ကမ်းကုန်အောင်အလိုလိုက်ပေးမယ်

By Moe_Lay

44.7K 2.4K 68

ယွီကျီရီက ငယ်စဉ်ကတည်းက ဉာဏ်နည်းပြီး ခပ်လွယ်လွယ်ပဲလျစ်လျူရှုခံရတဲ့ ကလေးတစ်ယောက်ဖြစ်ခဲ့တယ်။ဒါပေမဲ့ ပါရမီရှိပြီး... More

Description
Description (Z)
Chapter 1
Chapter 1 (Z)
Chapter 2
Chapter 2 (Z)
Chapter 3
Chapter 3 (Z)
Chapter 4
Chapter 4 (Z)
Chapter 5
Chapter 5 (Z)
Chapter 6
Chapter 6 (Z)
Chapter 7
Chapter 8
Chapter 8 (Z)
Chapter 9
Chapter 9 (Z)
Chapter 10
Chapter 10 (Z)
Chapter 11
Chapter 11 (Z)
Chapter 12
Chapter 12 (Z)
Bibliobay and Paid Gp
Chapter 13
Chapter 13 (Z)
Chapter 14
Chapter 14 (Z)
Chapter 15
Chapter 15 (Z)
Chapter 16
Chapter 16 (Z)
Chapter 17
Chapter 17 (Z)
Chapter 18.1
Chapter 18.1 (Z)
Chapter 18.2
Chapter 18.2 (Z)
Chapter 19
Chapter 19 (Z)
Chapter 20.1
Chapter 20.1 (Z)
Chapter 20.2
Chapter 20.2 (Z)
Chapter 21.1
Chapter 21.1 (Z)
Chapter 21.2
Chapter 21.2 (Z)
Chapter 22.1
Chapter 22.1 (Z)
Chapter 22.2
Promotion
Chapter 23.1
Chapter 23.2
Chapter 24.1
Chapter 24.2
Chapter 25.1
Chapter 25.2
Chapter 26.1
Chapter 26.2
Chapter 27.1
Chapter 27.2
Paid Gp Completed

Chapter 7 (Z)

212 6 2
By Moe_Lay

ညစာ စားပြီးနောက် ရှီရီက သူ့ခေါင်းလေးကို အချိန်နှင့်အမျှ ပြတင်းပေါက်မှ ထုတ်၍ မျက်နှာချင်းဆိုင် ခြံထဲတွင် လှုပ်လှုပ်ရှားရှားနှင့် မွေးနေ့ပွဲ ကျင်းပနေမည်လား ကြည့်နေခဲ့သည်။

သို့ပေမဲ့ အမှန်စင်စစ်တွင် လူသူကင်းမဲ့နေ၏။

သူက ပြတင်းပေါက်တွင်ရပ်ရင်း ခဏလောက် စဉ်းစားပြီးနောက် အံဆွဲထဲမှ ယွမ်တစ်ရာကို ယူ၍ သူ၏ အိတ်ကပ်ထဲ ထည့်လိုက်သည်။

“မား။ သား အပြင်ခဏ သွားလိုက်ဦးမယ်။”

“မှောင်နေပြီလေ။ ဘယ်သွားဦးမှာတုန်း။”

“ဈေးဝယ်ထွက်ရုံပါ။ အရမ်း မဝေးပါဘူး။”

“ဒါဖြင့် မားဖုန်းကို ယူသွား။ တစ်ခုခုရှိရင် အိမ်ကို ဖုန်းဆက်နော်။”

“ကောင်းပါပြီ။”

သူတို့က မြို့ထဲတွင် ဖြစ်ပြီး ဈေးဆိုင် တော်တော်များများက ဆောင်းရာသီတွင် ည၈နာရီဆို ပိတ်ကြသည်။ သို့ပေမဲ့ သူ ကြိုးစားကြည့်ချင်သေးသည်။ သူက မြို့ထဲတွင် လျှောက်ပတ်နေခဲ့ပြီး နောက်ဆုံးတွင်တော့ ပိတ်ခါနီး ကိတ်ဆိုင်တစ်ဆိုင်ကို ရှာတွေ့ခဲ့သည်။ “သူဌေးရေ။ ကိတ် နည်းနည်းလောက် ကျန်သေးလားဗျ။”

ကိတ်များကုန်ပြီ ဖြစ်၍ ဆိုင်ပိတ်ရန် အသင့်ဖြစ်နေခဲ့သည်။

“ ဒီနေ့က ကျွန်တော့် ညီမလေး မွေးနေ့ပါ။ ကိတ်တစ်လုံးလောက်များ လုပ်ပေးလို့ ရဦးမလား။”

“အိုး။ အရမ်း နောက်ကျနေပြီလေ။”

“သူဌေး မွေးနေ့က တစ်နှစ်မှာ တစ်ခါပဲ ကြုံတာပါ။ ပြီးတော့ ကျွန်တော့် ညီမလေးက ကိတ်တွေကို အရမ်း ကြိုက်တာမို့လေ။ ကျေးဇူးပြုပြီး တစ်လုံးလောက် လုပ်ပေးပါဗျာ။ ကိတ်သေးသေးလေးဆိုလည်း ရပါတယ်။”

သူက နည်းနည်းပင် တုံ့ဆိုင်းမနေပဲ သူဌေးကို ယွမ်တစ်ရာ ပေးလိုက်သည်။

သူဌေးက နှလုံးသားလှပြီး ကြင်နာတတ်သူ ဖြစ်သည်။ ဆောင်းညလယ်တွင် ကောင်ငယ်လေး တစ်ယောက်က ညီမဖြစ်သူအတွက် ကိတ်လာဝယ်ခြင်းသည် သူ့ကို ရင်ထဲထိသွားစေပြီး သဘောတူခဲ့သည်။

ပစ္စည်းပစ္စယတို့ကို သိမ်းလိုက်ပြီ ဖြစ်လို့ ကိတ်လုပ်ရန် အချိန် နည်းနည်း ယူရရုံသာ ဖြစ်သည်။ “ဉီးလေးအထင်တော့ နောက်တစ်နာရီကျော်လောက်ကြာဦးမယ်။ ကောင်လေး စောင့်နိုင်ရဲ့လား။”

“ဟုတ်ကဲ့။”

ရှီရီက မိခင်ဖြစ်သူကို ဖုန်းဆက်ပြီး အခြေနေကို ရှင်းပြလိုက်သည်။

နျဉ်စုယာက ရှီရီတစ်ယောက် ညအမှောင်ထဲတွင် ကိတ်ဆိုင်သို့ ပြေးသွားပြီး ရီရီ့အတွက် ကိတ်သွားဝယ်သည်ကို သိရလျှင် စိတ်ဆိုးရမလား စိတ်သက်သာရမလားပင် မသိတော့ပေ။

ရှီရီက ကလေးတစ်ယောက် ဖြစ်နေဆဲပေမဲ့ ရီရီ့ရှေ့ဆို အစ်ကိုကြီး တစ်ယောက်လို ပြူမူလေ့ရှိသည်။

နျဉ်စုယာက ထိုအကြောင်းတို့ကို စိတ်ထဲတွင်သာ တွေးနေခဲ့ပြီး သားဖြစ်သူ၏ ဆုံးဖြတ်ချက်ကို မတားလိုက်ပေ။ “ဒါဖြင့် ကိတ် ရရင် မားကို ဖုန်းဆက်လိုက်။ မားလာကြိုမယ်။”

ရှီရီက တည်ငြိမ်စွာဖြင့် သဘောတူလိုက်သည်။

အလျင်လိုနေသည်ကြောင့် သူဌေးက ဘေးတစ်ဝိုက် ခရင်မ်ပတ်၍ မျက်နှာပြင်တွင် ပန်းပွင့်များပါသည့် ၆လက်မ မွေးနေ့ကိတ်သေး တစ်လုံးကိုသာ လုပ်ပေးလိုက်သည်။ မျက်နှာပြင်တွင် ပျော်ရွှင်ဖွယ်ရာ မွေးနေ့ပါ ဟူသည့် စာကြောင်းပါလေသည်။

“ကောင်လေး။ ကိတ် ရပြီနော်။”

“ကျေးဇူးပါ သူဌေး။”

သူဌေးက ကျသင့်ငွေသာ ယူခဲ့ပြီး ငြွေပန်အမ်းပေးခဲ့သည်။

နျဉ်စုယာ ရောက်လာချိန်တွင် ရှီရီကို ကိတ်ဆိုင်ထဲတွင် ထိုင်၍ ကိတ်မုန့်စောင့်နေလျှက် တွေ့ခဲ့ရသည်။ နှစ်ဦးသားက ကြင်နာတတ်သည့် သူဌေးကို ကျေးဇူးတင်စကား ဆိုလိုက်ကြပြီး ပြန်ခဲ့သည်။   

ခြံဝင်း အပြင်တွင် ရှီရီက ပြောလိုက်သည်။ “မား။ ရီရီ့ကို ကိတ်သွားပေးလိုက်ဦးမယ်။”

နျဉ်စုယာက ကလေးနှစ်ယောက်ကြားမှ သူငယ်ချင်း ဆက်ဆံရေးကို တွေးမိ၍ ကြားမဝင်ခဲ့ပေ။ “သွား။ စောစော ပြန်လာခဲ့။”

“ကျေးဇူးပါ မား။” ရှီရီက သူ့တွင် နားလည်ပေးတတ်ပြီး အလွန်ကောင်းသောမိခင် ရြှိခင်းအတွက် ကျေးဇူးတင်မိသည်။

ထိုအချိန်တွင် ယွီမိသားစု ဘက်ခြမ်း၌ ယွီမောင်နှံ အိမ်ပြန်ရောက်ပြီ ဖြစ်ပြီး သမီးငယ်က အိပ်ပျော်နေကာ သမီးကြီးကတော့ သူ(မ)အခန်းထဲသို့ ဝင်သွားခဲ့လေပြီ။

အိမ်တံခါးရှေ့တွင် ကောင်ငယ်လေး တစ်ယောက် ရုတ်တရက် ပေါ်လာသည်ကို မြင်လျှင် ရွမ်ချင်းက ရှီမိသားစုမှ ကလေးမှန်း မှတ်မိသွားခဲ့သည်။

ရှီရီက တံခါးရှေ့တွင် ကိတ်တစ်လုံးနှင့် ရပ်ရင်း နှုတ်ဆက်လိုက်သည်။ “အဖွား။ မင်္ဂလာပါ ဦးလေးနဲ့ အန်တီ။ သားက ရီရီ့ကို လာတွေ့တာပါ။”

အဖွားဖြစ်သူက ရှီရီသည် မြေးမလေးကို အမြဲဂရုစိုက်ပေးမှန်းသိ၍ အလွန်သဘောကျနေလေရာ အိမ်ထဲသို့ ခေါ်ခဲ့သည်။

“နောက်ကျနေပြီလေ။ ရီရီ့ကို ဘာလို့ လာရှာတာလဲ။”

“သား ရီရီ့ကို လက်ဆောင်ပေးဖို့ မေ့နေလို့ လာပေးတာပါ။” လက်ဆောင်မှာ ကိတ်ဖြစ်ကြောင်းကိုတော့ မရှင်းပြလိုက်ပေ။

အဖွားက ရင်ထဲတွင် အလိုလိုသိနေပြီး ရီရီ့ အခန်းကို ညွှန်ပြကာ ပြောလိုက်သည်။ “ရီရီက အခန်းထဲ ဝင်သွားပြီ။ အိပ်တော့ မအိပ်လောက်သေးဘူး။”

ရွမ်ချင်းက တစ်ခုခု မှားနေသလို ခံစားရပြီး အဖွားကို လက်ဆွဲကာ တိုးတိုးပြောလိုက်သည်။ “မား။ နောက်ကျနေပြီလေ။ ကောင်လေးတစ်ယောက်ကို ရီရီ့အခန်းထဲ ပေးဝင်လို့ ဖြစ်ပါ့မလား။”

သူ(မ)၏ အတွေးမှာ ယောက်ျားနှင့် မိန်းမသည် အလွန်ကွာခြားပြီး ကလေး နှစ်ယောက်သည်လည်း ဆယ်နှစ် ရှိပြီ ဖြစ်တာကြောင့် စည်းရှိသင့်သည် ဟူ၍ ဖြစ်သည်။

အဖွားက သမီးဖြစ်သူကြောင့် မျက်လုံး လှိမ့်မိတော့သည်။ “ညည်း တခြားသူတွေအကြောင်း ပြောနေတာ ဖြစ်ရမယ်။ ရှောင်ရီ အခုလေးတင် ကိတ်မုန့် ကိုင်ထားတာကို ညည်း မမြင်ဘူးလား။ ဆယ်နှစ်ကလေးကမှ ညည်းထက် ဂရုစိုက်တတ်သေးတယ်။”

[T/N : ဒီနေရာမှာ အဖွားသုံးသွားတဲ့ ရှောင်ရီက ရှီရီကို ရည်ညွှန်းတာပါ ]

ယွီကျီရီက စားပွဲပေါ်တွင်ခေါင်းတင်ပြီး ရှိုက်သံကိုထိန်း၍ငိုနေသည်။ သူ(မ)စိတ်ကို လွှတ်မပေးလိုက်ရဲပေ။ သူ(မ)အရွယ်ကလေးများက သိတတ်နားလည်ပြီး စဉ်းစားဆင်ခြင်နိုင်ရမယ်လို့ ခံစားရ၍ဖြစ်သည်။ သူ(မ)က ခံစားချက်ကိုမထိန်းချုပ်နိုင်ပဲ ညီမဖြစ်သူ မိဘများနှင့်အတူရှိနေသည်ကို မနာလိုဖြစ်မိကာ စိတ်လိုက်မာန်ပါလုပ်တတ်သူမျိုးမဖြစ်လိုပေ။

“ဒေါက်..ဒေါက်..။”

တံခါးခေါက်သံကြားလိုက်ချိန်တွင် ယွီကျီရီက မျက်ရည်အမြန်သုတ်ပြီး တံခါးဖွင့်ကာ အဟကြားမှမေးလိုက်သည်။ “ဘယ်သူလဲ။”  

ရီရီလေးမအိပ်သေးမှန်းသေချာသွားလျှင် ရှီရီက တံခါးကို ပြောင်ပြောင်တင်းတင်းဖွင့်ကာဝင်လာခဲ့သည်။ ထို့နောက် တံခါးနောက်တွင်ပုန်းနေသောရီရီ့ကိုလည်း ဆွဲထုတ်လိုက်သည်။

“ကောကော။” ယွီကျီရီက သူ့ကို ကြည့်ကာ အံ့အားသင့်သွားသည်။ ရှီရီက တံခါးပိတ်လိုက်ပြီး ခေါင်းအထက်ရှိအလင်းရောင်ကို အားပြုကာ သူ့ရှေ့မှ မျက်နှာဖွေးဖွေးလေးကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။

သူက ရီရီလေး၏မျက်နှာကို သူ့လက်ချောင်းများနှင့်ပင့်မော့စေပြီး အနီးကပ်ကြည့်လိုက်ချိန်မှာ မျက်လုံးထောင့်တွင်ပွတ်သုတ်ထားသည့် မျက်ရည်အကြွင်းအကျန်တို့ကိုတွေ့လိုက်ရသည်။ “ငိုနေတာလား။”

ယွီကျီရီက မလုံမလဲဖြစ်စွာ မျက်နှာလွှဲလိုက်သည်။ ရှီရီသည်လည်း အကြောင်းပြချက်ကို ခန့်မှန်းမိလောက်၏။ ရှီရီက သူ(မ)၏ထိုင်ခုံတွင် ပျင်းရိပျင်းတွဲဝင်ထိုင်လိုက်ပြီး စားပွဲခုံကိုမှီကာ လက်ဆောင်ကို သူ့နောက်တွင်ဝှက်လိုက်သည်။

“နင် ဘာလို့ ငိုနေတာလဲ။”

ရှီရီက ရီရီလေးကို မကျေနပ်သမျှ ရင်ထဲတွင် သိမ်းမထားစေချင်ပါ။ မည်သည့်ကိစ္စကြောင့်မဆို စိတ်ကို လေးလံစေနိုင်သည်။ သူ(မ)က ရင်ထဲတွင် တစ်ကြိမ်သိမ်းထားလိုက်တာနှင့် နောက်တစ်ကြိမ်လည်းရှိလာနိုင်သည်။ နှစ်ပေါင်းများစွာမကျေနပ်ချက်တို့ စုပြုံလာလျှင် ဆိုးရွားသည့်ကိစ္စတို့ဖြစ်လာနိုင်သည်။

ယွီကျီရီက တံတွေးမြိုချ၍ ရှီရီ့ရှေ့သို့တိုးသွားပြီး အသံတိုးတိုးနှင့်မေးလိုက်သည်။ “ကောကော။ ဒီကို ဘာလို့ ရောက်လာတာလဲ။”

“နင်က ငါ့ကို မတွေ့ချင်ဘူးလား။”

“မဟုတ်ပါဘူး။”

“ဆိုတော့ နင်ငါ့ကို တွေ့ချင်နေတာပေါ့။”

“…”

ဒီတွေးခေါ်ပုံနဲ့ပတ်သက်ပြီး တစ်ခုခုမှားမနေဘူးလား။

သို့ပေမဲ့ သူ(မ)တွင် ငြင်းဆန်ရန်အင်အားမရှိပေ။

“ရီရီ။ နင် ငါမေးတာကို မဖြေသေးဘူးနော်။” ရှီရီက လူကြီး တစ်ယောက်ကဲ့သို့ပြုမူရင်း ယွီကျီရီကို မျက်လုံးမလွှဲတမ်းကြည့်နေခဲ့သည်။

“ပြောမပြချင်ဘူးလား။”

ရီရီ့ဘက်ကအသံတိတ်နေတာကြောင့် ရှီရီက စကားနာထိုးလိုက်သည်။ “အရမ်းကောင်းတယ်။ အခုဆို ငါတို့ရီရီက အရွယ်ရောက်လာပြီပဲ။ လျှို့ဝှက်ချက်တွေကို ကောကောကိုတောင် မပြောပြချင်တော့ဘူးပဲ။”

သူက သက်ပြင်းလေးလေးပင်ပင်ချကာ ထရန်ပြင်လိုက်သည်။

သူစိတ်ပျက်သွားသည်ကိုမြင်လျှင် ရီရီက ထိတ်လန့်သွားပြီး သူ့လက်ကိုဆွဲလိုက်ကာ “လျှို့ဝှက်ချက် မဟုတ်ပါဘူး။”

“ငါ့ညီမလေးနေမကောင်းဖြစ်နေတာနဲ့ မားတို့က ကိတ်ဝယ်ဖို့မေ့လာလို့ ငါနည်းနည်း ဝမ်းနည်းနေတာပါ။”

“သူတို့တမင်လုပ်တာမဟုတ်မှန်းသိပေမဲ့ ငါနည်းနည်းတော့စိတ်ဆိုးမိတယ်။ ငါ့ကို လျစ်လျူရှုထားသလိုခံစားရတယ်။”

အသေအချာကို သူခန့်မှန်းထားသည့် အတိုင်းပင်။

ကတိမတည်သည့်မိဘများက မှားယွင်းကြသည်။ ကလေးကလည်း မသိတတ်ဘူးရယ်လို့ အပြစ်တင်ခံရမည်ကိုစိုးသည်ကြောင့် စိတ်မဆိုးရဲပေ။ အရာရာကို သတိထားနေရမှတော့ ကလေးလည်း မပျော်ရွှင်နိုင်တော့ပေ။

“ရီရီ။ သူတို့က နင့်မိဘတွေလေ။ နင့်စိတ်ထဲ မပျော်ရင် သူတို့ကို တိုက်ရိုက်ပြောပြလေ။”

“မားနဲ့ပါးက အကြာကြီးနေမှ ပြန်လာတာ။ ပြီးတော့ ညီမလေးကလည်း နေမကောင်းဘူးလေ။ အစ်မကြီးတစ်ယောက်အနေနဲ့ ငါ သူတို့အတွက်တွေးပေးရမယ်လေ။ ငါ့ကို မသိတတ်ဘူးလို့ မထင်စေချင်ဘူး။”

ရှီရီက သူ(မ)၏အတွေးတွေကို အပြည့်အဝ နားလည်ပေမဲ့ “လူတိုင်းက ဒီကမ္ဘာကို ခုမှ ရောက်လာကြတာလေ။ ဘယ်သူကတော့ နှိမ့်ချရမယ်လို့မရှိဘူး။ နင်လည်း နင့်ညီမကို ကောင်းကောင်း ဆက်ဆံချင်စိတ်ရှိတာပဲလေ။ နင့်မွေးနေ့မှာ လက်ဆောင်နဲ့ ကောင်းချီးတွေရချင်တာ ပုံမှန်ပါပဲ။”

“နင်အမှားလုပ်မထားသရွေ့ လူတွေရဲ့ အမြင်တွေကိုဂရုစိုက်နေဖို့မလိုဘူး။”

ယွီကျီရီက ခေါင်းငုံ့၍ တိုးတိုးလေးပြောလိုက်သည်။ “ငါက နည်းနည်းလေးဝမ်းနည်းရုံပါ။”

“ဝမ်းမနည်းပါနဲ့။ ငါ နင့်အတွက် လက်ဆောင်ယူလာတယ်။”

“ဟင်။ ဒါပေမဲ့ ငါ လက်ဆောင်ရပြီးပြီလေ။”

ရှီရီက ပြုံးလိုက်ပြီး အနောက်တွင် ဝှက်ထားသည့် ကိတ်ကိုထုတ်လိုက်သည်။

ရုတ်ချည်းပင် ယွီကျီရီ၏မျက်လုံးလေးတွေ တောက်လာခဲ့သည်။

“ကိတ်မုန့်ပဲ။”

“ဒါပေါ့။ ငါ နင့်မွေးနေ့တိုင်း ကိတ်မုန့်စားရမယ်လို့ ကတိပေးထားတယ်လေ။ ငါ ဘယ်တော့မှ ကတိဖျက်မှာမဟုတ်ဘူး။”

“ကျေးဇူးပါ ကောကော။” ရီရီက ရှီရီကို ခပ်တင်းတင်းဖက်လိုက်သည်။ သူ(မ)၏ရင်ထဲမှ ပျော်ရွှင်မှုနှင့်ခံစားချက်တို့ကို ဖုံးကွယ်ရန်မဖြစ်နိုင်ပေ။

“ဖယောင်းတိုင်မီးထွန်းလိုက်ဦး။ ဒါကတော့ ရီရီ့အတွက် မွေးနေ့ကိတ်။”

သူက အသံကိုတမင်တကာတိုးလိုက်သည်။

ပတ်ဝန်းကျင်လေထု၏သက်ရောက်မှုကြောင့် ယွီကျီရီက စိတ်လှုပ်ရှားစွာ ခေါင်းညိတ်လိုက်သည်။ ဖယောင်းတိုင်မီးညှိလိုက်သည့်အခိုက် သူ(မ)ရင်ထဲမှ ဒဏ်ရာသည်လည်း ရုတ်ခြည်းပျောက်ကွယ်သွားလေသည်။

ယွီကျီရီက မျက်လုံးမှိတ်၍ ဆန္ဒပြုလိုက်သည်။ ထို့နောက် ခေါင်းကိုငုံ့ပြီး တောက်ပနေသည့်အလင်းရောင်အရင်းအမြစ်ကို နူးနူးညံ့ညံ့လေးကြည့်နေခဲ့သည်။

အိမ်ထဲမှအရိပ်ထင်နေသည့်ပုံရိပ်လေးနှစ်ခုက တစ်ခုနှင့်တစ်ခုမှီတွယ်နေတာကို ပြတင်းပေါက်အပြင်ဘက်ကနေမြင်နေရသည်။

“ အဖြေစာအုပ်ရေ။ ငါ ဒီနှစ် ကိတ်မုန့် ရမှာလား။”

‘အဖြေစာအုပ်’ : [ “သေချာတာပေါ့။” ]

ယွီကျီရီ၏ ၁၁ နှစ်ပြည့်မွေးနေ့သည် မချောမွေ့ခဲ့ပေမဲ့ အဆုံးတွင်တော့ သူ(မ)က ချိုမြိန်‌ကောင်းမွန်သည့်စိတ်အခြေနေနှင့် အိပ်စက်ခဲ့ရသည်။

အိပ်မက်ထဲတွင် သူ(မ)မိဘများက သူ(မ)ကို လက်ဆွဲ၍ ဒီကမ္ဘာထဲသို့ခေါ်ဆောင်လာခဲ့ကြသည်။

သူ(မ)က အရွယ်ရောက်လာရန်မျှော်လင့်ခဲ့ပေမဲ့ ဒီတစ်ကြိမ်တွင်တော့ မိဘများက သူ(မ)လက်ကိုလွှတ်လိုက်သည်။

မိခင်ဖြစ်သူက တခြားကလေးတစ်ယောက်ကိုလက်ဆွဲကာ ဖခင်က သူတို့ကိုကြည့်နေခဲ့ပြီး သူ(မ)ကတော့ တစ်ယောက်တည်းဖြစ်နေခဲ့သည်။

ဝမ်းနည်းမှု၊ အကြောက်တရား၊ အထီးကျန်ဆန်မှုနှင့် ထိတ်လန့်ကြောက်ရွံ့ဖွယ်ခံစားချက်များက သူ(မ)ကမ္ဘာလေးထဲသို့ ကျူးကျော်ဝင်ရောက်လာခဲ့သည်။

သို့ရာတွင် သူ(မ) စိတ်အရှုပ်ထွေးဆုံး ကူကယ်ရာမဲ့ဆုံးက အစ်ကိုချောချောလေးတစ်ယောက်ပေါ်လာပြီး သူ(မ)ကို ဘယ်သောအခါမှ ထားမသွားသည့်အချိန်တွင်ဖြစ်သည်။

“ရှောင်ရီက မြို့ထဲကအလယ်တန်းကျောင်းရဲ့ဝင်ခွင့်စာမေးပွဲအတွက်ပြင်ဆင်နေတယ်။ သူ့ရဲ့အဆင့်တွေကကောင်းတော့ အထူးတန်းကို တစ်ခါတည်းစာရင်းသွင်းလိုက်လို့တောင်ရတယ်။”

မသင်မနေရ ၉ နှစ်တာပညာရေးတွင် မူလတန်းမှ အလယ်တန်းကိုကျော်တက်နိုင်သော်လည်း ကျောင်းတစ်ကျောင်းချင်းစီ၏ ဝင်ခွင့်သတ်မှတ်ချက်များကတော့ မတူညီကြပေ။

အလယ်တန်းကျောင်း၏အထူးတန်းက တစ်မြို့လုံးမှ အကောင်းဆုံးအလယ်တန်း ကျောင်းသားများကိုစုစည်းထားသည့် အတန်းဖြစ်သည်။ အထူးတန်းသည် များစွာသော မူလတန်းကျောင်းသားများနှင့်မိဘများ၏မျှော်လင့်ချက်ဖြစ်သည်။ သို့ပေမဲ့ ရှီရီက တိုက်ရိုက်တက်နိုင်ပြီး လူအများ မနာလိုပင်မဖြစ်နိုင်သောအခြေနေဖြစ်သည်။

ဆရာများက ဒီလိုထက်မြက်သည့်ကလေးမျိုးကို မြေတောင်မြှောက်ပေးရသည့် အတွက် ဂုဏ်ယူနေကြပြီး မိဘဆရာ အစည်းဝေးတွင် ရှီရီ့နာမည်ကို ထည့်ပြောခြင်းဖြင့် နျဉ်စုယာကို လူအများက မနာလိုအားကျဖြစ်စေခဲ့သည်။

လူအများက နျဉ်စုယာထံ ရောက်လာကြပြီး ကလေးကို မည်သို့သွန်သင်ဆုံးမကြောင်းကို မေးမြန်းခဲ့ကြသည်။

ထိုသို့ မိဘတွေ လာလိုက်သွားလိုက်လုပ်နေကြရာအခန်းထဲရှိကျောင်းသားများလည်း ရှီရီတစ်ယောက် မြို့ထဲရှိအလယ်တန်းကျောင်းတွင် အထူးတန်းတက်မည်ကိုသိသွားကြသည်။

“ဝါး။ ငါသူ့ကို အရမ်းမနာလိုဖြစ်တယ်။ သေချာတာက ငါသာဆို ဝင်ခွင့်တောင်မရနိုင်လောက်ဘူး။”

ချောင်လဲ့ကျီက ကောင်းကင်ကိုမော့ကြည့်ရင်း သက်ပြင်းချလိုက်သည်။ ထို့နောက် ထိုင်ခုံဖော်ကိုလက်တို့၍ “ရီရီ။ နင် မြို့ထဲက အလယ်တန်းကျောင်းမှာ တက်မှာမလား။ ငါတို့အဆင့်တွေက အတူတူလောက်ပဲဆိုတော့ ငါတို့တွေ တစ်ကျောင်းတည်းတက်ရလောက်တယ်။”

ယွီကျီရီက ခေါင်းယမ်းလိုက်သည်။

သူ(မ)က ရှီရီတစ်ယောက် မြို့ထဲရှိအလယ်တန်းကျောင်းတစ်ကျောင်း၏ အထူးတန်းကိုတက်မည်ဆိုတာကြားကတည်းက ဆောက်တည်ရာမရဖြစ်နေခဲ့သည်။

ဘေးမှ လူအများကလည်း ထိုအကြောင်းကို ဆွေးနွေးနေခဲ့ကြရာ သူ(မ)က တစ်နေကုန် စိတ်လွတ်နေပြီး နေ့လယ်ကျောင်းဆင်း၍ ကျောင်းမှထွက်ချိန်တွင်တောင် စိတ်ထြွေပားနေခဲ့သည်။

“လမ်းကိုကြည့်လေ။” ရှီရီက သူ(မ)၏ကျေင်းလွယ်အိတ်ကိုအရေးပေါ်ဆွဲလိုက်ရာ နှစ်ယောက်သား ဝင်တိုက်မိသွားကြသည်။

ယွီကျီရီက အာရုံပြန်ရလာခဲ့ပြီး အိမ်တံခါးနားရောက်တော့မည်ကိုမြင်လျှင် မနေနိုင်ဘဲ မေးလိုက်မိသည်။ “ကောကော။ နင်တကယ်ပဲ မြို့ထဲကအလယ်တန်းကျောင်းရဲ့ အထူးတန်းကိုတက်မှာလား။”

“ဖြစ်နိုင်တယ်။”

“ဒါ..ဒါဆို ငါတို့တွေ ကျောင်းအတူတူတက်လို့ မရတော့ဘူးပေါ့။”

သူ(မ)သိတတ်စအရွယ်ကတည်းက ရှီရီက သူ(မ)ဘေးတွင်ရှိခဲ့ပြီး သူ(မ)၏အစ်ကို အရင်းကဲ့သို့ပင်ဖြစ်ခဲ့သည်။ ခွဲကြရတော့မည်ဆိုလျှင် အလွန်ဝမ်းနည်းမိလိမ့်မည်။

သူ(မ)က နည်းနည်းတုံးအပေမဲ့ ကျောင်းတက်သည့်ကိစ္စက အရေးကြီးမှန်းတော့သိပါသေးသည်။ ဒီလိုကိစ္စမျိုးတွင် ကလေးတစ်ယောက်လိုလုပ်နေ၍လည်း ပြောင်းလဲနိုင်တာ မရှိပေ။

ဒါ့အပြင် “ဖူးဖူးမှုတ်ခံထားရတဲ့ကလေးတွေ"ကသာ ဆိုးသွမ်းဖို့သင့်တော်သည်မဟုတ်လား။

နူးညံ့သည့်အသံလေးက ရှီရီ၏နားထဲသို့ဝင်ရောက်လာသည်။ ရှီရီက ရီရီ၏ကြက်တောင်စည်းကိုဆွဲလိုက်သည်။

နောက်ပြန်လှည့်ကြည့်သည့်အခိုက်တွင် ရီရီတစ်ယောက် ကောင်လေးက နှုတ်ခမ်းစွန်းတစ်ဖက်ကိုတွန့်၍ ကျီစယ်သည့်အပြုံးမျိုး ပြုံးပြနေသည်ကိုမြင်လိုက်ရသည်။

“ကောကောက နင့်ကို တုန်နေအောင်ချစ်တာသိတယ်မဟုတ်လား။"

*****

Aurora Novel Translation Team

Continue Reading

You'll Also Like

58.9K 5.6K 25
Give your last breath to the world, then I'll recreate you as mine .
26.2K 695 15
own creation one short stories collection ရသအစုံပါအောင်ရေးပါမယ် Timetravel . rebirth. revenge. drama . romance အမျိုးအစားတွေကိုဦးစားပေးရေးမှာဖြစ်ပြီ...
337K 11.7K 45
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
3.6M 361K 38
ခူးဆွတ်ဖို့မလောပါနဲ့ တစ်ချိန်မှာအလိုက်သင့်ကြွေကျပေးပါ့မယ် အဲအချိန်ကျရင်သာ တယုတယနဲ့ကောက်ယူပါ မောင်ရယ်