ကမ်းကုန်အောင်အလိုလိုက်ပေးမယ်

By Moe_Lay

45.7K 2.4K 68

ယွီကျီရီက ငယ်စဉ်ကတည်းက ဉာဏ်နည်းပြီး ခပ်လွယ်လွယ်ပဲလျစ်လျူရှုခံရတဲ့ ကလေးတစ်ယောက်ဖြစ်ခဲ့တယ်။ဒါပေမဲ့ ပါရမီရှိပြီး... More

Description
Description (Z)
Chapter 1
Chapter 1 (Z)
Chapter 2
Chapter 2 (Z)
Chapter 3
Chapter 3 (Z)
Chapter 4
Chapter 4 (Z)
Chapter 5
Chapter 5 (Z)
Chapter 6
Chapter 6 (Z)
Chapter 7
Chapter 7 (Z)
Chapter 8
Chapter 9
Chapter 9 (Z)
Chapter 10
Chapter 10 (Z)
Chapter 11
Chapter 11 (Z)
Chapter 12
Chapter 12 (Z)
Bibliobay and Paid Gp
Chapter 13
Chapter 13 (Z)
Chapter 14
Chapter 14 (Z)
Chapter 15
Chapter 15 (Z)
Chapter 16
Chapter 16 (Z)
Chapter 17
Chapter 17 (Z)
Chapter 18.1
Chapter 18.1 (Z)
Chapter 18.2
Chapter 18.2 (Z)
Chapter 19
Chapter 19 (Z)
Chapter 20.1
Chapter 20.1 (Z)
Chapter 20.2
Chapter 20.2 (Z)
Chapter 21.1
Chapter 21.1 (Z)
Chapter 21.2
Chapter 21.2 (Z)
Chapter 22.1
Chapter 22.1 (Z)
Chapter 22.2
Promotion
Chapter 23.1
Chapter 23.2
Chapter 24.1
Chapter 24.2
Chapter 25.1
Chapter 25.2
Chapter 26.1
Chapter 26.2
Chapter 27.1
Chapter 27.2
Chapter 28.1
Paid Gp Completed

Chapter 8 (Z)

182 4 1
By Moe_Lay

 စက်တင်ဘာလသည် ရွှေရောင်လွှမ်းသည့် ဆောင်းဦးဝင်ချိန်ဖြစ်ပြီး နောက်ကျောင်းတက်နှစ်၏အစဖြစ်သည်။

အဖြူအပြာစပ်ရှပ်လက်တိုနှင့်ကောင်လေးက ကျောင်းဈေးဆိုင်ရှေ့တွင်ရပ်ရင်း အမ်းငွေတို့ကိုယူကာ ဆိုင်ရှင်ကို သာမန်အပူချိန်ရှိ ရေသန့်နှစ်ဘူးကိုမှာလိုက်သည်။

သူက ကောင်းမွန်သည့်ပုံပန်းသွင်ပြင်နှင့်မွေးဖွားလာသူဖြစ်ပေမဲ့ အသက်အားဖြင့် ၁၂ နှစ်သာရှိသေးသည်။ သူ၏တလက်လက်တောက်နေသည့်မက်မွန်ပွင့်သဏ္ဌာန် မျက်လုံးတစ်စုံက ညှို့ငင်ဆွဲဆောင်နေသည့် အရောင်အဝါတစ်ခုကို ထုတ်လွှတ်နေသည်။

တချို့သော ရှက်တက်သည့်မိန်းကလေးအချို့က သူ့ကိုမြင်လျှင် ရှက်သွားကြပြီး မည်သူတစ်ဦးတစ်ယောက်ကမှ လက်ဦးမှုယူ၍မိတ်မဆက်ရဲပေ။ အဘယ်ကြောင့်ဆိုရလျှင် သူတို့၏မိဘများ ဘေးတွင်ရှိနေ၍ ဖြစ်သည်။

“အဲ့ကောင်လေးက ဘယ်အတန်းထဲကလဲ။”

“သူ့ကို အရင်ကမမြင်ဖူးပါဘူး။ သူက ကျောင်းသားသစ်ဖြစ်ရမယ်။”

“မဟုတ်ရင် အလယ်တန်းကျောင်းသားဖြစ်လိမ့်မယ်။ ဒီလိုထင်ရှားတဲ့ပုံစံနဲ့ဆို လူမသိဘဲမနေလောက်ဘူး။”

“သူ့ဘေးမှာ မိဘတွေမပါပဲ ဈေးဆိုင်ကိုရေလာဝယ်ပုံထောက်ရင် ကျောင်းသားသစ် ဖြစ်ပုံမရဘူး။”

“ငါနဲ့လိုက်ကြည့်ကြ။”

စိတ်ထက်သန်နေသည့် စပ်စပ်စုစုလူနှစ်ယောက်က တိတ်တိတ်လေးအနောက်မှ လိုက်လာကြသည်။ ကစားကွင်းတွင် လူပေါင်းမနည်းရှိနေရာ သူ့ကိုရှာရန်မလွယ်ကူလှပေ။

ရှီရီက သူ၏ဘယ်နှင့်ညာလက်နှစ်ဖက်စလုံးတွင် ရေတစ်ဘူးစီကိုင်ရင်း စာသင်ဆောင်၏ အရိပ်ဆီသို့ စိတ်အေးလက်အေးလျှောက်သွားနေသည်။

သူ ဒီအလယ်တန်းကျောင်းကိုရောက်ဖူးတာ နှစ်ခါရှိပြီဖြစ်ပြီး ကျောင်းလမ်းများကို စိတ်ဖြင့်မှတ်ပြီးနေပြီဖြစ်သည်။

“ဒီမှာ။” သူက ရေတစ်ဘူးကို အဖုံးဖွင့်ပြီး လှေကားဘေးတွင်ရပ်နေသည့် ကောင်မလေးထံ ကမ်းပေးလိုက်သည်။  ကောင်မလေးက ရေဘူးကိုကိုင်ပြီး နှစ်လုတ်သောက်ကာ “ကောကော။ အခန်းခွဲတာကို သွားကြည့်ကြမလား။”

အတန်းစာရင်းကိုကြည့်ပြီးနောက် သူ(မ)က ပျော်လွန်း၍ ထခုန်မတတ်ပင်။ “ကောင်းလိုက်တာ။ ငါတို့က တစ်ခန်းထဲဖြစ်နေတုန်းပဲ။ ကံစပ်ပုံများ။”

ဆိုလိုသည်မှာ သူတို့က နောက်သုံးနှစ်ထိ အတူတူရှိဦးမည်ဖြစ်သည်။

ရှီရီက အတန်းစာရင်းကို ကြည့်ပြီး သူ့နှာခေါင်းသူ ရှက်ရွံ့စွာပွတ်လိုက်သည်။

သူ့ဘက်က မြို့ထဲရှိ အကောင်းဆုံးသော အလယ်တန်းကျောင်းကိုငြင်းဆိုခဲ့ပြီးနောက် မြို့ထဲမှ အလယ်တန်းကျောင်းနှစ်ကျောင်းက သူ့အိမ်ကိုဖုန်းခေါ်ရန် အလုအယက်ကြိုးပမ်းခဲ့ကြသည်။ထို့ကြောင့် သူလည်း ဖြစ်ရိုးဖြစ်စဉ်ကဲ့သို့ တစ်ခန်းထဲကျရန် တောင်းဆိုခဲ့တာ ဖြစ်သည်။

သူ အခန်းထဲသို့ ဝင်လာချိန်တွင် အခန်းထဲရှိ လူဦးရေ၏ သုံးပုံတစ်ပုံသာ ကျိုးတိုးကျဲတဲ ထိုင်နေကြသည်။

ရှီရီတစ်ယောက် အခန်းကို တစ်ချက်ဝေ့ကြည့်ပြီး ယွီကျီရီကို ပြောလိုက်သည်။ “တစ်နေရာ ရွေးလိုက်။”

သူ(မ)ကို နေရာရွေး၍ အရင်ထိုင်ရန် ပြောလိုက်သည်။

ယွီကျီရီက ခေါင်းလှည့်ပြီး ရှီရီ၏ အရပ်အမြင့်ကို တစ်ချက်ကြည့်ကာ အတန်း နောက်ဘက်သို့ လျှောက်သွားလိုက်သည်။

မူလတန်းတစ်လျှောက် ရှေ့သုံးတန်းတွင်သာ ထိုင်ခဲ့သည့် ကောင်မလေးက နောက်ဆုံးမှ ရေလျှင် ဒုတိယတန်းတွင် ထိုင်လိုက်သည်ကို တွေ့သောအခါ ရှီရီက ရယ်၍ “ဒီမှာထိုင်။ တခြားသူတွေရဲ့ ခေါင်းတွေကို ကြည့်မလို့လား။”

ယွီကျီရီ : “…”

သူ(မ)က အစ်ကို ဖြစ်သူနောက်လိုက်ပြီး နီးနီးကပ်ကပ် နေချင်ရုံသာ ဖြစ်သည်။

ရှီရီက ရီရီ့ ကျောင်းလွယ်အိတ်အလွတ်ကို ယူပြီး သူ(မ)ကို စတုတ္ထတန်းဆီ ခေါ်လာကာ နှစ်နေရာစာကို ပိုင်စိုးပိုင်နင်းဖြင့် ဦးလိုက်သည်။

ယွီကျီရီက တုံ့ဆိုင်းစွာ မေးလိုက်သည်။ “ကောကော။ နင် ဒီမှာထိုင်လို့ အဆင်ပြေရဲ့လား။”

သူ(မ)က ရှီရီတစ်ယောက် သူ၏ အရပ်အမြင့်ကြောင့် နောက်ဆုံးတန်းသို့ ပြောင်းသွားမည်ကို စိုးရိမ်နေခဲ့တာ ဖြစ်သည်။

“နောက်မှ ပြောရအောင်။” ရှီရီကတော့ ဂရုမစိုက်ပါ။

ယွီကျီရီက ဘေးဘီကို တိတ်တဆိတ် လှည့်ပတ် ကြည့်ပြီးနောက် အခန်းထဲမှ လူအားလုံးက သူစိမ်းများ မဟုတ်ကြဘဲ အချို့ဆိုလျှင် သူ(မ)တို့ မူလတန်းကျောင်းမှ ဖြစ်ကြောင်း တွေ့လိုက်ရသည်။ သို့ပေမဲ့ သူတို့ချင်း မရင်းနှီးကြပေ။

မူလတန်းကျောင်းတုန်းက ရှီရီ့ကို ဆရာများက လက်ဖဝါးထဲ ထည့်ထားမတတ် တန်ဖိုးထားခဲ့ကြသည်။ သူသည်လည်း ဘာသာရပ်များကို ပေါ့ပေါ့ဆဆ သဘောမထားခဲ့ပေ။ သူက ကျောင်းဂုဏ်ဆောင် ဆုများကိုလည်း ရယူပေးခဲ့သည်။ ပြောကြသည်က သူသည် မူလတန်းကတည်းက အလယ်တန်း သင်ခန်းစာများကို သင်ခဲ့သည် ဟူ၍ ဖြစ်သည်။ သူက အထက်တန်း မေးခွန်းများကိုပင်သိနေသည်။ လူတချို့က အတန်းကျော်တက်ရန် အကြံပေးကြပေမဲ့ မသိနိုင်သည့် အကြောင်းပြချက် အချို့ကြောင့် သူက သင်ကြားရေးတွင် ဖြည်းဖြည်းနှင့် မှန်မှန် သင်ယူရန်သာ ဆန္ဒရှိခဲ့သည်။

ယွီကျီရီတစ်ယောက် ပျင်းပျင်းရှိသည်နှင့် စားပွဲပေါ် ခေါင်းတင်ကာ အရှေ့တံခါးကို မျက်လုံးဝိုင်းဝိုင်းများနှင့် ငေးကြည့်နေခဲ့သည်။ နောက်တစ်ယောက် ဝင်လာမည့်သူမှာ သူ(မ) သိသည့်သူ ဖြစ်ရန်ကို မျှော်လင့်နေခဲ့သည်။

သူ(မ)က တစ်ယောက်ပြီး တစ်ယောက်ကို လိုက်ကြည့်နေခဲ့သည်။ နောက်ဆုံးတွင်တော့ သူ(မ) မတ်မတ်ထရပ်လိုက်သည်။

“ချောင်ချောင်။” သူ(မ) အလွန်ပျော်ရွှင်နေပြီး ချောင်လဲ့ကျီကို လက်ယမ်းပြလိုက်သည်။ နောက်ဆုံးတော့ သူတို့တွေ အတူတူ တက်ဖြစ်သွားခဲ့လေပြီ။

လူသစ်လေးများက ကြိုမသိနိုင်သည့် ဘဝသစ်အတွက် မျှော်လင့်ချက်များနှင့် ပြည့်နေခဲ့သည်။ သူတို့က အရောင်စုံလူစုံကို တွေ့နေရ၍ ဖြစ်သည်။ ယနေ့သည် တရားဝင် ကျောင်းစဖွင့်သည့်ရက်မဟုတ်ပေမဲ့ အခန်းထဲမှ လူတိုင်းက အသစ်ထုတ်မဲ့စာအုပ်ကို စောင့်မျှော်နေကြသည်။

ရာသီဥတုက လူတိုင်းကို အိပ်ငိုက်စေသည်။ ယွီကျီရီက စောင့်ပြီးရင်းစောင့်နေကာ မျက်ခွံ့တို့ မှေးကျလာပြီး စာရေးခုံပေါ် ပြုတ်ကျကာ တိုက်ရိုက် အိပ်ပျော်သွားတော့သည်။   

ချောင်လဲ့ကျီက အနောက်ခုံမှ လူစိမ်းများနှင့် သူငယ်ချင်းဖွဲ့ပြီး၍ ယွီကျီရီ့ နာမည်ကို ခေါ်ရန် ရှေ့သို့ ပြန်အလှည့်တွင် ရှီရီ၏ အကြည့်စူးစူးများနှင့် တားခြင်းကို ခံလိုက်ရသည်။

သူ(မ)က နစ်နာသည့်ပုံစံနှင့် လက်မြှောက်ကာ မနှောင့်ယှက်ရဲတော့ပေ။

စက်တင်ဘာလတွင် ရာသီဥတုက ပူနေဆဲ ဖြစ်သည်။ မကြာလိုက်ခင်မှာပင် ရီရီ့နဖူးနှင့် နှာခေါင်းထိပ်မှ ချွေးတို့ စီးကျလာခဲ့သည်။

သူ(မ)ခေါင်းအထက်ရှိ ပန်ကာက ပျက်နေသည်။ ဒါကြောင့် ရှီရီက ဝင်ခွင့်စာရွက် နှစ်ရွက်ကို ထပ်၍ လေရရှိရန် ဖန်တီးလိုက်သည်။

သူက စိတ်ကူးပေါက်၍ ထလုပ်ခြင်း မဟုတ်ပါ။ သူ့လက်များ နာကျင်နေလျှင်တောင် ဆက်၍ ယပ်ခပ်ပေးဦးမည် ဖြစ်သည်။

သူတို့နှစ်ယောက်နှင့် မရင်းနှီးသည့် သူများကတော့ အံ့ဩနေကြသည်။ “ငါကြားတာတော့ ကောင်မလေးက ကောင်လေးကို ကောကောလို့ခေါ်တာ။ သူတို့က မောင်နှမတွေလား။ ကောင်းလိုက်တာနော်။”

သူတို့ထင်လိုက်သည်က ညီမကို အလိုလိုက်သည့် အစ်ကို ဟူ၍ပင် ဖြစ်သည်။

မည်သို့ပင် ဖြစ်စေ ဒါမျိုးကို ၆ နှစ်လောက် မြင်တွေ့ဖူးသည့် ချောင်လဲ့ကျီကတော့ လက်ညိုးတရမ်းရမ်းလုပ်၍ လျှို့ဝှက်စွာ ပြန်ဖြေလိုက်သည်။ “ဘာမှ မဟုတ်ဘူး။ နင်တို့ နောက်တော့ သိလာလိမ့်မယ်။”

ချောင်လဲ့ကျီက ရှင်းရှင်းလင်းလင်း မပြောခဲ့ပါ။ လူတိုင်းက ယွီကျီရီကို ဒီလို နူးညံ့ကြင်နာပြီး ဂရုစိုက်တတ်သည့် အစ်ကိုကောင်း တစ်ယောက်ကို ပိုင်ဆိုင်ထားခြင်းအတွက် မနာလိုဖြစ်နေကြသည်။

တရားဝင် ကျောင်းစဖွင့်ပြီးနောက် အတန်းပိုင်ဆရာက သူတို့၏ အရပ်အမြင့်ကို လိုက်၍ နေရာ ပြန်ပြောင်းပေးသည်။ ရှီရီနှင့် ယွီကျီရီတို့ နှစ်ယောက်က အရပ်မတူသည်ကြောင့် တစ်တန်းတည်း ထိုင်ရန် မသင့်လျော်ပေ။ ကံအားလျော်စွာ ရီရီနှင့် ချောင်လဲ့ကျီတို့ကတော့ အတူတူထိုင်ရသည်။

“ကျောင်းသားတို့။ ဆရာက ယန်းရှောင်ပါ။ မင်းတို့ရဲ့ အတန်းပိုင်ပေါ့။”

အတန်းပိုင်ဆရာက ကျောက်သင်ပုန်းပေါ်တွင် သူ၏ အမည်ကို ရေးပြလိုက်သည်။ ပြီးလျှင် စာသင်နှစ် အစမှာပင် အားလုံးအတွက် ကြက်စွပ်ပြုတ်တို့ကို လောင်းချပေးခဲ့သည်။

[ T/N - ကြက်စွပ်ပြုတ်လောင်းချတယ်ဆိုတာ အားလုံး စိတ်အားတက်စေမဲ့ စကားတွေ အများကြီး ပြောပေးတာပါ။ ]

အတန်းပိုင်ဆရာက လက်ထဲတွင် ကျောင်းသားစာရင်းကို ကိုင်ထားပြီး အတန်းထဲရှိ ကျောင်းသားသစ်တို့ကို မေးလိုက်သည်။ “ဆရာက အတန်းရဲ့ ယာယီ ကော်မတီအဖွဲ့ဝင် နည်းနည်းလောက် ရွေးချင်လို့။ ကိုယ့်သဘောနဲ့ကိုယ် အကြံပြုချင်တဲ့ သူများ ရှိလား။”

ရီရီတို့သုံးယောက်သားက စမ်းလုပ်ကြည့်ချင်နေကြသည်။ ရှီရီကတော့ တုံ့နှေးမနေဘဲလက်ထောင်လိုက်သည်။

“သူက အရမ်း ယုံကြည်ချက်ရှိတာပဲ။”

“ဟုတ်တာပေါ့။ သူက အကောင်းဆုံး အလယ်တန်းကျောင်းက ကမ်းလှမ်းတာ ခံရတဲ့တစ်ယောက်လေ။”

“ဒါဆိုလည်း သူက ဘာလို့ ငါတို့ အတန်းကို လာတက်နေတာလဲ။”

“ငါလည်း မသိဘူး။”

ရှီရီက မူလတန်းကျောင်းတွင် သုံးနှစ်တိတိ အတန်းခေါင်းဆောင် ဖြစ်ခဲ့သည်။ အဆင့်ကောင်းတွေနှင့်ဆို သူသာ အတန်းခေါင်းဆောင်ဖြစ်မှာ သေချာသည်။

ထိုအခိုက်မှာပင် ကောင်မလေးတစ်ယောက်က လက်မြှောက်ကာ “သမီးလည်း အတန်းခေါင်းဆောင် ဝင်အရွေး ခံချင်ပါတယ်။”

“အဲ့ဒါ ငါတို့ကျောင်းရဲ့အနိုင်ကျင့်တတ်တဲ့ ချန်ချင်းယွီပေါ့။”

ကိစ္စရပ်များကို စီစဉ်ကိုင်တွယ်ပြီးနောက် အတန်းခေါင်းဆောင် ရွေးချယ်မဲပေးရန် နှစ်ပတ်စောင့်ခဲ့ရသည်။

ချန်ချင်းယွီက အလုပ်ကြိုးစားသည်။ အတန်းဆင်းသည်နှင့် အခန်းဖော်တို့ကို အတူတူ စားသောက်ရန် ဖိတ်လိုက်သည်။

ရှီရီကတော့ ဘတ်စကတ်ကော ကစားပြီး အခန်းထဲမှ ယောက်ျားလေး အများစုနှင့် ညီကိုရင်းများပမာ ဖြစ်သွားခဲ့သည်။ ဒီအရွယ် ကောင်မလေးများက ချောမော တောက်ပပြီး အဆင့်ကောင်းတို့နှင့် ဘတ်စကတ်ဘော ကစားတတ်သည့် ကောင်လေးမျိုးကို မခုခံနိုင်ပေ။ 

အတန်းခေါင်ဆောင်ရွေးချယ်သည့်အခါ ရှီရီက ချန်ချင်းယွီကို ၅ မဲအသာစီးနှင့် အနိုင်ရခဲ့သည်။

အားလုံးက ရှီရီကို လေးနက်ပြီး တာဝန်ယူတတ်သည့် အတန်းခေါင်းဆောင်လို့ ထင်ခဲ့ကြပေမဲ့ သူတို့ မမျှော်လင့်ခဲ့မိတာက….

“အတန်းခေါင်းဆောင်ရှီ။ ငါ ဒီအင်္ဂလိပ်စာကို မမှတ်နိုင်လို့။ ဒါကြောင့် ငါ့ဘာသာငါ မှတ်စု နည်းနည်းရေးထားတယ်…။”

အတန်းဖော်က စာလုံးများအပြည့်နှင့်စာအုပ်ကိုကြည့်ပြီးမေးလိုက်သည်။ “ငါ ဒီကောက်နုတ်ချက်လောက်ပဲ ကြည့်ပြီး မှတ်လို့ရနိုင်လား။”

“ရတယ်။”

“အတန်းခေါင်းဆောင်။ မင်းရဲ့ သင်္ချာအိမ်စာကို ငှားပါလား။”

သူ့အတန်းဖော်တို့က သူ့အတွက်နှင့် ဂုဏ်ယူနေခဲ့ကြသည်။

လက်ထောက်အတန်းခေါင်းဆောင်ချန်ချင်းယွီက သူ(မ)ကို စော်ကားနေကြသလို ခံစားနေရသည်။

ချန်ချင်းယွီတစ်ယောက် အချိန်ကြာကြာ သည်းခံခဲ့ရသည်မှာ ယွီကျီရီ စာလုံးပေါင်းသတ်ပုံ စာမေးပွဲကျ၍ ဆရာမှ စာကူးခိုင်းရာ ရှီရီ ကူးရေးပေးလိုက်သည့် အချိန်ထိ ဖြစ်သည်။

ကျောင်းသားအများစုက တရုတ်စာပေ စာလုံးပေါင်းသတ်ပုံ စာမေးပွဲတွင် ကျကြပြီး ဆရာက သူတို့ကို စာလုံးပေါင်းသတ်ပုံ ဆယ်ကြိမ် ကူးရေးခိုင်းခဲ့သည်။ ယွီကျီရီသည်လည်း ၄တို့ထဲမှ တစ်ယောက်အပါအဝင် ဖြစ်သည်။  

ဆရာက အတန်းခေါင်းဆောင်နှင့် လက်ထောက် အတန်းခေါင်းဆောင်တို့ကို ထိုသူတို့အား စောင့်ကြည့် ကြီးကြပ်စေရာ ချန်ချင်းယွီက အလေးအနက်ထားသည့်မျက်နှာထားနှင့် အခန်းတွင်း ရှေ့နောက် လျှောက်နေရင်း မြန်မြန်ကူးရန် လောဆော်နေခဲ့သည်။

ရှီရီကတော့ ခြေထောက်ကို မြှောက်၍ မျက်လုံးမှိတ်ကာ ပျင်းရိပျင်းတွဲ ထိုင်နေပြီး အလေးအနက် မရှိခဲ့ပေ။

ချန်ချင်းယွီက ဒီလိုသာ ဆက်ဖြစ်နေမည်ဆိုလျှင် သူ(မ)သည်သာ အတန်းခေါင်းဆောင် ရာထူးနှင့် ထိုက်တန်ကြောင်းကို ဆရာသိသွားမှာပဲလို့ တွေးနေခဲ့သည်။

ဒါကြောင့် သူ(မ)က ပိုပြီး တင်းကျပ်ခဲ့သည်။

လူအချို့က လက်ရေးကို ကြက်ယက်သလိုရေးပြီး ဆယ်ခေါက်ကို ခဏလေးအတွင်း ကူးပြီးသွားကြသည်။

ချန်ချင်းယွီက လျှောက်ပတ်နေရင်း ယွီကျီရီတစ်ယောက် နေ့တစ်ဝက်လောက် ကြာသွားတာတောင် စာရွက် မလှန်သေးသည်ကို တွေ့သွားသည်။ ယွီကျီရီကို ပျင်းရိပြီး အချိန်ဖြုန်းနေသည်လို့ ထင်သွားကာ “ယွီကျီရီ မြန်မြန်ရေးစမ်း။ သူများတွေ ကူးလို့ ပြီးနေပြီ။ နင်က ခုမှ တစ်ဝက်ပဲ ရှိသေးတယ်။”

ထိုအချိန်တွင် အခန်းက အလွန်တရာ တိတ်ဆိတ်နေခဲ့သည်။ သူ(မ)က ယွီကျီရီ့ နာမည်ကို ခေါ်လိုက်သည်နှင့် နောက်ဆုံးတန်းတွင် ငိုက်မြည်းနေသည့် ကောင်လေးမှာ ရုတ်တရက် မျက်လုံးဖွင့်လာခဲ့သည်။

ယွီကျီရီက ရေးပြီးသား လေးမျက်နှာကို လှန်လိုက်ပြီး အလေးအနက် တောင်းပန်လိုက်သည်။  “တောင်းပန်ပါတယ်။ ငါက လက်ရေးနှေးလို့ပါ။ ဒါပေမဲ့ ငါ ဆယ်ခေါက်ရေးမှာပါ။”

ရီရီက ကလေးကတည်းက စာရေးရာမှာ အလွန်လိုက်နာမှု ရှိပြီး ဆွဲချက်တိုင်းတွင် အမှားမခံပေ။ သို့ရာတွင် အများနှင့် ယှဉ်လျှင် အရှိန်နှေးနေသည်။ ကူးရေးလျှင်ပင် စာလုံးတို့က လက်ရေးလှရေးသကဲ့သို့ လှပသည်။

ချန်ချင်းယွီက သူ(မ)၏ လက်ရေးကို စိုက်ကြည့်ရင်း ရေရွတ်လိုက်သည်။ “လက်ရေးက လှပေမဲ့ အသုံးမဝင်ဘူး။ ဒါကို ဆယ်ကြိမ်ရေးရမှာ။ မြန်မြန်ရေး။”

ယွီကျီရီ တစ်ခုခု ပြန်ပြောခါနီးတွင် ရုတ်တရက် သူ(မ)စားပွဲခုံပေါ်သို့ ပန်းရောင် ဖန်ခွက်လေး တစ်ခွက် ရောက်လာခဲ့သည်။

လက်တစ်ဖက်က သူ(မ) လက်များကြားရောက်လာကာ ဘောပင်ကို ဖယ်လိုက်သည်။ “ရေသောက်။ ငါ ကူရေးပေးမယ်။”

ချန်ချင်းယွီက သူ့ကို မယုံနိုင်စွာ စိုက်ကြည့်ပြီး  “ရှီရီ။ နင်က အနောက်တံခါးကို ပြောင်ပြောင်တင်းတင်း ဖွင့်နေတာပဲ။”

[ T/N - အနောက်တံခါးဖွင့်တယ် ဆိုတာက တရားဝင် မဟုတ်တဲ့ ခွင့်ပြုမထားတဲ့ အပြုမူကိုဆိုလိုတာပါ ]

“အဲ့တော့ ဘာဖြစ်လဲ။”

“နင့်ရဲ့ တစ်ကိုယ်ကောင်းဆန်ချင်စိတ်ကြောင့် အတန်းခေါင်ဆောင် ဖြစ်လာတာလား။”

ရှီရီက မငြင်းဆန်ပေ။ “အမှန်ပဲ။”

အနောက်တန်းမှ မိန်းကလေးက မျက်နှာကို အုပ်၍ “ဘုရားရေ။ အတန်းခေါင်းဆောင်က အရမ်းချောတာပဲ။”

ချောင်လဲ့ကျီက ခေါင်းလှည့်၍ အနောက်တန်းမှ မိန်းကလေးနှင့် ပျော်စရာတွေကို စိတ်လှုပ်ရှားစွာ မျှဝေခဲ့သည်။ “ရှီရီဘာကြောင့် အတန်းခေါင်းဆောင် ဖြစ်ချင်တာလဲ သိလား။”

ကောင်မလေးက ခေါင်းယမ်းလိုက်သည်။

ချောင်လဲ့ကျီ : “သေချာပေါက် ရီရီ့ကြောင့်ပေါ့။ သုံးတန်းတုန်းက ရီရီက စာတွေကို တစ်လုံးချင်း မှတ်နေတုန်း အတန်းခေါင်းဆောင်က တမင်သက်သက် သူ(မ)ကို စာမေးခဲ့တယ်လေ။ နောက်နေ့လည်းကျရော ရှီရီက ဆရာ့ဆီ တိုက်ရိုက်သွားပြီး အတန်းခေါင်းဆောင် ပြိုင်ဖို့ လျှောက်လွှာ တင်ခဲ့တယ်။ နောက်တော့ သူကပဲ ငါတို့အခန်းရဲ့ တစ်ဦးတည်းသော အတန်းခေါင်းဆောင် ဖြစ်ခဲ့တာ။”

“ငါဒါကို သေချာပေါက် ဆရာ့ကို တိုင်မယ်။” ချန်ချင်းယွီက ဒေါသထွက်နေခဲ့သည်။

ယွီကျီရီက ရှင်းပြချင်ခဲ့ပေမဲ့ ရှီရီက သူ(မ)ကို ဖိထားခဲ့သည်။

သူက ချန်ချင်းယွီကို တစ်ချက် ကြည့်လိုက်ပြီး “နင် လုပ်ချင်တာ လုပ်နိုင်တယ်။”

ချန်ချင်းယွီက ဒေါသတကြီး ထွက်သွားခဲ့သည်။

ရှီရီက ဘောပင်ထိပ်ဖျားလေးကို လှုပ်ရှားလိုက်လျှင် စာလုံး၏ ၉၀ ရာခိုင်နှုန်းမှာ ယွီကျီရီ့လက်ရေးနှင့် တူသွားလေသည်။ သာမန် မျက်လုံးနှင့် ကြည့်ရုံဖြင့် ခြားနားချက်ကို မပြောနိုင်ပေ။ ယွီကျီရီက ရှီရီ့ အကြံကို သိသည်နှင့် ပွက်စီပွက်စီ ပြောလိုက်သည်။ “ကောကော။ နင် ငါ့လက်ရေးကို တုပြန်ပြီလား။”

“နင်သာ လိပ်နှုန်းနဲ့ ကူးနေရင် မိုးချုပ်သွားလိမ့်မယ်။”

ရှီရီက ညီမငယ်လေး ယွီကျီရီကို တုန်နေအောင် ချစ်သည့်အကြောင်းက နေရာတိုင်းတွင် ပြန့်သွားပြီး လူတိုင်း သိသွားခဲ့သည်။

ကျောင်းဆင်းခါနီးတွင် ဘေးခန်းမှ ကျောင်းသူက စာတစ်စောင်ကို ယွီကျီရီ့လက်ထဲ ထိုးထည့်ပေးကာ “ယွီကျီရီရေ။ ကျေးဇူးပြုပြီး ဒီစာလေးကို နင့်အစ်ကိုဆီ ပေးပေးပါနော်။”

သူ(မ) ငြင်းဆန်ချိန်မရလိုက်ခင်မှာပဲ ကောင်မလေးက ပျောက်သွားလေပြီ။

ယွီကျီရီတစ်ယောက် နူးနူးညံ့ညံ့ပန်းရောင်စာအိတ်လေးကိုလိမ်ကာ အနည်းငယ် တွန့်ဆုတ်နေခဲ့သည်။

---------------------------------------------------------

စာရေးသူမှာပြောစရာရှိပါတယ် :

ဟားဟားဟား။ ငါ့တာ့ကောက သူ့ကိုယ်ပိုင် အကျိုးစီးပွားအတွက် သူ့ပါဝါကိုသုံးပြီး ပြောင်ပြောင်တင်းတင်းနဲ့ အထက်စီးဆန်ဆန် ပြုမူသွားတယ်။ ကျေးဇူးပြုပြီး လက်ရေးတုရေးနည်းကိုမှတ်ထားနော်။

ဒီစာစဉ်ရဲ့တကယ့်အကြောင်းအရာက ရှီရီရဲ့ ရီရီ့ကို ကမ်းကုန်အောင်အလိုလိုက်ခြင်းပါပဲ \⁠(⁠๑⁠╹⁠◡⁠╹⁠๑⁠)⁠ノ⁠♬

*****

Aurora Novel Translation Team

Continue Reading

You'll Also Like

463K 39.7K 33
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
26.3K 695 15
own creation one short stories collection ရသအစုံပါအောင်ရေးပါမယ် Timetravel . rebirth. revenge. drama . romance အမျိုးအစားတွေကိုဦးစားပေးရေးမှာဖြစ်ပြီ...
44.6K 2.2K 72
ချောမောလှပတဲ့ဒီမျက်နှာလေးကို တစ်သက်လုံးလို့ထင်ခဲ့ပေမယ့် ရုတ်တရက်ဆုံးရှုံးခဲ့တဲ့နောက် သူမကျော်လွှားနိုင်ပါ့မလား... အရာအားလုံးကိုလက်ခံပေးမယ့် အမျိုးသား...