Chapter 141

1.2K 97 0
                                    

Chapter 141 : ခရီးဇစ်ဆ်

ကျင်းယွင်ကျောင်း ထိတ်လန့်သွားသည်။ သူမ ထျန်းရှန်းလော်ဟု ကြားလိုက်သည်နှင့် ချက်ချင်းပင် ခေါင်းရမ်းလိုက်၏။

"ငါ့ကို ဖိတ်လို့ ကျေးဇူးပါနော်။ ဒါပေမယ့် ငါ စူးချူအတွက် ဆေးဖက်ဝင်ဟင်း ချက်ပေးဖို့ အိမ်ပြန်တာ ပိုကောင်းမယ်လို့ပဲ ထင်တယ်။ အဲဒါထက် ထျန်းရှန်းလော်က အစားအသောက်တွေက နည်းနည်း ဆီများလွန်းတယ်လေ"

စူးချူက မျက်တောင် ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်၏။ တစ်ခုခု မှားနေသလို ခံစားချက်က ရုတ်တရက် ပေါ်ထွက်လာသည်။ ခုနက သူမ 'ဆီများလွန်းတယ်' ဟူသော စကားကို ပြောစဥ်က သူမ၏ အသံသည် အလွန်နူးညံ့နေ၏။ တကယ်ပဲ ကျင်းယွင်ကျောင်း ပြောတာကို ကြားလိုက်ရတာလား။

"အပြင်က အစားအသောက်တွေနဲ့ယှဥ်ရင် ငါလည်း ယွင်ကျောင်း ချက်ကျွေးတာကိုပဲ ပိုစားချင်တယ်။ ကျွန်မကို ဒီတစ်ကြိမ်မှာလည်း ရှင့်အချက်အပြုတ်စွမ်းရည်ကို စမ်းသပ်ခွင့်ပြုပါ စာဖိုးမှူးကြီးကျင်းရှင့်"

ရှောင်ဟိုင်ကျင်းက ဟာသလုပ်လိုက်ပြီးနောက် ကျင်းယွင်ကျောင်း၏ အနားသို့ တိုးကပ်သွား၍ သူမဦးခေါင်းကို ကျင်းယွင်ကျောင်း၏ လည်တိုင်ကြား၌ ညှပ်လိုက်သည်။

"ကျွန်မ သဘောတူတယ်။ ကျွန်မလည်း ပြောင်ကျဲ ချက်တာကို ပိုစားချင်တာ"

စူးချူက မျက်လုံးများ မှေးကျဥ်းသွားသည်အထိ ပြုံး၍ ကျီကျီကျာကျာလေး ပြောလိုက်၏။

ဟာသပဲ။ ထျန်းရှန်းလော်ကို သွားမယ်ဟုတ်လား။ ဒါ ဒီကျားစစ်ဆိုတဲ့ မိန်ကလေးကို ရင်ဆိုင်ရမယ်ဆိုတဲ့ အဓိပ္ပါယ် မဟုတ်လား။ သူတို့သည် ကလေးငယ်များ မဟုတ်ကြတော့သော်လည်း သူမက ယောက်ျားလေးတစ်ယောက်၏ လက်မောင်းအား ဖက်ထားဆဲဖြစ်ပြီး ရှက်သလိုလို ရွံ့သလိုလို ပြုမူနေ၏။ ဘယ်လောက် ရွံစရာကောင်းသလဲ။ အကယ်၍ သူတို့သာ လိုက်သွားပါက သူတို့  အစားစားရမည်လား အန်ရမည်လားဆိုသည် သဲကွဲမည်မဟုတ်ပေ။

မိန်းကလေးသုံးယောက်စလုံးက ထိုသူ့အား ငြင်းပယ်လိုက်သဖြင့် ကန်ကျင်းချန်သည် ပို၍ပင် ပျော်ရွှင်သွားပြီး လက်မောင်းများကို ဆန့်ကာ သူက မိန်းကလေးများ၏ ဆုံးဖြတ်ချက်ကို လေးစားလိုက်နာကြောင်း ထုတ်ဖော်ပြသလိုက်သည်။

အတိတ်၌ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now