Chapter 189 : ကလိမ်ကကျစ်ကောင်တွေမှာ အခွင့်အရေးတောင် ရှိလို့လား
ကျင်းယွင်ကျောင်းက လှောင်ပြောင်ရယ်မောလိုက်ပြီး ချင်ဇစ်ရွှယ်ဆီသို့ ခြေလှမ်းတစ်လှမ်းချင်း ဂရုတစိုက်လှမ်း၍ လျှောက်သွားလိုက်သည်။
သူမ ကိုယ်လုံးကိုယ်ပေါက်မှာ ပျော့ပြောင်းသော်လည်း သူမ၏ ခြေလှမ်းတိုင်းက မမြင်နိုင်သော ဖိအားတစ်ခုကို ပေးစွမ်းနေ၏။ သူမ၏ မျက်လုံးအစုံမှာ သံမဏိကဲ့သို့ ခိုင်မာနေ၍ အသံတိတ် လေးနက်မှုတစ်ခုကို ပေးစွမ်းနေပြီး အကြည့်တစ်ချက်နှင့်ပင် လူသတ်မှုကျူးလွန်နိုင်သည့်အလားပင်။ ၎င်းက လူများ၏ နှလုံးသား ဗဟိုချက်အား တိုက်ရိုက်တိုက်ခိုက်နိုင်၍ လူများအား ထိတ်ထိတ်ပျာပျာ ဖြစ်စေပြီး သူတို့အရေပြားများပေါ်၌ ကြက်သီးမွေးညှင်းများ ထလာစေသည်။
"ကလစ်ကကျစ်ကောင်တွေမှာ အချစ်အကြောင်းကို ပြောဖို့ အခွင့်အရေးတောင် ရှိရဲ့လား"
ကျင်းယွင်ကျောင်းက စိမ်းစိမ်ကားကား မေးလိုက်၏။
"ချင်ဇစ်ရွှယ်၊ ရှင်က အသက်နှစ်ဆယ့်သုံးနှစ်မှာ ရှန်းကျင်ကို လက်ထပ်ခဲ့တယ်။ ဒါပေမယ့် ရှင်တို့လက်ထပ်ပြီးတဲ့နောက် နှစ်နှစ်အတွင်းမှာ ရှင်က ရှင့်ရဲ့အလုပ်အကိုင်ကို ကျေနပ်မှုမရှိခဲ့ဘူး။ ရှန်းကျင်က သူ့မိသားစုရဲ့စီးပွားရေးလုပ်ငန်းကို အမွေဆက်ခံပြီး အလုပ်အမှုဆောင်တစ်ယောက်ဖြစ်လာခဲ့တယ်။ သူ့ရဲ့အဖေ သေခါနီး အိပ်ယာပေါ်လဲနေတုန်းက ရှင်က သွေးနားထင်ရောက်ပြီး ကျေနပ်နေခဲ့တယ်။ အဲဒီအချိန်မှာပဲ ရှန်းကျင်က ရှင့်ကို ကုမ္ပဏီထဲ ဆွဲခေါ်လာပြီးတော့ ကုမ္ပဏီကို တစ်စိတ်တစ်ပိုင်းအုပ်ချုပ်ခွင့်ပေးခဲ့တယ်"
"ဒါပေမယ့် ရှင်ကတော့ မကျေနပ်သေးဘူး။ ရှင်နဲ့ရှင့်အမေက ရှန်းကျင် ကိုယ်ဝန်ရှိနေတဲ့အချိန်မှာ သူ့ကို ဆန့်ကျင်ဖို့ အကွက်ချကြံစည်ခဲ့ကြပြီး စာရွက်စာတမ်းတွေ အားလုံးကို သူ လက်မှတ်ထိုးပေးအောင် လုပ်ခဲ့တယ်။ တစ်ချိန်တည်းမှာပဲ ရှင်က ကုမ္ပဏီရဲ့ဘဏ္ဍာတွေကို လက်တွေ့မှာ ကုမ္ပဏီက အခွံလွတ်တစ်ခုဖြစ်သွားတဲ့အထိ ရွေ့ပြောင်းပစ်ခဲ့တယ်"
"ကျွန်မတို့က ကုမ္ပဏီရသွားတာကို ဘာအတွက်မှ ထည့်မတွက်ပေမယ့် ရှင်က ရှင့်ရဲ့အမေကို ရှင့်ရဲ့ပထမဆုံးမိန်းမကို ဟွားနင်ခရိုင်မှာနေဖို့ ခေါ်သွားခွင့်ပြုပြီး ရှင်ကတော့ နောက်ကွယ်ကနေ မရိုးမဖြောင့် ပြုမူဖို့ နင်းမြို့တော်မှာ နေခဲ့တယ်။ အပြင်လူတွေအားလုံးက ရှင့်ကို တာဝန်ကျေတဲ့ ခင်ပွန်းတစ်ယောက်လို့ ထင်ကြပေမယ့် တကယ်တမ်းမှာတော့ ရှင်က မိန်းမတစ်ယောက်အပေါ်မှာ မှီခိုမှုမရှိဘဲ မရှင်သန်နိုင်တဲ့ ဆန်ကုန်မြေလေးတစ်ယောက်ပဲလေ။ ရှင်က သေသွားမယ်ဆိုရင်တောင်မှ ဒါကို ဝန်ခံမှာ မဟုတ်ဘူး မလား"
"ရှင်က ရှန်းကျင်းကို ရှင့်ရဲ့အမေအရင်းနောက်ကို လိုက်အောင် လုပ်ဖို့အတွက်လည်း သူ့အမေရဲ့ရောဂါကို အကြပ်ကိုင်မှုတစ်ခုအနေနဲ့ သုံးခဲ့လို့ သူက ရှင့်အမေရဲ့အစေခံတစ်ယောက်လိုသာ နေပေးနိုင်ခဲ့တယ်။ ချမ်းသာပြီးတော့ အင်အားရှိတဲ့ မမလေးနဲ့ တစ်ချိန်က အောင်မြင်ခဲ့တဲ့ ကုမ္ပဏီတစ်ခုရဲ့ စွမ်းဆောင်ရည်ရှိတဲ့ သူဌေးတစ်ယောက်က ရှင်တို့ရဲ့ ညှင်းပန်းနှိပ်စက်မှုတွေကြောင့် ပိန်လှီဝါဖျော့ပြီးတော့ လူမဟုတ် သရဲမဟုတ် ပုံစံမျိုးဖြစ်သွားခဲ့တယ်။ ရှင့်ရဲ့ယုတ်မာတဲ့ချုပ်ကိုင်မှုတွေကနေ လွတ်မြောက်ဖို့ သူ့အတွက် မလွယ်ကူခဲ့ဘူး။ ဒါတောင်မှ ရှင်က အရေထူပြီးတော့ သူ့ကို ချစ်တယ်လို့ ပြောရဲသေးတယ်လား"
ချင်ဇစ်ရွယ်က ကျင်းယွင်ကျောင်းသည် ဤကိစ္စကို ဤမျှအသေးစိတ် လေ့လာထားလိမ့်မည်ဟု တစ်ခါမှ မတွေးမိသဖြင့် အသံတိတ်နေသည်။
ထိုအခြေအနေအား အခွင့်ကောင်းယူ၍ ရှန်းကျင် ထွက်လာ၏။
"အားလုံးပဲ။ ကျွန်မက ချင်ဇစ်ရွှယ်ပြောတဲ့ ဇနီးဆိုတာပါ"
ရှန်းကျင်၏ အမူအယာက ရှုပ်ထွေးနေပြီး စတင်၍ မိတ်ဆက်လိုက်သည်။
"ရှန်းကျင်၊ အားကျင်၊ နောက်ဆုံးတော့ ကိုယ် မင်းကို ရှာတွေ့ပြီ"
ချင်ဇစ်ရွှယ်က ကြောင်အ,နေသော်လည်း သူသည် ချက်ချင်းပင် တစ်စက္ကန့်အတွင်း၌ သူ့ကိုယ်သူ ရှန်းကျင်ဆီသို့ ပစ်ဝင်လိုက်၏။
ရှန်းကျင်က တွေဝေခြင်းမရှိဘဲ သူမ၏ လက်ကို လွှဲလိုက်၍ သူ့အား ပါးတစ်ချက်ချလိုက်သည်။
"သူတောင်းစား"
"ရှင် ကျွန်မကို ဘာလို့ ရှာနေတာလဲဆိုတာကို ကျွန်မ မသိဘူးလို့ ရှင်က ထင်နေတာလား။ ကျွန်မ ရှင့်ကို ပြောလိုက်မယ်။ ကျွန်မ ဘယ်တော့မှ ရှင့်ကို ကူညီပြီး အကြီးအကဲထန်ကို အသနားခံပေးမှာ မဟုတ်ဘူး။ ရှင်က ကျွန်မကို နှစ်ပေါင်းများစွာ နာကျင်စေခဲ့တယ်။ ဒါတောင် ရှင်က ရှင့်ရဲ့ကုမ္ပဏီကို ကယ်ဖို့ ကျွန်မရဲ့အဆက်အသွယ်တွေကို သုံးချင်သေးတာလား။ မဖြစ်နိုင်ဘူး"
ရှန်းကျင်၏ ပြောကြားချက်သည် အမှန်တရားတစ်ခုလုံးကို အနှစ်ချုပ်ထားခြင်းဖြစ်သည်။
ကျင်းယွင်ကျောင်းက အခြေတည်ပြောကြားချက်နှင့် ရှန်းကျင်၏ အတွင်းရေးဖွင့်ချချက်က ဤနေရာရှိ လူတိုင်း၏ ကြားတွင် နားလည်သဘောပေါက်မှုတစ်ခုကို ဖန်တီးပေး၍ သူတို့အား ဒေါသထွက်လာစေ၏။
မူလကတည်းက ဤပြဿနာသည် ထူးဆန်းသောအချက်အချို့ရှိ၏။ အဖိုးအိုသည် အသက်အရွယ်ကြီးပြီဖြစ်ကာ အေးချမ်း၍ သဟဇာတဖြစ်အောင် နေတတ်ပြီး အခြားသူများ၏ ဆက်ဆံရေးကို ကြားဝင်စွက်ဖက်သည့်သူနှင့် သူက မတူပေ။ အမှန်မှာ ဤနေရာရှိ လူတိုင်းသည် အပျော် ပွဲကြည့်ရန်အတွက်သာ ရောက်လာကြခြင်းဖြစ်၍ သူတို့၏ စိတ်ထဲ၌ တစ်ဝက်သာ ယုံကြည်နေကြ၏။ သို့သော် ဇာတ်လမ်း၏ အခြားပုံစံတစ်မျိုးက သူတို့၏ နှလုံးသားများအား လှုံ့ဆော်ပေးလိုက်သည်။
သူတို့ ယုံကြည်ဖို့ကြိုးစားခဲ့တဲ့သူက တကယ်ပဲ လူ့အရေခြုံထားတဲ့ သားရဲကောင်တစ်ကောင်လား။
သူတို့သည် ဤဝတ်ကောင်းစားလှများ ဝတ်ဆင်ထားသည့် အမျိုးသားက သူ့ ဇနီးအကြောင်းကိုသာ ဆက်တိုက်ပြောနေသည်ကို မြင်ခဲ့ရ၍ ကောင်းကင်ဘုံက သူ့အား အမှန်တကယ်ပင် တရားမမျှတမှုတစ်ခုကို ပေးသည်ဟု တွေးခဲ့ကြသည်။ သို့သော် သူက တကယ်ကြီး ဒီလိုလူတစ်ယောက်အဖြစ် ပြောင်းလဲသွား၏။
သူသည် အောင်မြင်မှုလမ်းကြောင်းပေါ်တွင် လျှောက်ရန်အတွက် သူ့ ဇနီးအား အသုံးချခဲ့သည့် အချက်ကို ဘေးဖယ်ထားလိုက်မည်ဆိုလျှင်တောင် သူက ကိစ္စများပြီးသွားပြီးနောက်တွင် သူမအား အသိအမှတ်ပြုရန် ငြင်းဆန်ခဲ့ပြီး သူ့ ဇနီးဖြစ်သူအား နေ့စဥ့်နေ့တိုင်း အညှင်းဆဲခံရစေရန် သူမ၏မကောင်းဆိုးဝါးဆန်သော ယောက္ခမဖြစ်သူနှင့်ပင် သူမအား သွားနေစေခဲ့သည်။
သူ၏ သူမအား အသည်းအသန်လိုက်ရှာနေခြင်းမှာလည်း အမှန်တကယ်ပင် သူမအား နောက်တစ်ကြိမ်ထပ်မံ၍ အမြတ်ထုတ်ရန်ဖြစ်၏။
"အားကျင်၊ မင်း အဲဒီအဖိုးကြီးရဲ့ ဦးနှောက်ဆေး ခံထားရပြီးသွားပြီ။ သူက မင်းကို ဘာပေါက််ကရတွေ ပြောခဲ့တာလဲ။ ကိုယ်က မင်းရဲ့ခင်ပွန်းနော်"
ချင်ဇစ်ရွှယ်က စိုက်ကြည့်လိုက်သည်။
"ကျွန်မတို့ရဲ့ ကွာရှင်းတဲ့လုပ်ငန်းစဥ်တွေက မပြီးသေးဘူးလား။ ချင်ဇစ်ရွှယ်၊ ရှင်က တကယ်ကို ဘယ်လိုသရုပ်ဆောင်ရမလဲဆိုတာ သိတာပဲ။ အဲဒီအချိန်တုန်းက ကျွန်မ ဒါကို သတိမထားမိခဲ့တာ နှမြောစရာကောင်းတယ်။ မဟုတ်ရင် ကျွန်မက တစ်သက်လုံး တစ်ကိူယ်တည်းသမားဖြစ်ရမယ်ဆိုရင်တောင်မှ ရှင့်လိုမျိုး ဆန်ကုန်မြေလေးကိုတော့ ဘယ်တော့မှ ယူဖြစ်ခဲ့မှာမဟုတ်ဘူး"
ရှန်းကျင်က ဆက်ပြောလိုက်ပြီး သူမ အသံက ကြမ်းတမ်းနေ၏။
"ကျွန်မကို လာရှာဖို့အတွက် ရှင့်ရဲ့စွမ်းအင်တွေကို ဖြုန်းတီးနေလည်း ရှင့်အတွက် အသုံးဝင်မှာ မဟုတ်ဘူး။ ရှင် နှစ်ပေါင်းများစွာ စီမံခန့်ခွဲခဲ့တဲ့ ကုမ္ပဏီက နဂိုကတည်းက မသန့်ရှင်းဘူး၊။ နောက်ဆုံးမှာ ဖြစ်လာတဲ့ပြဿနာတွေက ရှင်နဲ့ထိုက်တန်တာပဲလေ။ အို ... ဟုတ်သားပဲ။ ခုန ကျွန်မ ဒီကိုမရောက်ခင်က ဖုန်းကောလ် တစ်ကောလ် လက်ခံလိုက်ရတယ်။ ကျွန်မတို့စကားပြောနေတုန်းမှာပဲ ရှင့်ရဲ့အကြွေးတွေကိုတောင်းဖို့ နင်းမြို့တော်က ရှင့်ရဲ့ဗီလာကို ဦးတည်ပြီး သွားနေတဲ့သူ ရှိတယ်တဲ့။ ရှင်ကတော့ ပြဿနာတွေ ဖန်တီးပြီး အရမ်းပျော်နေတာ။ ဒါပေမယ့် အိမ်မှာ အဖွားကြီးတစ်ယောက်တည်း ကျန်ခဲ့တာနော်။ အခုချိန် ဘာဖြစ်နေမလဲ ကျွန်မ သိချင်လိုက်တာ"