Chapter 65

2.6K 277 1
                                    

Chapter 65 : ဗီလိန်

ကျင်းယွင်ကျောင်းက ထိုသို့ပြောသောအခါ အခြားကျောင်းသားများ၏ မျက်နှာများက မသက်မသာ ဖြစ်သွားကြသည်။

သူတို့၏ ကောင်းမွန်သော အသိစိတ်ဓါတ်နှင့် ပြောရလျှင် ကျင်းယွင်ကျောင်းသည် အမှန်တကယ်ပင် အမှားမလုပ်ခဲ့ပေ။ ထိုဟင်းပွဲကိစ္စသည်ပင် သူမ၏ အမှား မဟုတ်။

"အန်တီ၊ တကယ်က ဒီလိုဖြစ်ခဲ့တာပါ။ ယဲ့ချင်းက ကျွန်မတို့အားလုံးကို ညစာစားဖို့ ဖိတ်ပေမယ့် သူက ကျင်းယွင်ကျောင်းကိုတော့ အရှက်ခွဲဖို့ ရည်ရွယ်ချက်ရှိရှိ ချန်ထားခဲ့ပါတယ်။ ဒါပေမယ့် ကျင်းယွင်ကျောင်းကလည်း ရှန်းဟိုင်စားသောက်ဆိုင်မှာ သီးသန့်ခန်းတစ်ခန်းမှာပြီးသားလို့ ဘယ်သူက ထင်မှာလဲ၊ သီးသန့်ခန်းဖြစ်နေတာကြောင့် ယဲ့ချင်းက အတော်မကျေမနပ်ဖြစ်သွားတာ။ ကျွန်မတို့ ညစာစားနေတဲ့အချိန်ထိ သူက ကျင်းယွင်ကျောင်း ကျွန်မတို့ကို လိမ်နေတယ်လို့ပဲ ဆက်တွေးနေတာပါ။ ဒါကြောင့် သူက စားပွဲထိုးကို ကြက်သွန်နဲ့ တို့ဖူးတွေပဲ ကျန်တဲ့ ဟင်းအကျန်တစ်ပွဲကို သူတို့ဆီ သွားပို့ဖို့ ပြောခဲ့ပါတယ်။ အဲဒီစားပွဲထိုးက ပထမတုန်းကတော့ မလုပ်ချင်ပေမယ့် ယဲ့ချင်းက ခေါင်းမာမာနဲ့ ဆက်ပြီး နှောက်ယှက်နေခဲ့ပါတယ်......"

ထိုစကားပြောနေသော မိန်းကလေးသည် ယဲ့ချင်းနှင့် ယန်ထျန်းထျန်း နှစ်ယောက်စလုံးနှင့် ရင်းနှီးသူဖြစ်၏။ လက်ရှိအချိန်တွင် အသိစိတ်ကင်းမဲ့နေသော ယန်ထျန််းထျန်းကို ကြည့်၍ သူမသည် အနည်းငယ် စိတ်မလုံဖြစ်နေသည်။

ယန်မိဘများသည် ယဲ့ချင်းနှင့် ကျင်းယွင်ကျောင်းကြားရှိ ပဋိပက္ခများကို ဂရုမစိုက်ပေ။ ထိုကျောင်းသူပြောနေသည့် အကြောင်းအရာထဲတွင် သူတို့၏ သမီးဒဏ်ရာရသည့် အပိုင်းသို့ မရောက်မချင်း သူတို့သည် စိတ်မရှည်ဖြစ်နေပုံပေါ်သည်။ သူတို့၏ မျက်နှာများက ပို၍ ပို၍ မသာမယာဖြစ်လာကြ၏။

ယဲ့ချင်း၊ သူတို့သည် ယခင်က ဤမိန်းကလေး၏ အကြောင်းကို သူတို့သမီးထံမှ ကြားဖူးသည်။ သူတို့၏သမီးက ယဲ့ချင်းသည် ရုပ်ချော၍ အဆင့်များမှာလည်း အလွန်ကောင်းကြောင်း တစ်ခါ ချီးကျူးဖူး၏။ အထူးသဖြင့် ယဲ့ချင်း၏ မိသားစုနောက်ခံက ကောင်းပြီး သူမသည် ချမ်းသာသော မမလေးတစ်ယောက်ကဲ့သို့ ဟိတ်ဟန်မရှိကြောင်း ပြောတတ်သည်။ သူတို့သည် သမီးဖြစ်သူအား ထိုကဲ့သို့သော ကလေးမျိုးနှင့် အမြဲတမ်း ပေါင်းသင်းစေချင်ခဲ့၏။

အတိတ်၌ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now