနောက်ကနေချက်ချင်းလိုက်သွားပြီး
အပျက်အစီးတွေထဲကနေ
ထွက်ခွာသွားကြတော့သည်။
ဒီတစ်ခေါက်မှာတော့ လမ်းကိုဦးဆောင်တဲ့သူက
ချောင်ဝူရွှမ်းဖြစ်သည်။
သူတို့ကလင်းရှောင်လောက် စွမ်းဆောင်ရည်
မရှိသော်ငြားလည်း မြေအောက်နန်းတော်ရဲ့
မြေပုံပေါ်မှာမပါတဲ့အနက်ပိုင်းထဲမှာ ရှိနေတဲ့အရာကို
ခန့်မှန်းလိုက်နိုင်ဖို့ သိပ်မကြာပေ။ သို့သော်လည်း
ဒီနေရာမှာ ရွှေကမ္ဘာမျက်လုံးတစ်ခု
ရှိနေကြောင်းသိနိုင်ချေကတော့ နည်းပါးသည်။
ဒီအချိန်မှာတော့ မြေအောက်နန်းတော်မှာ
သတ္တုဒြပ်စင်အဆီအနှစ်အပြင် မြေဒြပ်စင်အဆီအနှစ်
လဲရှိနေတယ်ဆိုတာကို ချောင်ဝူရွှမ်းက
ကံအားလျော်စွာသိရှိသွား၏။ သူတို့ရည်ရွယ်ချက်က
မြေအောက်နန်းတော်မြောက်ဘက်ပိုင်းပဲ ဖြစ်နေခဲ့တာ
ကြောင့် သူတို့နဲ့ဆန့်ကျင်ဘက်အရပ်မှာ
မြေဒြပ်စင်ပါဝင်တဲ့သတ္တုရဲ့ပြောင်းလဲခြင်းကနေ
ထွက်ပေါ်လာတဲ့ မြေဒြပ်စင်အဆီအနှစ်ရဲ့အော်ရာတွေ
ပျံ့နှံ့နေတာကို သူတို့မသိခဲ့ကြဘူး။
တစ်ခြားလူတွေကို ခေါ်လာရတဲ့
အကြောင်းရင်းကတော့-သူရှာတွေ့နိုင်တယ်ဆိုရင်
တစ်ခြားသူတွေလဲ ဒါကိုရှာတွေ့ပြီးတာဖြစ်နိုင်တယ်။
"အိုး၊ ဟုတ်သားပဲ၊ လူတိုင်းကို အသိပေးစရာ
ရှိသေးတယ်။" ချောင်ဝူရွှမ်းက ရုတ်တရက်
ခေါင်းလှည့်လိုက်သည်၊ "သတ္တုစားသားရဲကို
တစ်ယောက်ယောက်ကယူသွားတယ်လို့
ယူဆထားနိုင်ပေမယ့် ဒါကထင်မြင်တစ်ခုထက်
မပိုပါဘူး။ ဒီကိစ္စမှာလူတစ်ယောက်အထက်
ပိုပါနိုင်ပေမယ့် ကျွန်တော့်ရဲ့ခန့်မှန်းချက်အရတော့
လေးယောက်ထက်မပိုဘူး။"
ရှုန်းရှောင်က ပြောလိုက်၏၊
"ရှေးဟောင်းရေတွင်းကို ပြောတာလား?"
ချောင်ဝူရွှမ်းကခေါင်းညိတ်လိုက်၏၊
"ဟုတ်တယ်၊ ရှေးဟောင်းရေတွင်းရဲ့ အချင်းက
နှစ်မီတာပဲကျယ်တယ်။ အများဆုံးလူလေးယောက်ပဲ
ဝင်ဆံ့နိုင်တယ်။ သူတို့မှာလေးယောက်ထက်ပိုရင်
အပေါ်မှာကျန်နေခဲ့မယ့် လူတစ်ချို့ရှိသင့်တယ်။
ငါတို့ လူတစ်ယောက်မှမတွေ့ခဲ့ဘူးဆိုတော့
ဒါက သူတို့အားလုံး အဲ့အချိန်မှာ
ရေတွင်းအောက်ခြေမှာရှိနေခဲ့တာကို ညွှန်ပြနေတယ်။"
"ဝူရွှမ်းသခင်လေးလို့ အမှန်တကယ်ပဲ
ခေါ်ထိုက်ပါပေတယ်။ ထင်ထားသလိုပဲ တကယ်ကို
တော်တာပဲ။"
[သူ့နာမည်မှ ဝူရွှမ်းက နှိုင်းယှဉ်၍မရနိုင်သော၊
ပြိုင်ဖက်မရှိသော၊ ထင်ရှားသော; ယှဉ်ပြိုင်၍မရနိုင်
သော ဟုအဓိပ္ပါယ်ရသည်။]
ထိုအချိန်မှာပဲ အနောက်ဘက်၌ရှိနေသော
ယူချင်ရှန်းက ပုံမှန်မဟုတ်သောအသံဖြင့်
ရုတ်တရက်ပြောလိုက်၏။ သူ့အသံက ချီးမွမ်းနေခြင်းနှင့် မတူဘဲ မနာလိုဖြစ်နေတာနဲ့
ပိုတူသည်။
ချောင်ဝူရွှမ်းက အနည်းငယ်မျှပြုံးလိုက်၏။
"ယူသခင်လေးကတော့ မြှောက်ပင့်နေတာပဲ။
ဒီလောက်ကိစ္စလေးကတော့ တွေးဆကြည့်ရင်
လူတိုင်းစဉ်းစားနိုင်ပါလိမ့်မယ်။ ဒီက လူက
သားရဲသဏ္ဍာန်ပြောင်းလဲခြင်းအဖွဲ့အစည်းက
ကျွန်တော့်လူတွေရဲ့အကျိုးအတွက် ပြောပြခဲ့ရုံပါပဲ။"
ယူချင်ရှန်းက အေးစက်စက်နှာမှုတ်လိုက်၏။
........
တခြားတစ်ဖက်တွင် ယူရှောင်းမိုနှင့်လင်းရှောင်က
လမ်းလျှောတစ်ခုသို့ ထပ်ပြုတ်ကျသွားပြန်၏။
လျင်မြန်စွာ ကျဆင်းနေရတဲ့ခံစားချက်က ပြန်လည်
ထွက်ပေါ်လာပြီး လျှောကျနေတဲ့အချိန်က
ပထမတစ်ခေါက်ထက် ပိုကြာသည်။
ကံကောင်းထောက်မစွာနဲ့ သူတို့အရင်တစ်ခေါက်က
တွေ့ကြုံထားပြီးဖြစ်ပြီး ယူရှောင်းမိုက အစတုန်းကလို
ထိတ်လန့်မနေတော့ချေ။
အချိန်ဘယ်လောက်ကြာပြီမှန်းမသိတော့တဲ့နောက်မှာ
သူ့ကိုယ်ပေါ်ကလင်းရှောင်လက်တွေက နေရာအနှံ့
လိုက်ထိနေတာကို ယူရှောင်းမိုခံစားလိုက်ရသည်။
သူကလင်းရှောင်ရဲ့ လက်ဖမိုးကို ရိုက်လိုက်ပြီး
ဒေါသထွက်သွားတော့တယ်၊ ဒီလိုအချိန်မှာတောင်
မင်းက...... "ဘာလုပ်နေတာတုန်း?"
လင်းရှောင်က စိတ်ထဲမထားဘဲ ပြန်ဖြေလိုက်၏၊
"ဘုတ်ထိုင်းကောင် ၊ မင်းဆီက အသံကူပြောင်းကျောက်တုံးက တုံ့ပြန်မှုရှိနေတယ်။"
ယူရှောင်းမိုက ချက်ချင်းပဲ ရှက်ကိုးရှက်ကန်းဖြစ်သွား
သည်။ ခေါင်းပေါ်မှာကျီးကန်းတစ်အုပ်ပျံနေတဲ့
ဒီခံစားချက်ကြီးကဘာလဲဟ? ဒါပေမယ့်လည်း
ဒီ'ဘုတ်ထိုင်းကောင်'ဆိုတဲ့ စကားလုံးကိုကြားရတာ တော်တော်ကြာနေပြီဖြစ်၏။
[t/n:
ဘုတ်ထိုင်းကောင်-ဉာဏ်ထိုင်းသူကိုဆိုလိုသည်။]
ယူရှောင်းမိုက အသံကူးပြောင်းကျောက်တုံးကို
မြန်မြန်ထုတ်လိုက်သည်။ ထားလိုက်ပါတော့၊
ဒီဟာက လင်းနေတာပဲ။ ရှဲ့ချုံးနဲ့ကျန်တဲ့သူတွေမှာ
သတင်းတစ်ချို့ရှိတယ်ဖြစ်မယ်။
ရှဲ့ချုံးနဲ့တခြားသူတွေကို စကားပြောဖို့ပြင်
နေတုန်းမှာပဲ အသံကူပြောင်းကျောက်တုံးက
လျှောပေါ်သို့ 'ဘန်း' ကနဲပြုတ်ကျသွား၏။
သူတို့သွားနေတာထက်မြန်တဲ့ အရှိန်နဲ့ 'ဘုန်း ဘုန်း ဘုန်း' ဟူ၍ စည်းချက်ကျကျ ပျော်ရွှင်နေသောအသံထွက်ပေါ်နေရင်း
အောက်ဖက်သို့ လိမ့်သွားတော့သည်။
ယူရှောင်းမို၊ "........"
ဖီချုံးက ယူရှောင်းမိုကို တည့်တည့်မကြည့်နိုင်တော့
တာကြောင့် သူ့မျက်နှာကို လက်နဲ့ကာထားလိုက်
တော့၏။
သတ္တုစားသားရဲလေးကလဲ ဖီချုံးကိုအတုခိုးပြီး
သူ့မျက်နှာကို အသားပေါတဲ့လက်ဖဝါးလေးများ
နှင့် ကာထားလိုက်၏။
လင်းရှောင်ကစက္ကန့်အနည်းငယ်မျှတိတ်ဆိတ်နေပြီး
နောက်၊ "ဘာမှကိုဖြစ်ဖြစ်မြောက်မြောက် မလုပ်နိုင်ဘူး!"
ယူရှောင်းမိုက စိတ်မကောင်းဖြစ်သွားသည်။
သူမှားတာကိုသိတဲ့အတွက် သူကပြန်မပြောရဲဘူး။
ဒါပေမယ့်လည်း ဒီလိုဖြစ်မယ်လို့ သူမျှော်လင့်ထား
ပြီးသားဖြစ်သည်။ သူတို့ကအောက်ကို လျှောကျနေ
တာကြောင့် လေရဲ့တွန်းလှန်အားရှိနေပြီး
သူကလဲ အရမ်းစိတ်လှုပ်ရှားနေခဲ့တာဖြစ်သည်။
ရလဒ်တစ်ခုအနေနဲ့ကတော့
အသံကူပြောင်းကျောက်တုံးက သူ့လက်ထဲကနေ
မတော်တဆလွတ်ကျသွားခြင်းဖြစ်၏။
ကံကောင်းထောက်မစွာနဲ့
အသံကူးပြောင်းကျောက်တုံးက သူတို့ရှေ့တစ်လှမ်း
မှာပဲရှိနေတာဖြစ်သည်။ သူတို့ ဒီလျှောရဲ့အဆုံးကို
ရောက်တဲ့အခါ ထိုကျောက်တုံးကိုပြန်ယူနိုင်လောက်
မှာပါ။ မျှော်လင့်ရတာပဲ!
တစ်နာရီခွဲခန့်ကြာပြ်ီးနောက်တော့ ဒီလျှောက
အဆုံးမရှိဘူးလို့တောင် စတွေးမိလာတော့သည်။
အရှေ့မှာ ကျောက်တုံးတစ်တုံးရွေ့နေတဲ့အသံကို
ကြားနေရဆဲဖြစ်၏။ ဒီအသံကိုကြားရတာ
အကြိမ်ပေါင်းများစွာရှိနေပြီဖြစ်ပြီး ကျင့်သားတောင်
ရနေပြီဖြစ်သည်။
သို့ပေမယ့်လည်း ရှေ့မှာကတော့
မှောင်မိုက်နေတုန်းပဲ.......
ယူရှောင်းမိုက ပဟေဠိဖြစ်နေပြီး၊
ထွက်ပေါက်ရောက်ဖို့အရှည်ကြီးကျန်သေးတာလား?
ထိုအခိုက်မှာပဲ လင်းရှောင်က သူ့ခါးကို
ရုတ်တရက်တင်းတင်းကြပ်ကြပ်ဖက်လိုက်ပြီးတော့
ခြေထောက်တွေကိုကားလိုက်ကာ
လျှောရဲ့ဘေးနှစ်ဖက်စလုံးကို တွန်းလိုက်၏။
သူ့ဖိနပ်တွေနဲ့လျှောကြားက ပြင်းထန်တဲ့
ပွတ်တိုက်အားကြောင့် အလွန့်အလွန်ကျယ်လောင်တဲ့
အသံတစ်ခုဖြစ်ပေါ်လာသည်။ မကြာလိုက်ခင်မှာပဲ
နှစ်ယောက်လုံးက လျှောအပြင်ကို ပစ်ချခံလိုက်ရပြီး
ပျော့ပျောင်းသောအရာတစ်ခုပေါ်သို့
ပြုတ်ကျသွား၏။
လင်းရှောင်ကသူ့ကိုဖက်လိုက်ပြီး ရှေ့ကိုနှစ်ပတ်
လှိမ့်လိုက်သည်။ ထို့နောက် လေးလံတဲ့အရာတစ်ခု
မြေပြင်ပေါ်သို့ပြုတ်ကျသွားသည့် အသံကို
ကြားလိုက်ရ၏။
ယူရှောင်းမိုက ခေါင်းလှည့်ကြည့်လိုက်သည်။
အဲ့တာကဖီချုံးဖြစ်နေသည်။ သူက သူနဲ့လင်းရှောင်
ခုနကကျခဲ့တဲ့နေရာကို ပြုတ်ကျသွားတာဖြစ်၏။
သတ္တုစားသားရဲလေးကဖီချုံးကိုယ်ပေါ်မှာ ဇောက်ထိုးဖြစ်နေပြီး ပျော်ရွှင်နေတဲ့အသွင်ရှိသည်။
ထို့နောက်တွင် သတ္တုစားသားရဲလေး၏ကိုယ်မှ
အပြာဖျော့ဖျော့လေး တောက်ပလာ၏။
သူတို့ရဲ့ပတ်ဝန်းကျင်ကို နောက်ဆုံးတော့
မြင်လိုက်ရသည်။
"အာ......."
တစ်ခဏလောက်၊ ယူရှောင်းမိုက ဘယ်လိုတုံ့ပြန်ရမလဲမသိတော့ချေ။
ဒါက ကျဉ်းမြောင်းတဲ့အခန်းတစ်ခု ဖြစ်သည်။
ရှေးဟောင်းရေတွင်းလိုပဲ လေးဖက်လေးလံစလုံးက
နံရံများဖြစ်ပြီး အခန်းရဲ့အထက်ကတော့
မှောင်မိုက်နေသည်။ တစ်ခုထဲသောခြားနားချက်က
ကြမ်းပြင်က ပျော့ပျောင်းနေခြင်းဖြစ်၏။
ယူရှောင်းမိုက သူ့အောက်ကပျော့ပျောင်းနေတဲ့
အရာကိုထိကြည့်လိုက်တဲ့အခါ ဒီအထိအတွေ့က
တော်တော်လေးရင်းနှီးနေတယ်လို့ ခံစားရသည်။
ဒါကရှင်းရှင်းလင်းလင်းကို ရွှံ့စေးဖြစ်နေသည်။
ထိုမျှမကသေးပဲ၊ ဒီနေရာမှာ သိပ်သည်းတဲ့
မြေဒြပ်စင်အဆီအနှစ်တစ်ခု ရှိနေပုံရသည်။
သူတို့နောက်ထပ် ရှေးဟောင်းရေတွင်းတစ်ခုကို
ရောက်နေတာများလား?
တစ်နာရီကျော်လောက် လျှောဆင်းလာပြီးတော့
ရောက်လာတဲ့နေရာက ရှေးဟောင်းရေတွင်းတစ်ခု
ဖြစ်နေတာကို စဉ်းစားကြည့်လိုက်ရင် ဒါက
တကယ်ကိုဒရမ်မာဆန်တယ်။ မဟုတ်သေးဘူး၊
မဟုတ်သေးဘူး၊ မဟုတ်သေးဘူး၊ သူတို့ရဲ့
ဒုတိယရည်ရွယ်ချက်ကို ဒီလိုလွယ်လွယ်ကူကူ
ရှာတွေ့တာအတွက် ကောင်းကင်ဘုံက သူတို့ကို
ကူညီနေတယ်လို့ ပြောသင့်တယ်။ သေချာတယ်၊
ဒါကအဓိကဇာတ်ဆောင်ရဲ့အရောင်အဝါပဲ။
"သခင်၊ အသံပြောင်းကျောက်တုံးက
သခင့်နောက်မှာတင်။" ဖီချုံးရဲ့ကလေးဆန်တဲ့
အသံလေးက ရုတ်တရက်ထွက်ပေါ်လာ၏။
ယူရှောင်းမိုက နောက်လှည့်လိုက်သည်၊
လင်းရှောင်က တောက်ပနေဆဲဖြစ်သည့်
အသံကူပြောင်းကျောက်တုံးကို ကောက်ထားနှင့်ပြီး
ဖြစ်သည်။ သူမပြောရသေးခင်မှာပဲ ရှဲ့ချုံးအသံက
အရင်ထွက်လာ၏။
"သခင်၊ မြေဒြပ်စင်အဆီအနှစ်ရှိနေတဲ့
ရှေးဟောင်းရေတွင်းကို ကျွန်တော်တို့ ရှာတွေ့ထားပြီးပါပြီ။"
________________
Zawgyi
အပိုင္း၄၀၆: အဓိကဇာတ္ေဆာင္၏အေရာင္အဝါ
ေခ်ာင္ဝူရႊမ္း၏စကားမ်ားက တင္းမာလုဆဲဆဲ
ပတ္ဝန္းက်င္အား ခ်က္ခ်င္းေျပေလ်ာ့သြားေစ၏။
သူ႔ဆိုလိုရင္းကို ဟြမ္ဖူလီက
ရွင္းရွင္းလင္းလင္းသိလိုက္ၿပီး သူ႔ေဒါသကို
ခ်က္ခ်င္းထိန္းလိုက္ကာ အခ်င္းခ်င္းနားလည္မႈနဲ႔
ျပန္ေမးလိုက္သည္၊
"ေခ်ာင္ဝူရႊမ္း၊ မင္းေျပာတာ ဘာကိုဆိုလိုတာလဲ?"
ေခ်ာင္ဝူရႊမ္းကျပန္ေျဖလိုက္၏၊
"ကၽြန္ေတာ္ခုနကေျပာလိုက္တာက ကၽြန္ေတာ့္ရဲ့
ထင္ျမင္ခ်က္ေတြထဲကတစ္ခုပါပဲ။ ဒါေပမယ့္
ဒီလိုနိဂံုးခ်ဳပ္လိုက္တာရဲ့ ျဖစ္ႏိုင္ေခ်က အရမ္း
နည္းပါတယ္၊ တစ္ရာခိုင္ႏႈန္းေတာင္မရိွဘူး။
ဘာလို႔လဲဆိုေတာ့ ေျမေအာက္နန္းေတာ္ရဲ့ဖဲြ႔စည္းပံုကို
လူတစ္ေယာက္က ထူးၿပီးသိေနႏိုင္ဖို႔ဆိုတာ
မျဖစ္ႏိုင္ဘူး။ မဟုတ္ရင္ ခ်န္မဟာမိတ္အဖဲြ႔ကလဲ
ဒီသတင္းကိုရေနခဲ့မွာေပါ့။"
"အကိုေခ်ာင္၊ဒါကိုဘယ္လို အေၾကာင္းျပခ်က္မ်ိဳးလဲ?" ရႈန္းေရွာင္က
ေမးလိုက္သည္။
"ဒါကသတၲုစားသားရဲနဲ႔ ပတ္သတ္ေနႏိုင္တယ္။"
ေခ်ာင္ဝူရႊမ္းကခ်က္ခ်င္းပဲ ျပန္ေျပာလိုက္၏။
"စဉ္းစားၾကၫ့္ေလ၊ ငါတို႔သတၲုစားသားရဲေနာက္ကို
စၿပီးလိုက္ဖမ္းကတည္းက ဘယ္သူကမ်ား
အဲ့အေကာင္ကိုျမင္ခဲ့လို႔လဲ? အဲ့ဒီ့အေကာင္က
ေျမေအာက္နန္းေတာ္တစ္ဝိုက္ကို ဘယ္ေလာက္ပဲ
ရင္းႏွီးေနပါေစ သူသာတစ္ျခားသူလက္ထဲ
က်သြားတာမဟုတ္ဘူးဆိုရင္
ငါတို႔လိုက္ဖမ္းတာကေန လံုးဝလြတ္ေျမာက္သြားဖို႔
ဆိုတာမျဖစ္ႏိုင္ဘူး။"
ဤအဆိုျပဳခ်က္ထြက္ေပၚလာတာနဲ႔ လူတိုင္းက
ေရွာ့ရသြား၏။
ယူမင္းရဲ့မ်က္ႏွာအမူအရာက ေမွာင္မိႈင္းေနသည္။
သူ မိုင္းတြင္းတစ္ခုဆီ သတၲုစားသားရဲေနာက္
လိုက္ဖမ္းတုန္းကအခ်ိန္ကို ျပန္ေတြးၾကၫ့္
လိုက္တယ္။ ဂူထဲမွာေတြ့ခဲ့ရတဲ့အေလာင္းေတြက
ေသခ်ာေပါက္ကို သူ႔လူေတြရဲ့အေလာင္းေတြပဲ။
ဒီဟာကသာတကယ္အမွန္ဆိုရင္
သတၲုစားသားရဲက ထိုလူမ်ားကိုသတ္လိုက္သၫ့္
လူလက္ထဲက်သြားျခင္းျဖစ္ေပမည္။
ယူခ်င္ရွန္းကလဲ သူေတြးေနတဲ့အေၾကာင္းကိုပဲ
ေတြးေနတာျဖစ္ၿပီး သူ႔မ်က္ႏွာအမူအရာက
ျမင္မေကာင္းေလာက္ေအာင္ျဖစ္ေနသည္။
ေခ်ာင္ဝူရႊမ္းက သူတို႔ရဲ့အမူအရာေတြကို
သတိျပဳမိေသာ္လည္း မ်က္ေတာင္တစ္ခ်က္မခတ္ဘဲ
ဆက္ေျပာလိုက္၏၊ "ဒါေၾကာင့္၊ ကၽြန္ေတာ့္အယူအဆ
အတိုင္းဆိုရင္ ျဖစ္ႏိုင္ေခ်ႏွစ္ခုရိွတယ္၊
ပထမတစ္ခုက သတၲုစားသားရဲက
အဖမ္းခံလိုက္ရၿပီးေတာ့ သတၲုျဒပ္စင္အဆီအႏွစ္ယူဖို႔
သူ႔ကိုဖမ္းသြားတဲ့လူကို ဒီေနရာကိုေခၚလာတာ၊
ဒုတိယတစ္ခုက သတၲုစားသားရဲက သတၲုျဒပ္စင္
အဆီအႏွစ္ကို သူ႔ဘာသူယူသြားတာ၊ ဒါေပမယ့္
ဒုတိယျဖစ္ႏိုင္ေခ်က ငါးရာခိုင္ႏႈန္းပဲရိွတယ္။
ဘာလို႔လဲဆိုေတာ့ သူသာသတၲုျဒပ္စင္အဆီအႏွစ္ကို
ယူခ်င္ခဲ့မယ္ဆိုရင္ ဒီအခိုက္အတန႔္ထိ တမင္သက္သက္ ေစာင့္ေနဖို႔ဆိုတာ မျဖစ္ႏိုင္ဘူး။ ဒါ့ေၾကာင့္ ပထမတစ္ခုက ျဖစ္ႏိုင္ေခ်အရိွဆံုးပဲ။"
ရႈန္းေရွာင္က သေဘာတူ၏၊
"အကိုေခ်ာင္ရဲ့သံုးသပ္ခ်က္က အက်ိဳးေၾကာင္းသင့္
တယ္။ ဒါဆိုလည္း အဲ့ဒီ့လူေျမေအာက္နန္းေတာ္ကေန
မထြက္သြားခင္ သူ႔ကိုရွာဖို႔အတြက္ အခ်ိန္ကို
အခြင့္ေကာင္းယူရပါအံုးမယ္။
မဟုတ္ရင္ သူထြက္သြားတဲ့အခါက်ရင္
ေကာင္းကင္ႀကီးကပဲကန႔္သတ္ခ်က္ျဖစ္လိမ့္မယ္၊
သူ႔ကိုေနာက္ထပ္ရွာဖို႔ဆိုတာ ပိုလို႔ေတာင္
ခက္ခဲသြားလိမ့္မယ္။"
ေခ်ာင္ဝူရႊမ္းက ႃပံုးျပရင္းေခါင္းညိတ္လိုက္၏။
ဟြမ္ဖူလီကလဲ ေခ်ာင္ဝူရႊမ္းစကားမ်ားကို
သေဘာတူေလသည္။ သို႔ေပမယ့္လည္း
သူကယူမင္းကိုျမင္ေတာ့ ေအးစက္စက္ႏွာေခါင္း
ရႈံ႔လိုက္သည္။
အႀကီးအကဲက ခုနကျဖစ္သြားတာနဲ႔ပတ္သတ္ၿပီး
မေပ်ာ္မရႊင္ျဖစ္ေနတုန္းပဲဆိုတာ
ေခ်ာင္ဝူရႊမ္းကသိသည္။ သူ႔အၾကၫ့္က ယူမင္းဆီသို႔
ေရာက္သြားၿပီး ေဖ်ာ့ေဖ်ာ့ေလးႃပံုးလိုက္၏။
"အႀကီးအကဲဟြမ္ဖူ၊ ေဒါသမထြက္ပါနဲ႔။ လူအိုႀကီးယူ
ကေနာက္ထပ္ ဒီလိုထပ္မေတြးေတာ့ဘူးလို႔
ကၽြန္ေတာ္ယံုပါတယ္။ သတၲုစားသားရဲကိုရသြားတဲ့
လူကိုေတာင္ သူတို႔သိရင္သိေနမွာ။"
သူ႔စကားမ်ားက လူတိုင္းရဲ့အာရံုကို ယူမင္းဆီသို႔
ေရာက္သြားေစ၏။
ဟြမ္ဖူလီက ခ်က္ခ်င္းေမးလိုက္သည္။
"ဝူရႊမ္း၊ သူတို႔ကသတၲုစားသားရဲရဲ့ အေျခအေန
အေၾကာင္းသိတယ္ဆိုတာ ဘာကိုဆိုလိုတာလဲ?"
ေခ်ာင္ဝူရႊမ္းက ႃပံုးလိုက္သည္။
"ခုနတုန္းက သတၲုစားသားရဲက တစ္ျခားသူလက္ထဲ
ေရာက္သြားေလာက္ၿပီလို႔ ကၽြန္ေတာ္
ေျပာလိုက္တုန္းက၊ လူအိုႀကီးယူရဲ့အမူအရာက
သူတစ္ခုခုေတြးမိသြားတဲ့ပံုနဲ႔ သိသိသာသာ
ေျပာင္းလဲသြားတယ္။ ဒါ့ေၾကာင့္ သူသိေနတယ္လို႔
ကၽြန္ေတာ္ယံုၾကည္တယ္။"
ေခ်ာင္ဝူရႊမ္းေျပာသမ်ွက အရမ္းယုတၲိရိွတာေၾကာင့္
သူျငင္းခ်င္ရင္ေတာင္မွ ျငင္းမရေတာ့ေခ်။
သူကသာျငင္းပယ္လိုက္မယ္ဆိုရင္ တစ္ျခားသူမ်ားက
ေသြးေစြးနီကလန္က သတၲုျဒပ္စင္အဆီအႏွစ္ကို
ခိုးဖို႔အတြက္ ထိုလူႏွင့္ပူးေပါင္းသည္ဟု
ထင္သြားၾကမည္ပင္။
ယူခ်င္ရွန္းက သူ႔မ်က္လံုးမ်ားကို ေမွးက်ဉ္းလိုက္၏။
ဒီေခ်ာင္ဝူရႊမ္းက ကိုင္တြယ္ရတာတကယ္ခက္တယ္။
သူေနာက္ျပန္ဆုတ္ဖို႔ လမ္းမရိွေတာ့တာေၾကာင့္
ယူမင္းက မိုင္းတြင္းထဲမွာျဖစ္ခဲ့တဲ့ အေၾကာင္းကို
ေျပာျပရေတာ့၏။ သို႔ေသာ္လည္း
သတၲုစားသားရဲကို ဘယ္သူယူသြားလဲဆိုတာ
သူတို႔လဲမသိေပ။ သူတို႔စကားမ်ားက
ေခ်ာင္ဝူရႊမ္း၏မွန္းဆခ်က္က မွန္ကန္ေၾကာင္းသာ
သက္ေသျပႏိုင္သည္။
ဟြမ္ဖူလီက ေထ့ေငါ့လိုက္၏၊
"ယူမင္း၊ မင္းကအဲ့ဒီ့လူကို အသိအမွတ္ျပဳ
ထားၿပီးေတာ့ သူနဲ႔သေဘာတူညီခ်က္တစ္ခု
လုပ္ထားတယ္လို႔ ငါေျပာႏိုင္တယ္။ ဒါ့ေၾကာင့္
အဲ့ဒီ့အေကာင္ေလးကို ေျမေအာက္နန္းေတာ္ကေန
ထုတ္လာႏိုင္ဖို႔အတြက္ သူဘယ္သူလဲဆိုတာ
မသိဘူးလို႔ ငါတို႔ကိုတမင္သက္သက္လိမ္ေနတာပဲ။"
"ဟြမ္ ဖူ လီ!" ယူမင္းက သူ႔ကိုမယိမ္းမယိုင္
စိုက္ၾကၫ့္ေနရင္း သူ႔ရဲ့မ်က္ႏွာအမူအရာက အနည္းငယ္တြန႔္ေနသည္။
ဒါက 'ၾကက္တစ္ေကာင္ကိုခိုးဖို႔ႀကိဳးစားတာ
သူ႔ကိုမ်ွားဖို႔ဆန္ကုန္တာပဲ အဖတ္တင္တယ္'*
ဆိုတဲ့စကားပင္ျဖစ္၏။ အျပစ္က သူ႔ေခါင္းေပၚကိုပဲ
ျပန္က်လာတယ္!
[Eng t/n: *အခြင့္အေရးတစ္ခုရဖို႔ႀကိဳးစားတာ
ပိုဆိုးတာပဲအဖတ္တင္တယ္]
တစ္ခ်က္မျွပန္မေျပာႏိုင္ဘဲ ယူမင္းရဲ့မ်က္ႏွာအမူအရာက တြန႔္ရႈံ႔ေနတာကို
ျမင္ရေတာ့ ဟြမ္ဖူလီကေက်နပ္သြားတယ္။
ေခ်ာင္ဝူရႊမ္းက ဒီတစ္ႀကိမ္ေတာ့ ဟြမ္ဖူလီကိုမတား
ေတာ့ေပ။ သူၾကားျဖတ္မေျပာခင္ ေစာင့္လိုက္ၿပီးမွ၊
"အႀကီးအကဲဟြမ္ဖူ၊ အကိုရႈန္း၊ သူ႔ေနာက္ကေန
ျမန္ျမန္လိုက္သြားရေအာင္။"
ဟြမ္ဖူလီႏွင့္ ရႈန္းေရွာင္တို႔ ႏွစ္ေယာက္စလံုး
ေခါင္းညိတ္လိုက္ၾကသည္။
သူတို႔ထြက္သြားၿပီးၿပီးခ်င္းပဲ ေမွာ္ဆရာအစည္းအရံုးနဲ႔
ေသြးေစြးနီကလန္ကလူေတြကလဲ ဒီေနရာမွာ
ထပ္အခ်ိန္မဆဲြသင့္ဘူးဆိုတာ သိတယ္။
သူတို႔လဲေနာက္ကေနခ်က္ခ်င္းလိုက္သြားၿပီး
အပ်က္အစီးေတြထဲကေန
ထြက္ခြာသြားၾကေတာ့သည္။
ဒီတစ္ေခါက္မွာေတာ့ လမ္းကိုဦးေဆာင္တဲ့သူက
ေခ်ာင္ဝူရႊမ္းျဖစ္သည္။
သူတို႔ကလင္းေရွာင္ေလာက္ စြမ္းေဆာင္ရည္
မရိွေသာ္ျငားလည္း ေျမေအာက္နန္းေတာ္ရဲ့
ေျမပံုေပၚမွာမပါတဲ့အနက္ပိုင္းထဲမွာ ရိွေနတဲ့အရာကို
ခန႔္မွန္းလိုက္ႏိုင္ဖို႔ သိပ္မၾကာေပ။ သို႔ေသာ္လည္း
ဒီေနရာမွာ ေရႊကမ႓ာမ်က္လံုးတစ္ခု
ရိွေနေၾကာင္းသိႏိုင္ေခ်ကေတာ့ နည္းပါးသည္။
ဒီအခ်ိန္မွာေတာ့ ေျမေအာက္နန္းေတာ္မွာ
သတၲုျဒပ္စင္အဆီအႏွစ္အျပင္ ေျမျဒပ္စင္အဆီအႏွစ္
လဲရိွေနတယ္ဆိုတာကို ေခ်ာင္ဝူရႊမ္းက
ကံအားေလ်ာ္စြာသိရိွသြား၏။ သူတို႔ရည္ရြယ္ခ်က္က
ေျမေအာက္နန္းေတာ္ေျမာက္ဘက္ပိုင္းပဲ ျဖစ္ေနခဲ့တာ
ေၾကာင့္ သူတို႔နဲ႔ဆန႔္က်င္ဘက္အရပ္မွာ
ေျမျဒပ္စင္ပါဝင္တဲ့သတၲုရဲ့ေျပာင္းလဲျခင္းကေန
ထြက္ေပၚလာတဲ့ ေျမျဒပ္စင္အဆီအႏွစ္ရဲ့ေအာ္ရာေတြ
ပ်ံ႔ႏွံ႔ေနတာကို သူတို႔မသိခဲ့ၾကဘူး။
တစ္ျခားလူေတြကို ေခၚလာရတဲ့
အေၾကာင္းရင္းကေတာ့-သူရွာေတြ့ႏိုင္တယ္ဆိုရင္
တစ္ျခားသူေတြလဲ ဒါကိုရွာေတြ့ၿပီးတာျဖစ္ႏိုင္တယ္။
"အိုး၊ ဟုတ္သားပဲ၊ လူတိုင္းကို အသိေပးစရာ
ရိွေသးတယ္။" ေခ်ာင္ဝူရႊမ္းက ရုတ္တရက္
ေခါင္းလွၫ့္လိုက္သည္၊ "သတၲုစားသားရဲကို
တစ္ေယာက္ေယာက္ကယူသြားတယ္လို႔
ယူဆထားႏိုင္ေပမယ့္ ဒါကထင္ျမင္တစ္ခုထက္
မပိုပါဘူး။ ဒီကိစၥမွာလူတစ္ေယာက္အထက္
ပိုပါႏိုင္ေပမယ့္ ကၽြန္ေတာ့္ရဲ့ခန႔္မွန္းခ်က္အရေတာ့
ေလးေယာက္ထက္မပိုဘူး။"
ရႈန္းေရွာင္က ေျပာလိုက္၏၊
"ေရွးေဟာင္းေရတြင္းကို ေျပာတာလား?"
ေခ်ာင္ဝူရႊမ္းကေခါင္းညိတ္လိုက္၏၊
"ဟုတ္တယ္၊ ေရွးေဟာင္းေရတြင္းရဲ့ အခ်င္းက
ႏွစ္မီတာပဲက်ယ္တယ္။ အမ်ားဆံုးလူေလးေယာက္ပဲ
ဝင္ဆံ့ႏိုင္တယ္။ သူတို႔မွာေလးေယာက္ထက္ပိုရင္
အေပၚမွာက်န္ေနခဲ့မယ့္ လူတစ္ခ်ိဳ႕ရိွသင့္တယ္။
ငါတို႔ လူတစ္ေယာက္မွမေတြ့ခဲ့ဘူးဆိုေတာ့
ဒါက သူတို႔အားလံုး အဲ့အခ်ိန္မွာ
ေရတြင္းေအာက္ေျခမွာရိွေနခဲ့တာကို ၫႊန္ျပေနတယ္။"
"ဝူရႊမ္းသခင္ေလးလို႔ အမွန္တကယ္ပဲ
ေခၚထိုက္ပါေပတယ္။ ထင္ထားသလိုပဲ တကယ္ကို
ေတာ္တာပဲ။"
[သူ႔နာမည္မွ ဝူရႊမ္းက ႏိႈင္းယွဉ္၍မရႏိုင္ေသာ၊
ၿပိဳင္ဖက္မရိွေသာ၊ ထင္ရွားေသာ; ယွဉ္ၿပိဳင္၍မရႏိုင္
ေသာ ဟုအဓိပၸါယ္ရသည္။]
ထိုအခ်ိန္မွာပဲ အေနာက္ဘက္၌ရိွေနေသာ
ယူခ်င္ရွန္းက ပံုမွန္မဟုတ္ေသာအသံျဖင့္
ရုတ္တရက္ေျပာလိုက္၏။ သူ႔အသံက ခ်ီးမြမ္းေနျခင္းႏွင့္ မတူဘဲ မနာလိုျဖစ္ေနတာနဲ႔
ပိုတူသည္။
ေခ်ာင္ဝူရႊမ္းက အနည္းငယ္မ်ွႃပံုးလိုက္၏။
"ယူသခင္ေလးကေတာ့ ၿမွောက္ပင့္ေနတာပဲ။
ဒီေလာက္ကိစၥေလးကေတာ့ ေတြးဆၾကၫ့္ရင္
လူတိုင္းစဉ္းစားႏိုင္ပါလိမ့္မယ္။ ဒီက လူက
သားရဲသ႑ာန္ေျပာင္းလဲျခင္းအဖဲြ႔အစည္းက
ကၽြန္ေတာ့္လူေတြရဲ့အက်ိဳးအတြက္ ေျပာျပခဲ့ရံုပါပဲ။"
ယူခ်င္ရွန္းက ေအးစက္စက္ႏွာမႈတ္လိုက္၏။
........
တျခားတစ္ဖက္တြင္ ယူေရွာင္းမိုႏွင့္လင္းေရွာင္က
လမ္းေလ်ွာတစ္ခုသို႔ ထပ္ျပဳတ္က်သြားျပန္၏။
လ်င္ျမန္စြာ က်ဆင္းေနရတဲ့ခံစားခ်က္က ျပန္လည္
ထြက္ေပၚလာၿပီး ေလ်ွာက်ေနတဲ့အခ်ိန္က
ပထမတစ္ေခါက္ထက္ ပိုၾကာသည္။
ကံေကာင္းေထာက္မစြာနဲ႔ သူတို႔အရင္တစ္ေခါက္က
ေတြ့ႄကံုထားၿပီးျဖစ္ၿပီး ယူေရွာင္းမိုက အစတုန္းကလို
ထိတ္လန႔္မေနေတာ့ေခ်။
အခ်ိန္ဘယ္ေလာက္ၾကာၿပီမွန္းမသိေတာ့တဲ့ေနာက္မွာ
သူ႔ကိုယ္ေပၚကလင္းေရွာင္လက္ေတြက ေနရာအႏွံ႔
လိုက္ထိေနတာကို ယူေရွာင္းမိုခံစားလိုက္ရသည္။
သူကလင္းေရွာင္ရဲ့ လက္ဖမိုးကို ရိုက္လိုက္ၿပီး
ေဒါသထြက္သြားေတာ့တယ္၊ ဒီလိုအခ်ိန္မွာေတာင္
မင္းက...... "ဘာလုပ္ေနတာတုန္း?"
လင္းေရွာင္က စိတ္ထဲမထားဘဲ ျပန္ေျဖလိုက္၏၊
"ဘုတ္ထိုင္းေကာင္ ၊ မင္းဆီက အသံကူေျပာင္းေက်ာက္တံုးက တံု႔ျပန္မႈရိွေနတယ္။"
ယူေရွာင္းမိုက ခ်က္ခ်င္းပဲ ရွက္ကိုးရွက္ကန္းျဖစ္သြား
သည္။ ေခါင္းေပၚမွာက်ီးကန္းတစ္အုပ္ပ်ံေနတဲ့
ဒီခံစားခ်က္ႀကီးကဘာလဲဟ? ဒါေပမယ့္လည္း
ဒီ'ဘုတ္ထိုင္းေကာင္'ဆိုတဲ့ စကားလံုးကိုၾကားရတာ ေတာ္ေတာ္ၾကာေနၿပီျဖစ္၏။
[t/n:
ဘုတ္ထိုင္းေကာင္-ဉာဏ္ထိုင္းသူကိုဆိုလိုသည္။]
ယူေရွာင္းမိုက အသံကူးေျပာင္းေက်ာက္တံုးကို
ျမန္ျမန္ထုတ္လိုက္သည္။ ထားလိုက္ပါေတာ့၊
ဒီဟာက လင္းေနတာပဲ။ ရွဲ႔ခ်ဳံးနဲ႔က်န္တဲ့သူေတြမွာ
သတင္းတစ္ခ်ိဳ႕ရိွတယ္ျဖစ္မယ္။
ရွဲ႔ခ်ဳံးနဲ႔တျခားသူေတြကို စကားေျပာဖို႔ျပင္
ေနတုန္းမွာပဲ အသံကူေျပာင္းေက်ာက္တံုးက
ေလ်ွာေပၚသို႔ 'ဘန္း' ကနဲျပဳတ္က်သြား၏။
သူတို႔သြားေနတာထက္ျမန္တဲ့ အရိွန္နဲ႔ 'ဘုန္း ဘုန္း ဘုန္း' ဟူ၍ စည္းခ်က္က်က် ေပ်ာ္ရႊင္ေနေသာအသံထြက္ေပၚေနရင္း
ေအာက္ဖက္သို႔ လိမ့္သြားေတာ့သည္။
ယူေရွာင္းမို၊ "........"
ဖီခ်ဳံးက ယူေရွာင္းမိုကို တၫ့္တၫ့္မၾကၫ့္ႏိုင္ေတာ့
တာေၾကာင့္ သူ႔မ်က္ႏွာကို လက္နဲ႔ကာထားလိုက္
ေတာ့၏။
သတၲုစားသားရဲေလးကလဲ ဖီခ်ဳံးကိုအတုခိုးၿပီး
သူ႔မ်က္ႏွာကို အသားေပါတဲ့လက္ဖဝါးေလးမ်ား
ႏွင့္ ကာထားလိုက္၏။
လင္းေရွာင္ကစကၠန႔္အနည္းငယ္မ်ွတိတ္ဆိတ္ေနၿပီး
ေနာက္၊ "ဘာမွကိုျဖစ္ျဖစ္ေျမာက္ေျမာက္ မလုပ္ႏိုင္ဘူး!"
ယူေရွာင္းမိုက စိတ္မေကာင္းျဖစ္သြားသည္။
သူမွားတာကိုသိတဲ့အတြက္ သူကျပန္မေျပာရဲဘူး။
ဒါေပမယ့္လည္း ဒီလိုျဖစ္မယ္လို႔ သူေမ်ွာ္လင့္ထား
ၿပီးသားျဖစ္သည္။ သူတို႔ကေအာက္ကို ေလ်ွာက်ေန
တာေၾကာင့္ ေလရဲ့တြန္းလွန္အားရိွေနၿပီး
သူကလဲ အရမ္းစိတ္လႈပ္ရွားေနခဲ့တာျဖစ္သည္။
ရလဒ္တစ္ခုအေနနဲ႔ကေတာ့
အသံကူေျပာင္းေက်ာက္တံုးက သူ႔လက္ထဲကေန
မေတာ္တဆလြတ္က်သြားျခင္းျဖစ္၏။
ကံေကာင္းေထာက္မစြာနဲ႔
အသံကူးေျပာင္းေက်ာက္တံုးက သူတို႔ေရ႔ွတစ္လွမ္း
မွာပဲရိွေနတာျဖစ္သည္။ သူတို႔ ဒီေလ်ွာရဲ့အဆံုးကို
ေရာက္တဲ့အခါ ထိုေက်ာက္တံုးကိုျပန္ယူႏိုင္ေလာက္
မွာပါ။ ေမ်ွာ္လင့္ရတာပဲ!
တစ္နာရီခဲြခန႔္ၾကာၿပ္ီးေနာက္ေတာ့ ဒီေလ်ွာက
အဆံုးမရိွဘူးလို႔ေတာင္ စေတြးမိလာေတာ့သည္။
အေရ႔ွမွာ ေက်ာက္တံုးတစ္တံုးေရြ့ေနတဲ့အသံကို
ၾကားေနရဆဲျဖစ္၏။ ဒီအသံကိုၾကားရတာ
အႀကိမ္ေပါင္းမ်ားစြာရိွေနၿပီျဖစ္ၿပီး က်င့္သားေတာင္
ရေနၿပီျဖစ္သည္။
သို႔ေပမယ့္လည္း ေရ႔ွမွာကေတာ့
ေမွာင္မိုက္ေနတုန္းပဲ.......
ယူေရွာင္းမိုက ပေဟဠိျဖစ္ေနၿပီး၊
ထြက္ေပါက္ေရာက္ဖို႔အရွည္ႀကီးက်န္ေသးတာလား?
ထိုအခိုက္မွာပဲ လင္းေရွာင္က သူ႔ခါးကို
ရုတ္တရက္တင္းတင္းၾကပ္ၾကပ္ဖက္လိုက္ၿပီးေတာ့
ေျခေထာက္ေတြကိုကားလိုက္ကာ
ေလ်ွာရဲ့ေဘးႏွစ္ဖက္စလံုးကို တြန္းလိုက္၏။
သူ႔ဖိနပ္ေတြနဲ႔ေလ်ွာၾကားက ျပင္းထန္တဲ့
ပြတ္တိုက္အားေၾကာင့္ အလြန႔္အလြန္က်ယ္ေလာင္တဲ့
အသံတစ္ခုျဖစ္ေပၚလာသည္။ မၾကာလိုက္ခင္မွာပဲ
ႏွစ္ေယာက္လံုးက ေလ်ွာအျပင္ကို ပစ္ခ်ခံလိုက္ရၿပီး
ေပ်ာ့ေပ်ာင္းေသာအရာတစ္ခုေပၚသို႔
ျပဳတ္က်သြား၏။
လင္းေရွာင္ကသူ႔ကိုဖက္လိုက္ၿပီး ေရ႔ွကိုႏွစ္ပတ္
လိွမ့္လိုက္သည္။ ထို႔ေနာက္ ေလးလံတဲ့အရာတစ္ခု
ေျမျပင္ေပၚသို႔ျပဳတ္က်သြားသၫ့္ အသံကို
ၾကားလိုက္ရ၏။
ယူေရွာင္းမိုက ေခါင္းလွၫ့္ၾကၫ့္လိုက္သည္။
အဲ့တာကဖီခ်ဳံးျဖစ္ေနသည္။ သူက သူနဲ႔လင္းေရွာင္
ခုနကက်ခဲ့တဲ့ေနရာကို ျပဳတ္က်သြားတာျဖစ္၏။
သတၲုစားသားရဲေလးကဖီခ်ဳံးကိုယ္ေပၚမွာ ေဇာက္ထိုးျဖစ္ေနၿပီး ေပ်ာ္ရႊင္ေနတဲ့အသြင္ရိွသည္။
ထို႔ေနာက္တြင္ သတၲုစားသားရဲေလး၏ကိုယ္မွ
အျပာေဖ်ာ့ေဖ်ာ့ေလး ေတာက္ပလာ၏။
သူတို႔ရဲ့ပတ္ဝန္းက်င္ကို ေနာက္ဆံုးေတာ့
ျမင္လိုက္ရသည္။
"အာ......."
တစ္ခဏေလာက္၊ ယူေရွာင္းမိုက ဘယ္လိုတံု႔ျပန္ရမလဲမသိေတာ့ေခ်။
ဒါက က်ဉ္းေျမာင္းတဲ့အခန္းတစ္ခု ျဖစ္သည္။
ေရွးေဟာင္းေရတြင္းလိုပဲ ေလးဖက္ေလးလံစလံုးက
နံရံမ်ားျဖစ္ၿပီး အခန္းရဲ့အထက္ကေတာ့
ေမွာင္မိုက္ေနသည္။ တစ္ခုထဲေသာျခားနားခ်က္က
ၾကမ္းျပင္က ေပ်ာ့ေပ်ာင္းေနျခင္းျဖစ္၏။
ယူေရွာင္းမိုက သူ႔ေအာက္ကေပ်ာ့ေပ်ာင္းေနတဲ့
အရာကိုထိၾကၫ့္လိုက္တဲ့အခါ ဒီအထိအေတြ့က
ေတာ္ေတာ္ေလးရင္းႏွီးေနတယ္လို႔ ခံစားရသည္။
ဒါကရွင္းရွင္းလင္းလင္းကို ရႊံ႔ေစးျဖစ္ေနသည္။
ထိုမ်ွမကေသးပဲ၊ ဒီေနရာမွာ သိပ္သည္းတဲ့
ေျမျဒပ္စင္အဆီအႏွစ္တစ္ခု ရိွေနပံုရသည္။
သူတို႔ေနာက္ထပ္ ေရွးေဟာင္းေရတြင္းတစ္ခုကို
ေရာက္ေနတာမ်ားလား?
တစ္နာရီေက်ာ္ေလာက္ ေလ်ွာဆင္းလာၿပီးေတာ့
ေရာက္လာတဲ့ေနရာက ေရွးေဟာင္းေရတြင္းတစ္ခု
ျဖစ္ေနတာကို စဉ္းစားၾကၫ့္လိုက္ရင္ ဒါက
တကယ္ကိုဒရမ္မာဆန္တယ္။ မဟုတ္ေသးဘူး၊
မဟုတ္ေသးဘူး၊ မဟုတ္ေသးဘူး၊ သူတို႔ရဲ့
ဒုတိယရည္ရြယ္ခ်က္ကို ဒီလိုလြယ္လြယ္ကူကူ
ရွာေတြ့တာအတြက္ ေကာင္းကင္ဘံုက သူတို႔ကို
ကူညီေနတယ္လို႔ ေျပာသင့္တယ္။ ေသခ်ာတယ္၊
ဒါကအဓိကဇာတ္ေဆာင္ရဲ့အေရာင္အဝါပဲ။
"သခင္၊ အသံေျပာင္းေက်ာက္တံုးက
သခင့္ေနာက္မွာတင္။" ဖီခ်ဳံးရဲ့ကေလးဆန္တဲ့
အသံေလးက ရုတ္တရက္ထြက္ေပၚလာ၏။
ယူေရွာင္းမိုက ေနာက္လွၫ့္လိုက္သည္၊
လင္းေရွာင္က ေတာက္ပေနဆဲျဖစ္သၫ့္
အသံကူေျပာင္းေက်ာက္တံုးကို ေကာက္ထားႏွင့္ၿပီး
ျဖစ္သည္။ သူမေျပာရေသးခင္မွာပဲ ရွဲ႔ခ်ဳံးအသံက
အရင္ထြက္လာ၏။
"သခင္၊ ေျမျဒပ္စင္အဆီအႏွစ္ရိွေနတဲ့
ေရွးေဟာင္းေရတြင္းကို ကၽြန္ေတာ္တို႔ ရွာေတြ့ထားၿပီးပါၿပီ။"
_______________