ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်...

De Boss_want_to_eat_you

118K 24.6K 518

Arc(9)-Arc(14)+Real World+Extra အာဏာရှင်ကုန်းvsနတ်ဘုရားရှို့ Mai multe

Description
[၁၈၆] Arc|9| မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၈၇] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၈၈] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၈၉] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၀] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၁] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၂] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၃] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၄] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၅] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၆] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၇] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၈] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၁၉၉] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၀] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၁] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၂] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၃] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၄] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၅] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၆] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၇] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၈] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၀၉] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၀] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၁] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၂] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၃] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၄] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၅] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၆] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၇] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၈] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၁၉] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၂၀] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၂၁] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၂၂] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။
[၂၂၃] Arc|10| ရှုံးနိမ့်သွားသောမာရှယ်။
[၂၂၄] ရှုံးနိမ့်သွားသောမာရှယ်။
[၂၂၅] ရှုံးနိမ့်သွားသောမာရှယ်။
[၂၂၆] ရှုံးနိမ့်သွားသောမာရှယ်။
[၂၂၇] ရှုံးနိမ့်သွားသောမာရှယ်။
[၂၂၈] ရှုံးနိမ့်သွားသောမာရှယ်။
[၂၂၉] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၀] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၁] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၃] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၄] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၅] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၆] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၇] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၈] ရှုံးနိမ့်သွားသောမာရှယ်။
[၂၃၉] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၀] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၁] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၂] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၃] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၄] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၅] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၆] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၇] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၈] ရှုံးနိမ့်သွားသောမာရှယ်။
[၂၄၉] Arc|11| ရှစ်တိကနဂါးတစ်ကောင်ပဲ။
[၂၅၀] ရှစ်တိကနဂါးတစ်ကောင်ပဲ။
[၂၅၁] ရှစ်တိကနဂါးတစ်ကောင်ပဲ။
[၂၅၂] ရှစ်တိကနဂါးတစ်ကောင်ပဲ။
[၂၅၃] ရှစ်တိကနဂါးတစ်ကောင်ပဲ။
[၂၅၄] ရှစ်တိကနဂါးတစ်ကောင်ပဲ။
[၂၅၅] ရှစ်တိကနဂါးတစ်ကောင်ပဲ။
[၂၅၆] ရှစ်တိကနဂါးတစ်ကောင်ပဲ။
[၂၅၇] ရှစ်တိကနဂါးတစ်ကောင်ပဲ။
[၂၅၈] ရှစ်တိကနဂါးတစ်ကောင်ပဲ။

[၂၃၂] ရှုံးနိမ့်သွားသောမာရှယ်။

1.4K 323 4
De Boss_want_to_eat_you

Arc(10) ရှုံးနိမ့်သွားသောမာရှယ်(၁၀)။

သီအန်းမှာဝမ်းဟောင်ယွိ၏ဇဝေဇဝါအကြည့်ကိုမြင်တော့မနေနိုင်ဘဲကရုဏာသက်မမိသွားသည်။
"ဘာလို့ငါ့ထက်တုံးတဲ့လူရှိနေရတာပါလိမ့်မယ်? အနာဂတ်မှာသတိမရှိရင်ဒီနက်ရှိုင်းတဲ့နန်းတော်ကြီးထဲမှာမင်းမာရှယ်ကိုဘယ်လိုလုပ်ကူတိုက်ခိုက်ပေးနိုင်မှာလဲ။"

ဝမ်းဟောင်ယွိ: "?" ဘာအတွက်တိုက်ခိုက်ရမှာလဲ။

သီအန်းကဒါကိုမြင်တော့သက်ပြင်းချလိုက်မိပြီးကိတ်မုန့်နောက်တစ်ကိုက်ကိုက်ကာစားနေရင်းပြောလိုက်သည်။
"ကြည့်လေ၊ ငါတို့တွေမင်းတို့ကိုအနိုင်ရခဲ့တော့ မင်းတို့ကမာရှယ်ကိုဆက်သတယ်။ ငါတို့ပုရွက်ဆိတ်မျိုးနွယ်ကိုအနိုင်ရခဲ့တော့ပုရွက်ဆိတ်မျိုးနွယ်ကသူတို့မျိုးနွယ်ထဲကအလှဆုံးကောင်လေးကိုဆက်သတယ်။ ဒီလိုသာဆက်သွားနေရင် ငါတို့တိုက်ပွဲများများနိုင်လေလေ အရှင့်အနားမှာကောင်ချောလေးတွေပိုများလာလေလေမဟုတ်ဘူးလား။"

ဝမ်းဟောင်ယွိ: "??" ငါတို့မာရှယ်ကိုယဇ်ကောင်အနေနဲ့ဆက်သတယ်လို့ဘယ်သူပြောတုန်း?

"ဒီတော့ငါတို့ရှိနေတဲ့ညီအစ်ကိုတွေကပူးပေါင်းပြီးတော့ နန်းတော်ထဲမှာကောင်ချောလေးတွေများလာတာကိုကာကွယ်ရမယ်။ မဟုတ်ရင်ဟောတစ်ယောက်ဟောတစ်ယောက်ရောက်လာမှာ။ ဒီလိုဆက်သွားနေရင်နန်းတော်မှာအခန်းမလောက်လောက်တော့ဘူး။"
သီအန်းကစိတ်ပူတကြီးဆိုသည်။

ဝမ်းဟောင်ယွိ: "......." အဲ့ဒါမမှန်ဘူးမလား။ မင်းတို့အရှင်ရဲ့ခန္ဓာကိုယ်ပိန်ပိန်​လေး...မဟုတ်သေးပါဘူး၊ ဒါကသူတို့မာရှယ်နဲ့ဘာဆိုင်လို့တုန်း?

"မင်းအချိန်ရရင်မင်းတို့မာရှယ်ကိုအကြံသွားပေးလိုက်အုံး။"
သီအန်းကအကြုံပြုလာပြန်သည်။
"ငါ့အထက်သူ့ကြည့်ရတာနည်းနည်းတင်းကြပ်နေပြီးတော့သူ့ရဲ့မာနကိုမလွှတ်ချနိုင်သေးတဲ့ပုံပဲ။ ဒါမကောင်းဘူးနော်။ အရှင်ကသူ့ကိုစိတ်ဝင်စားနေသေးလို့အဆင်ပြေနေတာ။"

"ငါတို့ကမျက်နှာသာရဖို့အတွက်ယှဥ်ပြိုင်တာမျိုးမလုပ်ရင်အခြားဇာ့ဂျ်တွေကအရင်လုပ်သွားလိမ့်မယ်။ ငါတို့ဘဝင်လေဟပ်နေရင်နောက်ကျနောင်တရလိမ့်မယ်၊ ဒါပေမဲ့အဲ့အခါကျတော့တအားနောက်ကျသွားပြီ။"

"အင်း၊ မင်းတို့တကယ်တုံးအမှန်းငါသိလိုက်လို့ ရည်ရွယ်ချက်ကောင်းနဲ့မဟာဖိတ်လာဖွဲ့တာနော်။ ငါ့လိုမျိုးစိတ်ထားကောင်းတဲ့ဇာ့ဂျ်ကသိပ်ရှိတာမဟုတ်ဘူး။ ပြီးတော့မင်းတို့လူသားတွေမှာ'အချိန်ရောက်လာရင်လက်လွှတ်ရမယ်'ဆိုတဲ့အဆိုရှိတဲ့မဟုတ်ဘူးလား။ ဘာပဲဖြစ်ဖြစ်မင်းတို့ထွက်ပြေးလို့မှမရတာကို အရှင့်ကိုကောင်းကောင်းခံစားရမယ်မလား။"

ဝမ်းဟောင်ယွိဇဝေဇဝါဖြစ်သွားရကာသူ့ပါးစပ်ထဲကိတ်မုန့်နောက်တစ်တုံးထိုးထည့်ပြီးအကြံပေးလိုက်သည်။
"မြန်မြန်စား။" စကားမပြောနဲ့တော့။

မင်းဘာတွေပြောနေတာတုန်း? သူတို့မာရှယ်ကဘယ်လိုလုပ်ပြီးဇာ့ဂျ်ဘုရင်ကိုကြိုက်မှာတုန်း?

မျက်နှာသာရဖို့အတွက်ယှဥ်ပြိုင်ရအုံးမယ်? ဘုရင်အိုကြီးသေသွားရင်ဒီကိစ္စဖြစ်လာမှာမဟုတ်ဘူး။

သီအန်းမှာသူသူ့ပြောစကားကိုနားမထောင်မှန်းတစ်ချက်ကြည့်ရုံနှင့်သိလိုက်ပြီး မနေနိုင်ဘဲခေါင်းခါလိုက်မိသည်။
"ကောင်းမွန်တဲ့စကားလုံးတွေကလူဆိုးတစ်ယောက်ကိုနားမချနိုင်ဘူးပဲ။"

ထိုသို့ပြောပြီးနောက်သူ့လက်ထဲကကိတ်မုန့်ကိုလက်စသတ်လိုက်ပြီးပါးစပ်သုတ်ကာထရပ်ပြီး သူနှင့်ကိတ်မုန့်နှစ်တုံးယူကာထွက်သွားသည်။

ဝမ်းဟောင်ယွိ: "......" ဒီဇာ့ဂျ်လေးကလူသားဆိုရိုးစကားတွေအများကြီးလေ့လာထားတာပဲ။

ခဏကြာတော့ဟဲ့ရှောင်းထွက်လာပြီးသူစားပွဲပေါ်ကိတ်မုန့်စများကိုရှင်းနေတာမြင်တော့ထူးဆန်းစွာမေးလာသည်။
"မင်းတို့စကားပြောခဲ့သေးတာလား။ ဘာအကြောင်းပြောခဲ့တာလဲ။"

ဝမ်းဟောင်ယွိချက်ချင်းမတ်မတ်ရပ်ကာကိစ္စကိုတင်ပြလိုက်သည်။

ဟဲ့ရှောင်းကလက်ဝှေ့ရမ်းသည်။
"မင်းအဲ့လောက်လေးနက်နေစရာမလိုပါဘူးကွာ။"

ဒါကိုကြားတော့သူပါးစပ်ထောင့်တွန့်သွားပေမဲ့တွေးကြည့်လိုက်ပြီးမှပြောလိုက်သည်။
"မင်းမာရှယ်ကိုဒီကိစ္စပြောရမယ်နော်။"

ဝမ်းဟောင်ယွိ: "?" မာရှယ့်ကိုနန်းတော်ထဲမှာတကယ်တိုက်ခိုက်စေချင်တာလား။

ဟဲ့ရှောင်းမှာသူတလွဲတွေးနေပြီမှန်းတစ်ချက်ကြည့်ရုံနှင့်သိလိုက်ပြီး ခေါင်းကိုက်စွာပြောလိုက်မိသည်။
"မင်းဘာတွေတွေးနေတာတုန်း? ငါကဇာ့ဂျ်ဘုရင်ပုရွက်ဆိတ်မျိုးနွယ်ရဲ့ပုန်ကန်မှုကိုနှိမ်နင်းတာကိုပြောနေတာ။"

ဇာ့ဂျ်မျိုးနွယ်စု၏အတွင်းပိုင်းမတည်ငြိမ်မှုမှာတော်ဝင်စစ်တပ်သိထားသည့်ကိစ္စတစ်ခုဖြစ်သည်။ နှစ်ပေါင်းများစွာကြာအောင်ဇာ့ဂျ်တပ်ကတော်ဝင်စစ်တပ်ကိုတိုက်ခိုက်ရာတွင်အမြဲတမ်းအကန့်အသတ်ရှိသည်။

အခုဆိုပုရွက်ဆိတ်မျိုးနွယ်ကငြိမ်းချမ်းရေးယူလိုက်ပြီဆိုတောဇာ့ဂျ်မျိုးနွယ်စုတည်ငြိမ်သွားတော့မဲ့အပြင် ဇာ့ဂျ်ဘုရင်ကအင်ပါယာကိုရှင်းပစ်ပြီးအင်အားနဲ့စစ်တပ်အာဏာပိုရလာပြီဟုဆိုလိုတာမလား။

သို့သော်ဟဲ့​ရှောင်းမှာဟော့ရှီစစ်၏ပိတ်ထားသောအခန်းတံခါးကိုတစ်ချက်ကြည့်ကာသက်ပြင်းထပ်ချလိုက်မိပြီးနေ့လယ်အထိစောင့်ဖို့ဆုံးဖြတ်လိုက်သည်။

မာရှယ်ကမနေ့ညကအနိုင်ကျင့်မှုကိုသည်းခံခဲ့ရပြီးခက်ခဲတဲ့ညတစ်ညဖြစ်ခဲ့တာဆိုတော့သူအရင်နားပါစေလေ။

ဒါပေမဲ့နေ့လယ်ခင်းမှာဟဲ့ရှောင်းဘာမှမပြောနိုင်ခင် ဟော့ရှီစစ်ကိုလင်ခုံးလုကအခေါ်တော်လွှတ်လိုက်သည်။

*

လင်ခုံးလုမနက်ပိုင်းမှာဇာ့ဂျ်ဗိုလ်ချုပ်၏စစ်တပ်တင်ပြချက်များကိုနားထောင်ပြီးခေါင်းမူးလာခဲ့သည်။ အစည်းအဝေးအပြီးမှာဟော့ရှီစစ်အနားယူနေပြီဟုခန့်မှန်းမိသဖြင့် အတူစားရန်(ခစားရန်)တစ်ယောက်ယောက်လွှတ်ကာသူ့ကိုခေါ်လိုက်သည်။

ဒီအခိုက်အတန့်တွင်ဟော့ရှီစစ်ကထမင်းစားပွဲမှာမျက်နှာသေနှင့်ရပ်လျက် သူ့ကိုလေးနက်သောကိုယ်နှုတ်အမူအယာဖြင့်စားစရာဆက်သလို့နေသည်။

လင်ခုံးလုကူကယ်ရာမဲ့သွားသည်။ သူတစ်ဖက်လူကိုအတူထိုင်စားခိုင်းပေမဲ့တစ်ဖက်လူကခေါင်းမာမာနှင့်မတ်တပ်ရပ်နေလေသည်။

ဒါဆိုလဲရပ်ပေါ့။ မာရှယ်ကအရမ်းချောနေတော့ မတ်တပ်ရပ်နေတာကရှုစားစရာမြင်ကွင်းတစ်ခုရတာပဲလေ။

သူဇွန်းကိုင်ကာစွပ်ပြုတ်သောက်ရင်းတွေးလိုက်မိသည်။

ဟော့ရှီစစ်မှာအပြင်ပန်းတွင်တည်ငြိမ်နေပေမဲ့စိတ်ထဲမှာတော့အလွန်စိတ်ရှုပ်ထွေးနေသည်။ သူလင်ခုံးလုကိုကြည့်ပုံကအနည်းငယ်ထူးဆန်းလို့နေသည်။

အကျဥ်းသားတစ်ယောက်အတွက် ဒီလိုဆက်ဆံမှုမျိုးကသိပ်မဆိုးပေ၊ အနိုင်ကျင့်တာတောင်မဟုတ်။ အဆုံးမှာတော့ဘယ်သူမှသူတို့ကိုအနိုင်မကျင့်ဘဲ သူတို့ကိုအတူထိုင်စားခိုင်းလေသည်။

မနေ့ညကလင်ခုံးလုသူ့ကိုစိတ်စွမ်းအားကူကုသပေးတုန်းကတစ်ခုခုမှားနေမှန်းသူသတိထားမိလိုက်သည်။ အနောက်ကိုပြန်သွားပြီးသေချာစဥ်းစားကြည့်ရင် သူနန်းတော်ထဲမှာဇာ့ဂျ်ဘုရင်ကိုမြင်လိုက်ရစဥ်ကတည်းက တစ်ဖက်လူဟာသူ့ကိုတစ်ခါတရံစကားလုံးများဖြင့်ခြိမ်းခြောက်တာမျိုး အရိပ်ပြစနောက်တတ်တာမျိုးသာရှိပြီး တကယ်တမ်းကျဘာမှမလုပ်ခဲ့မှန်းသူရုတ်ခြည်းသဘောပေါက်သွားခဲ့သည်။

ထိုအစားသူကစားစရာဆိုသည့်ဆင်​ခြေကိုသုံးပြီး သူ့ကိုအပြင်ပိုင်းဒဏ်ရာကိုအရင်ကုပေးပြီးမှသူ့ကိုစိတ်စွမ်းအားကူကုသပေးခဲ့သည်။

စားစရာကိုပျိုးထောင်ဖို့ဒီလောက်ဒုက္ခရှာရစရာလိုမည်ဟုဟော့ရှီစစ်မထင်။ ပြီးတော့တစ်ဖက်လူကသူ့ကိုအမြဲတမ်းရင်းနှီးသောခံစားချက်တစ်စွန်းတစပေး....

"ဟုတ်သားပဲ။" လင်ခုံးလုစွပ်ပြုတ်သောက်ပြီးနောက်ရုတ်တရက်မြစိမ်းရောင်နက်ခ်တိုင်ကိုပြန်ထုတ်ကာပြောလိုက်သည်။
"ကိုယ်တော်မနေ့ညကမင်းကိုပြန်ဝတ်ခိုင်းဖို့မေ့သွားတယ်ရယ်၊ အခုပြန်ဝတ်လိုက်တော့။"

ဟော့ရှီစစ်: "....."

ဟုတ်သားပဲ၊ ဒီလျှပ်စစ်လည်ပတ်ဆိုတဲ့အရာမှာသေစေနိုင်တဲ့အရာတချို့ပါပုံရပြီးသူ့ကိုထွက်မပြေးနိုင်အောင်လုပ်နိုင်သည်။ ဒါပေမဲ့သူဇာ့ဂျ်ဘုရင်မနှင့်စေ့စပ်ညှိနှိုင်းခါစတုန်းကတစ်ဖက်လူ၏ယုံကြည်မှုကိုရဖို့အတွက်သူဝတ်ဖို့ကတိပေးခဲ့သည်။

ဒီတော့ကြမ်းတမ်းတဲ့ဆက်ဆံမှုမဟုတ်ဘူး။

နူးညံ့သောကြိုးနက်ကသူ့ရှပ်အဖြူကော်လာမှာချည်ထားပြီး အလယ်မှာမြကျောက်ရှိနေကာကုတ်အနက်နှင့်ဆိုတော့သူ့ကိုချောမောကာမြင့်မြတ်သွားစေသည်။

လင်ခုံးလုသူ့ကိုလှမ်းကြည့်ကာကျေနပ်ဟန်တွေးလိုက်မိသည်: ငါတကယ်အမြင်ကောင်းရှိတာပဲ။ လည်စည်းဝတ်ထားတဲ့မာရှယ်ကပိုခန့်တယ်။

သူချောင်းအသာဟမ့်ကာလေးနက်ချင်ယောင်ဆောင်လိုက်ပြီးမှအမိန့်ပေးလိုက်သည်။
"မင်းဒီညကိုယ်တော့်အိပ်ဆောင်မှာကိုယ်တော့်ကိုလာခစားရမယ်။"

ဟော့ရှီစစ်၏လှုပ်ရှားမှုများတောင့်ခဲသွားပေမဲ့သူမငြင်းပေ။

ကံကောင်းချင်တော့သူ့မှာလည်းစုံစမ်းစရာကိစ္စလေးတွေရှိသေးတယ်။ ဥပမာ၊ ဇာ့ဂျ်ဘုရင်မသူ့ကိုရင်းနှီးတဲ့ခံစားချက်ပေးနေတာကသူတို့အရင်ကတွေ့ဖူးခဲ့လို့လား။ ဒါမှမဟုတ်ဇာ့ဂျ်ဘုရင်မကတစ်ခုခုဖုံးကွယ်ထားတာလား။ ပြီးတော့ဆက်သွယ်ရေးစက်....

*

ညရောက်တော့ဝန်ဆောင်မှုပေးသူမှာလင်ခုံးလုဖြစ်နေခဲ့သည်။ သူကအရင်ဆုံးဟော့ရှီစစ်ကိုစိတ်စွမ်းအားကူကုပေးပြီးမှသူ့ကိုအလုပ်လုပ်ဖို့အမိန့်ပေးလိုက်သည်။

ဟော့ရှီစစ်ကမျက်နှာသေနှင့်ညွန်ကြားချက်များကိုလိုက်လုပ်သည်။ လင်ခုံးလုအိပ်ပျော်သွားသည်နှင့် သူ့မျက်လုံးများမှာသူ့ခါးပေါ်ကဆက်သွယ်ရေးစက်ပေါ်ကျရောက်သွားသည်။

ထန်မင်ခွန်းစာပြန်လာရင် အဖျက်ခံလိုက်ရရင်တောင် restoreပြန်လုပ်ပြီးကြည့်လို့ရသေးတယ်။

ဇာ့ဂျ်ဘုရင်မကစိတ်စွမ်းအားကုန်ဆုံးထားတာမို့ ဒီအချိန်မှာအသက်ရှူမှန်မှန်အိပ်ပျော်နေတယ်။

ဟော့ရှီစစ်တစ်အောင့်ကြာစိုက်ကြည့်နေမိပြီးမှနောက်ဆုံးမှာတစ်ဖက်လူ၏ခါးပေါ်လက်လှမ်းလိုက်သည်။

ဒါပေမဲ့သူ့လက်ချောင်းထိပ်များကဆက်သွယ်ရေးစက်ကိုထိတော့မည့်အချိန်မှာ လင်ခုံးလုကရုတ်တရက်မျက်လုံးဖွင့်ကြည့်ကာမပွင့်တပွင့်အပြုံးလေးနှင့်မေးလာသည်။
"မာရှယ်ဘာလုပ်နေတာလဲ။"

ဟော့ရှီစစ်: "....."

သူစိတ်အေးအေးထားကာလက်ပြန်ရုတ်ပြီးတောင့်တင်းသောလေသံဖြင့်ပြောလိုက်သည်။
"ဇာ့ဂျ်အရှင်ကသိရက်သားနဲ့ဘာလို့မေးနေတာလဲ။"

လင်ခုံးလုစိတ်ဖိစီးချင်ယောင်ဆောင်ပြီးနူးညံ့စွာပြောလိုက်သည်။
"ကြည့်ရတာတော့အရင်ကအပြစ်ဒဏ်ကတအားပေါ့သွားလို့ မာရှယ်ကမရိုးမသားဖြစ်နေသေးတဲ့ပုံပဲ။"

"အင်း၊ ကိုယ်တော်မနက်ဖြန်နေ့လယ်ကျရင်ညီလာခံကျင်းပရမယ်၊ မင်းကအကျဥ်းသားအနေနဲ့တက်ရောက်ရမယ်။ ဒီညမင်းရဲ့အပြုအမူအတွက်အပြစ်ဒဏ်အနေနဲ့ အခုဆိုမာရှယ်ဟော့ရှီစစ်ခိုင်လန်ကကိုယ်တော့်ကျွန်ဖြစ်သွားပြီဆိုတာကိုယ်တော်ညီလာခံမှာကြေငြာချင်တယ်။"

ဟော့ရှီစစ်ဖမ်းဆီးခံရမှုသတင်းကိုဇာ့ဂျ်ဂြိုဟ်သတင်းမှာကြေငြာခဲ့ပြီးပေမဲ့ကြယ်စုနိုင်ငံများမှာတော့မကြေငြာရသေးပေ။ ဘယ်လူသားတစ်ယောက်ကမှဂြိုဟ်ပေါ်ခြေမချခဲ့ဖူးသဖြင့် ဇာ့ဂျ်မှာကြယ်စုနိုင်ငံများနှင့်အဆက်အသွယ်လုပ်ခဲပေရာ ထိုသတင်းဟာဇာ့ဂျ်ဂြိုဟ်ပေါ်မှာသာပျံ့နှံ့နေပြီး ကြယ်စုနိုင်ငံကလူတစ်ယောက်မှထိုအကြောင်းမသိကြသေးပေ။

အထူးသဖြင့်အင်ပါယာမှာ လူထုထင်မြင်ချက်ကိုဘုရင်အိုကြီးကထိန်းချုပ်ထားသဖြင့် လူအများစုမှာဟော့ရှီစစ်သေပြီဟုထင်နေကြသည်။

လင်ခုံးလုဒါကိုပြောလိုက်တာကအနိုင်ကျင့်မှုလက္ခဏာအနေနှင့် အခုဆိုဟော့ရှီစစ်ကိုဇာ့ဂျ်ဘုရင်မ၏ကျွန်ဖြစ်ကြောင်းစကြဝဠာတစ်ခုလုံးကိုသိစေသည်ဟုဆိုလိုသည်။

အရင်ဘဝမှာအဖမ်းခံခဲ့ရသည့်ဟော့ရှီစစ်သာဆိုရှက်မိလောက်ပေမဲ့အရင်ဘဝကအရင်နှစ်နှစ်မှာသူဇာ့ဂျ်ဂြိုဟ်မှခက်ခက်ခဲခဲထွက်ပြေးကာအင်ပါယာကိုပြန်သွားခဲ့ပြီး ဘုရင်အိုကြီးနန်းချကာစစ်တပ်အာဏာကိုစုစည်းပြီး လူထုထင်မြင်ချက်များကိုဆန့်ကျင်ကာဇာ့ဂျ်များကိုဆန့်ကျင်တိုက်ခိုက်ခဲ့သည်။ မီဒီယာကသူ့ကိုအာဏာရှင်ဟုခေါ်သည်။

သူမကောင်းသတင်းနှင့်ဆဲရေးမှုများကိုကျင့်သားရခဲ့တာကြာပြီ။

ဆန်ကျင်ဘက်အနေနှင့်သူခုနကဆက်သွယ်ရေးစက်ကိုယူဖို့ကြိုးစားတုန်းက တစ်ခုခုကိုခိုးတာမိသွားသည့်ခံစားချက်မှာသူ့ကိုရှက်သွားစေခဲ့သည်။ သူ....ဒီတိုင်းမက်ဆေ့ချ်ကိုစစ်ဆေးပြီးပြန်ထားချင်တာဆိုပေမဲ့လည်းပေါ့။

*

နောက်တစ်နေ့မှာဟော့ရှီစစ်တစ်ယောက်မည်းတူးသောမျက်နှာဖြင့်အိပ်ဆောင်ကထွက်လာသည်။

ဟဲ့ရှောင်းနှင့်ဝမ်းဟောင်ယွိကသူပြန်လာတာမြင်သည်နှင့်မနေ့ကသီအန်းပြောခဲ့တာကိုသူ့ကိုမြန်မြန်လေးပြောပြလိုက်ကြသည်။

"ပြောတာကတော့ပုရွက်ဆိတ်ဘုရန်မကိုယ်တိုင်မဟာမိတ်ဖွဲ့မှုကိုဖော်ပြဖို့ ပုရွက်ဆိတ်စစ်တပ်တစ်စိတ်တစ်ပိုင်းကိုဒီကိုဦးဆောင်လာတယ်ဆိုပဲ။ ပုရွက်ဆိတ်မျိုးနွယ်ကသူတို့မျိုးနွယ်ကလှပတဲ့ကောင်လေးတစ်ယောက်ကိုပါဇာဂျ့်ဘုရင်ဆီဆက်သဖို့စီစဥ်ထားတယ်တဲ့။ အနည်းဆုံးတော့အပေါ်ယံမှာသူတို့ရှုံးသွားတာကအင်ပါယာအတွက်မကောင်းဘူးဆိုတာမြင်နိုင်တယ်။"

ဒါကိုကြားတော့ဟော့ရှီစစ်မျက်မှောင်ကြုတ်မိသည်။ ဆိုတော့ဒါကဇာ့ဂျ်ဘုရင်ပြောခဲ့တဲ့ညီလာခံလား။

အချိန်ကိုက်ပဲ--

"ညီလာခံမှာလူတွေအများကြီးရှိမှာ။ ငါတို့အခွင့်ကောင်းရှာပြီးတော့ထန်းမင်ခွင်းဆီသတင်းပို့ရမယ်။"
သူတည်ငြိမ်စွာပြောလိုက်သည်။

*

နေ့လယ်ခင်းမှာညီလာခံအခမ်းအနားမစတင်မီ လင်ခုံးလုဝတ်စုံများစွာလဲနေခဲ့သည်။ နောက်ဆုံးမှာဇာ့ဂျ်ချပ်ဝတ်တန်ဆာဝတ်တာကပိုမိုလွှမ်းမိုးချုပ်ကိုင်နိုင်စွမ်းရှိသည်ဟုခံစားလိုက်ရသဖြင့် နဂိုတစ်စုံကိုပြန်ပြောင်းဝတ်လိုက်သည်။

ညီလာခံအခမ်းအနားဟုဆိုသော်ငြား အမှန်တော့အညံ့ခံအခမ်းအနားဟုခေါ်ရမည်။ ပုရွက်ဆိတ်မျိုးနွယ်ကိုမျက်နှာသာပေးဖို့အတွက်ပိုကောင်းကောင်းပြောလိုက်တာဖြစ်သည်။

သူသာဟော့ရှီစစ်ကိုအနိုင်မယူချင်ရင် သူအကြိမ်ပေါင်းများစွာလဲနေမှာမဟုတ်ဘူး။

"ဒါကအနိုင်ကျင့်တဲ့ပုံမပေါ်ဘူးနော်။"
0687တီးတိုးပြောလိုက်သည်။

"ငါကဒီတိုင်းသူ့ကိုခြောက်နေရုံပဲ။"
လင်ခုံးလုတည်ငြိမ်စွာပြောလိုက်သည်။
"ငါတကယ်လုပ်ချင်တာကပူးပေါင်းဖို့ပဲ။ ပြီးတော့ငါ့လှည့်ကွက်တွေကိုလည်းကြွားလုံးထုတ်ရမယ်လေ။"

*

အခမ်းအနားအစ၌ လင်ခုံးလုကအစိမ်းရင့်ရောင်ချပ်ဝတ်တန်ဆာနှင့်မျက်နှာထက်သတ္ထုမျက်နှာဖုံးတပ်လျက်ထူးခြားဆန်းကြယ်သောသွင်ပြင်ဖြင့် စင်ပေါ်မှာပေါ်ထွက်လာသည်။

ဟော့ရှီစစ်ကသူ့နောက်ကမျက်နှာသေဖြင့်လိုက်သွားပြီး ဟဲ့ရှောင်းနှင့်ဝမ်းဟောင်ယွိမှာလည်းအခြွေအရံများနှင့်အတူသူတို့နောက်ကလိုက်သွားသည်။

လင်ခုံးလုအမှန်တော့ဘာမှလုပ်စရာမလို။ ဖြစ်စဥ်ကိုအကုန်စီစဥ်ထားပြီးပြီပင်။ သူကရံဖန်ရံခါခေါင်းငြိမ့်ခေါင်းခါလုပ်ရုံသာလိုအပ်ပြီး အများဆုံးတော့သူ့သဘောထားကိုဖော်ပြရန်အသံတစ်ခုပေးရုံပင်။

အရေးကြီးဆုံးအရာမှာသူကဇာ့ဂျ်ဘုရင်မကဲ့သို့ပြုမူပြီး သူ၏ထူးခြားဆန်းကြယ်မှုကိုထိန်းသိမ်းကာဇာ့ဂျ်တိုင်း၊ အထူးသဖြင့်ပုရွက်ဆိတ်များကိုကြောက်လန့်စေကာ သူ့ကိုကြောက်ရွံ့ရိုသေသွားအောင်လုပ်ရမည်။

ဇာ့ဂျ်မျိုးနွယ်ထဲမှာအနည်းစုဖြစ်သည့်ဓားခုတ်ကောင်မျိုးနွယ်ကဇာ့ဂျ်ဘုရင်မတစ်ယောက်ပြီးတစ်ယောက်ဖွားမြင်ခဲ့သဖြင့် ၎င်းကဇာ့ဂျ်မျိုးနွယ်ကြီးများကိုတော်တော်​လေးမကျေမနပ်ဖြစ်သွားစေခဲ့သည်။

အထူးသဖြင့်ပျားနှင့်ပုရွက်ဆိတ်များပင်။ သို့သော်စစ်ပွဲအများအပြားအပြီးမှာ ပျားများကဇာ့ဂျ်ဘုရင်မ၏ဦးဆောင်မှုကိုလွန်ခဲ့သောနှစ်အနည်းငယ်ခန့်ကလက်ခံခဲ့သည်။ ပုရွက်ဆိတ်များသာခေါင်းမာမာနှင့်တောင့်ခံနေခဲ့ခြင်း။

ဒီတစ်ခေါက်ပုရွက်ဆိတ်များမှာရှုံးနိမ့်သွားခဲ့သော်လည်း ဇာ့ဂျ်တပ်ကြောင့်ရှုံးနိမ့်သွားတာဖြစ်ပြီး ဇာ့ဂျ်ဘုရင်မလင်ခုံးလုကြောင့်မဟုတ်ပေ။

သေချာတာပေါ့၊ ပုရွက်ဆိတ်ဘုရင်မကပုရွက်ဆိတ်တပ်နှင့်အတူရှေ့တိုးကာသူ့ကိုအရိုအသေပေးလာချိန် သူမမျက်နှာထားမှာပုံမှန်ဖြစ်ပြီး သူမမျက်ဝန်းထဲမှာရိုသေလေးစားမှုရှိမနေ။

လင်ခုံးလုထိုင်ခုံကိုကျောမှီကာလက်မြှောက်ပြီးသူ့နှဖူးကိုထောက်ကာမျက်နှာဖုံးအစွန်းကိုလက်ချောင်းထိပ်များဖြင့်တတောက်တောက်ခေါက်ပြီး ဖြည်းဖြည်းချင်းနှုတ်ခမ်းကော့တက်သွားသည်။

ရုတ်ခြည်းပင်၊ လက်ရှိဇာ့ဂျ်တိုင်းမှာတုနှိုင်းမဲ့ခွန်အားကြီးသောစိတ်စွမ်းအားကိုခံစားလိုက်ရပြီး သူတို့မျက်နှာထားမှာရုတ်တရက်ရိုသေလေးစားလာကာ သူတို့မျက်ဝန်းထဲမှာကြောက်ရွံ့ရိုသေမှုတို့ဖြစ်ပေါ်သွားသည်။

လင်ခုံးလုထံမှဂရုစိုက်ခံလိုက်ရသည့်ပုရွက်ဆိတ်များမှာဖြူ​ဖျော့သွားပြီး နှဖူးပေါ်မှာချွေးစေးပြန်လာကာ တုန်တုန်ရီရီနှင့်ဒူးတစ်ဖက်ထောက်ကျသွားသည်။

ပုရွက်ဆိတ်ဘုရင်မနှင့်သူမဘေးကကောင်ချောလေးမှာတစ်အောင့်ကြာတောင့်ခံနိုင်ပေမဲ့ခဏကြာတော့သူတို့မျက်နှာပေါ်မှာကြောက်ရွံ့ရိုသေမှုနှင့်ဒူးတစ်ဖက်ထောက်ကျသွားသည်။

ထို့နောက်လင်ခုံးလုစိတ်စွမ်းအားပြန်ရုတ်ကာသူတို့ကိုတစ်​​ယောက်ကိုတစ်ယောက်ကြည့်ခွင့်ပေးလိုက်သည်။

ဟော့ရှီစစ်တိတ်တခိုးအံ့သြသွားရသည်။ စိတ်စွမ်းအား၏အသန်မာဆုံးကိုယ်ထင်ပြမှုမှာစိတ်စွမ်းအားကိုရုပ်လုံးပေါ်အောင်လုပ်နိုင်စွမ်းဖြစ်ပြီး ရုပ်လုံးပေါ်စိတ်ဝိညာဥ်သားရဲကအလွန်စွမ်းအားကြီးသည်ဟုလူသားများကအမြဲယုံကြည်ခဲ့ကြသည်။

သို့ပေမဲ့ဇာ့ဂျ်ဘုရင်မလိုမျိုးတစ်စုံတစ်ယောက်ကစိတ်စွမ်းအားကိုရုပ်လုံးဖော်စရာမလိုဘဲအလွန်စွမ်းအားကြီးနိုင်မည်ဟုသူမထင်ထားမိပေ။

ပုရွက်ဆိတ်ဘုရင်မမှာလည်းအံ့သြသွားခဲ့သည်။ သူမလင်ခုံးလုနှင့်တစ်ခါမှမတိုက်ခိုက်ခဲ့ဖူးသဖြင့် သူဟာပလ္လင်လုံခြုံအောင်ဘုရင်မဟောင်းချန်ထားခဲ့သည့်ဇာဂျ်တပ်ကိုမှီခိုအားကိုးနေတာဟုသူမအမြဲထင်ထားခဲ့သည်။ မထင်မှတ်ဘဲသူတို့ဒီနေ့တွေ့တော့မှသူမဟာနိမ့်ကျနေခဲ့မှန်းသဘောပေါက်သွားသည်။

ဇာ့ဂျ်များမှာခွန်အားကိုရိုသေလေးစားပြီးခွန်အားရှိသူတို့ကိုလေးစားမြတ်နိုးကြသည်။ သူမမျက်နှာထားမှာနောက်ဆုံးတွင်ရိုသေလေးစားမှုကိုဖော်ပြလိုက်ပေမဲ့ သူမခေါင်းမော့ကြည့်မိတော့လင်ခုံးလုဘေးကဟော့ရှီစစ်ကိုမြင်လိုက်ရချိန်မှာသူမမျက်မှောင်အသာကြုတ်မိသည်။

အခြားအကြောင်းရင်းမရှိဘူး။ ဒီ"ဇာ့ဂျ်"ကချောလွန်းနေပြီးတော့....နည်းနည်းရင်းနှီးနေသလိုပဲ။

သူမထိုင်ခုံပေါ်ပြန်ထိုင်ပြီးနောက်သူမဘေးကိုလှည့်ကာသူမဘေးကအခြွေအရံကိုမေးလိုက်သည်။
"အရှင့်ဘေးကလူငယ်ကဘယ်သူလဲ။"

အခြွေအရံမှာဟော့ရှီစစ်ကိုတစ်ချက်ကြည့်ရုံနှင့်မှတ်မိသွားပေမဲ့သူ၏လက်ရှိအဆင့်အတန်းကိုအနည်းငယ်သေချာမသိပေရာ သူတုံ့ဆိုင်းစွာပြောလိုက်မိသည်။
"သူကအရှင့်ရဲ့....ချစ်သူပါ။"

ပုရွက်ဆိတ်ဘုရင်မမသိမသာအံ့သြသွားကာဟော့ရှီစစ်ကိုတစ်ချက်ထပ်ကြည့်လိုက်မိပြီး တစ်အောင့်ကြာမှအခြွေအရံကိုလက်ဝှေ့ရမ်းပြကာသူမဘေးကလူငယ်လေးကိုပြောလိုက်သည်။
"ချက်စတာ၊ မင်းမှာသန်မာတဲ့ပြိုင်ဘက်ရှိနေတဲ့ပုံပဲ။"

ချက်စတာမှာဟော့ရှီစစ်ကိုတိတ်တိတ်လေးကြည့်လိုက်ပြီးသိသိသာသာကိုဘုရင်မ၏စကားလုံးကိုစိတ်ထဲမထည့်ပေ။

ဟော့ရှီစစ်ကသူ့အကြည့်ကိုသတိထားမိသွားကာသူ့ကိုအေးစက်စက်မျက်ဝန်းများဖြင့်ရုတ်တရက်ကြည့်လာသည်။

ချက်စတာတောင့်ခဲသွားကာခပ်မြန်မြန်အကြည့်လွှဲလိုက်မိသည်။

လင်ခုံးလုကသတိထားမိသွားပုံရကာတစ်ဖက်လှည့်ပြီးဟော့ရှီစစ်ကိုမေးလိုက်သည်။ "ဘာဖြစ်လို့လဲ။"

ဟော့ရှီစစ်ခေါင်းခါကာတည်ငြိမ်စွာပြောလိုက်သည်။ "ဘာမှမဟုတ်ပါဘူး။"

ဒီအချိန်မှာစကားပြောဖို့မသင့်တော်ပေ။ လင်ခုံးလုဒါကိုမြင်တော့မေးခွန်းထပ်မမေးလိုက်တော့ပေ။

ခဏကြာတော့အခမ်းအနားမှာနောက်ဆုံးအစီအစဥ်ဖြစ်သည့်စစ်လေ့ကျင့်ရေးကိုရောက်လာသည်။

ဒါကလည်းလင်ခုံးလုကိုယ်တိုင်ပါဝင်မည့်လေ့ကျင့်ရေးဖြစ်ပေသည်။

_________

နောက်တစ်ပတ်ကစပြီးscheduleအတိုင်းupdateပေးမယ်နော်။ Tue, Thurs, Sat, Sun.

__________

Arc(10) ရႈံးနိမ့္သြားေသာမာရွယ္(၁၀)။

သီအန္းမွာဝမ္းေဟာင္ယြိ၏ဇေဝဇဝါအၾကည့္ကိုျမင္ေတာ့မေနနိုင္ဘဲက႐ုဏာသက္မမိသြားသည္။
"ဘာလို႔ငါ့ထက္တုံးတဲ့လူရွိေနရတာပါလိမ့္မယ္? အနာဂတ္မွာသတိမရွိရင္ဒီနက္ရွိုင္းတဲ့နန္းေတာ္ႀကီးထဲမွာမင္းမာရွယ္ကိုဘယ္လိုလုပ္ကူတိုက္ခိုက္ေပးနိုင္မွာလဲ။"

ဝမ္းေဟာင္ယြိ: "?" ဘာအတြက္တိုက္ခိုက္ရမွာလဲ။

သီအန္းကဒါကိုျမင္ေတာ့သက္ျပင္းခ်လိဳက္မိၿပီးကိတ္မုန့္ေနာက္တစ္ကိုက္ကိုက္ကာစားေနရင္းေျပာလိုက္သည္။
"ၾကည့္ေလ၊ ငါတို႔ေတြမင္းတို႔ကိုအနိုင္ရခဲ့ေတာ့ မင္းတို႔ကမာရွယ္ကိုဆက္သတယ္။ ငါတို႔ပု႐ြက္ဆိတ္မ်ိဳးႏြယ္ကိုအနိုင္ရခဲ့ေတာ့ပု႐ြက္ဆိတ္မ်ိဳးႏြယ္ကသူတို႔မ်ိဳးႏြယ္ထဲကအလွဆုံးေကာင္ေလးကိုဆက္သတယ္။ ဒီလိုသာဆက္သြားေနရင္ ငါတို႔တိုက္ပြဲမ်ားမ်ားနိုင္ေလေလ အရွင့္အနားမွာေကာင္ေခ်ာေလးေတြပိုမ်ားလာေလေလမဟုတ္ဘူးလား။"

ဝမ္းေဟာင္ယြိ: "??" ငါတို႔မာရွယ္ကိုယဇ္ေကာင္အေနနဲ႕ဆက္သတယ္လို႔ဘယ္သူေျပာတုန္း?

"ဒီေတာ့ငါတို႔ရွိေနတဲ့ညီအစ္ကိုေတြကပူးေပါင္းၿပီးေတာ့ နန္းေတာ္ထဲမွာေကာင္ေခ်ာေလးေတြမ်ားလာတာကိုကာကြယ္ရမယ္။ မဟုတ္ရင္ေဟာတစ္ေယာက္ေဟာတစ္ေယာက္ေရာက္လာမွာ။ ဒီလိုဆက္သြားေနရင္နန္းေတာ္မွာအခန္းမေလာက္ေလာက္ေတာ့ဘူး။"
သီအန္းကစိတ္ပူတႀကီးဆိုသည္။

ဝမ္းေဟာင္ယြိ: "......." အဲ့ဒါမမွန္ဘူးမလား။ မင္းတို႔အရွင္ရဲ႕ခႏၶာကိုယ္ပိန္ပိန္ေလး...မဟုတ္ေသးပါဘူး၊ ဒါကသူတို႔မာရွယ္နဲ႕ဘာဆိုင္လို႔တုန္း?

"မင္းအခ်ိန္ရရင္မင္းတို႔မာရွယ္ကိုအႀကံသြားေပးလိုက္အုံး။"
သီအန္းကအႀကဳံျပဳလာျပန္သည္။
"ငါ့အထက္သူ႕ၾကည့္ရတာနည္းနည္းတင္းၾကပ္ေနၿပီးေတာ့သူ႕ရဲ႕မာနကိုမလႊတ္ခ်နိဳင္ေသးတဲ့ပုံပဲ။ ဒါမေကာင္းဘူးေနာ္။ အရွင္ကသူ႕ကိုစိတ္ဝင္စားေနေသးလို႔အဆင္ေျပေနတာ။"

"ငါတို႔ကမ်က္ႏွာသာရဖို႔အတြက္ယွဥ္ၿပိဳင္တာမ်ိဳးမလုပ္ရင္အျခားဇာ့ဂ်္ေတြကအရင္လုပ္သြားလိမ့္မယ္။ ငါတို႔ဘဝင္ေလဟပ္ေနရင္ေနာက္က်ေနာင္တရလိမ့္မယ္၊ ဒါေပမဲ့အဲ့အခါက်ေတာ့တအားေနာက္က်သြားၿပီ။"

"အင္း၊ မင္းတို႔တကယ္တုံးအမွန္းငါသိလိုက္လို႔ ရည္႐ြယ္ခ်က္ေကာင္းနဲ႕မဟာဖိတ္လာဖြဲ႕တာေနာ္။ ငါ့လိုမ်ိဳးစိတ္ထားေကာင္းတဲ့ဇာ့ဂ်္ကသိပ္ရွိတာမဟုတ္ဘူး။ ၿပီးေတာ့မင္းတို႔လူသားေတြမွာ'အခ်ိန္ေရာက္လာရင္လက္လႊတ္ရမယ္'ဆိုတဲ့အဆိုရွိတဲ့မဟုတ္ဘူးလား။ ဘာပဲျဖစ္ျဖစ္မင္းတို႔ထြက္ေျပးလို႔မွမရတာကို အရွင့္ကိုေကာင္းေကာင္းခံစားရမယ္မလား။"

ဝမ္းေဟာင္ယြိဇေဝဇဝါျဖစ္သြားရကာသူ႕ပါးစပ္ထဲကိတ္မုန့္ေနာက္တစ္တုံးထိုးထည့္ၿပီးအႀကံေပးလိုက္သည္။
"ျမန္ျမန္စား။" စကားမေျပာနဲ႕ေတာ့။

မင္းဘာေတြေျပာေနတာတုန္း? သူတို႔မာရွယ္ကဘယ္လိုလုပ္ၿပီးဇာ့ဂ်္ဘုရင္ကိုႀကိဳက္မွာတုန္း?

မ်က္ႏွာသာရဖို႔အတြက္ယွဥ္ၿပိဳင္ရအုံးမယ္? ဘုရင္အိုႀကီးေသသြားရင္ဒီကိစၥျဖစ္လာမွာမဟုတ္ဘူး။

သီအန္းမွာသူသူ႕ေျပာစကားကိုနားမေထာင္မွန္းတစ္ခ်က္ၾကည့္႐ုံႏွင့္သိလိုက္ၿပီး မေနနိုင္ဘဲေခါင္းခါလိုက္မိသည္။
"ေကာင္းမြန္တဲ့စကားလုံးေတြကလူဆိုးတစ္ေယာက္ကိုနားမခ်နိဳင္ဘူးပဲ။"

ထိုသို႔ေျပာၿပီးေနာက္သူ႕လက္ထဲကကိတ္မုန့္ကိုလက္စသတ္လိုက္ၿပီးပါးစပ္သုတ္ကာထရပ္ၿပီး သူႏွင့္ကိတ္မုန့္ႏွစ္တုံးယူကာထြက္သြားသည္။

ဝမ္းေဟာင္ယြိ: "......" ဒီဇာ့ဂ်္ေလးကလူသားဆိုရိုးစကားေတြအမ်ားႀကီးေလ့လာထားတာပဲ။

ခဏၾကာေတာ့ဟဲ့ေရွာင္းထြက္လာၿပီးသူစားပြဲေပၚကိတ္မုန့္စမ်ားကိုရွင္းေနတာျမင္ေတာ့ထူးဆန္းစြာေမးလာသည္။
"မင္းတို႔စကားေျပာခဲ့ေသးတာလား။ ဘာအေၾကာင္းေျပာခဲ့တာလဲ။"

ဝမ္းေဟာင္ယြိခ်က္ခ်င္းမတ္မတ္ရပ္ကာကိစၥကိုတင္ျပလိုက္သည္။

ဟဲ့ေရွာင္းကလက္ေဝွ႕ရမ္းသည္။
"မင္းအဲ့ေလာက္ေလးနက္ေနစရာမလိုပါဘူးကြာ။"

ဒါကိုၾကားေတာ့သူပါးစပ္ေထာင့္တြန့္သြားေပမဲ့ေတြးၾကည့္လိုက္ၿပီးမွေျပာလိုက္သည္။
"မင္းမာရွယ္ကိုဒီကိစၥေျပာရမယ္ေနာ္။"

ဝမ္းေဟာင္ယြိ: "?" မာရွယ့္ကိုနန္းေတာ္ထဲမွာတကယ္တိုက္ခိုက္ေစခ်င္တာလား။

ဟဲ့ေရွာင္းမွာသူတလြဲေတြးေနၿပီမွန္းတစ္ခ်က္ၾကည့္႐ုံႏွင့္သိလိုက္ၿပီး ေခါင္းကိုက္စြာေျပာလိုက္မိသည္။
"မင္းဘာေတြေတြးေနတာတုန္း? ငါကဇာ့ဂ်္ဘုရင္ပု႐ြက္ဆိတ္မ်ိဳးႏြယ္ရဲ႕ပုန္ကန္မႈကိုႏွိမ္နင္းတာကိုေျပာေနတာ။"

ဇာ့ဂ်္မ်ိဳးႏြယ္စု၏အတြင္းပိုင္းမတည္ၿငိမ္မႈမွာေတာ္ဝင္စစ္တပ္သိထားသည့္ကိစၥတစ္ခုျဖစ္သည္။ ႏွစ္ေပါင္းမ်ားစြာၾကာေအာင္ဇာ့ဂ်္တပ္ကေတာ္ဝင္စစ္တပ္ကိုတိုက္ခိုက္ရာတြင္အၿမဲတမ္းအကန့္အသတ္ရွိသည္။

အခုဆိုပု႐ြက္ဆိတ္မ်ိဳးႏြယ္ကၿငိမ္းခ်မ္းေရးယူလိုက္ၿပီဆိုေတာဇာ့ဂ်္မ်ိဳးႏြယ္စုတည္ၿငိမ္သြားေတာ့မဲ့အျပင္ ဇာ့ဂ်္ဘုရင္ကအင္ပါယာကိုရွင္းပစ္ၿပီးအင္အားနဲ႕စစ္တပ္အာဏာပိုရလာၿပီဟုဆိုလိုတာမလား။

သို႔ေသာ္ဟဲ့ေရွာင္းမွာေဟာ့ရွီစစ္၏ပိတ္ထားေသာအခန္းတံခါးကိုတစ္ခ်က္ၾကည့္ကာသက္ျပင္းထပ္ခ်လိဳက္မိၿပီးေန႕လယ္အထိေစာင့္ဖို႔ဆုံးျဖတ္လိုက္သည္။

မာရွယ္ကမေန႕ညကအနိုင္က်င့္မႈကိုသည္းခံခဲ့ရၿပီးခက္ခဲတဲ့ညတစ္ညျဖစ္ခဲ့တာဆိုေတာ့သူအရင္နားပါေစေလ။

ဒါေပမဲ့ေန႕လယ္ခင္းမွာဟဲ့ေရွာင္းဘာမွမေျပာနိုင္ခင္ ေဟာ့ရွီစစ္ကိုလင္ခုံးလုကအေခၚေတာ္လႊတ္လိုက္သည္။

*

လင္ခုံးလုမနက္ပိုင္းမွာဇာ့ဂ်္ဗိုလ္ခ်ဳပ္၏စစ္တပ္တင္ျပခ်က္မ်ားကိုနားေထာင္ၿပီးေခါင္းမူးလာခဲ့သည္။ အစည္းအေဝးအၿပီးမွာေဟာ့ရွီစစ္အနားယူေနၿပီဟုခန့္မွန္းမိသျဖင့္ အတူစားရန္(ခစားရန္)တစ္ေယာက္ေယာက္လႊတ္ကာသူ႕ကိုေခၚလိုက္သည္။

ဒီအခိုက္အတန့္တြင္ေဟာ့ရွီစစ္ကထမင္းစားပြဲမွာမ်က္ႏွာေသႏွင့္ရပ္လ်က္ သူ႕ကိုေလးနက္ေသာကိုယ္ႏႈတ္အမူအယာျဖင့္စားစရာဆက္သလို႔ေနသည္။

လင္ခုံးလုကူကယ္ရာမဲ့သြားသည္။ သူတစ္ဖက္လူကိုအတူထိုင္စားခိုင္းေပမဲ့တစ္ဖက္လူကေခါင္းမာမာႏွင့္မတ္တပ္ရပ္ေနေလသည္။

ဒါဆိုလဲရပ္ေပါ့။ မာရွယ္ကအရမ္းေခ်ာေနေတာ့ မတ္တပ္ရပ္ေနတာကရႈစားစရာျမင္ကြင္းတစ္ခုရတာပဲေလ။

သူဇြန္းကိုင္ကာစြပ္ျပဳတ္ေသာက္ရင္းေတြးလိုက္မိသည္။

ေဟာ့ရွီစစ္မွာအျပင္ပန္းတြင္တည္ၿငိမ္ေနေပမဲ့စိတ္ထဲမွာေတာ့အလြန္စိတ္ရႈပ္ေထြးေနသည္။ သူလင္ခုံးလုကိုၾကည့္ပုံကအနည္းငယ္ထူးဆန္းလို႔ေနသည္။

အက်ဥ္းသားတစ္ေယာက္အတြက္ ဒီလိုဆက္ဆံမႈမ်ိဳးကသိပ္မဆိုးေပ၊ အနိုင္က်င့္တာေတာင္မဟုတ္။ အဆုံးမွာေတာ့ဘယ္သူမွသူတို႔ကိုအနိုင္မက်င့္ဘဲ သူတို႔ကိုအတူထိုင္စားခိုင္းေလသည္။

မေန႕ညကလင္ခုံးလုသူ႕ကိုစိတ္စြမ္းအားကူကုသေပးတုန္းကတစ္ခုခုမွားေနမွန္းသူသတိထားမိလိုက္သည္။ အေနာက္ကိုျပန္သြားၿပီးေသခ်ာစဥ္းစားၾကည့္ရင္ သူနန္းေတာ္ထဲမွာဇာ့ဂ်္ဘုရင္ကိုျမင္လိုက္ရစဥ္ကတည္းက တစ္ဖက္လူဟာသူ႕ကိုတစ္ခါတရံစကားလုံးမ်ားျဖင့္ၿခိမ္းေျခာက္တာမ်ိဳး အရိပ္ျပစေနာက္တတ္တာမ်ိဳးသာရွိၿပီး တကယ္တမ္းက်ဘာမွမလုပ္ခဲ့မွန္းသူ႐ုတ္ျခည္းသေဘာေပါက္သြားခဲ့သည္။

ထိုအစားသူကစားစရာဆိုသည့္ဆင္ေျခကိုသုံးၿပီး သူ႕ကိုအျပင္ပိုင္းဒဏ္ရာကိုအရင္ကုေပးၿပီးမွသူ႕ကိုစိတ္စြမ္းအားကူကုသေပးခဲ့သည္။

စားစရာကိုပ်ိဳးေထာင္ဖို႔ဒီေလာက္ဒုကၡရွာရစရာလိုမည္ဟုေဟာ့ရွီစစ္မထင္။ ၿပီးေတာ့တစ္ဖက္လူကသူ႕ကိုအၿမဲတမ္းရင္းႏွီးေသာခံစားခ်က္တစ္စြန္းတစေပး....

"ဟုတ္သားပဲ။" လင္ခုံးလုစြပ္ျပဳတ္ေသာက္ၿပီးေနာက္႐ုတ္တရက္ျမစိမ္းေရာင္နက္ခ္တိုင္ကိုျပန္ထုတ္ကာေျပာလိုက္သည္။
"ကိုယ္ေတာ္မေန႕ညကမင္းကိုျပန္ဝတ္ခိုင္းဖို႔ေမ့သြားတယ္ရယ္၊ အခုျပန္ဝတ္လိုက္ေတာ့။"

ေဟာ့ရွီစစ္: "....."

ဟုတ္သားပဲ၊ ဒီလွ်ပ္စစ္လည္ပတ္ဆိုတဲ့အရာမွာေသေစနိုင္တဲ့အရာတခ်ိဳ႕ပါပုံရၿပီးသူ႕ကိုထြက္မေျပးနိုင္ေအာင္လုပ္နိုင္သည္။ ဒါေပမဲ့သူဇာ့ဂ်္ဘုရင္မႏွင့္ေစ့စပ္ညွိႏွိုင္းခါစတုန္းကတစ္ဖက္လူ၏ယုံၾကည္မႈကိုရဖို႔အတြက္သူဝတ္ဖို႔ကတိေပးခဲ့သည္။

ဒီေတာ့ၾကမ္းတမ္းတဲ့ဆက္ဆံမႈမဟုတ္ဘူး။

ႏူးညံ့ေသာႀကိဳးနက္ကသူ႕ရွပ္အျဖဴေကာ္လာမွာခ်ည္ထားၿပီး အလယ္မွာျမေက်ာက္ရွိေနကာကုတ္အနက္ႏွင့္ဆိုေတာ့သူ႕ကိုေခ်ာေမာကာျမင့္ျမတ္သြားေစသည္။

လင္ခုံးလုသူ႕ကိုလွမ္းၾကည့္ကာေက်နပ္ဟန္ေတြးလိုက္မိသည္: ငါတကယ္အျမင္ေကာင္းရွိတာပဲ။ လည္စည္းဝတ္ထားတဲ့မာရွယ္ကပိုခန့္တယ္။

သူေခ်ာင္းအသာဟမ့္ကာေလးနက္ခ်င္ေယာင္ေဆာင္လိုက္ၿပီးမွအမိန့္ေပးလိုက္သည္။
"မင္းဒီညကိုယ္ေတာ့္အိပ္ေဆာင္မွာကိုယ္ေတာ့္ကိုလာခစားရမယ္။"

ေဟာ့ရွီစစ္၏လႈပ္ရွားမႈမ်ားေတာင့္ခဲသြားေပမဲ့သူမျငင္းေပ။

ကံေကာင္းခ်င္ေတာ့သူ႕မွာလည္းစုံစမ္းစရာကိစၥေလးေတြရွိေသးတယ္။ ဥပမာ၊ ဇာ့ဂ်္ဘုရင္မသူ႕ကိုရင္းႏွီးတဲ့ခံစားခ်က္ေပးေနတာကသူတို႔အရင္ကေတြ႕ဖူးခဲ့လို႔လား။ ဒါမွမဟုတ္ဇာ့ဂ်္ဘုရင္မကတစ္ခုခုဖုံးကြယ္ထားတာလား။ ၿပီးေတာ့ဆက္သြယ္ေရးစက္....

*

ညေရာက္ေတာ့ဝန္ေဆာင္မႈေပးသူမွာလင္ခုံးလုျဖစ္ေနခဲ့သည္။ သူကအရင္ဆုံးေဟာ့ရွီစစ္ကိုစိတ္စြမ္းအားကူကုေပးၿပီးမွသူ႕ကိုအလုပ္လုပ္ဖို႔အမိန့္ေပးလိုက္သည္။

ေဟာ့ရွီစစ္ကမ်က္ႏွာေသႏွင့္ၫြန္ၾကားခ်က္မ်ားကိုလိုက္လုပ္သည္။ လင္ခုံးလုအိပ္ေပ်ာ္သြားသည္ႏွင့္ သူ႕မ်က္လုံးမ်ားမွာသူ႕ခါးေပၚကဆက္သြယ္ေရးစက္ေပၚက်ေရာက္သြားသည္။

ထန္မင္ခြန္းစာျပန္လာရင္ အဖ်က္ခံလိုက္ရရင္ေတာင္ restoreျပန္လုပ္ၿပီးၾကည့္လို႔ရေသးတယ္။

ဇာ့ဂ်္ဘုရင္မကစိတ္စြမ္းအားကုန္ဆုံးထားတာမို႔ ဒီအခ်ိန္မွာအသက္ရႉမွန္မွန္အိပ္ေပ်ာ္ေနတယ္။

ေဟာ့ရွီစစ္တစ္ေအာင့္ၾကာစိုက္ၾကည့္ေနမိၿပီးမွေနာက္ဆုံးမွာတစ္ဖက္လူ၏ခါးေပၚလက္လွမ္းလိုက္သည္။

ဒါေပမဲ့သူ႕လက္ေခ်ာင္းထိပ္မ်ားကဆက္သြယ္ေရးစက္ကိုထိေတာ့မည့္အခ်ိန္မွာ လင္ခုံးလုက႐ုတ္တရက္မ်က္လုံးဖြင့္ၾကည့္ကာမပြင့္တပြင့္အၿပဳံးေလးႏွင့္ေမးလာသည္။
"မာရွယ္ဘာလုပ္ေနတာလဲ။"

ေဟာ့ရွီစစ္: "....."

သူစိတ္ေအးေအးထားကာလက္ျပန္႐ုတ္ၿပီးေတာင့္တင္းေသာေလသံျဖင့္ေျပာလိုက္သည္။
"ဇာ့ဂ်္အရွင္ကသိရက္သားနဲ႕ဘာလို႔ေမးေနတာလဲ။"

လင္ခုံးလုစိတ္ဖိစီးခ်င္ေယာင္ေဆာင္ၿပီးႏူးညံ့စြာေျပာလိုက္သည္။
"ၾကည့္ရတာေတာ့အရင္ကအျပစ္ဒဏ္ကတအားေပါ့သြားလို႔ မာရွယ္ကမရိုးမသားျဖစ္ေနေသးတဲ့ပုံပဲ။"

"အင္း၊ ကိုယ္ေတာ္မနက္ျဖန္ေန႕လယ္က်ရင္ညီလာခံက်င္းပရမယ္၊ မင္းကအက်ဥ္းသားအေနနဲ႕တက္ေရာက္ရမယ္။ ဒီညမင္းရဲ႕အျပဳအမူအတြက္အျပစ္ဒဏ္အေနနဲ႕ အခုဆိုမာရွယ္ေဟာ့ရွီစစ္ခိုင္လန္ကကိုယ္ေတာ့္ကြၽန္ျဖစ္သြားၿပီဆိုတာကိုယ္ေတာ္ညီလာခံမွာေၾကျငာခ်င္တယ္။"

ေဟာ့ရွီစစ္ဖမ္းဆီးခံရမႈသတင္းကိုဇာ့ဂ်္ၿဂိဳဟ္သတင္းမွာေၾကျငာခဲ့ၿပီးေပမဲ့ၾကယ္စုနိုင္ငံမ်ားမွာေတာ့မေၾကျငာရေသးေပ။ ဘယ္လူသားတစ္ေယာက္ကမွၿဂိဳဟ္ေပၚေျခမခ်ခဲ့ဖူးသျဖင့္ ဇာ့ဂ်္မွာၾကယ္စုနိုင္ငံမ်ားႏွင့္အဆက္အသြယ္လုပ္ခဲေပရာ ထိုသတင္းဟာဇာ့ဂ်္ၿဂိဳဟ္ေပၚမွာသာပ်ံ့ႏွံ႕ေနၿပီး ၾကယ္စုနိုင္ငံကလူတစ္ေယာက္မွထိုအေၾကာင္းမသိၾကေသးေပ။

အထူးသျဖင့္အင္ပါယာမွာ လူထုထင္ျမင္ခ်က္ကိုဘုရင္အိုႀကီးကထိန္းခ်ဳပ္ထားသျဖင့္ လူအမ်ားစုမွာေဟာ့ရွီစစ္ေသၿပီဟုထင္ေနၾကသည္။

လင္ခုံးလုဒါကိုေျပာလိုက္တာကအနိုင္က်င့္မႈလကၡဏာအေနႏွင့္ အခုဆိုေဟာ့ရွီစစ္ကိုဇာ့ဂ်္ဘုရင္မ၏ကြၽန္ျဖစ္ေၾကာင္းစၾကဝဠာတစ္ခုလုံးကိုသိေစသည္ဟုဆိုလိုသည္။

အရင္ဘဝမွာအဖမ္းခံခဲ့ရသည့္ေဟာ့ရွီစစ္သာဆိုရွက္မိေလာက္ေပမဲ့အရင္ဘဝကအရင္ႏွစ္ႏွစ္မွာသူဇာ့ဂ်္ၿဂိဳဟ္မွခက္ခက္ခဲခဲထြက္ေျပးကာအင္ပါယာကိုျပန္သြားခဲ့ၿပီး ဘုရင္အိုႀကီးနန္းခ်ကာစစ္တပ္အာဏာကိုစုစည္းၿပီး လူထုထင္ျမင္ခ်က္မ်ားကိုဆန့္က်င္ကာဇာ့ဂ်္မ်ားကိုဆန့္က်င္တိုက္ခိုက္ခဲ့သည္။ မီဒီယာကသူ႕ကိုအာဏာရွင္ဟုေခၚသည္။

သူမေကာင္းသတင္းႏွင့္ဆဲေရးမႈမ်ားကိုက်င့္သားရခဲ့တာၾကာၿပီ။

ဆန္က်င္ဘက္အေနႏွင့္သူခုနကဆက္သြယ္ေရးစက္ကိုယူဖို႔ႀကိဳးစားတုန္းက တစ္ခုခုကိုခိုးတာမိသြားသည့္ခံစားခ်က္မွာသူ႕ကိုရွက္သြားေစခဲ့သည္။ သူ....ဒီတိုင္းမက္ေဆ့ခ်္ကိုစစ္ေဆးၿပီးျပန္ထားခ်င္တာဆိုေပမဲ့လည္းေပါ့။

*

ေနာက္တစ္ေန႕မွာေဟာ့ရွီစစ္တစ္ေယာက္မည္းတူးေသာမ်က္ႏွာျဖင့္အိပ္ေဆာင္ကထြက္လာသည္။

ဟဲ့ေရွာင္းႏွင့္ဝမ္းေဟာင္ယြိကသူျပန္လာတာျမင္သည္ႏွင့္မေန႕ကသီအန္းေျပာခဲ့တာကိုသူ႕ကိုျမန္ျမန္ေလးေျပာျပလိုက္ၾကသည္။

"ေျပာတာကေတာ့ပု႐ြက္ဆိတ္ဘုရန္မကိုယ္တိုင္မဟာမိတ္ဖြဲ႕မႈကိုေဖာ္ျပဖို႔ ပု႐ြက္ဆိတ္စစ္တပ္တစ္စိတ္တစ္ပိုင္းကိုဒီကိုဦးေဆာင္လာတယ္ဆိုပဲ။ ပု႐ြက္ဆိတ္မ်ိဳးႏြယ္ကသူတို႔မ်ိဳးႏြယ္ကလွပတဲ့ေကာင္ေလးတစ္ေယာက္ကိုပါဇာဂ့်္ဘုရင္ဆီဆက္သဖို႔စီစဥ္ထားတယ္တဲ့။ အနည္းဆုံးေတာ့အေပၚယံမွာသူတို႔ရႈံးသြားတာကအင္ပါယာအတြက္မေကာင္းဘူးဆိုတာျမင္နိုင္တယ္။"

ဒါကိုၾကားေတာ့ေဟာ့ရွီစစ္မ်က္ေမွာင္ၾကဳတ္မိသည္။ ဆိုေတာ့ဒါကဇာ့ဂ်္ဘုရင္ေျပာခဲ့တဲ့ညီလာခံလား။

အခ်ိန္ကိုက္ပဲ--

"ညီလာခံမွာလူေတြအမ်ားႀကီးရွိမွာ။ ငါတို႔အခြင့္ေကာင္းရွာၿပီးေတာ့ထန္းမင္ခြင္းဆီသတင္းပို႔ရမယ္။"
သူတည္ၿငိမ္စြာေျပာလိုက္သည္။

*

ေန႕လယ္ခင္းမွာညီလာခံအခမ္းအနားမစတင္မီ လင္ခုံးလုဝတ္စုံမ်ားစြာလဲေနခဲ့သည္။ ေနာက္ဆုံးမွာဇာ့ဂ်္ခ်ပ္ဝတ္တန္ဆာဝတ္တာကပိုမိုလႊမ္းမိုးခ်ဳပ္ကိုင္နိုင္စြမ္းရွိသည္ဟုခံစားလိုက္ရသျဖင့္ နဂိုတစ္စုံကိုျပန္ေျပာင္းဝတ္လိုက္သည္။

ညီလာခံအခမ္းအနားဟုဆိုေသာ္ျငား အမွန္ေတာ့အညံ့ခံအခမ္းအနားဟုေခၚရမည္။ ပု႐ြက္ဆိတ္မ်ိဳးႏြယ္ကိုမ်က္ႏွာသာေပးဖို႔အတြက္ပိုေကာင္းေကာင္းေျပာလိုက္တာျဖစ္သည္။

သူသာေဟာ့ရွီစစ္ကိုအနိုင္မယူခ်င္ရင္ သူအႀကိမ္ေပါင္းမ်ားစြာလဲေနမွာမဟုတ္ဘူး။

"ဒါကအနိုင္က်င့္တဲ့ပုံမေပၚဘူးေနာ္။"
0687တီးတိုးေျပာလိုက္သည္။

"ငါကဒီတိုင္းသူ႕ကိုေျခာက္ေန႐ုံပဲ။"
လင္ခုံးလုတည္ၿငိမ္စြာေျပာလိုက္သည္။
"ငါတကယ္လုပ္ခ်င္တာကပူးေပါင္းဖို႔ပဲ။ ၿပီးေတာ့ငါ့လွည့္ကြက္ေတြကိုလည္းႂကြားလုံးထုတ္ရမယ္ေလ။"

*

အခမ္းအနားအစ၌ လင္ခုံးလုကအစိမ္းရင့္ေရာင္ခ်ပ္ဝတ္တန္ဆာႏွင့္မ်က္ႏွာထက္သတၳဳမ်က္ႏွာဖုံးတပ္လ်က္ထူးျခားဆန္းၾကယ္ေသာသြင္ျပင္ျဖင့္ စင္ေပၚမွာေပၚထြက္လာသည္။

ေဟာ့ရွီစစ္ကသူ႕ေနာက္ကမ်က္ႏွာေသျဖင့္လိုက္သြားၿပီး ဟဲ့ေရွာင္းႏွင့္ဝမ္းေဟာင္ယြိမွာလည္းအေႁခြအရံမ်ားႏွင့္အတူသူတို႔ေနာက္ကလိုက္သြားသည္။

လင္ခုံးလုအမွန္ေတာ့ဘာမွလုပ္စရာမလို။ ျဖစ္စဥ္ကိုအကုန္စီစဥ္ထားၿပီးၿပီပင္။ သူကရံဖန္ရံခါေခါင္းၿငိမ့္ေခါင္းခါလုပ္႐ုံသာလိုအပ္ၿပီး အမ်ားဆုံးေတာ့သူ႕သေဘာထားကိုေဖာ္ျပရန္အသံတစ္ခုေပး႐ုံပင္။

အေရးႀကီးဆုံးအရာမွာသူကဇာ့ဂ်္ဘုရင္မကဲ့သို႔ျပဳမူၿပီး သူ၏ထူးျခားဆန္းၾကယ္မႈကိုထိန္းသိမ္းကာဇာ့ဂ်္တိုင္း၊ အထူးသျဖင့္ပု႐ြက္ဆိတ္မ်ားကိုေၾကာက္လန့္ေစကာ သူ႕ကိုေၾကာက္႐ြံ႕ရိုေသသြားေအာင္လုပ္ရမည္။

ဇာ့ဂ်္မ်ိဳးႏြယ္ထဲမွာအနည္းစုျဖစ္သည့္ဓားခုတ္ေကာင္မ်ိဳးႏြယ္ကဇာ့ဂ်္ဘုရင္မတစ္ေယာက္ၿပီးတစ္ေယာက္ဖြားျမင္ခဲ့သျဖင့္ ၎ကဇာ့ဂ်္မ်ိဳးႏြယ္ႀကီးမ်ားကိုေတာ္ေတာ္ေလးမေက်မနပ္ျဖစ္သြားေစခဲ့သည္။

အထူးသျဖင့္ပ်ားႏွင့္ပု႐ြက္ဆိတ္မ်ားပင္။ သို႔ေသာ္စစ္ပြဲအမ်ားအျပားအၿပီးမွာ ပ်ားမ်ားကဇာ့ဂ်္ဘုရင္မ၏ဦးေဆာင္မႈကိုလြန္ခဲ့ေသာႏွစ္အနည္းငယ္ခန့္ကလက္ခံခဲ့သည္။ ပု႐ြက္ဆိတ္မ်ားသာေခါင္းမာမာႏွင့္ေတာင့္ခံေနခဲ့ျခင္း။

ဒီတစ္ေခါက္ပု႐ြက္ဆိတ္မ်ားမွာရႈံးနိမ့္သြားခဲ့ေသာ္လည္း ဇာ့ဂ်္တပ္ေၾကာင့္ရႈံးနိမ့္သြားတာျဖစ္ၿပီး ဇာ့ဂ်္ဘုရင္မလင္ခုံးလုေၾကာင့္မဟုတ္ေပ။

ေသခ်ာတာေပါ့၊ ပု႐ြက္ဆိတ္ဘုရင္မကပု႐ြက္ဆိတ္တပ္ႏွင့္အတူေရွ႕တိုးကာသူ႕ကိုအရိုအေသေပးလာခ်ိန္ သူမမ်က္ႏွာထားမွာပုံမွန္ျဖစ္ၿပီး သူမမ်က္ဝန္းထဲမွာရိုေသေလးစားမႈရွိမေန။

လင္ခုံးလုထိုင္ခုံကိုေက်ာမွီကာလက္ျမႇောက္ၿပီးသူ႕ႏွဖူးကိုေထာက္ကာမ်က္ႏွာဖုံးအစြန္းကိုလက္ေခ်ာင္းထိပ္မ်ားျဖင့္တေတာက္ေတာက္ေခါက္ၿပီး ျဖည္းျဖည္းခ်င္းႏႈတ္ခမ္းေကာ့တက္သြားသည္။

႐ုတ္ျခည္းပင္၊ လက္ရွိဇာ့ဂ်္တိုင္းမွာတုႏွိုင္းမဲ့ခြန္အားႀကီးေသာစိတ္စြမ္းအားကိုခံစားလိုက္ရၿပီး သူတို႔မ်က္ႏွာထားမွာ႐ုတ္တရက္ရိုေသေလးစားလာကာ သူတို႔မ်က္ဝန္းထဲမွာေၾကာက္႐ြံ႕ရိုေသမႈတို႔ျဖစ္ေပၚသြားသည္။

လင္ခုံးလုထံမွဂ႐ုစိုက္ခံလိုက္ရသည့္ပု႐ြက္ဆိတ္မ်ားမွာျဖဴေဖ်ာ့သြားၿပီး ႏွဖူးေပၚမွာေခြၽးေစးျပန္လာကာ တုန္တုန္ရီရီႏွင့္ဒူးတစ္ဖက္ေထာက္က်သြားသည္။

ပု႐ြက္ဆိတ္ဘုရင္မႏွင့္သူမေဘးကေကာင္ေခ်ာေလးမွာတစ္ေအာင့္ၾကာေတာင့္ခံနိုင္ေပမဲ့ခဏၾကာေတာ့သူတို႔မ်က္ႏွာေပၚမွာေၾကာက္႐ြံ႕ရိုေသမႈႏွင့္ဒူးတစ္ဖက္ေထာက္က်သြားသည္။

ထို႔ေနာက္လင္ခုံးလုစိတ္စြမ္းအားျပန္႐ုတ္ကာသူတို႔ကိုတစ္ေယာက္ကိုတစ္ေယာက္ၾကည့္ခြင့္ေပးလိုက္သည္။

ေဟာ့ရွီစစ္တိတ္တခိုးအံ့ၾသသြားရသည္။ စိတ္စြမ္းအား၏အသန္မာဆုံးကိုယ္ထင္ျပမႈမွာစိတ္စြမ္းအားကို႐ုပ္လုံးေပၚေအာင္လုပ္နိုင္စြမ္းျဖစ္ၿပီး ႐ုပ္လုံးေပၚစိတ္ဝိညာဥ္သားရဲကအလြန္စြမ္းအားႀကီးသည္ဟုလူသားမ်ားကအၿမဲယုံၾကည္ခဲ့ၾကသည္။

သို႔ေပမဲ့ဇာ့ဂ်္ဘုရင္မလိုမ်ိဳးတစ္စုံတစ္ေယာက္ကစိတ္စြမ္းအားကို႐ုပ္လုံးေဖာ္စရာမလိုဘဲအလြန္စြမ္းအားႀကီးနိုင္မည္ဟုသူမထင္ထားမိေပ။

ပု႐ြက္ဆိတ္ဘုရင္မမွာလည္းအံ့ၾသသြားခဲ့သည္။ သူမလင္ခုံးလုႏွင့္တစ္ခါမွမတိုက္ခိုက္ခဲ့ဖူးသျဖင့္ သူဟာပလႅင္လုံၿခဳံေအာင္ဘုရင္မေဟာင္းခ်န္ထားခဲ့သည့္ဇာဂ်္တပ္ကိုမွီခိုအားကိုးေနတာဟုသူမအၿမဲထင္ထားခဲ့သည္။ မထင္မွတ္ဘဲသူတို႔ဒီေန႕ေတြ႕ေတာ့မွသူမဟာနိမ့္က်ေနခဲ့မွန္းသေဘာေပါက္သြားသည္။

ဇာ့ဂ်္မ်ားမွာခြန္အားကိုရိုေသေလးစားၿပီးခြန္အားရွိသူတို႔ကိုေလးစားျမတ္နိုးၾကသည္။ သူမမ်က္ႏွာထားမွာေနာက္ဆုံးတြင္ရိုေသေလးစားမႈကိုေဖာ္ျပလိုက္ေပမဲ့ သူမေခါင္းေမာ့ၾကည့္မိေတာ့လင္ခုံးလုေဘးကေဟာ့ရွီစစ္ကိုျမင္လိုက္ရခ်ိန္မွာသူမမ်က္ေမွာင္အသာၾကဳတ္မိသည္။

အျခားအေၾကာင္းရင္းမရွိဘူး။ ဒီ"ဇာ့ဂ်္"ကေခ်ာလြန္းေနၿပီးေတာ့....နည္းနည္းရင္းႏွီးေနသလိုပဲ။

သူမထိုင္ခုံေပၚျပန္ထိုင္ၿပီးေနာက္သူမေဘးကိုလွည့္ကာသူမေဘးကအေႁခြအရံကိုေမးလိုက္သည္။
"အရွင့္ေဘးကလူငယ္ကဘယ္သူလဲ။"

အေႁခြအရံမွာေဟာ့ရွီစစ္ကိုတစ္ခ်က္ၾကည့္႐ုံႏွင့္မွတ္မိသြားေပမဲ့သူ၏လက္ရွိအဆင့္အတန္းကိုအနည္းငယ္ေသခ်ာမသိေပရာ သူတုံ႕ဆိုင္းစြာေျပာလိုက္မိသည္။
"သူကအရွင့္ရဲ႕....ခ်စ္သူပါ။"

ပု႐ြက္ဆိတ္ဘုရင္မမသိမသာအံ့ၾသသြားကာေဟာ့ရွီစစ္ကိုတစ္ခ်က္ထပ္ၾကည့္လိုက္မိၿပီး တစ္ေအာင့္ၾကာမွအေႁခြအရံကိုလက္ေဝွ႕ရမ္းျပကာသူမေဘးကလူငယ္ေလးကိုေျပာလိုက္သည္။
"ခ်က္စတာ၊ မင္းမွာသန္မာတဲ့ၿပိဳင္ဘက္ရွိေနတဲ့ပုံပဲ။"

ခ်က္စတာမွာေဟာ့ရွီစစ္ကိုတိတ္တိတ္ေလးၾကည့္လိုက္ၿပီးသိသိသာသာကိုဘုရင္မ၏စကားလုံးကိုစိတ္ထဲမထည့္ေပ။

ေဟာ့ရွီစစ္ကသူ႕အၾကည့္ကိုသတိထားမိသြားကာသူ႕ကိုေအးစက္စက္မ်က္ဝန္းမ်ားျဖင့္႐ုတ္တရက္ၾကည့္လာသည္။

ခ်က္စတာေတာင့္ခဲသြားကာခပ္ျမန္ျမန္အၾကည့္လႊဲလိုက္မိသည္။

လင္ခုံးလုကသတိထားမိသြားပုံရကာတစ္ဖက္လွည့္ၿပီးေဟာ့ရွီစစ္ကိုေမးလိုက္သည္။ "ဘာျဖစ္လို႔လဲ။"

ေဟာ့ရွီစစ္ေခါင္းခါကာတည္ၿငိမ္စြာေျပာလိုက္သည္။ "ဘာမွမဟုတ္ပါဘူး။"

ဒီအခ်ိန္မွာစကားေျပာဖို႔မသင့္ေတာ္ေပ။ လင္ခုံးလုဒါကိုျမင္ေတာ့ေမးခြန္းထပ္မေမးလိုက္ေတာ့ေပ။

ခဏၾကာေတာ့အခမ္းအနားမွာေနာက္ဆုံးအစီအစဥ္ျဖစ္သည့္စစ္ေလ့က်င့္ေရးကိုေရာက္လာသည္။

ဒါကလည္းလင္ခုံးလုကိုယ္တိုင္ပါဝင္မည့္ေလ့က်င့္ေရးျဖစ္ေပသည္။

_________

ေနာက္တစ္ပတ္ကစၿပီးscheduleအတိုင္းupdateေပးမယ္ေနာ္။ Tue, Thurs, Sat, Sun.

__________

Continuă lectura

O să-ți placă și

60.3K 2.2K 100
Coming Into Your World I Fell In Love With You| "I'm...In love with someone who's in a TV show?! And he's not even in the show he's supposed to be a...
7.4K 89 39
❝WE'RE ON ANOTHER MENTALITY.❞ IN THE WAKE OF ELENA GILBERT'S GOODBYE, THE OTHERS PROCEED ON WITH THEIR LIVES, ALONGSIDE THEIR RECOVERY FROM LOSS, WIT...
222K 7.4K 38
After years of abuse Anastasia has shut herself within emotionless walls. Even if the physical and mental abuse have broken her to the high extent, h...
48.3K 4.2K 124
Admin ဆီက ခွင့်ပြုချက်မရသေးပါဘူး free တင်တဲ့ အတိုင်း တင်ပေးပါ့မယ် admin တွေ လာပြောရင် ဖျက်ပေးပါမယ်။ Start date -21•4•2024(Sunday) End date-