ကမ်းကုန်အောင်အလိုလိုက်ပေးမယ်

By Moe_Lay

68.2K 3.7K 76

ယွီကျီရီက ငယ်စဉ်ကတည်းက ဉာဏ်နည်းပြီး ခပ်လွယ်လွယ်ပဲလျစ်လျူရှုခံရတဲ့ ကလေးတစ်ယောက်ဖြစ်ခဲ့တယ်။ဒါပေမဲ့ ပါရမီရှိပြီး... More

Description
Description (Z)
Chapter 1
Chapter 1 (Z)
Chapter 2
Chapter 2 (Z)
Chapter 3
Chapter 3 (Z)
Chapter 4
Chapter 4 (Z)
Chapter 5
Chapter 5 (Z)
Chapter 6
Chapter 6 (Z)
Chapter 7
Chapter 7 (Z)
Chapter 8
Chapter 8 (Z)
Chapter 9 (Z)
Chapter 10
Chapter 10 (Z)
Chapter 11
Chapter 11 (Z)
Chapter 12
Chapter 12 (Z)
Chapter 13
Chapter 13 (Z)
Chapter 14
Chapter 14 (Z)
Chapter 15
Chapter 15 (Z)
Chapter 16
Chapter 16 (Z)
Chapter 17
Chapter 17 (Z)
Chapter 18.1
Chapter 18.1 (Z)
Chapter 18.2
Chapter 18.2 (Z)
Chapter 19
Chapter 19 (Z)
Chapter 20.1
Chapter 20.1 (Z)
Chapter 20.2
Chapter 20.2 (Z)
Chapter 21.1
Chapter 21.1 (Z)
Chapter 21.2
Chapter 21.2 (Z)
Chapter 22.1
Chapter 22.1 (Z)
Chapter 22.2
Chapter 23.1
Chapter 23.2
Chapter 24.1
Chapter 24.2
Chapter 25.1
Chapter 25.2
Chapter 26.1
Chapter 26.2
Chapter 27.1
Chapter 27.2
Chapter 28.1
Chapter 28.2
Chapter 29.1
Chapter 29.2
Chapter 30.1
Chapter 30.2
Chapter 31.1
Chapter 31.2
Chapter 32.1
Paid Gp Completed
Request ❣️
Chapter 32.2
Chapter 33.1
Chapter 33.2
Chapter 34.1
Chapter 34.2

Chapter 9

1K 102 1
By Moe_Lay

အောက်တိုဘာလသို့ကူးပြောင်းလာသည်ထိ ရာသီဥတုမှာ ပူပြင်းခြောက်သွေ့နေဆဲဖြစ်သည်။ ပြတင်းပေါက်ဘေးတွင်ထိုင်၍ အိမ်စာလုပ်နေသောကောင်မလေးက စိတ်နှင့်ကိုယ်နှင့်မကပ်ဖြစ်နေသည်။

သူ(မ)က အနည်းငယ်မြှောက်ထားသည့်ဖတ်စာအုပ်ကို တိတ်တဆိတ်ဖွင့်လိုက်လျှင် အထဲတွင် ပန်းရောင်စာအိတ်လေးရှိနေသည်။

သူ(မ) မတုံးအပါ။ ထိုမျှသိသာနေသည့်အရာမှာ ရည်းစားစာဖြစ်ရမည်။

ဒီရည်းစားစာမှာ တစ်ယောက်ယောက်ကသူ(မ)ကိုအပ်၍ ရှီရီထံပို့ခိုင်းထားသည့်စာဖြစ်သည်။ သူ(မ)ကို ပေးရကောင်းနိုးနိုးနှင့် ဝေခွဲမရဖြစ်နေစေသည်။

ပထမဆုံးအနေနှင့် ပြီးမြောက်အောင်လုပ်ပေးမည်လို့ ကတိပေးထားသည့်ကိစ္စမဟုတ်ပေ။ သူ(မ)ကို တစ်ယောက်ယောက်က အတင်းကာရော ပေးသွားခြင်းသာဖြစ်သည်။

ဒုတိယအနေနှင့် ကျောင်းက ဒီအရွယ်လေးတွေကို ရည်းစားထားခွင့်ပြုမထားပေ။ ဒီရည်းစားစာကြောင့် ရှီရီ့ကို တစ်ခုခုသက်ရောက်သွားလျှင် မည်သို့လုပ်ရမည်နည်း။

သို့ပေမဲ့ အဆုံးတွင်တော့ ဒါသည် ထိုသူတို့ရှီရီ့ကို ပေးချင်သည့်စာဖြစ်လေသည်။

သူ(မ)က အတန်ကြာအောင်ရုန်းကန်နေခဲ့ပြီး နေ့လယ်ခင်းတွင်တော့ ရှီအိမ်ဘက်သို့ထွက်လာခဲ့သည်။

နျဉ်စုယာက ယွီကျီရီတံခါးလာခေါက်သည်ကိုမြင်လျှင် သူ(မ)ကို အိမ်ထဲခေါ်ခဲ့သည်။

“ကောကော အိမ်မှာမရှိဘူးလား။”

“ကြည့်ရတာ သူ့သူငယ်ချင်းတွေနဲ့ ဘတ်စကတ်ဘောကစားဖို့ ချိန်းထားတယ်ထင်တယ်။ ခဏနေရင်တော့ ပြန်လာမှာပါ။”

“ဒါဆို သမီး သူ့ကိုစောင့်လိုက်မယ်။”

“အန်တီက စတိုးဆိုင်မှာ စားသောက်ကုန်သွားဝယ်မလို့။ အိမ်မှာ ခဏစောင့်နေနော်။ စားပွဲပေါ်မှာ မုန့်နဲ့ အသီးတွေရှိတယ်။ စားချင်တာ ယူစားထား။”

နျဉ်စုယာက သူ(မ)ကို အမြဲဂရုစိုက်ပြီး အိမ်တွင်ထားရမှစိတ်ချသည်။

ယွီကျီရီက ထပ်ခါထပ်ခါခေါင်းညိတ်ခဲ့သည်။

နျဉ်စုယာ ထွက်သွားပြီးမကြာမီတွင် တံခါးဆီမှ သော့ထည့်ဖွင့်သကဲ့သို့အသံမျိုးကို ကြားလိုက်ရသည်။

သူ(မ)က ချောင်းကြည့်ပေါက်ဆီပြေးသွားပြီး အပြင်ဘက်တွင် ကောင်လေးတစ်ယောက်ကိုတွေ့လျှင် ရုတ်တရက်စနောက်ချင်လာကာ တံခါးနောက်တွင်ပုန်းလိုက်သည်။

ရှီရီက ဘတ်စကတ်ဘောကစားရာမှ ပြန်လာကာစဖြစ်၍ တစ်ကိုယ်လုံး ချွေးတွေရွှဲနေသည်။

သူ၏လက်မောင်းထဲတွင် ဘတ်စကတ်ဘောဘောလုံးတစ်လုံးကိုပိုက်ထားပြီး သော့ပေါက်ထဲသော့ထိုး၍ လှည့်ဖွင့်လိုက်သည်။

သူ တံခါးမှတည့်တည့်မတ်မတ်ဝင်လာချိန်တွင် မျက်လုံးထောင့်မှနေ၍ ထူးဆန်းသည့်ပုံရိပ်လေးတစ်ခုကို တွေ့လိုက်ရသည်။

နောက်လှည့်ကြည့်သည့်အခါမှာ တံခါးနောက်တွင်ရပ်ရင်း ခြောက်လှန့်ရန် လက်မြှောက်ထားသည့်ကောင်မလေးကို တွေ့လိုက်ရသည်။

ကောင်မလေးက မျက်တောင်ခတ်ပြီးရင်းခတ်နေသည်။

သူ နောက်ပြန်လည့်၍ တံခါးဆီ တည်တည်ငြိမ်ငြိမ်ပြန်လာခဲ့သည်။ ထို့နောက် ခဏစောင့်ပြီး ပြန်ဝင်လာခဲ့သည်။

“ဟား..။”

သူတံခါးမှဝင်လာခါနီးတွင် တစ်ဖက်မှ ခေါင်းသေးသေးလေးတစ်လုံးထွက်ပြူလာပြီး ကောင်မလေးက လက်မြှောက်ကာ ကြမ်းတမ်းချင်ယောင်ဆောင်လိုက်သည်။

ရှီရီကပူးပေါင်း၍ နောက်သို့ယိုင်ပြလိုက်သည်။ သူ့မျက်နှာက ထိတ်လန့်နေဟန်ရှိပြီး လက်ထဲမှဘောလုံးလည်း ကြမ်းပြင်ပေါ်ပြုတ်ကျသွားခဲ့သည်။     

သူက သူ့ရင်ဘတ်သူပုတ်၍ ရေရွတ်လိုက်သည်။ “ငါ လန့်လို့သေတော့မှာပဲ။”

ယွီကျီရီက တံခါးဆီပြေးလာပြီး ဘောလုံးကိုကောက်လိုက်ကာ သူ(မ)၏နှုတ်ခမ်းစွန်းနှစ်ဖက်မှာလည်း နက်ရှိုင်းစွာတွန့်ကွေးနေခဲ့သည်။ “ကောကော။ နင်အခုဆို သရုပ်ဆောင်ဖြစ်လာပြီနော်။”

“နှလုံးသားမဲ့တဲ့ကောင်မလေး။ ငါ ဘယ်သူ့အတွက် သရုပ်ဆောင်ပေးတာလဲ။ ဒီလို ကလေးဆန်ဆန်တွေ ကစားနေတုန်းပဲ။”

သူချွေးထွက်နေသည်ကိုမြင်လျှင် ရီရီက ရေဇလုံတစ်လုံးကို ယူလာပေးသည်။ ထို့နောက် အဝတ်ကို ရေဆွတ်၍ညှစ်ပြီးလျှင် ရှီရီ့ကိုပေးလိုက်သည်။

ရှီရီက အဝတ်ကိုယူ၍ သာမန်ကာလျှံကာဖြင့် နှစ်ကြိမ်မျှပွတ်သုတ်လိုက်သည်။

ထိုစဉ် ယွီကျီရီက ဘေးတွင်ထိုင်ပြီး ကျောင်းလွယ်အိတ်ကိုပေါင်ပေါ်တင်ကာ ဇစ်ဖွင့်လိုက်သည်။

ယွီကျီရီက ရှီရီကိုတိတ်တဆိတ်ငေးကြည့်နေခဲ့ပြီးနောက် စာအိတ်လေးကိုထုတ်လိုက်ကာ လက်ထဲတွင် ကျစ်ကျစ်ပါအောင်ဆုပ်ထားလိုက်သည်။ “တစ်ယောက်ယောက်က နင့်ကိုပေးခိုင်းလိုက်လို့။”

“ဘာ စာလဲ။”

“ဒါက..။” သူ(မ)က စာအိတ်ကို ရှေ့သို့ကမ်းပေးလိုက်ပြီး “နင် ဖတ်ကြည့်ချင်လား။”

ပန်းရောင်စာအိတ်ကိုယ်၌ကပင် အဓိပ္ပာယ်နက်ရှိုင်းနေနှင့်ပြီးဖြစ်သည်။ သူက တစ်ချက်လောက်သာကြည့်ပြီး ပြောလိုက်သည်။ “လွှင့်ပစ်လိုက်။”

“ဟမ်။” ယွီကျီရီ ဒီလိုရလဒ်မျိုးကို မမျှော်လင့်ခဲ့ဖူးပေ။

“နင် မဖတ်ရသေးဘူးလေ။ အရေးကြီးကိစ္စဖြစ်နေရင်ရော။”

“တကယ်လို့ဒါသာ သူ့အတွက်အရေးကြီးကိစ္စဆိုရင် ဘယ်သူက စာရေးပြီး ပြီးစလွယ်ပေးခိုင်းမှာလဲ။ ဆန့်ကျင်ဘက်အနေနဲ့ကတော့ ဖတ်စရာမလိုဘူး။”

သူက အသက်အရမ်းမကြီးသေးသော်ငြား ဒီလိုကိစ္စမျိုးတွင်အမြင်ကျယ်သည်။

အသက် ၁၂ နှစ်၊ ၁၃ နှစ်အရွယ်သည် အချစ်ကိုမသိနားမလည်သေးသည့်အရွယ်ဖြစ်သော်လည်း အချို့ အရွယ်နှင့်မလိုက်စွာပြုမူတတ်သူများက ဆန့်ကျင်ဘက်လိင်ပေါ်တွင် အမြင်ကောင်းရှိကြသည်။

ပြန်မတုန့်ပြန်လျှင် အခြားတစ်ဖက်ကလည်း သူ့အလိုလိုလက်လျှော့သွားလိမ့်မည်။

ဒီလိုကိစ္စမျိုးမရှိခဲ့သလို ဟန်ဆောင်လိုက်မည်။ သူက ဒီလိုပျင်းရိငြီးငွေ့ဖွယ်ကိစ္စများတွင်ပါဝင်ပတ်သက်ရန် အလွန်စိတ်မပါပေ။ သူ့အမြင်အရဆိုလျှင် ဒီအရွယ်တွင်ပေါ်ပေါက်လာသည့်ခံစားချက်များက အလွန်နုံအလွန်းသည်။

သူ့ကိုငေးကြည့်နေသည့် သူ့အရှေ့မှကောင်မလေးကိုကြည့်ပြီး သူ(မ)နဖူးလေးကိုပုတ်ကာ “ပြီးတော့ နင်ရောပဲ။ တခြားသူတွေရဲ့စာကို ယူလာပေးဖို့တောင်အချိန်ရရင် ဘာဖြစ်လို့ မေးခွန်းနှစ်ခုလောက် ဖြေမကြည့်တာလဲ။”

ယွီကျီရီလည်း ပြောလိုက်သည်။ “သူ(မ)က ခြေရာလက်ရာတောင်မကျန်အောင်ပြေးသွားတာ။”

“နောက်ဆို ငါ့ကို ဒါမျိုးတွေယူလာမပေးနဲ့တော့။”

“ကောင်းပါပြီ။ ငါထပ်မပေးတော့ပါဘူး။" ကောင်မလေးက နာနာခံခံနှင့်ခေါင်းညိတ်လိုက်သည်။

သူ(မ)၏ နာနာခံခံနှင့်အနိုင်ကျင့်ခံရသကဲ့သို့အမူအရာကိုမြင်တော့ သူ မရယ်ဘဲမနေနိုင်ခဲ့။ သူက လူအိုကြီးလို အနောက်ကိုမှီထိုင်နေရင်း ရေဇလုံကိုလက်ညှိုးထိုးကာ “သွား။ ရေသွားသွန်ဦး။”

“အိုး။” ကလေးမလေးက နာနာခံခံနှင့်ထရပ်၍ စာအိတ်ကိုဘေးချကာ သုံးပြီးသားရေဇလုံကို ရေချိုးခန်းဆီ ယူသွားခဲ့သည်။

ရှီရီက စာအိတ်ကို လက်ချောင်းများနှင့်ညှပ်ကိုင်ကာ တုံ့ဆိုင်းခြင်းမရှိအမှိုက်ပုံးထဲသို့ထည့်လိုက်သည်။

သူသည် ဒါမျိုးကို ပထမဆုံးမြင်ဖူးခြင်းမဟုတ်ပေမဲ့ ယွီကျီရီထံမှရသည်ကတော့ ပထမဆုံးအကြိမ်ဖြစ်သည်။

နျဉ်စုယာ ဈေးဝယ်ထွက်ရာမှပြန်ရောက်သည့်အခါ ယွီကျီရီက အိမ်ပြန်သွားခဲ့ပြီဖြစ်သည်။

“ရီရီ ပြန်ပြီလား။ သားက ဘာလို့သူ့ကို ညစာစားဖို့ခေါ်မထားတာလဲ။”

“သူက အဖွားကို ဟင်းချက်ကူမလို့တဲ့။”

“ရီရီကတော့ လိမ္မာတဲ့ကောင်မလေးပဲ။”

“…”

သူ(မ)လေးက မိန်းမကောင်းလေးဆိုသည်မှာအမှန်ပင်။ ဒီလိုမျိုးဂရုတစိုက်ရှိခြင်းနှင့်သိတတ်ခြင်းမှာ သူ(မ)ဘေးတွင် မိဘများမရှိတာကြောင့်ဖြစ်သည်။ သူ((မ)က တစ်ယောက်တည်းသာကြီးပြင်းရသည်လေ။

နျဉ်စုယာက ပန်းကန်များကိုမဆေးမီ ဧည့်ခန်းထဲမှအမှိုက်ပုံးကို သွန်ရန်ဖွင့်လိုက်လျှင် အတွင်း၌ အလွန်အင်မတန်သံသယဖြစ်လောက်စရာပန်းရောင်စာအိတ်လေးကို တွေ့လိုက်ရသည်။

နျဉ်စုယာက တစ်ချက်သာကြည့်ပြီးမအံ့ဩမိပေ။

သူ(မ)၏သားဖြစ်သူကငယ်သေးသော်လည်း ဒီလိုစာမျိုးရရှိသည်ကို ရှစ်ကြိမ်ထက်မနည်းတွေ့ဖူးသည်။

သူ(မ)သည် သားဖြစ်သူက ရည်းစားစားကို အမှိုက်ပုံးထဲလွှင့်ပစ်ထားသည်ကို ပထမဆုံးအကြိမ် တွေ့တုန်းကဆိုလျှင် ရယ်ချင်ပက်ကျိဖြစ်ခဲ့ရပြီး ကျောင်းတွင် သူ့ကိုကြိုက်နေသည့်မိန်းကလေး အမြောက်အမြားရှိလားလို့ မေးခဲ့ဖူးသည်။

ရှီရီက ဒီခေါင်းစဉ်ကို လက်ခံဆွေးနွေးရန် ငြင်းဆိုခဲ့သည်။

နောက်တော့ သူ(မ)သိလိုက်ရသည်က အမှိုက်ပုံးထဲမှရည်းစားစာများမှာ ဖွင့်ကြည့်မခံရကြောင်းပင်။ သူ(မ)က ပို၍ပင်အံ့ဩသွားရသည်။ “သား ဒီစာတွေကိုမဖတ်မှတော့ ဘာလို့ အိမ်ကိုယူလာတာလဲ။”

ကျောင်းတွင် ဘယ်လောက်တောင် လးကြိုက်များနေမလဲ။

ရှီရီကရော ဘယ်လိုပြန်ဖြေခဲ့မလဲ။

“အတန်းထဲမှာလွှင့်ပစ်ရင်ကျ တခြားသူတွေမြင်သွားနိုင်တယ်။ ကျောင်းဆင်းရင်ကျတော့လည်း လမ်းမှာ လွှင့်ခဲ့ဖို့ အဆင်မပြေဘူးလေ။ ဒါကြောင့် အိမ်ယူလာပြီးပစ်ရတာ။”

နျဉ်စုယာ : “…”

သူ(မ)သားဖြစ်သူကို ၁၀ နှစ်သားလေးလိုဆက်ဆံလို့ မရတော့ဘူးပဲ။

သူ(မ)ကုန်စုံဆိုင်မသွားခင်က ဒီစာလေးကိုမမြင်မိကြောင်း စဉ်းစားမိသွားသည်။ အိမ်လာသွားသည်မှာလည်း ရီရီတစ်ယောက်သာရှိသည်။ “မားအပြင်မထွက်ခင်က ဒီစာမရှိပါဘူး။ ဒီစာ..ဖြစ်နိုင်တာက..။”

ရီရီပေးတာတော့ မဖြစ်နိုင်လောက်ဘူးမလား။ သူ(မ)ပေးခဲ့သည်လား။

သူ(မ)က ရှီရီ့အခန်းတံခါးကိုအမြန်ခေါက်လိုက်ပြီး “ရှောင်ရီ။ မား သားကို မေးစရာရှိတယ်။”

ဂိမ်းခလုတ်ကိုကိုင်ထားသည့်ရှီရီက ခေါင်းမော့ကာ “ဘာမေးမလို့လဲ မား။”

“အမှိုက်ပုံးထဲကစာကို ဘယ်သူပေးတာလဲ။”

“မသိဘူးလေ။”

“ရီရီမဟုတ်ဘူးလား။” ခုနလေးတင် သူ(မ)လာသွားသည်လေ။

“မား။ ဘာတွေတွေးနေတာလဲ။ သူက ဘယ်လိုလုပ်ပေးမှာလဲ။ အဲ့ကောင်မလေးက အရမ်းတုံးတာကို။”

သူ(မ)သာ ရည်းစားစာဘယ်လိုရေးရမည်မှန်းသိလျှင် ရှီရီက စကားလုံးတွေကို နောက်ပြန်ပင် ဖတ်လိုက်ဦးမည်။

နျဉ်စုယာက ခေါင်းညိတ်၍ “ဟုတ်သားပဲ။”

ဒါသည်သာ ယွီကျီရီထံမှဆိုလျှင် ဖွင့်ဖတ်မကြည့်ဘဲ အမှိုက်ပုံးထဲပစ်ခံရမှာမဟုတ်ပေ။

“သားဉာဏ်ကောင်းတာကို မားသိပါတယ်။ ဒါပေမဲ့ အခုချိန်မှာအရေးကြီးဆုံးက စာလေ့လာဖို့ဆိုတာကို‌တော့ သတိပေးချင်သေးတယ်။”

“နားလည်ပါပြီ။” သူက လက်ကိုသာမန်ကာလျှံကာမြှောက်ပြီး ဒီလိုအရာတွေကို စိတ်မဝင်စားသည့်ပုံပြခဲ့သည်။

ယွီကျီရီက ထိုရည်းစားစာကို အမှတ်တမဲ့ရခဲ့သည်သာထင်ခဲ့သော်လည်း သူ(မ)မမျှော်လင့်မိသည်က နောင်တွင် ထိုကဲ့သို့ အကြိမ်များစွာကြုံတွေ့ရမည်ကိုပင်။

သူ(မ)က ငြင်းလို့ရသမျှကို ငြင်းခဲ့သည်။ သူ(မ)စားပွဲခုံထဲထည့်ထားသည့်ရည်းစားစာများကဲ့သို့ ငြင်းမရသည်များကိုတော့ ကျောင်းဆင်းသည်နှင့် ရှီရီ့ကိုပြသေးသည်။

ယခုဆိုလျှင် ရှီရီသည် ထိုစာများကိုဖွင့်မကြည့်ပါဘဲ သူ(မ)ရှေ့တွင်ပင် အားမနာတမ်းလွှင့်ပစ်နေလေပြီ။

“ယွီကျီရီ နင်နောက်ကို ငါ့ဆီ ဒါမျိုးတွေယူလာဦးမယ်ဆိုရင်..။” အန္တရာယ်အရိပ်အမြွက်တစ်ခုက လူငယ်လေး၏ မျက်လုံးထဲတွင် ဖြတ်ပြေးသွားသည်။ 

သူ(မ)က အကြိမ်ကြိမ်ခေါင်းခါပြီး “ငါနောက်တစ်ခါ ထပ်မပေးတော့ဘူး။ ကတိပေးတယ်။”

သူ(မ)က စာတွေကိုမထိတော့ဘူးလို့ဆုံးဖြတ်လိုက်သည်နှင့် တစ်နေရာရာမှ ကောလာဟလထွက်လာသည်က သူ(မ)သည် တခြားသူများ၏စာများကို တိတ်တဆိတ်လွှင့်ပစ်သည်ဟူ၍ပင်။

အားလုံးက ဒီလိုကိစ္စမျိုးတွင် ဆတ်ဆတ်ထိမခံဖြစ်ကြသည်။ အချို့က သူတို့ရဲ့ရည်ရွယ်ချက်တွေ ပေါ်သွားမှာစိုးကြသည်။ အချို့ကတော့ ပျော်စရာတွေကိုကြည့်ချင်၍ မကောင်းသည့်စကားများကို လျှို့ဝှက်စွာဖြန့်ခဲ့ကြသည်။

ယွီကျီရီကို မှားယွင်းပြောဆိုကြသည်။

ပထမတွင်တော့ သူ(မ)က သည်းခံနိုင်သေးသည်။ ၎င်းမှာ ရံဖန်ရံခါတွင် အတန်းဖော်တို့က သူ(မ)နားမှဖြတ်သွားရင်း မေးသွားကြသည့်အချိန်ထိဖြစ်သည်။ “ဟေး။ ငါကြားတာတော့ ဘေးအခန်းကကောင်မလေးက နင့်ဆီ ရည်းစားစာအပ်ခဲ့ပေမဲ့ နင်ကတော့ ဒီတိုင်းပဲလွှင့်ပစ်ခဲ့တာဆို။”

“ငါမလုပ်ဘူး။”

သူ(မ)ရှင်းပြခဲ့သည်။ ပါဝင်ပတ်သက်သူကလည်း အများကြီးဂရုမစိုက်ပေ။ ထိုကိစ္စမှာ ဟာသမျှသာဖြစ်သည်။

နောက်တော့ သူ(မ) ထပ်ပြီးနားမထောင်နိုင်တော့ပေ။ သူ(မ)က နားတွေကို သုန်မှုန်စွာနှင့်အုပ်ထားပြီး စိတ်ထဲတွင် ပြောနေမိသည်။ “သူတို့က ငါ့ကို ဇွတ်အတင်းပေးကြတာ။ နောက်ဆုံးတော့ သူတို့ပြောတဲ့အတိုင်းပေးမပေးတာနဲ့ ငါ့ကိုအပြစ်ပြောကြတယ်။ ဒီလူတွေက စိတ်ပျက်ဖို့ကောင်းတယ်။”

ရှီရီက သဘောကျစွာရယ်ရင်း "ငါက နင်ဂရုမစိုက်ဘူးလို့ထင်ထားတာလေ။"

“ကောကော။” သူ(မ)လည်း လေသံမာမာနှင့်ခေါ်လိုက်ပြီး မျက်လုံးများမှာ ပြူးကျယ်လာသည်။

ရှီရီက သူ(မ)၏ပါးမို့မို့တို့ကို မဖိဘဲမနေနိုင်တော့ပေ။ “နင်က ငါ့ကို ရက်စက်တော့မှာလား။”

“ငါဘယ်လိုလုပ်….။”

“ငါ့တာဝန်ထား။”

“ဒါကအစကတည်းက…။” နင့်အမှားပဲလေ။

“ဟမ်။” ရှီရီက မျက်ခုံးပင့်လိုက်သည်။

ငြင်းဆန်တော့မည့်ဆဲဆဲကောင်မလေးက အရှုံးပေးသည့်ဟန်ဖြင့်လက်မြှောက်ကာ “ကောကောက ကောင်းကောင်းကိုင်တွယ်နိုင်မယ်ဆိုတာကိုယုံပါတယ်။”

ရှီရီက မြန်မြန်ဖြေရှင်းပေးခဲ့သည်။ သူက သူ(မ)အတွက် ပြဿနာဖြေရှင်းပေးရုံသာမက ကျောင်းသားအားလုံးကိုလည်း သတိပေးခဲ့သည်။

တနင်္လာနေ့အလံတင်အခမ်းအနားတွင် အတန်းဒါရိုက်တာက စကားအလှဆင်၍ မြီးကောင်ပေါက်အချစ်ကို တားမြစ်ခဲ့သည်။

“အတန်းခေါင်းဆောင်။ ဆရာမနေ့ကပေးလိုက်တဲ့ သင်္ချာအိမ်စာတွေလုပ်ခဲ့လား။ ငါ့ကိုငှားပါဦး။ နည်းနည်းလောက်ကူးပါရစေ။”

ရှီရီက သင်ယူရာတွင်ဆရာတစ်ဆူဖြစ်ပြီး လူတချို့ကို လေ့ကျန့်ရန်အလေ့အကျင့်ပင်လုပ်ပေးသေးသည်။ လူအများက အိမ်စာကိုအိမ်ယူသွားရသည်ကို သဘောမကျကြပေ။ သူတို့က အမြဲတမ်း နောက်တစ်ရက်ကျောင်းလာချိန်ကို စောင့်ပြီး သူများဆီကသာတိုက်ရိုက်ကူးကြသည်။

ဒီတစ်ကြိမ်တွင်တော့  သူက သင်္ချာစာရွက်ကို ရက်ရောစွာကမ်းပေးလိုက်သည်။

အရှေ့တန်းတွင်ထိုင်သည့်ယွီကျီရီက အနောက်သို့ ကြိမ်ဖန်များစွာလှည့်ကြည့်နေပြီး ချောင်လဲ့ကျီလက်ကို တိတ်တိတ်လေးဆွဲ၍ “ချောင်ချောင်။ ခဏနေကျ ငါ့ကို အဖြေပြဦးနော်။”

“အာ။ နင်လည်း ကူးချင်လို့လား။”

ဒါကြီးက အတော်လေးထူးဆန်းသည်။

ကျောင်းတွင် ယွီကျီရီ၏အဆင့်မှာသာမန်ဖြစ်သော်ငြား သူ(မ)က အချိန်တိုင်းတွင် အိမ်စာသေချာလုပ်သည်။ သူ(မ)မသိသည့်ပုစ္ဆာများနှင့်ကြုံလျှင်ပင် ရှီရီက သူမကိုသင်ပေးမည်ဖြစ်သည်။

ယွီကျီရီက မလုံမလဲနှင့် စာရွက်ကိုထုတ်လိုက်သော် ၎င်းက ဗလာဖြစ်နေသည်။ “ငါမနေ့က အိမ်ယူသွားဖို့ မေ့ခဲ့လို့။ အဲ့ဒါကြောင့် ငါ့မှာ အိမ်စာလုပ်ချိန်မရလိုက်ဘူး။”

“ကောင်းပြီ..။” အဖြေက အဆင်ပြေသည်။

သင်္ချာတန်းကိုယ်စားလှယ်က မတ်တတ်ထ၍ အားလုံးကို အိမ်စာထပ်ရန် သတိပေးလိုက်သည်။

အားလုံးက စာရွက်တို့ကို လက်ဆင့်ကမ်းလိုက်ကြသည်။

သင်္ချာတန်းကိုယ်စားလှယ်က ရုတ်တရက် ဗိုက်ကိုလက်နှင့်အုပ်၍ ရှီရီ့ကို ပုတ်ပြီးပြောလိုက်သည်။ “ငါ အိမ်သာသွားဦးမယ်။ အတန်းခေါင်းဆောင် မင်းပဲ အိမ်စာတွေကို ဆက်ကောက်ထားပေး။”  

“ကောင်းပြီ။” သူတို့က တစ်ခုံတည်းထိုင်ရာ ထိုမျှလောက်အကူညီလေးအတွက် ပြောနေစရာမလိုပေ။

လူအချို့ထပ်လာသည့်စာရွက်တို့တွင် ကွက်လပ်ဖြည့်မေးခွန်းပါပြီး သိသိသာသာကိုမှားနေကြသည်။

သူက ကွက်လပ်ဖြည့်မေးခွန်းကိုကြည့်ပြီး နှုတ်ခမ်းထောင့်စွန်းတို့ အနည်းငယ်မြင့်တက်သွားသည်။

ယွီကျီရီတစ်ယောက် အဖြေများကိုခက်ခက်ခဲခဲကူးပြီးနောက်တွင် အိမ်စာထပ်ရန် နောက်သို့ပြေးသွားလိုက်သည်။ထိုအခါ ရှီရီက ခေါင်းလှည့်လာပြီး “နေဦး”

ယွီကျီရီတစ်ယောက် ကျောရိုးတစ်လျှောက် အေးစိမ့်သွားသည်။ သူ(မ) ပထမဆုံးအကြိမ်အမှားလေးလုပ်မိတာ မပေါ်လောက်ဘူးမလား။

“အိမ်စာကို နင့်ဟာနင်လုပ်တာလား။”

“ဟုတ်တယ်..။”

“ကောင်းပြီ။”

သူ(မ)က သူ့ကိုလိမ်ရဲနေပြီပေါ့သိပ်ကောင်းတယ်။

သင်္ချာတန်းကိုယ်စားလှယ်က အတန်းထဲပြန်ရောက်လာလျှင် စာရွက်များကိုစုစည်းလိုက်သည်။ သူက ရုံးခန်းဆီ စာရွက်တွေပို့မည့်ဆဲဆဲတွင် ရှီရီက စာရွက်တို့ကိုဖိ၍ “နေဦး။ ငါအခုမှ မေးခွန်းတချို့ကို ပြန်စစ်ဖို့သတိရလို့။”

သင်္ချာတန်းကိုယ်စားလှယ်က အတန်းခေါင်းဆောင်ကို အလွန်ယုံကြည်သူဖြစ်သည်။ စာရွက်တွေကို တိုက်ရိုက်ပေးလိုက်ပြီး “ဒါဆို မင်းဟာမင်းကြည့်လိုက်တော့။”

“ကောင်းပြီ။”

သူက တစ်ခုသောစာရွက်ကို အမြန်လှန်လိုက်ပြီး ကွက်လပ်ဖြည့်မေးခွန်းကို ပြန်ဖျက်၍ အဖြေများကို ပြန်ရေးပေးလိုက်သည်။

---------------------------------------------------------

စာရေးသူမှာ ပြောစရာရှိပါတယ် :

ငါ့ကိုယုံ။ ရှီရီက လုံးဝကို အကျင့်မကောင်းတဲ့ကောင်ပဲ။ ပုံမှန်မဟုတ်တဲ့အဖြစ်အပျက်တွေဆိုတာလည်း သူတူးထားတဲ့တွင်းနက်တွေပဲ။

 *****

Aurora Novel Translation Team

(T/N - ကိုယ်ဒီဝတ္ထုကို အချိန်တစ်ခုအထိ စနေနေ့ပဲအပိုင်းသစ်တင်ပေးနိုင်ပါတော့မယ်။)

Continue Reading

You'll Also Like

557K 15.1K 20
"ဘယ်သူကမှ သူရဲကောင်းအဖြစ်မွေးဖွားလာတာမဟုတ်ဘူး သူရဲကောင်းတစ်ယောက်၊ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ဆိုတာ ပင်ကိုယ်အရည်အသွေးနဲ့ ကိုယ်တိုင်လုပ်ယူထားတဲ...
537K 48.1K 143
ဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်
59.1K 5.6K 25
Give your last breath to the world, then I'll recreate you as mine .
1.2K 69 20
office love! BL/Normal Zawgyi/Unicode