Chapter 87

2.1K 210 0
                                    

Chapter 87 : ဆုံးဖြတ်ချက်ချခြင်း

ကျင်းယွင်ကျောင်း၏ စကားများက လူတိုင်းအား ဆွံ့အသွားစေပြီး ပါးစပ်အဟောင်းသား ဖြစ်သွားစေ၏။ အချို့လူများက ကျင်းယွင်ကျောင်းအား လက်ညှိုးထိုး၍ ခေါင်းများကို ခါယမ်းကာ စတင်၍ လှောင်ပြောင်ရယ်မောလာကြသည်။

သူတို့သည် ယခင်က ချောင်ဝေ့မင်ထံမှ ဤမိန်းကလေးသည် အသိတရားမရှိကြောင်း ကြားဖူးပြီးသားဖြစ်၏။ သို့သော် သူတို့သည် သူတို့ရှေ့ရှိ ဤမြင်ကွင်းကို မမြင်ရသေးခင်အထိ ၎င်းကို သူ၏ အပြောသက်သက်ဟုသာ ထင်ခဲ့ကြသည်။

"ကလေးမလေး၊ ရွှေစက္ကူ ငွေစက္ကူ နှစ်သိန်း မဟုတ်ဘူးနော် ဟားဟား"

တစ်စုံတစ်ယောက်က ကျယ်ကျယ်လောင်လောင်ပင် ရယ်မောလိုက်၏။

(T/N : ရွှေစက္ကူ ငွေစက္ကူ ဆိုတာ တရုတ်အသုဘတွေမှာ သေသူအတွက် တမလွန်မှာ သုံးဖို့ငွေအဖြစ် မီးရှို့ပေးတာတွေပါ။ ဇာတ်ကားတွေထဲမှာပါတဲ့ ရွှေသစ်ရွက်၊ ငွေသစ်ရွက်ပုံစံလေးတွေလေ။)

အဖိုးလီသည် ရှေးဟောင်းခရားကြီးကို ပိုက်ထားရင်း သူ၏ ရတနာအား ပေးလိုက်ရန် ငြင်းဆန်နေသည်။ သူသည် အနည်းငယ် ရှက်ရွံ့နေမိ၏။ သူသည် လူရိုးတစ်ယောက် ဖြစ်ကောင်းဖြစ်နိုင်သော်လည်း သူ့ကိုယ်သူတော့ လွယ်လွယ်ကူကူ လှောင်ပြောင်ခွင့် မပြုနိုင်ပေ။ အကယ်၍ သူ၏ရှေ့၌ရှိသောသူမှာ မိန်းကလေးတစ်ယောက်သာ မဟုတ်ပါက သူသည်လည်း သူမအား စတင်ပြစ်တင်ရှုတ်ချနေပြီဖြစ်သည်။

ကျင်းယွင်ကျောင်းသည် သူမအား လှောင်ပြောင်နေကြသူများကြောင့် အနှောက်အယှက် ဖြစ်မသွားပေ။ သူမက စာအိတ်တစ်လုံးကိုသာ ထုတ်ယူလိုက်သည်။

"တကယ်လို့ ဘဏ်ကနေတဆင့် ငွေလွှဲရတာ ဦးလေးအတွက် အခက်အခဲရှိမယ်ဆိုရင်လည်း ကျွန်မ ငွေသားနဲ့ ပေးနိုင်ပါတယ်။ ပိုက်ဆံက ဒီမှာ အပြည့်ရှိတယ်။ ကျွန်မ ထုတ်ပေးရတော့မလား"

အဖိုးလီက လက်ငင်းငွေချေခြင်းနှင့် နှိုင်းယှဥ်လျှင် ဘဏ်ငွေလွှဲခြင်းက ပို၍ လုံခြုံသော ရွေးခြယ်မှုဖြစ်ကြောင်း ခံစားလိုက်ရသည်။ စင်စစ် ဤနေရာ၌ လူအတော်လေးများ၏။ အသက်ကြီးကြီး ဦးလေးကြီးသည် ငွေသားများစွာကို သယ်၍ လမ်းလျှောက်ခြင်းက သေချာပေါက် အန္တရာယ်ရှိကြောင်း ခံစားလိုက်ရသည်။

အတိတ်၌ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now