ကမ်းကုန်အောင်အလိုလိုက်ပေးမယ်

By Moe_Lay

68.2K 3.7K 76

ယွီကျီရီက ငယ်စဉ်ကတည်းက ဉာဏ်နည်းပြီး ခပ်လွယ်လွယ်ပဲလျစ်လျူရှုခံရတဲ့ ကလေးတစ်ယောက်ဖြစ်ခဲ့တယ်။ဒါပေမဲ့ ပါရမီရှိပြီး... More

Description
Description (Z)
Chapter 1
Chapter 2
Chapter 2 (Z)
Chapter 3
Chapter 3 (Z)
Chapter 4
Chapter 4 (Z)
Chapter 5
Chapter 5 (Z)
Chapter 6
Chapter 6 (Z)
Chapter 7
Chapter 7 (Z)
Chapter 8
Chapter 8 (Z)
Chapter 9
Chapter 9 (Z)
Chapter 10
Chapter 10 (Z)
Chapter 11
Chapter 11 (Z)
Chapter 12
Chapter 12 (Z)
Chapter 13
Chapter 13 (Z)
Chapter 14
Chapter 14 (Z)
Chapter 15
Chapter 15 (Z)
Chapter 16
Chapter 16 (Z)
Chapter 17
Chapter 17 (Z)
Chapter 18.1
Chapter 18.1 (Z)
Chapter 18.2
Chapter 18.2 (Z)
Chapter 19
Chapter 19 (Z)
Chapter 20.1
Chapter 20.1 (Z)
Chapter 20.2
Chapter 20.2 (Z)
Chapter 21.1
Chapter 21.1 (Z)
Chapter 21.2
Chapter 21.2 (Z)
Chapter 22.1
Chapter 22.1 (Z)
Chapter 22.2
Chapter 23.1
Chapter 23.2
Chapter 24.1
Chapter 24.2
Chapter 25.1
Chapter 25.2
Chapter 26.1
Chapter 26.2
Chapter 27.1
Chapter 27.2
Chapter 28.1
Chapter 28.2
Chapter 29.1
Chapter 29.2
Chapter 30.1
Chapter 30.2
Chapter 31.1
Chapter 31.2
Chapter 32.1
Paid Gp Completed
Request ❣️
Chapter 32.2
Chapter 33.1
Chapter 33.2
Chapter 34.1
Chapter 34.2

Chapter 1 (Z)

801 11 0
By Moe_Lay

ရွှေအဆင်းလိုနေရောင်ခြည်ကမှိန်ဖျော့လာပြီး ကြိုလင့်ကာထုတ်လွှင့်ထားသည့် များလှစွာသောအလင်းတို့က အနက်ရောင်ညကောင်းကင်တစ်ခုလုံးကို အလင်းပေးဖို့ တဖြည်းဖြည်းပေါင်းစပ်သွားကြတော့သည်။

မိုးပြာရောင်စကပ်တိုတိုနှင့် ပုလဲသွယ်ကြိုးသိုင်းဒေါက်မြင့်ဖိနပ်ကိုဆင်မြန်းထားသည့် မိန်းမငယ်လေးက တက်စီတစ်စီးပေါ်ကနေ ဆင်းလာ၏။

ယွီကျီရီတစ်ယောက် သူ(မ)ရဲ့အမွှေးပွဘောလုံးလိုခေါင်းလေးကို ဖြည်းဖြည်းချင်းဖြီးသင်လိုက်ပြီး စကပ်ထောင့်လေးကိုဆွဲလိုက်ကာ အံကိုတင်းတင်းကြိတ်လိုက်တော့သည်။

သူ(မ)ရှေ့က ပြိုးပြိုးပြက်ပြက်အလင်းများနှင့် KTV ဆိုင်နာမည်ကိုကြည့်ပြီး ချက်ချင်းခြေလှမ်းမဝင်လိုက်ခင်အထိ ထိုအရှေ့မှာ တုံ့ဆိုင်းစွာ ရပ်နေခဲ့သေးသည်။

သူ(မ)ရဲ့ဝါးမြင်းလေးရှီရီက ဒီနှစ်မှာ ၁၈ နှစ်ပြည့်တော့မှာဖြစ်ပြီး နောက် ၄ နာရီနှင့် ၈ မိနစ်ဆိုလျှင် အရွယ်ရောက်ပြီးသားလူတစ်ယောက်ဖြစ်လာကာ သူ(မ)ကလည်း သူ့ကို ဝန်ခံဖို့အဆင်သင့်ဖြစ်နေပြီဖြစ်သည်။

"အာ့အာ ငါနည်းနည်းကြောက်နေတယ်။"

ယွီကျီရီက ညာဘက်နားထဲမှာတပ်ထားသည့် အဖြူရောင်ဘလူးတုနားကြပ်လေးကိုကလိရင်း မဝံ့မရဲပြောလိုက်သည်။

"နင်ဘာဖြစ်နေတာလဲ၊ နင်တို့တွေ အကြာကြီးသူငယ်ချင်းတြွေဖစ်လာကြတာပဲကို။ရှက်မနေပဲ ဒီတိုင်းသွားလိုက်စမ်းပါ။"

"အင်းပါ ဒီတစ်ခါ ငါအသင့်ဖြစ်နေပြီ။" ကျီရီ ခဏရပ်တန့်သွားသည်။

လွန်ခဲ့သည့်တစ်နာရီက ရှီရီက KTV တစ်ခုက သီးသန့်ခန်းတစ်ခန်းထဲကို ကိတ်တစ်လုံးကိုင်ရင်း သူ့သူငယ်ချင်းတွေနှင့်ဝင်သွားတာကို မြင်လိုက်ကြောင်း သူ(မ)သူငယ်ချင်းကောင်း ကျန်းမေ့အာကပြောခဲ့သည်။

ဒီနေ့ညသန်းခေါင်ကျော်သွားသည်နှင့် ရှီရီက ၁၈ နှစ်ပြည့်တော့မှာဖြစ်ပြီး ဒီလိုအရေးကြီးသည့်မွေးနေ့နီးကပ်လာတာကို ဘာလို့များ သူ့သူငယ်ချင်းတွေနှင့်ကြိုဆိုဆင်နွှဲဖို့ သူ(မ)ကို မဖိတ်ကြားခဲ့တာများလဲ။

သူတို့စတင်တွေ့ဆုံပြီးကတည်းက ဒီလိုမျိုး မဖြစ်ခဲ့ဖူးပေ။

ကျန်းမေ့အာက မွေးနေ့ပါတီအကြောင်းစုံစမ်းဖို့ အတန်းဖော်ဆိုသည့်အမည်ကို အသုံးပြုပြီး ကိတ်တစ်စိတ်လောက်စားဖို့ အခွင့်အရေးရှာကာ သူ(မ)သူငယ်ချင်းဆီ နောက်ဆုံးရအခြေအနေများကို သတင်းပို့ဖို့ ထောင့်နားလေးမှာပဲပုန်းကွယ်နေခဲ့သည်။

"အထဲမှာ အရမ်းကို အသက်ဝင်နေတာပဲဟဲ့၊ ဒါက နင့်ဝါးမြင်းလေးရဲ့မွေးနေ့လေ၊ နင့်ကို မဖိတ်ဘူးဆိုတာကတော့ အံ့ဩစရာပဲ။"

တခြားလူတွေက သူ့မွေးနေ့မှာ သူ့ကိုစိတ်ရင်းနှင့်ဂုဏ်ပြုနေကြလိမ့်မယ်ဆိုပေမဲ့ သူ(မ)ကတော့ သူ(မ)သဘောကျနေတဲ့လူကို ဝန်ခံချင်နေခဲ့တာဖြစ်သည်။

ယွီကျီရီခေါင်းငုံ့လိုက်ပြီး သူ(မ)လက်ထဲက လက်ဆောင်အိတ်လေးကိုကြည့်လိုက်သည်။ အထဲက အနက်သန့်သန့် လေးထောင့်လက်ဆောင်ဘူးလေးကို တစ်ချက်ကြည့်ရုံနှင့်ပင်မြင်နိုင်လေသည်။ဒါက သူ(မ) လွန်ခဲ့သည့်သုံးလကတည်းက ရှီရီအတွက် ပြင်ဆင်ထားခဲ့သော အရွယ်ရောက်လက်ဆောင်ဖြစ်သည်။

လက်ဆောင်ဘူးလေးအပြင် အနီရောင်အသဲပုံကတ်လေးပါ ပါသေး၏။

"ဟဲ့ မကောင်းတော့ဘူး၊အခု ရှီရီကိုကြည့်နေတဲ့ကောင်မလေးတွေထဲကတစ်ယောက်က ချိုအီနေတဲ့အချစ်သီချင်းတစ်ပုဒ်ကိုဆိုနေတယ်၊ ငါတော့ သူ ရှီရီကို ကြံနေပြီလို့ထင်တယ်။"

ကျန်းမေ့အာက လန့်ဖျပ်သွားသည့်အမူအယာနှင့် ရုတ်တရက်ထပြောလာသည်။

သူ(မ)သူငယ်ချင်းစကားကြောင့် နိုးကြားလာသည့်ယွီကျီရီကတော့ သူ(မ)နှလုံးသားထဲက ပေါက်ကွဲသံတွေကိုခံစားလိုက်ရပြီး အသိစိတ်ပြန်ဝင်လာချိန်တွင် သူ(မ)ခန္ဓာကိုယ်က သီးသန့်အခန်း 52 6၏ တံခါးရှေ့သို့ပင် ရောက်နေလေပြီ။

မိန်းမငယ်လေးရဲ့သေးငယ်ဖြူသွယ်သည့်လက်ကလေးက တံခါးကိုတွန်းဖွင့်လိုက်ပြီး လက်ဆောင်အိတ်လေးကိုကိုင်ထားရင်းနှင့်ပင် တုန်ရီနေဆဲဖြစ်သည်။ အသံနေအသံထားပြောင်းလဲသွားသည့် အထဲမှသီချင်းသံကို ရုတ်ချည်းကြားလိုက်ရချိန်တွင် သူ(မ)နားစည်တွေ အသက်ဝင်နိုးကြားသွားပြီး ဂီတသံမှတစ်ဆင့် မိန်းကလေး၏ချိုမြိန်သောအသံကို ကြားလိုက်ရသည်။

"ငါနဲ့အတူ ဒီသီချင်းကိုဆိုပေးဖို့ ကောင်လေးတစ်ယောက်ကို ဖိတ်ခေါ်ချင်ပါတယ်။"

မိန်းကလေးအသံနှင့်အတူ ယောင်္ကျားလေးတစ်ယောက်၏အသံက ထွက်ပေါ်လာပြီး

"ဒီနေ့က ရှီရီမွေးနေ့ပဲ၊ လာခဲ့လိုက်တော့ ရှီရီ။"

မိန်းမငယ်လေးက ကျေနပ်သွားပြီး ပြောလိုက်တော့သည်။

"ကောင်းပြီလေ။ဒါဖြင့်ရင် ရှီရီကို ငါနဲ့အတူဆိုပေးဖို့ ဖိတ်ခေါ်ချင်တယ်။"

"မရဘူး။"

ယွီကျီရီထပ်ပြီး သည်းမခံနိုင်တော့ပဲ တံခါးကို တွန်းဖွင့်လိုက်တော့သည်။သူ(မ)အာရုံထဲကို ပထမဆုံးဝင်လာသည့်လူက ဆိုဖာအစွန်းမှာထိုင်နေသောကောင်လေးတစ်ယောက်ဖြစ်သည်။

ခြေတံရှည်တွေကို သာမန်ကာလျှံကာဆန့်ထုတ်ထားပြီး သူ့လက်မောင်းတွေကတော့ ကူရှင်ပေါ်မှာထောက်မှီထားကာ သဘာဝအလျောက်ကွေးညွတ်နေသည့်လက်ချောင်းလေးတွေက ပျော့တိပျော့ခွေအနေအထားမှာ သူ့ရဲ့ဘေးတိုက်မျက်နှာကို ထောက်ပံ့ပေးနေလေသည်။ လူငယ်လေးက မက်မွန်ပွင့်လိုမျက်ဝန်းတွေကို ပေါ့ပါးစွာပင့်လိုက်လေပြီး ယွီကျီရီကို ညို့ငင်နေလေတော့သည်။

သီးသန့်နေရာကို မထင်မှတ်ထားပဲ ဝင်ရောက်လာသည့်မိန်းကလေးက အားလုံး၏အာရုံကိုဆွဲဆောင်လိုက်နိုင်ကာ သူတို့အားလုံး သူ(မ)ကို လှည့်ကြည့်လာကြတော့သည်။

ယွီကျီရီ မွေးဖွားချိန်တုန်းက အလွန်အားနည်းနေခဲ့ပြီး သူနာပြုဆရာမက သူ(မ)ကိုပွေ့ဖက်ကာ တင်ပါးကိုနှစ်ချက်လောက်မပုတ်လိုက်ခင်အထိ သူ(မ)မငိုခဲ့ပေ။

ယွီကျီရီရဲ့အမေဖြစ်သူရွမ်ချင်းက နို့စို့ကလေးလေးကို နို့လုံလုံလောက်လောက် မတိုက်ကျွေးနိုင်ခဲ့ပေ။ ထို့အပြင် သူတို့မှာ ပိုက်ဆံသိပ်မရှိတာကြောင့် ကလေးငယ်၏ အစားအသောက်အခက်အခဲဖြစ်လာသည့် တခြားအာဟာရအရင်းအမြစ်တွေကိုလည်း ဝယ်ဖို့ရာ မတတ်နိုင်ခဲ့။

ပတ်ဝန်းကျင်ကဆွေမျိုးနီးချင်းတွေက ဒီကလေးငယ်ဟာ ကောင်းမွန်စွာကြီးပြင်းလာနိုင်မှာမဟုတ်ကြောင်း ပြောဆိုခဲ့ကြသည်။ ပွင့်ပွင့်လင်းလင်းပြောရလျှင် သူ(မ)က ငယ်ငယ်လေးနှင့် သေသွားနိုင်ပေသည်။

ရွမ်ချင်းမှာ ထိုအကြောင်းကို အတော်လေးကြားပြီးနောက်တွင် ကြောက်ရွံ့လာတော့သည်။

ရှီမိသားစုမှာ ယွီအိမ်ခြံဝင်း၏တစ်ဖက်ခြမ်းတွင်နေထိုင်ပြီး သူတို့က ယွီမိသားစုထက်ပိုကြွယ်ဝကာ ရှီမိသားစု၏နေအိမ်ကတောင် လုံးဝကွဲပြားခြားနားသည်။

ယွီမိသားစုနေအိမ်က နှစ်ထပ်တိုက်အဆောက်အဦးတွင်ဖြစ်ပြီး ထိုနေရာတွင် မိသားစုများစွာနေထိုင်ကြသည်။ ထိုအချိန်တွင် ရှီမိသားစုကတော့ မိသားစုအဆောက်အဦးတစ်ခုလုံး ပိုင်ဆိုင်ထားသည်။

လွန်ခဲ့သည့်သုံးလက ရှီမိသားစုတွင် ဝကစ်ကစ်ကောင်လေးတစ်ယောက် တိုးလာသည်။ သူမွေးကတည်းက ဖြူဖွေးပြီးထွားကြိုင်းကာ လအနည်းငယ်အတွင်းမှာပင် ထိုကောင်လေးမှာ အလွန်ချစ်စရာကောင်းလာတော့သည်။

ယွီကျီရီမှာ စားစရာအလုံအလောက်မရတာကြောင့် သူ(မ)လေးမှာ နေ့နေ့ညည အဆက်မပြတ်ရှိုက်ငိုနေလေပြီး အိမ်နီးချင်းများကို တံခါးလာခေါက်စေတော့သည်။

ဒါ့ကြောင့်ပဲ ရွမ်ချင်းလည်း သူ(မ)ရဲ့ အာဟာရချို့တဲ့နေသည့်သမီးလေးကိုပွေ့ရင်း ရွေးချယ်စရာမရှိပဲ ရှီမိသားစုတံခါးကို သွားခေါက်ဖို့ရန်သာ တွန်းအားပေးခံလိုက်ရတော့သည်။

ရှီမိသားစု၏အိမ်ရှင်မဖြစ်သည့်နဉ်စုယာက ယွီကျီရီလေးကို ပထမဆုံးအကြိမ်တွေ့လိုက်ရချိန်တွင် သူ(မ)နှလုံးသားတစ်ခုလုံး အလွန်တရာဆို့နင့်သွားရတော့သည်။

မကြာသေးခင်ကမှ ကလေးမွေးထားသည့်မိခင်တစ်ယောက်အနေဖြင့် ဤကဲ့သို့သနားချင့်စဖွယ်အခြေအနေမျိုးကို သည်းမခံနိုင်ပေ။ ဒါကြောင့် ကလေးမလေးကို အစာကျွေးဖို့ သူတို့အိမ်ကိုပို့ထားဖို့ရာ ရွမ်ချင်းကိုပြောလိုက်တော့သည်။ နဉ်စုယာမှာ သူ(မ)သား နို့မစို့သောအခါများတွင် နို့အုံယောင်ရမ်းခြင်းကိုခံစားရပြီး အတော်လေးဒုက္ခရောက်ရသည်။ အခုတော့ စားဖို့မလုံလောက်သောကလေးတစ်ယောက်ကိုကျွေးမွေးခြင်းက ပြဿနာအသေးစားလေးတစ်ခုကို ကူညီဖြေရှင်းပေးရာရောက်သွားခြင်းဖြစ်သည်။

ရွမ်ချင်းမှာ နဉ်စုယာကို ထပ်ခါထပ်ခါ ကျေးဇူးတင်စကားဆိုနေခဲ့ပြီး သူ(မ)ကို အရမ်းကျေးဇူးတင်နေခဲ့သည်။

ထို့နောက်တွင် ယွီကျီရီ၏အစားအသောက်နှင့်အဝတ်အစားပြဿနာဖြေရှင်းပြီးသွားခဲ့ပြီး သူ(မ)ကျန်းမာရေးကလည်း ဖြည်းဖြည်းချင်းတိုးတက်လာခဲ့သည်။

ရှီရီရှစ်လသားအရွယ်တွင် လေးဘက်ထောက်သွားနိုင်ခဲ့သော်လည်း ငါးလသာရှိသေးသည့် ယွီကျီရီလေးကတော့ ထိုင်တောင် မထိုင်နိုင်သေးပေ။

ဆယ်လသားအရွယ် ရှီရီလေးက လူကြီးတွေရဲ့စကားတွေကို အတုခိုးနေချိန်တွင် ခုနှစ်လသားအရွယ် ယွီကျီရီလေးမှာ ဗလုံးဗထွေးသာပြောနိုင်သေး၏။

နှစ်နှစ်သားရှီရီက ရုပ်မြင်သံကြားကနေ ထုတ်လွှင့်သည့် အပြင်လောကဗဟုသုတတွေကို အမြဲတမ်းလေ့လာနေခဲ့ပြီး သူလျှောက်ဖူးသည့်လမ်းများနှင့် ကြားဖူးသည့်စကားများကိုလည်းမှတ်မိနေခဲ့သည်။ ယွီကျီရီရဲ့စကားပြောတိုးတက်မှုက နှေးကွေးနေပေမဲ့လည်း ရံဖန်ရံခါ သူ(မ)ပါးစပ်မှ "ခစ်ခစ်၊ ဘာဘာနှင့် မားမား"ကဲ့သို့ စကားလုံးများ ထွက်လာတတ်သည်။

နောက်ပိုင်း သူတို့သိသွားကြတာက ယွီကျီရီ၏ပထမဆုံးစကားလုံးမှာ "ခစ်ခစ်" မဟုတ်ပဲ "ကောကော"ဖြစ်နေခြင်းပင်။

ရှီရီအဖေက သူ့သားဖြစ်သူ၏ တတိယမြောက်မွေးနေ့အတွက် ကလေးနှစ်ယောက်မျှဝေစားဖို့ရာ ကိတ်အသေးလေးတစ်ခုကို ဝယ်လာခဲ့သည်။ ပြီးနောက် ရှီရီက ကိတ်ကိုချက်ချင်းစားနိုင်ဖို့ မွေးနေ့ဖယောင်းတိုင်တွေထွန်းပေးဖို့ပြောတော့သည်။

ဖယောင်းတိုင်တွေထွန်းပြီးနောက် ယွီကျီရီခမျာ လှပသည့်မီးပွားလေးတွေဆီမှာ ဖမ်းစားခံလိုက်ရပြီး မီးတောက်လေးတွေကို ဖမ်းဆုပ်ဖို့ရာ သူ(မ)လက်ကို ဆန့်ထုတ်လိုက်တော့သည်။ မျက်စိတစ်မှိတ်အတွင်းမှာဖြစ်သွားတာကြောင့် ရှီရီမိဘများက တားဖို့အချိန်မရလိုက်ကြပေ။ ထို့နောက် ကလေးမလေးမှာ အနည်းငယ်ထိခိုက်မိသွားပြီး စတင်အော်ငိုတော့သည်။

ယွီကျီရီ၏ဒဏ်ရာများကို ကုသပြီးနောက် ရှီဖေဖေက သူ(မ)ကို ချော့မြူရန်အလို့ငှာ သူ(မ)ပန်းကန်ထဲကို ခရင်မ်ကိတ်လေးတစ်ပိုင်းလာထည့်ပေး၏။ သို့ပေမဲ့ သူ(မ)စားဖို့ငြင်းလိုက်ပြီး အဲဒီအစား ကိတ်အစွန်းမှာ အနားသတ်ထားတဲ့ နူးညံ့ပြီးလတ်ဆတ်တဲ့စတော်ဘယ်ရီတွေကိုသာ စိုက်ကြည့်နေလေသည်။

"စတော်ဘယ်ရီတွေက ငါ့ညီမလေးအကြိုက်ဆုံးပဲ။"

ရှီရီက ခက်ရင်းကိုသုံးပြီး အသည်းပုံသဏ္ဍာန်စတော်ဘယ်ရီတစ်ဝက်ကို ကလော်လိုက်ရင်း သူ(မ)ပါးစပ်ထဲထည့်ပေးလိုက်သည်။

ထိုအရာက ယွီကျီရီအာရုံကို ဖမ်းစားသွားပြီး သူ(မ)က ခက်ရင်းကိုကိုင်ထားလိုက်ပေမဲ့ မစားခဲ့ပေ။

"အဲဒါ ငါ့ခက်ရင်းလေ။"

ရှီရီလေးက သူ(မ)နှင့်အကျိုးကြောင်းသင့်ပြောဖို့လုပ်ပေမဲ့ ခက်ရင်းကိုတော့ လွှတ်ပေးလိုက်ပြီး ယွီကျီရီကလည်း ထိုအတိုင်းသာနေရင်း အနက်ရောင်စပျစ်သီးနှင့်တူလှသည့် သူ(မ)ရဲ့မျက်ဝန်းများကို နှစ်ကြိမ်ခန့် ပုတ်ခတ်ပုတ်ခတ်လုပ်နေတော့သည်။

ရှီဖေဖေနှင့် ရှီမေမေက သူတို့သားကို နောက်ထပ်ခက်ရင်းတစ်ချောင်းပေးဖို့လုပ်လိုက်ချိန်တွင် သုံးနှစ်သားအရွယ်ရှီရီလေးက ယွီကျီရီကို ကျန်နေသေးသည့်စတော်ဘယ်ရီတစ်ဝက်ကိုတည်ငြိမ်စွာကျွေးရင်း ကူကယ်ရာမဲ့သော လေသံဖြင့်ပြောကာ လူကြီးတစ်ယောက်လိုမျိုး သူ(မ)ခေါင်းကို ပုတ်ပေးနေတာကို မြင်လိုက်ရတော့သည်။

"ငါတကယ်ပဲ နင့်ကိုဘယ်လိုလုပ်ရမှန်းကို မသိတော့ပါဘူး"

ရှီဖေဖေနှင့် ရှီမေမေ "..."

ယွီကျီရီရဲ့မိဘတွေက သူ(မ)ကို ကြည့်ရှုစောင့်ရှောက်ဖို့ရာ သူတို့မှာအလုပ်များလွန်းနေတာကြောင့် ယွီကျီရီလေးကို ရှီမိသားစုဆီမှာပဲ တစ်နေကုန်ထားခဲ့လေ့ရှိသည်။ သူ(မ)ဗိုက်ပြည့်နေသရွေ့ ကလေးမလေးက ထိုနေရာမှာပဲ နာခံစွာနှင့်ထိုင်နေတတ်သည်။ ဘာလို့ဆို သူ(မ)လေးက မငိုဘဲ ဆူဆူညံညံလည်းမလုပ်တာကြောင့် နဉ်စုယာက ထိုကိစ္စကို ဘယ်တုန်းကမြှပဿနာတစ်ခုလို့ မထင်ခဲ့ပေ။

တိတ်ဆိတ်ပြီး နာခံတတ်သည့်ယွီကျီရီနှင့်မတူလှစွာပဲ ရှီရီကတော့ စားပွဲတွေနှင့်ဆိုဖာ စသည်တို့အပေါ် တက်ရတာကိုကြိုက်သော အဆိုးအပေလေးတစ်ယောက်ဖြစ်ကာ တခြားဆိုးဝါးသည့်အရာများလည်းလုပ်သေးသည်။

ဒေါသမထွက်တတ်သည့်နဉ်စုယာမှာ နာခံတတ်သည့်မိန်းကလေးငယ်လေးနှင့် ကြမ်းပြင်အနှံ့တွားသွားနေသော ပြဿနာကောင်လေးကိုစောင့်ကြည့်ရင်း ဒေါသထွက်လာတော့သည်။သူ(မ)သားကမူ ခုန်ပေါက်ပြီး အော်ဟစ်နေ၏။

"ရှီရီ မင်းကြမ်းပြင်ပေါ်ကို သဲတွေနောက်ထပ်ပစ်ချရဲချကြည့်၊ မား မင်းအရုပ်တွေအားလုံးကို သိမ်းပစ်မှာနော်။"

[space sand တွေက အထူးအပေါ်ယံလွှာနဲ့ မွမ်းမံထားတဲ့ သာမန်သဲတြွေဖစ်ပါတယ်။ အဆိပ်အတောက်မရှိတာကြောင့် ဘယ်အရွယ်ကလေးမဆို ကစားနိုင်ပြီး သူတို့ရဲ့ကိုယ်ပိုင်စိတ်ကူးလုပ်ဆောင်ချက်တွေကိုလည်းပြုလုပ်နိုင်ပါတယ်]

အသက်သုံးနှစ်ခွဲမှာ အလွန်စနောက်တတ်ပြီး ဆိုးပေလေးတစ်ယောက်ဖြစ်နေသည့် ရှီရီမှာတော့ သူ့အမှားကိုမြန်မြန်ဝန်ခံလိုက်ပြီး သူ့အမေဘယ်လောက်စိတ်ဆိုးနေလဲမြင်သွားသည့်အခါ ပြောလာတော့သည်။

"မား သားနောက်ထပ်ပစ်မချတော့ပါဘူး။"

ပြီးနောက်မှာတော့ ယွီကျီရီဘေးသို့ ပြေးသွားကာ ထိုနေရာတွင်သာ နာနာခံခံနှင့်ထိုင်နေခဲ့သည်။

နဉ်စုယာ ကြမ်းတိုက်တော့မည့်အချိန်တွင် ရှီရီက ယွီကျီရီ၏နူးညံ့ပြီးသေးငယ်သည့်လက်ကလေးကိုဆွဲကာ ပြောလိုက်သည်။

"ညီမလေး အတူတူကစားကြရအောင်။"

ယွီကျီရီက တခဏလောက်အမူအယာမဲ့နေပြီးနောက် ရုတ်တရက် သူ(မ)ခေါင်းကိုငုံ့လိုက်ကာ ရှီရီလက်ဖမိုးကို ညင်ညင်သာသာလေး လေမှုတ်ပေးလိုက်တော့သည်။

ဖြစ်ချင်တော့ အစောတုန်းက ရှီရီအရုပ်တစ်ခုနှင့်ကစားရင်း မရည်ရွယ်ဘဲ သူ့လက်ကိုခြစ်မိသွားခဲ့သည်။ ထို့နောက်မှာတော့ သဲမြေတွေနှင့်ကစားခဲ့ပြီးနောက် သူ့လက်တွေကို မဆေးခဲ့ရသေးတာကို ရုတ်တရက်သတိရသွား၏။ သူအလန့်တကြားနောက်ပြန်ဆုတ်လိုက်ပြီး ယွီကျီရီပါးစပ်ကို မတော်တဆရိုက်လိုက်မိကာ သူ(မ)ကို ငိုအောင်လုပ်လိုက်မိသည်။

နဉ်စုယာလည်း အလျင်စလိုပြေးလာပြီး ကြမ်းတိုက်ဝတ်ကိုကိုင်ထားရင်း အော်တော့သည်။

"ရှီရီ သားညီမလေးကို ဘာလို့အနိုင်ကျင့်ရတာလဲ။"

"မား... သားမရည်ရွယ်ပါဘူး တကယ်ပါ။"

လူငယ်လေးက ကျီစယ်စနောက်တတ်ပြီး ပြဿနာဆက်တိုက်ရှာနေတော့သည်။

"သားအရုပ်ဘောလုံးတွေ ပြန့်ကျဲနေတာကိုကြည့်စမ်း၊ မင်းဒီနေ့ နေ့လယ်စာမစားရဘူး။"

နဉ်စုယာတစ်ယောက် တတွတ်တွတ်ပြောရင်း လျှောက်သွားကာ ကြမ်းပြင်ပေါ်ကအရုပ်ဘောလုံးတွေကို ကောက်သိမ်းနေတော့သည်။

သုံးနှစ်ခွဲအရွယ်ရှီရီလေးကတော့ တော်တော်လေးထက်မြက်ပြီး ပြဿနာတွေကိုဘယ်လိုဖြေရှင်းရမလဲဆိုတာကိုတွေးဖို့ အရမ်းထူးခြားသည့်နည်းလမ်းတွေရှိနေလေသည်။ သူကိုယ်တိုင်အမှားလုပ်မိတာကြောင့် ထောင့်နားလေးတွင်သာ ဘာမှမကန့်ကွက်ဘဲရပ်နေရင်း သူ့ခေါင်းပေါ်မှာ အရုပ်ဘောလုံးလေးကို ကိုင်မြှောက်ထားပြီး ပြစ်ဒဏ်အနေနှင့် နံရံကို မျက်နှာမူထားလေသည်။

သူဗိုက်ဆာလာဟန်ဖြင့် နောက်လှည့်ကြည့်ချိန်တွင် သူ့အမေက ယွီကျီရီကို ထမင်းစားတဲ့ခုံလေးဆီ ခေါ်သွားတာကို မြင်လိုက်ရသည်။

သူ တစ်ဖက်ကိုလှည့်လိုက်ပြီး ခေါင်းလေးငုံ့ကျသွားသည်။

နဉ်စုယာက မီးဖိုချောင်ထဲမှာ သူ(မ)ဘာသာထမင်းမစားခင် ကလေးမလေးအတွက် ပန်းကန်လုံးတစ်ဝက်ထမင်းတွေထည့်ပေးလိုက်ပြီး ကလေးမလေးပန်းကန်လုံးထဲသို့ သူ(မ)အကြိုက်ဆုံးအသီးအရွက်တွေကို ထည့်ပေးခဲ့သည်။

ထိုအချိန်တွင် ယွီကျီရီက ခုံပေါ်ကနေ ဒူးထောက်လိုက်တာ အောက်သို့ဆင်းလာတော့သည်။

သူ(မ)လက်သေးသေးလေးထဲတွင် ပန်းကန်လုံးကိုကိုင်ထားပြီး နောက်တစ်ဖက်ကတော့ စားပွဲကိုမြဲမြံစွာကိုင်ထားကာ ခုံပေါ်မှဆင်းလာ၏။ ပန်းကန်လုံးထဲကဇွန်းမှာ ထွက်ကျလုနီးနီးဖြစ်သွားပေမဲ့ သူ(မ)ပြန်ထိန်းလိုက်နိုင်ပြီး ရှီရီဆီ ဖြည်းဖြည်းချင်းလျှောက်သွားတော့သည်။ သူ(မ) ရှီရီနားရောက်သွားချိန်တွင် သူ(မ)ရဲ့ပန်းရောင်နှင့်အဖြူရောင် ကလေးပန်းကန်လုံးလေးကိုကိုင်ထားဖို့အကောင်းဆုံးကြိုးစားရင်း သူ့ဆီ ခဲရာခဲဆစ်လှမ်းပေးလိုက်တော့သည်။

ရှီရီ သူ့ခေါင်းကိုကုပ်ရင်း မေးလိုက်သည်။

"ဘာလို့ မင်းရဲ့စားစရာကို ငါ့ကိုလာပေးနေတာလဲ။"

သူအမှားလုပ်ခဲ့ပြီး သူ့အမေကစားခွင့်မပေးတာကြောင့် သူ ထိုပန်းကန်လုံးကိုမယူရဲပေ။

ယွီကျီရီက ပန်းကန်လုံးကို တင်းတင်းဆုပ်ကိုင်ရင်း ပါးစုန့်လေးတွေဖောင်းလာကာ ကလေးသံလေးနှင့် ပထမဆုံးစကားလုံးကို ရှင်းရှင်းလင်းလင်းပြောလိုက်လေသည်။

"ကောကော စား။"

"ကောကော"ဆိုသည့် ဖယောင်းလိုနူးညံ့ပြီး ချိုမြိန်သည့်စကားလေးက ရှီရီကို ကြက်သေသေသွားစေခဲ့သည်။

*****

Aurora Novel Translation Team

Continue Reading

You'll Also Like

557K 12.4K 86
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
19K 717 28
Name- ကံကြမ္မာအပြောင်းအလဲ Web name- This BL Novel Is Ruined Now. Authors: Doran, 도란 Translator: Nieve Genre: Comedy, Drama, Fantasy, Romance. [You...
758K 78.5K 118
✨Edit Version✨ 💡 Own Creation 💡 #Do not repost
800K 25.9K 58
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...