အံဖွယ်စနစ်ပိုင်ရှင် ပထမတွဲ

Από Saw0007

108K 13K 213

လုက်ိဳးဟာ မေမ်ွာ္လင့္ဘဲ စနစ္တခုကိုပို္ငဆိုင္ကာ လူေတြအလည္မွာ ထင္ေပၚေက်ာ္ၾကားလာခဲ့တယ္ Περισσότερα

အခန်း ၁
အခန်း 2
အခန်း၃
အခန်း4
အခန်း 5
အခန်း၆
အခန်း ၇
အခန်း၈
အခန်း၉
အခန်း10
အခန်း၁၁
အခန်း၁၂
အခန်း၁၃
အခန်း၁၄
အခန်း15
အခန်း16
အခန်း17
အခန်း18
အခန်း19
အခန်း20
အခန်း21
အခန်း22
အခန်း23
အခန်း24
အခန်း25
အခန်း26
အခန်း27
အခန်း28
အခန်း29
အခန်း30
အခန်း31
အခန်း32
အခန်း33
အခန်း34
အခန်း35
အခန်း36
အခန်း37
အခန်း38
အခန်း39
အခန်း40
အခန်း41
အခန်း42
အခန်း43
အခန်း44
အခန်း45
အခန်း47
အခန်း48
အခန်း49
အခန်း50
အခန်း51
အခန်း52
အခန်း53
အခန်း54
အခန်း55
အခန်း56
အခန်း57
အခန်း58
အခန်း59
အခန်း60
အခန်း61
အခန်း62
အခန်း63
အခန်း64
အခန်း65
အခန်း66
အခန်း67
အခန်း68
အခန်း69
အခန်း70
အခန်း71
အခန္း72
အခန်း73
အခန်း74
အခန်း75
အခန်း76
အခန်း77
အခန်း78
အခန်း79
အခန်း80
အခန်း81
အခန်း82
အခန်း83
အခန်း84
အခန်း85
အခန်း86
အခန်း87
အခန်း88
အခန်း89
အခန်း90
အခန်း91
အခန်း92
အခန်း93
အခန်း94
အခန်း95
အခန်း96
အခန်း97
အခန်း98
အခန်း99
အခန်း100
အခန်း101
အခန်း102
အခန်း103
အခန်း104
အခန်း105
အခန်း106
အခန်း107
အခန်း108
အခန်း109
အခန်း110
အခန်း111
အခန်း112
အခန်း113
အခန်း114
အခန်း115
အခန်း116
အခန်း117
အခန်း118
အခန်း119
အခန်း120
အခန်း121
အခန်း122
အခန်း123
အခန်း 124
အခန်း125
အခန်း126
အခန်း127
အခန်း128
အခန်း129
အခန်း130
အခန်း၁၃၁
အခန်း132
အခန်း 133
အခန်း134
အခန်း135
အခန်း 136
အခန်း 137
အခန်း 138
အခန်း 139
အခန်း140
အခန်း141
အခန်း142
အခန်း143
အခန်း144
အခန်း 145
အခန်း146
အခန်း147
အခန်း 148
အခန်း149
အခန်း150
အခန်း151
အခန်း152
အခန်း 153
အခန်း154
အခန်း155
အခန်း156
အခန်း157
အခန်း158
အခန်း159
အခန်း160
အခန်း161
အခန်း 162
အခန်း163
အခန်း164
အခန်း 165
အခန်း 166
အခန်း 167
အခန်း 168
အခန်း 169
အခန်း170
အခန်း 171
အခန်း172
အခန်း173
အခန်း174
အခန်း175
အခန်း176
အခန်း177
အခန်း178
အခန်း179
အခန်း180
အခန်း181
အခန်း 182
အခန်း183
အခန်း 184
အခန်း185
အခန်း186
အခန်း187
အခန်း188
အခန်း 189
အခန်း 190
အခန်း191
အခန်း192
အခန်း 193
အခန်း194
အခန်း195
အခန်း196
အခန်း197
အခန်း 198
အခန်း199
အခန်း 200

အခန်း46

703 104 2
Από Saw0007

အံ့ဖွယ်စနစ်ပိုင်ရှင်

အပိုင်း ၄၆တစ္ညလုံး ပိုင်သွန်လေ့လာခြင်း

ညစာစားပြီးနောက် အမျိုးသမီးယန်၊လုကျိုးနဲ့ချန်းယွီရှန်းတို့က ကျောင်းကိုပြန်လာလိုက်ကြသည်။

မထွက်ခွာခင်မှာ ဟန်မန်ချီက နှုတ်ဆတ်စကားပြောသွားသေးသည်ပေ။
သူမရဲ့နွေရာသီအားလပ်ရက်က မနက်ဖန်စတင်ပြီဖြစ်သည်။

အမျိးသမီးယန်ပြောစကားအရဆိုရင် သူမက နွေရာသီပိတ်ရက်တွေအကုန် ရှန်ဟိုင်းတွင်သူမရဲ့အဖေနဲ့အတူ သွားနေမှာဖြစ်သည်။ ထိုအချိန်အတောအတွင်းတွင် ဂိုက်သင်ဖို့မလိုတာတော့ သေချာသည်။

နောက်တစ်ကြိမ် ဂိုက်ပြန်သင်ရမှာက စက်တင်ဘာဖြစ်သည်။
ချန်းယွီရှန်းနဲ့လုကျိုးတို့အဆောင်တွေဘက် ပြန်လာလိုက်ကြသည်။

ချန်းယွီရှန်းက လှည့်ကြည့်ကာ မေးသည်။

"ငါအဆောင်ပြန်ရောက်ရင် ဝေါဟာရတွေကျက်မှာ နင်ကရော"

လုကျိုးတခဏလောက် တွေးတောရင်း
"စာကြည့်တိုက်သွားမှာ"လို့ဆိုလိုက်သည်။

ချန်းယွီရှန်းက ဆိုသည်။
"မောင်ငယ်လေး နင် အခုမှပထမနှစ်ပဲရှိသေးတာနော် ငါနင့်ဆီကဖိအားတော်တော် ခံနေရတယ်"

လုကျိုးကပြုံးသည်
"ငါပဲအဆောင်မှာ ကျန်တော့တာမဟုတ်ဘူး .... အခြားတစ်ယောက်လည်းရှိသေးတယ် သူလည်းအတော်ကြိုးစားရှာတာ"

ချန်းယွီရှန်း ကောင်းကင်ကိုသာ မော့ကြည့်လိုက်သည်။

"ကျောင်းသားသစ်တွေအားလုံး ဒီလိုပဲလား"

သူတို့တွေလမ်းခွဲကာ အဆောင်တွေသို့ပြန်လိုက်ကြသည်။  လုကျိုး စာကြည့်တိုက်ကို အရင်ဆုံးသွားကာ ပစ္စည်းတွေသိမ်းသည်။ထို့နောက် အဆောက်အဦးအေသို့ သွားလိုက်သည်။ဘယ်သူမှ မရောက်သေးတာမြင်တော့ သူမီးဖွင့်လိုက်သည်။

သူထိုင်ဖို့ နေရာရှာပြီးနောက် ကျောပိုးအိတ်ကို စားပွဲပေါ်တင်လိုက်သည်။ နံရံပေါ်က နာရီကိုကြည့်လိုက်တော့ ၈နာရီထိုးနေတာကိုတွေ့ရသည်။

"ငါသာ အခုဆေးသောက်လိုက်မယ်ဆိုရင် နေ့လည်၁နာရီအထိ ခံမွာပဲ"

"ငါ့အတွေ့အကြုံအရ ငါးနာရီအပြည့် ခံနိုင်တယ်"

"ငါ၁၂နာရီလောက်မှာရပ်ပြီး ကန်တင်းသွားရမယ် ပြီးရင်တော့ ကွန်ပျူတာခန်းကိုသွားရမယ်။"
လုကျိုးဆေးကို ပါးစပ်ထဲပစ်ထည့်ပြီး ရေမော့ သောက်လိုက်သည်။

ချက်ချင်းပင် သူကိုယ်ပေါ် ပုရွက်ဆိတ်တေြတက္လာသလို ခံစားလိုက်ရသည်။ပုရွက်ဆိတ်တွေက ကျောကုန်းပေါ်ရောက်လာခဲ့ကာ မျက်ခုံးကြားထဲဝင်သည်။ထို့နောက်သူ့အမြင်အာရုံက ရှင်းလင်းကြည်လင်လာခဲ့သည်။

သူ စွမ်းအားတိုးလာသလို ခံစားလိုက်ရပါလား

နေပါဦး သူတကယ် စွမ်းအားတိုးသွားတာပဲလေ

လုကျိုး အချိန်တစက္ကန့်ပင်မဖြုန်းတော့ပေ။ သူချက်ချင်းပင်"ပိုင်သွန်ဘာသာရပ် မိတ်ဆက်ခြင်း သင်ခန်းစာ"စာအုပ်ကိုဖွင့်လိုက်တော့သည်။ထို့နောက် ပထမစာမျက်နှာကိုလှန်ကာ စဖတ်တော့၏။

ပျင်းရိတဲ့ပရိုဂရမ်မာတွေက အလုပ်စလုပ်တဲ့အခါ သူတို့ကမေးလိမ့်မယ်"ဘယ္ဘာသာရပ္က အကောင်းဆုံးလဲ"

အဲ့ဒိအခါ သူတို့က"စီပလပ်ပလပ်၊ဂျာဗာ၊ပိုင်သွန်..စသဖြင့် ရှင်းပြကြလိမ့်မယ်...နောက်ပြီးသူတို့လေ့လာတဲ့ဘာသာကသာ အကောင်းဆုံးဖြစ်ကြောင်း ရှင်းပြကြလိမ့်မယ်....

ထို့ကြောင့် ဘယ္ဘာသာက အကောင်းဆုံးဆိုပြီးပြောဖို့က ခက်ခဲပေသည်.အသုံးမ်ားဆုံးဘာသာက အကောင်းဆုံးလို့တော့ ဆိုနိုင်ပေသည်။
ပရိုဂရမ်မာကောင်းတစ်ယောက်က ဘာသာရပ်တစ်ခုထက်ပိုပြီး ဆရာက်က် တတ်မြောက်ဖို့လိုအပ်သည်။ဒါက ခြေမြန်တပ်သားတွေထက် ဗိုလ်ချုပ်တွေက ပိုသိတတ္ကာ အမိန့်ပေးနိုင်စွမ်းရှိတာနဲ့တူသည်။

မြင်းစီးတပ်တွေကိုတောင်မှ သူတို့အမိန့်ကိုနာခံရသည်ပေ။

တင့်ကားတွေ၊ အမြှောက်တွေနဲ့ လေယာဉ်ပျံတွေကိုတောင်မှ ဒေတာဘေစ့်ထဲသိမ်းဆည်းထားကြသည်။ လုကျိူးထိုဘက်ပိုင်းနယ်ပယ်ကိုတော့ မဆက်သွယ်နိုင်သေးပေ။

စကားအဖြစ်ပြောရရင် စီပလပ္ပလပ္ဆိုတာက ဆွစ်ဇာလန်စစ်တပ်နဲ့တူသည်။သူတို့ကပိုသန်မာကာ အရာအားလုံးလုပ်နိုင်ကြသည်။ သေးငယ်တဲ့လုပ်ငန်းတွေကို လူတိုင်းလုပ်နိုင်ပေမယ့် ပရောဂျက်ကြီးတွေဆိုရင်တော့ မလွယ်ကူနိုင်တော့ချေ။

ဥပမာ မင်းသာ ကားတစ်စီးဆောက်ချင်ရင် ဘီးကနေစရမယ်ဆိုသလိုပေါ့....

ကားကိုသာမြန်မြန်တည်ဆောက်ချင်တယ်ဆိုရင် ပိုင်သွန်က သံသယရွိစရာမလိုအောင်ကို အကောင်းဆုံးရွေးချယ်မှုဖြစ်သည်။ဒါကရိုးရှင်းသလို မြန်ဆန်သည်။ဒါကလောကရဲ့ဒေတာ မြင်းတပ်နဲ့တူသည်။ကုတ်က ဝါကျတည်ဆောက်ပုံတွေအရ ဖတ်ရှုဖို့လွယ်ကူပေသည်။အသုံးပြုသူရဲ့အကြံဉာဏ်ကို အချိန်တိုအတွင်း မှတ်သားထားပေးမှာဖြစ်သည်။

ဥပမာအနေနဲ့ ဝက်ဘ်ပေ့ချ်တစ်ခုကို တည်ဆောက်ချင်တယ်ဆိုရင် ပိုင်သွန်က စီပလပ်ပလပ်ထက် ပိုပြီးသင့်တော်သည်။

လုကျိုးက စီပလပ်ပလပ်ဘာသာအပေါ်ဆရာကျတဲ့အထိ ကျွမ်းကျင်နေခဲ့ပြီဖြစ်သည်။ထို့ကြောင့်ပိုင်သွန်ကို လေ့လာဖို့က ပိုလြယ္သြား၏။ သူ့အနေနဲ့အခြေခံကိုနားလည်ဖို့ အချိန်အနည်းငယ်သာ လိုအပ်လောက်ပေသည်။

ပိုင်သွန်ရဲ့ ပုံမှန်စမ်းသပ်ချက်တွေအရဆိုရင် မနက်ဖန်ဆိုရင် သူအားလုံး လေ့လာလို့ပြီးလောက်သည်။ သူအာရုံစိုက်ဆေးတွေကို မလိုအပ်ဘဲ နားလည်သဘောပေါက်လာလောက်ပေသည်။

နောက်ရက်တွင်တော့ လုကျိုးရဲ့ခေါင်းက စားပွဲပေါ်စိုက်နေခဲ့ပြီဖြစ်သည်။ သူ့မျက်လုံးတွေဖွင့်လိုက်တဲ့အခါ သူစိတ်ရှုပ်ထွေးသွားရပြီဖြစ်သည်။ သူ့မျက်နှာမှာ လက်ဝါးရာကြီးရှိနေပြီဖြစ်၏။

သူ့ဦးနှောက်က မှတ်သားရတာတွေများနေပြီမို့ ပေါက်ထွက်မတတ်ဖြစ်နေခဲ့ပြီဖြစ်သည်။ သူအိပ်ပျော်အောင်ပင်မလုပ်နိုင်တော့ချေ။

ဒီခံစားခ်က္က အရက်သောက်ထားတာထက်ပိုပြီး ခံစားရကောင်းသည်။အခြားနည်းနဲ့တွေးရင်တော့ သူ့ခေါင်းထဲမှာ ဗဟုသုတတွေနဲ့ပြည့်နေခဲ့ပြီဖြစ်သည်။ သူ့ကိုယ်သူ မသေမျိုးဖြစ်တော့မယ်လို့တောင် ခံစားနေရပြီဖြစ်သည်။

သက်ရောက်မှုက အတော်သိသာထင်ရှားသည်။အထူးသဖြင့် သူအိပ်တဲ့ပုံစံဖြစ်သည်။ သူ့ဖင်တဝက်တောင် လေထဲရောက်နေ၏။ သူ မတ်တပ်ရပ်လိုက်တဲ့အခါ သူ့ညာပေါင်က ထုံကျင်နေခဲ့သည်ပေ။

"စာသင်ခန်းထဲအိပ်ယာထည့်ထားပေးပါလားလို့ တောင်းဆိုရင်ကောင်မလား....ဖြစ်တော့မဖြစ်နိုင်ဘူးပေါ့...."

လုကျိုး က ခုံကိုကိုင်ပြီးခပ်ဖြေးဖြေးထသည်။ သူ့ခေါင်းပါ မူးနောက်မူးနောက်ဖြစ်နေပေပြီ။

[လုပ်ငန်းဖြစ်စဉ် ၁၁/၃၀]

သူက ပိုင်သွန်စာအုပ်တစ်အုပ်လုံးကို ဖတ်လို့ပြီးသွားပြီဖြစ်သည်။ သို့သော် ပညာရည်က မလုံလောက်သေးတာမို့လို့ သူက အခြေခံလောက်သာ သိသေးပေသည်။

ဘယ်နှနာရီတောင် ထိုးနေပြီလဲ မသိဘူး

လုကျိုး နံရံပေါ်ကနာရီကို ကြည့်လိုက်ရင်း အမူအယာပြောင်းသွားခဲ့သည်။

အိုး.....၂နာရီတောင်ထိုးတော့မှာပဲ ကန်တင်းပိတ်ပြီပေါ့

ငါကျောင်းပြင်ထွက်စားရရင်တော့ လမ်းမှာတင်သေမှာပဲ

သူ မျက်နှာအမူအယာပြောင်းကာ သက်ပြင်းချသည်။

ဟုတ္သားပဲ နေ့လည်စာအတွက် အသင့်စားခေါက်ဆွဲတွေ စားလို့ရသေးတာပဲလေ

သူမနေ့ကဈေးကြီးတဲ့စားစရာကိုစားခဲ့တော့ ဒီနေ့ အသင့်စားခေါက်ဆွဲလောက်နဲ့ ကျေန၆်သင့်ပေသည်။

လုကျိုးစူပါမားကတ်ကိုသွားကာ အသင့်စားခေါက်ဆွဲတွေဝယ်လိုက်သည်။ထို့နောက် အဆောက်အဦးထံ ပြန်ခဲ့၏။

အဆောက်အဦးတွင် ရေပူစက်ရှိသည်။ ကတ်ကိုသုံးလိုက်တာနဲ့ အလကားအသုံးပြုနိုင်ပေပြီ။ မကောင်းတဲ့အချက်ကတော့ ရေကျတဲ့နှုန်းက မြင့်ခြင်းသာဖြစ်သည်။ ဒါက လက်ကိုအပူလောင်မိမလိုတောင် ဖြစ်စေပေသည်။

ပထမထပ္က စာသင်ခန်းတစ်ခန်းကိုရှာပြီး ခေါက်ဆွဲထိုင်စားဖို့တွေးလိုက်သည်။ သူက ပထမတန်းမှာထိုင်ပြီး ခေါက်ဆွဲစစားသည်။

သူစားပြီးသွားတဲ့အခါ သူ့ဗိုက် နေလို့ထိုင်လို့ကောင်းသွားပြီဖြစ်သည်။

သူဘူးကိုလွှင့်ပစ်တော့မယ့်အချိန်မှာ သူ့ကျောဘက်မှ ချောင်းဆိုးသံထွက်လာခဲ့သည်ပေ....

ဘာလဲ

အခန်းထဲမှာ အခြားတစ်ယောက်ရှိနေတာလား...

လုကျိုး အမူအယာက ကို့ယို့ကားယားဖြစ်သွားသည်။သူ့ထပ်စောပြီးရောက်နေတဲ့သူကိုတောင် သူ သတိမထားမိခဲ့ပါလား....

သူ နောက်လှည့်ပြီးကြည့်လိုက်သည်။

တိုက်ဆိုင်လိုက်တာ

ဝမ်ရှောင်တုံးပဲ

သူလျှောက်သွားပြီးပြောလိုက်သည်။
"မင်းလည်း အိမ္မျပန္ဘူးလား..."

ဝမ်ရှောင်တုံးကဘာမှပြန်မပြောပေမယ့် ဟုတ်တယ်ဆိုတဲ့အမူအယာပြသည်။

ထိုသို့ဖြင့် စကားပြောခန်းက ရပ်သွားသည်။

လုကျိုးကသူမထွက်သွားခင်မှာနှုတ်ဆတ်သွားချင်ပေသည်။သူထွက်သွားတော့မယ့်အချိန်မှာ သူခုနကဖတ္ထားတဲ့စာအုပ္ကို ဝမ်ရှောင်တုန်းမြင်သွားသည်။

ဝမ်ရှောင်တုံးရဲ့မျက်ခုံးတွေ ပင့်တက်သွားရင်းမေးလိုက်သည်။

"မင်း ပရိုဂရမ်စာအုပ်တွေ ဖတ်နေတာလား"

ဘာလဲဟ

ဒီကောင်က ဝေ့ပေါ်တွေ ဝီချက်တွေမသုံးဘူးလား

သူ ထိုပါရမီရှင်ကို ကြည့်လိုက်သည်။

သူကတစ်လထဲနဲ့စာတမ်းကိုးခုတောင်ရေးနိုင်ခဲ့တာဆိုတော့ အခုလိုမျိုးပရိုဂရမ်ဘက်ပြောင်းလိုက်လဲ အ့ံသြစရာမရှိဘူးမလား....

လုကျိုးကို့ယို့ကားယားဖြစ်သွားပေမယ့် ပုံမှန်မဟုတ်ဖူးလို့တော့ မခံစားရေပ။

"အာ ငါနည်းနည်းစိတ်ဝင်စားနေလို့လေ အဲ့ဒါကြောင့်တစ်ချက်ကြည့်နေတာ"

"ပိုင်သွန်ဘာသာမဟုတ်လား.... အဲ့ဒါအရမ်းကောင်းတဲ့ဘာသာရပ်ပဲ အခုမှစသင်မယ့်သူတွေနဲ့သင့်တော်တယ်။မင်းကပထမနှစ်ဆိုတော့ စီပလပ်ပလပ်ကိုရထားပြီမဟုတ်လား...မင်းသာဒီ့ထက်ပိုပြီးသိချင်ရင်ပိုင်သွန်ကအကောင်းဆုံးပဲ။မင်းမှာစာအုပ်စာရင်းရောရှိပြီလား...စာကြည့်မယ့်အချိန်ဇယားရောရှိပြီလား..."ဝမ်ရှောင်တုံးကမေးသည်။

သူက ဒီအကြောင်းအရာကို ကျွမ်းကျင်လို့လားတော့မသိ အတော်စကားများလာသည်။
"အိုး ငါဒီအတိုင်းကြည့်ရုံပဲရှိသေးတာ အစီအစဉ်မဆွဲရသေးဘူး"

ဒီကောင် စိတ်အားထက်သန်နေရင် တော်တော် ကိုင်တွယ်ရခက်တာပဲ

"မဟုတ္ဘူး ပရိုဂရမ္ပညာက နယ်ပယ်ကျွမ်းကျင်တဲ့သူတွေအတွက်ပဲ နားလည်ဖို့လွယ်တာ။ မင်းစနစ်တကျ လေ့လာမှရမှာ။ငါမင်းကို စာအုပ်စာရင်း ရေးပေးလိုက်မယ် မင်းစိတ်၀င်စားရင် စာကြည့်တိုက်မှာ သွားရှာပေါ့"

လုကျိုးပင် ဘာမှမပြောရသေး ၀မ်ရှောင်တုံးက စာရွက်ပေါ်  စာအုပ်စာရင်းတွေ ချရေးပေးလာသည်။

စာအုပ်စာရင်းကိုလည်းမြင်ရော ဒီကောင် လင်းယွီရှန်းနဲ့လည်း ဒီလိုပဲလားလို့တွေးမိရသည်။

"မင်းနားမလည်တာရှိရင် ငါ့ကိုမေးလို့ရတယ်"

"ကောင်းပြီ"

သူတို့ တခဏလောက်စကားပြောပြီးနောက် လုကျိုး ပစ္စည်းတွေသယ်ကာ ထွက်လာလိုက်သည်။

အံ့ဖြယ္စနစ္ပိုင္႐ွင္

အပိုင္း ၄၆တစ္ညလုံး ပိုင္သြန္ေလ့လာျခင္း

ညစာစားၿပီးေနာက္ အမ်ိဳးသမီးယန္၊လုက်ိဳးနဲ႔ခ်န္းယြီရွန္းတို့က ေက်ာင္းကိုျပန္လာလိုက္ၾကသည္။

မထြက္ခြာခင္မွာ ဟန္မန္ခ်ီက ႏွုတ္ဆတ္စကားေျပာသြားေသးသည္ေပ။
သူမရဲ့ေႏြရာသီအားလပ္ရက္က မနက္ဖန္စတင္ၿပီျဖစ္သည္။

အမ်ိးသမီးယန္ေျပာစကားအရဆိုရင္ သူမက ေႏြရာသီပိတ္ရက္ေတြအကုန္ ရွန္ဟိုင္းတြင္သူမရဲ့အေဖနဲ႔အတူ သြားေနမွာျဖစ္သည္။ ထိုအခ်ိန္အေတာအတြင္းတြင္ ဂိုက္သင္ဖို့မလိုတာေတာ့ ေသခ်ာသည္။

ေနာက္တစ္ႀကိမ္ ဂိုက္ျပန္သင္ရမွာက စက္တင္ဘာျဖစ္သည္။
ခ်န္းယြီရွန္းနဲ႔လုက်ိဳးတို့အေဆာင္ေတြဘက္ ျပန္လာလိုက္ၾကသည္။

ခ်န္းယြီရွန္းက လွည့္ၾကည့္ကာ ေမးသည္။

"ငါအေဆာင္ျပန္ေရာက္ရင္ ေဝါဟာရေတြက်က္မွာ နင္ကေရာ"

လုက်ိဳးတခဏေလာက္ ေတြးေတာရင္း
"စာၾကည့္တိုက္သြားမွာ"လို့ဆိုလိုက္သည္။

ခ်န္းယြီရွန္းက ဆိုသည္။
"ေမာင္ငယ္ေလး နင္ အခုမွပထမႏွစ္ပဲရွိေသးတာေနာ္ ငါနင့္ဆီကဖိအားေတာ္​ေတာ္ ခံေနရတယ္"

လုက်ိဳးကျပဳံးသည္
"ငါပဲအေဆာင္မွာ က်န္ေတာ့တာမဟုတ္ဘူး .... အျခားတစ္ေယာက္လည္းရွိေသးတယ္ သူလည္းအေတာ္ႀကိဳးစားရွာတာ"

ခ်န္းယြီရွန္း ေကာင္းကင္ကိုသာ ေမာ့ၾကည့္လိုက္သည္။

"ေက်ာင္းသားသစ္ေတြအားလုံး ဒီလိုပဲလား"

သူတို့ေတြလမ္းခြဲကာ အေဆာင္ေတြသို့ျပန္လိုက္ၾကသည္။  လုက်ိဳး စာၾကည့္တိုက္ကို အရင္ဆုံးသြားကာ ပစၥည္းေတြသိမ္းသည္။ထို့ေနာက္ အေဆာက္အဦးေအသို့ သြားလိုက္သည္။ဘယ္သူမွ မေရာက္ေသးတာျမင္ေတာ့ သူမီးဖြင့္လိုက္သည္။

သူထိုင္ဖို့ ေနရာရွာၿပီးေနာက္ ေက်ာပိုးအိတ္ကို စားပြဲေပၚတင္လိုက္သည္။ နံရံေပၚက နာရီကိုၾကည့္လိုက္ေတာ့ ၈နာရီထိုးေနတာကိုေတြ႕ရသည္။

"ငါသာ အခုေဆးေသာက္လိုက္မယ္ဆိုရင္ ေန႔လည္၁နာရီအထိ ခံမွာပဲ"

"ငါ့အေတြ႕အၾကဳံအရ ငါးနာရီအျပည့္ ခံနိုင္တယ္"

"ငါ၁၂နာရီေလာက္မွာရပ္ၿပီး ကန္တင္းသြားရမယ္ ၿပီးရင္ေတာ့ ကြန္ပ်ဴတာခန္းကိုသြားရမယ္။"
လုက်ိဳးေဆးကို ပါးစပ္ထဲပစ္ထည့္ၿပီး ေရေမာ့ ေသာက္လိုက္သည္။

ခ်က္ခ်င္းပင္ သူကိုယ္ေပၚ ပုရြက္ဆိတ္ေတ​ြတက္လာသလို ခံစားလိုက္ရသည္။ပုရြက္ဆိတ္ေတြက ေက်ာကုန္းေပၚေရာက္လာခဲ့ကာ မ်က္ခုံးၾကားထဲဝင္သည္။ထို့ေနာက္သူ႔အျမင္အာ႐ုံက ရွင္းလင္းၾကည္လင္လာခဲ့သည္။

သူ စြမ္းအားတိုးလာသလို ခံစားလိုက္ရပါလား

ေနပါဦး သူတကယ္ စြမ္းအားတိုးသြားတာပဲေလ

လုက်ိဳး အခ်ိန္တစကၠန္႔ပင္မျဖဳန္းေတာ့ေပ။ သူခ်က္ခ်င္းပင္"ပိုင္သြန္ဘာသာရပ္ မိတ္ဆက္ျခင္း သင္ခန္းစာ"စာအုပ္ကိုဖြင့္လိုက္ေတာ့သည္။ထို့ေနာက္ ပထမစာမ်က္ႏွာကိုလွန္ကာ စဖတ္ေတာ့၏။

ပ်င္းရိတဲ့ပရိုဂရမ္မာေတြက အလုပ္စလုပ္တဲ့အခါ သူတို့ကေမးလိမ့္မယ္"ဘယ္ဘာသာရပ္က အေကာင္းဆုံးလဲ"

အဲ့ဒိအခါ သူတို့က"စီပလပ္ပလပ္၊ဂ်ာဗာ၊ပိုင္သြန္..စသျဖင့္ ရွင္းျပၾကလိမ့္မယ္...ေနာက္ၿပီးသူတို့ေလ့လာတဲ့ဘာသာကသာ အေကာင္းဆုံးျဖစ္ေၾကာင္း ရွင္းျပၾကလိမ့္မယ္....

ထို့ေၾကာင့္ ဘယ္ဘာသာက အေကာင္းဆုံးဆိုၿပီးေျပာဖို့က ခက္ခဲေပသည္.အသုံးမ်ားဆုံးဘာသာက အေကာင္းဆုံးလို့ေတာ့ ဆိုနိုင္ေပသည္။
ပရိုဂရမ္မာေကာင္းတစ္ေယာက္က ဘာသာရပ္တစ္ခုထက္ပိုၿပီး ဆရာက်က် တတ္ေျမာက္ဖို့လိုအပ္သည္။ဒါက ေျချမန္တပ္သားေတြထက္ ဗိုလ္ခ်ဳပ္ေတြက ပိုသိတတ္ကာ အမိန္႔ေပးနိုင္စြမ္းရွိတာနဲ႔တူသည္။

ျမင္းစီးတပ္ေတြကိုေတာင္မွ သူတို့အမိန္႔ကိုနာခံရသည္ေပ။

တင့္ကားေတြ၊ အေျမႇာက္ေတြနဲ႔ ေလယာဥ္ပ်ံေတြကိုေတာင္မွ ေဒတာေဘစ့္ထဲသိမ္းဆည္းထားၾကသည္။ လုက်ိဴးထိုဘက္ပိုင္းနယ္ပယ္ကိုေတာ့ မဆက္သြယ္နိုင္ေသးေပ။

စကားအျဖစ္ေျပာရရင္ စီပလပ္ပလပ္ဆိုတာက ဆြစ္ဇာလန္စစ္တပ္နဲ႔တူသည္။သူတို့ကပိုသန္မာကာ အရာအားလုံးလုပ္နိုင္ၾကသည္။ ေသးငယ္တဲ့လုပ္ငန္းေတြကို လူတိုင္းလုပ္နိုင္ေပမယ့္ ပေရာဂ်က္ႀကီးေတြဆိုရင္ေတာ့ မလြယ္ကူနိုင္ေတာ့ေခ်။

ဥပမာ မင္းသာ ကားတစ္စီးေဆာက္ခ်င္ရင္ ဘီးကေနစရမယ္ဆိုသလိုေပါ့....

ကားကိုသာျမန္ျမန္တည္ေဆာက္ခ်င္တယ္ဆိုရင္ ပိုင္သြန္က သံသယရွိစရာမလို​ေအာင္ကို အေကာင္းဆုံးေရြးခ်ယ္မွုျဖစ္သည္။ဒါကရိုးရွင္းသလို ျမန္ဆန္သည္။ဒါကေလာကရဲ့ေဒတာ ျမင္းတပ္နဲ႔တူသည္။ကုတ္က ဝါက်တည္ေဆာက္ပုံေတြအရ ဖတ္ရွုဖို့လြယ္ကူေပသည္။အသုံးျပဳသူရဲ့အႀကံဥာဏ္ကို အခ်ိန္တိုအတြင္း မွတ္သားထားေပးမွာျဖစ္သည္။

ဥပမာအေနနဲ႔ ဝက္ဘ္ေပ့ခ်္တစ္ခုကို တည္ေဆာက္ခ်င္တယ္ဆိုရင္ ပိုင္သြန္က စီပလပ္ပလပ္ထက္ ပိုၿပီးသင့္ေတာ္သည္။

လုက်ိဳးက စီပလပ္ပလပ္ဘာသာအေပၚဆရာက်တဲ့အထိ ကၽြမ္းက်င္ေနခဲ့ၿပီျဖစ္သည္။ထို့ေၾကာင့္ပိုင္သြန္ကို ေလ့လာဖို့က ပိုလြယ္သြား၏။ သူ႔အေနနဲ႔အေျခခံကိုနားလည္ဖို့ အခ်ိန္အနည္းငယ္သာ လိုအပ္ေလာက္ေပသည္။

ပိုင္သြန္ရဲ့ ပုံမွန္စမ္းသပ္ခ်က္ေတြအရဆိုရင္ မနက္ဖန္ဆိုရင္ သူအားလုံး ေလ့လာလို့ၿပီးေလာက္သည္။ သူအာ႐ုံစိုက္ေဆးေတြကို မလိုအပ္ဘဲ နားလည္သေဘာေပါက္လာေလာက္ေပသည္။

ေနာက္ရက္တြင္ေတာ့ လုက်ိဳးရဲ့ေခါင္းက စားပြဲေပၚစိုက္ေနခဲ့ၿပီျဖစ္သည္။ သူ႔မ်က္လုံးေတြဖြင့္လိုက္တဲ့အခါ သူစိတ္ရွုပ္ေထြးသြားရၿပီျဖစ္သည္။ သူ႔မ်က္ႏွာမွာ လက္ဝါးရာႀကီးရွိေနၿပီျဖစ္၏။

သူ႔ဦးေႏွာက္က မွတ္သားရတာေတြမ်ားေနၿပီမို့ ေပါက္ထြက္မတတ္ျဖစ္ေနခဲ့ၿပီျဖစ္သည္။ သူအိပ္ေပ်ာ္ေအာင္ပင္မလုပ္နိုင္ေတာ့ေခ်။

ဒီခံစားခ်က္က အရက္ေသာက္ထားတာထက္ပိုၿပီး ခံစားရေကာင္းသည္။အျခားနည္းနဲ႔ေတြးရင္ေတာ့ သူ႔ေခါင္းထဲမွာ ဗဟုသုတေတြနဲ႔ျပည့္ေနခဲ့ၿပီျဖစ္သည္။ သူ႔ကိုယ္သူ မေသမ်ိဳးျဖစ္ေတာ့မယ္လို့ေတာင္ ခံစားေနရၿပီျဖစ္သည္။

သက္ေရာက္မွုက အေတာ္သိသာထင္ရွားသည္။အထူးသျဖင့္ သူအိပ္တဲ့ပုံစံျဖစ္သည္။ သူ႔ဖင္တဝက္ေတာင္ ေလထဲေရာက္ေန၏။ သူ မတ္တပ္ရပ္လိုက္တဲ့အခါ သူ႔ညာေပါင္က ထုံက်င္ေနခဲ့သည္ေပ။

"စာသင္ခန္းထဲအိပ္ယာထည့္ထားေပးပါလားလို့ ေတာင္းဆိုရင္ေကာင္မလား....ျဖစ္ေတာ့မျဖစ္နိုင္ဘူးေပါ့...."

လုက်ိဳး က ခုံကိုကိုင္ၿပီးခပ္ေျဖးေျဖးထသည္။ သူ႔ေခါင္းပါ မူးေနာက္မူးေနာက္ျဖစ္ေနေပၿပီ။

[လုပ္ငန္းျဖစ္စဥ္ ၁၁/၃၀]

သူက ပိုင္သြန္စာအုပ္တစ္အုပ္လုံးကို ဖတ္လို့ၿပီးသြားၿပီျဖစ္သည္။ သို့ေသာ္ ပညာရည္က မလုံေလာက္ေသးတာမို့လို့ သူက အေျခခံေလာက္သာ သိေသးေပသည္။

ဘယ္ႏွနာရီေတာင္ ထိုးေနၿပီလဲ မသိဘူး

လုက်ိဳး နံရံေပၚကနာရီကို ၾကည့္လိုက္ရင္း အမူအယာေျပာင္းသြားခဲ့သည္။

အိုး.....၂နာရီေတာင္ထိုးေတာ့မွာပဲ ကန္တင္းပိတ္ၿပီေပါ့

ငါေက်ာင္းျပင္ထြက္စားရရင္ေတာ့ လမ္းမွာတင္ေသမွာပဲ

သူ မ်က္ႏွာအမူအယာေျပာင္းကာ သက္ျပင္းခ်သည္။

ဟုတ္သားပဲ ေန႔လည္စာအတြက္ အသင့္စားေခါက္ဆြဲေတြ စားလို့ရေသးတာပဲေလ

သူမ​ေန႔ကေစ်းႀကီးတဲ့စားစရာကိုစားခဲ့ေတာ့ ဒီေန႔ အသင့္စားေခါက္ဆြဲေလာက္နဲ႔ ေက်န၆္သင့္ေပသည္။

လုက်ိဳးစူပါမားကတ္ကိုသြားကာ အသင့္စားေခါက္ဆြဲေတြဝယ္လိုက္သည္။ထို့ေနာက္ အေဆာက္အဦးထံ ျပန္ခဲ့၏။

အေဆာက္အဦးတြင္ ေရပူစက္ရွိသည္။ ကတ္ကိုသုံးလိုက္တာနဲ႔ အလကားအသုံးျပဳနိုင္ေပၿပီ။ မေကာင္းတဲ့အခ်က္ကေတာ့ ေရက်တဲ့ႏွုန္းက ျမင့္ျခင္းသာျဖစ္သည္။ ဒါက လက္ကိုအပူေလာင္မိမ​လိုေတာင္ ျဖစ္ေစေပသည္။

ပထမထပ္က စာသင္ခန္းတစ္ခန္းကိုရွာၿပီး ေခါက္ဆြဲထိုင္စားဖို့ေတြးလိုက္သည္။ သူက ပထမတန္းမွာထိုင္ၿပီး ေခါက္ဆြဲစစားသည္။

သူစားၿပီးသြားတဲ့အခါ သူ႔ဗိုက္ ေနလို့ထိုင္လို့ေကာင္းသြားၿပီျဖစ္သည္။

သူဘူးကိုလႊင့္ပစ္ေတာ့မယ့္အခ်ိန္မွာ သူ႔ေက်ာဘက္မွ ေခ်ာင္းဆိုးသံထြက္လာခဲ့သည္ေပ....

ဘာလဲ

အခန္းထဲမွာ အျခားတစ္ေယာက္ရွိေနတာလား...

လုက်ိဳး အမူအယာက ကို့ယို့ကားယားျဖစ္သြားသည္။သူ႔ထပ္ေစာၿပီးေရာက္ေနတဲ့သူကိုေတာင္ သူ သတိမထားမိခဲ့ပါလား....

သူ ေနာက္လွည့္ၿပီးၾကည့္လိုက္သည္။

တိုက္ဆိုင္လိုက္တာ

ဝမ္ေရွာင္တုံးပဲ

သူေလၽွာက္သြားၿပီးေျပာလိုက္သည္။
"မင္းလည္း အိမ္မျပန္ဘူးလား..."

ဝမ္ေရွာင္တုံးကဘာမွျပန္မေျပာေပမယ့္ ဟုတ္တယ္ဆိုတဲ့အမူအယာျပသည္။

ထိုသို့ျဖင့္ စကားေျပာခန္းက ရပ္သြားသည္။

လုက်ိဳးကသူမထြက္သြားခင္မွာႏွုတ္ဆတ္သြားခ်င္ေပသည္။သူထြက္သြားေတာ့မယ့္အခ်ိန္မွာ သူခုနကဖတ္ထားတဲ့စာအုပ္ကို ဝမ္ေရွာင္တုန္းျမင္သြားသည္။

ဝမ္ေရွာင္တုံးရဲ့မ်က္ခုံးေတြ ပင့္တက္သြားရင္းေမးလိုက္သည္။

"မင္း ပရိုဂရမ္စာအုပ္ေတြ ဖတ္ေနတာလား"

ဘာလဲဟ

ဒီေကာင္က ေဝ့ေပၚေတြ ဝီခ်က္ေတြမသုံးဘူးလား

သူ ထိုပါရမီရွင္ကို ၾကည့္လိုက္သည္။

သူကတစ္လထဲနဲ႔စာတမ္းကိုးခုေတာင္ေရးနိုင္ခဲ့တာဆိုေတာ့ အခုလိုမ်ိဳးပရိုဂရမ္ဘက္ေျပာင္းလိုက္လဲ အ့ံၾသစရာမရွိဘူးမလား....

လုက်ိဳးကို့ယို့ကားယားျဖစ္သြားေပမယ့္ ပုံမွန္မဟုတ္ဖူးလို့ေတာ့ မခံစားရေပ။

"အာ ငါနည္းနည္းစိတ္ဝင္စားေနလို့ေလ အဲ့ဒါေၾကာင့္တစ္ခ်က္ၾကည့္ေနတာ"

"ပိုင္သြန္ဘာသာမဟုတ္လား.... အဲ့ဒါအရမ္းေကာင္းတဲ့ဘာသာရပ္ပဲ အခုမွစသင္မယ့္သူေတြနဲ႔သင့္ေတာ္တယ္။မင္းကပထမႏွစ္ဆိုေတာ့ စီပလပ္ပလပ္ကိုရထားၿပီမဟုတ္လား...မင္းသာဒီ့ထက္ပိုၿပီးသိခ်င္ရင္ပိုင္သြန္ကအေကာင္းဆုံးပဲ။မင္းမွာစာအုပ္စာရင္းေရာရွိၿပီလား...စာၾကည့္မယ့္အခ်ိန္ဇယားေရာရွိၿပီလား..."ဝမ္ေရွာင္တုံးကေမးသည္။

သူက ဒီအေၾကာင္းအရာကို ကၽြမ္းက်င္လို့လားေတာ့မသိ အေတာ္စကားမ်ားလာသည္။
"အိုး ငါဒီအတိုင္းၾကည့္႐ုံပဲရွိေသးတာ အစီအစဥ္မဆြဲရေသးဘူး"

ဒီေကာင္ စိတ္အားထက္သန္ေနရင္ ေတာ္ေတာ္ ကိုင္တြယ္ရခက္တာပဲ

"မဟုတ္ဘူး ပရိုဂရမ္ပညာက နယ္ပယ္ကၽြမ္းက်င္တဲ့သူေတြအတြက္ပဲ နားလည္ဖို့လြယ္တာ။ မင္းစနစ္တက် ေလ့လာမွရမွာ။ငါမင္းကို စာအုပ္စာရင္း ေရးေပးလိုက္မယ္ မင္းစိတ္၀င္စားရင္ စာၾကည့္တိုက္မွာ သြားရွာေပါ့"

လုက်ိဳးပင္ ဘာမွမေျပာရေသး ၀မ္ေရွာင္တုံးက စာရြက္ေပၚ  စာအုပ္စာရင္းေတြ ခ်ေရးေပးလာသည္။

စာအုပ္စာရင္းကိုလည္းျမင္ေရာ ဒီေကာင္ လင္းယြီရွန္းနဲ႔လည္း ဒီလိုပဲလားလို့ေတြးမိရသည္။

"မင္းနားမလည္တာရွိရင္ ငါ့ကိုေမးလို့ရတယ္"

"ေကာင္းၿပီ"

သူတို့ တခဏေလာက္စကားေျပာၿပီးေနာက္ လုက်ိဳး ပစၥည္းေတြသယ္ကာ ထြက္လာလိုက္သည္။

Συνέχεια Ανάγνωσης

Θα σας αρέσει επίσης

1.2M 214K 92
ဗိုလ္ခ်ဳပ္ႀကီးရဲ့ ဗန္ပိုင္းယားအိုမီဂါ The General's Vampire Omega Title - 上将的omega吸血鬼 Author - Little Baldy (秃子小贰) Translation Status - Completed ...
{ ချည် } Από 🍁🍁🍁

Επιστημονικής φαντασίας

627K 36.3K 55
ဇာတ်လမ်းလေးကို ရိုးရိုးရှင်းရှင်းလေးပဲရေးထားတာပါ။ စိတ်ကူးထဲကအတိုင်းရေးထားတာမို့ အပြင်မှာ လက်တွေ့မဆန်တဲ့အရာတွေလည်း ပါကောင်းပါနိုင်ပါတယ်။ ကောင်လေးနှစ်ယ...
39.1K 5.7K 6
Novel name နဲ့ information အပြည့်အစုံကို အထဲမှာ ရေးသားပေးထားပါတယ်။ ချစ်ဖို့ကောင်းတဲ့short storyလေးပါ♡˖꒰ᵕ༚ᵕ⑅꒱ This is just a fun translation. I do not...
1.1K 80 17
Takemichi hijo de la diosa de la belleza y el dios del tiempo. Este solo conoce la mansión en donde a pasado sus corto tiempo de vida, debido a que s...