Chapter 23

3.8K 402 5
                                    

Paid မှာ 92ထိတင်ပြီးသွားပါပြီ။

Chapted 23 : အိမ်ပြန်လာဖို့ မစဥ်းစားနဲ့

ပြဿနာကောင် ချောင်ဝေ့မင်သည် ဤကိစ္စအား အကြီးအကျယ် ပြဿနာရှာနေသည်မှာ အချိန်အတော်ကြာနေပြီဖြစ်သည်။ ယခုတွင်မူ ကျင်းယွင်ကျောင်းက ထိုလမ်းသရဲများနှင့် လုံးဝပတ်သတ်မှုမရှိကြောင်း သက်သေပြလိုက်သည်ဖြစ်ရာ သူ၏မျက်နှာကို ဘယ်နားသွားထားရပါမည်နည််း။

ထိုအချိန်၌ သူသည် ပျောက်နေသော လမ်းသရဲတစ်ယောက်ရှိကြောင်းအား ကြားလိုက်ရာ ထပ်မံ၍ အော်ကြီးဟစ်ကျယ်ဖြစ်လာပြန်သည်။

ကျင်းယွင်ကျောင်းက နားထောင်ပြီးနောက် ဒေါသထွက်ရမည့်အစား ပြုံးလိုက်၏။

သူတို့ ရဲစခန်းသို့သွားရန် ပြင်ဆင်နေချိန်တွင် သူမသည် ချောင်ဝေ့မင်က သူမ ယနေ့မနက် ကျောင်းပျက်သည်အား ပြဿနာရှာလာလိမ့်မည်ဟု ထင်ခဲ့မိသည်။ ထို့ကြောင့် သူတို့ ထွက်မလာမီတွင် သူမသည်  သမားတော်ကန်အား ဆက်သွယ်ရန် ရုံးခန်းရှိ ဖုန်းကို ငှားခဲ့၏။

ကံကောင်း၍ သမားတော်ကန်က သူ မသွားမီ၌ သူမအား သူ၏ဖုန်းနံပါတ်ပေးထားရန် သတိရခဲ့သည်၊ သို့မဟုတ်ပါက ဤအချိန်တွင် သူမသည် သူမ၏အပြစ်ကင်းစင်မှုကို သေချာပေါက် သက်သေပြနိုင်မည် မဟုတ်ပေ။

"ဒါရိုက်တာ၊ဆရာမကျင် ကျေးဇူးပြုပြီး ခဏလောက်စောင့်ပေးပါဦး၊ မနက်အစောက ကျွန်မနဲ့အတူရှိနေတဲ့သူက မကြာခင် ဒီကို ရောက်လာတော့မှပါ။"

ကျင်းယွင်ကျောင်းက ပြောလိုက်၏။

ကျင်းယွင်ကျောင်း၏ ပြောစကားမဆုံးမီမှာပင် အဖိုးအိုတစ်ဦးက သူမဆီသို့ တန်းတန်းမတ်မတ် လျှောက်လာသည်။

"အဲဒါဆို အဲဒီသူက သမားတော်ကန်ပေါ့။"

ဆရာမကျင်က စိတ်သက်သာရာရသွားသကဲ့သို့ သက်ပြင်းချလိုက်၏။

ကျင်းယွင်ကျောင်းက ထုံးစံအတိုင်း သူ့အား စတင်၍ မိတ်ဆက်ပေးလိုက်သည်။

"ဒါက သမားတော် ကန်စုန့်ပိုင်ပါ၊ သမားတော်ကန်က ခရိုင်ဆေးရုံမှာ တာဝန်ကျနေပါတယ်။ သူ့ရဲ့ကိုယ်ကျင့်သိက္ခာနဲ့ဂုဏ်သတင်း ကြီးမားမှုကတော့ မငြင်းနိုင်လောက်အောင်ပါပဲ။ သူက လိမ်ပြောမှာ မဟုတ်တာကတော့ သေချာပါတယ်ရှင်။ ဒီမနက် ကျွန်မ ခရိုင်မြို့ကို ရောက်လာပြီးတဲ့နောက် တိုက်တိုက်ဆိုင်ဆိုင်ပဲ သမားတော်ကန်နဲ့တွေ့ခဲ့ပါတယ်။ ကျွန်မက တရုတ်တိုင်းရင်းဆေးပညာလေ့လာရတာကို စိတ်ဝင်စားတာကြောင့် သူနဲ့အတူ ပရဆေးပစ္စည်းစျေးကို သွားခဲ့ပါတယ်။ ဒါဆို ဘာလို့ ချောင်ဝေ့မင်ရဲ့ပါးစပ်ထဲမှာကျ သမားတော်ကန်က လမ်းသရဲတစ်ယောက်ဆိုပြီးတော့ ဖြစ်သွားရတာလဲ။"

အတိတ်၌ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now