Chapter 166

1.1K 97 0
                                    

Chapter 166 : တစ်ချက်တည်းဖြင့် ဖယ်ရှားပစ်လိုက်နိုင်ခြင်း


ဟယ့်ကျားစစ်သည် ချောင်ဟုန်ယဲ့ကို ရန်စပြီး သူမကိုယ်သူမ ကောင်းရှင်းထံမှ အနိုင်ကျင့်ခံရအောင် လုပ်လိုက်မိသော်လည်း သူမ၏ နှလုံးသားက ကောက်ကွေ့နေရာ ၎င်းက သူမကိုယ်တိုင်၏ အမှားဖြစ်ကြောင်းကို မမြင်နိုင်ပေ။

ကျင်းယွင်ကျောင်းသည် မူလက ဤဟယ့်မိသားစု၏ မမလေးသည် ခေါင်းမာ၍ အကြံအစည်များသော်လည်း ညှင်းပန်းနှိပ်စက်မှုများစွာကို ကြုံပြီးနောက် သူမသည် အတော်လေး သနားကောင်းသည်ဟု တွေးမိခဲ့သည်။ ထို့ကြောင့် သူမသည် ဟယ့်ကျားစစ်အား လွှတ်ပေးချင်ခဲ့၏။ သို့ရာတွင် ဤမမလေးက သူမအား ဆန့်ကျင်တိုက်ခိုက်နေသည်။

ကိစ္စများက ဤနေရာအထိ ရောက်လာသောအခါ တစ်ချက်တည်းနှင့်ပင် အားလုံးကို အဆုံးသတ်ခွင့်ပေးလိုက်တော့၏။

ထန်ကျစ်ဟွားသည် ဓါတ်ပုံများ၏ အကြောင်းအရာများကြောင့် လုံးလုံးလျားလျား ထိတ်လန့်တုန်လှုပ်နေသည်။

ချောင်ဟုန်ယဲ့သည် မပြီးနိုင်မစီးနိုင် ဆက်၍ ငိုကြွေးမနေတော့သည်ကို မြင်လိုက်ကြရ၏။ သို့သော် အနည်းငယ် စိတ်ကစဥ့်ကလျား ဖြစ်နေပုံပေါ်သည်။

"ကျင်းယွင်ကျောင်း၊ နင် ဘာလိုချင်တာလဲ။ နင် ဘာလို့ ငါ့ကို လွှတ်မပေးနိုင်တာလဲ။ ဘာလို့ ငါ့ကို ဒီလိုမျိုး ဆက်ဆံရတာလဲ"

"နင့်ကို လွှတ်ပေးရမယ်။ ဒါဆို ငါ့ကို ဘယ်သူက လွှတ်ပေးမှာလဲ။ ချောင်ဟုန်ယဲ့၊ နင့်ကိုယ်နင် ရိုးရိုးသားသား ပြန်မေးကြည့်၊ ငါက နင့်ကို တစ်ခါမှ အခွင့်အရေး မပေးခဲ့ဘူးလား ဆိုတာကို။ နင် ငါ့အကြောင်း ကောလဟာလတွေကို အကြိမ်ပေါင်းများစွာ ဖြန့်ခဲ့တယ်။ ငါ ပထမနှစ်ဝက်ကို လူတိုင်းရဲ့ ဝိုင်းပယ်ခံရပြီး ဖြတ်သန်းခဲ့ရတယ်။ ဒါပေမယ့် ဘယ်သူက ငါ့ကို သနားခဲ့လဲ။ အခု ငါ ထပ်ပြီးတော့ သည်းမခံချင်တော့ဘူးဆိုတော့ ငါက နင့်ကို လွှတ်မပေးဘူးလို့ နင်က ပြောတယ်လား။ နင့်ရဲ့ တစ်ကိုယ်ကောင်းဆန်မှုနဲ့ အရေထူတဲ့ စိတ်ထားက လူတွေကို ဒေါသထွက်အောင် လုပ်လွန်းလို့ ဆံပင်တွေပါ ထောင်ကုန်စေမယ့် အဆင့်ထိတောင် ရောက်နေပြီ"

အတိတ်၌ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now