Chapter 144

1.2K 101 0
                                    

Chapter 144 : နဂိုအတိုင်းပြန်မဖြစ်နိုင်သော ထိခိုက်မှု

သူမ၏ နောက်ပြောင်ကျီစယ်မှုအား ရပ်လိုက်ပြီး ရှောင်ဟိုင်ချင်းက အားရပါးရ ရယ်မောလိုက်၏။ စူးချူသည်ပင် သူမ၏ ပုံရိပ်ကို မေ့၍ ဗိုက်ကိုနှိပ်ကာ ရယ်နေကာ သူ၏ လက်ရှိ၌ 囧 ကဲ့သို့ဖြစ်နေသော မျက်နှာကြီးအား ဓါတ်ပုံရိုက်ချင်လွန်း၍ လက်ယားနေသည်။

(Editor Note :  囧 က Emoji သဘောပါ၊ တရုတ်စာလုံးဆိုပေမယ့် ကန်ကျင်းချန် ရဲ့ မျက်နှာအမူအရာကိုပြတဲ့အနေနဲ့ ဒီနေရာမှာ သုံးထားတာပါ၊ ဘာထူးထူးခြားခြားအဓိပ္ပာယ်မှ ရှိပုံမရပါဘူး)

သို့ရာတွင် ကန်ကျင်းချန်၏ စရိုက်အား သဘောထားကြီးသည်ဟု မှတ်ယူနိုင်သည်။ မိန်းကလေးနှစ်ယောက်က ပို၍ တဝါးဝါးပွဲကျနေလေလေ သူက ပို၍ စိတ်ငြိမ်လာလေလေဖြစ်၏။  ခဏမျှကြာပြီးနောက်တွင် ကျင်းယွင်ကျောင်း၏ သဘောထားသည်သည်လည်း ယခင်ကကဲ့သို့ စိုးရိမ်ကြောင့်ကြမှုမရှိတော့သည်အား မြင်လိုက်ရ၍ နောက်ဆုံးတွင်မူ သူတို့လေးယောက်သည် နေ့လည်စာစားရန်အတွက် ထိုင်လိုက်ကြပြီး စကားစမြည်ပြောနေကြတော့သည်။ လေထုက အလွန်အမင်း မနာလိုစရာပင်။

နေ့လည်စာစားပြီးသောအခါ ကျင်းယွင်ကျောင်းသည် ဟွားဇယ်ထံမှ ဖုန်းခေါ်ဆိုမှုတစ်ခုကို လက်ခံရရှိခဲ့သည်။

ကောင်းရှင်း လွတ်လာပြီးဖြစ်ကြောင်း သူမ ကောက်ချက်ချလိုက်သည်။

ကောင်းရှင်းသည် ကြီးလေးသော ရာဇဝတ်မှုကို မကျူးလွန်ခဲ့ပေ။ ထို့ကြောင့် ဤမျှလောက်ကြာချိန်ဝန်းကျင်၌ လွတ်လာခြင်းက ပုံမှန်ပင်။ ကိစ္စများက ရှုပ်ထွေးလာတော့မည့်အကြောင်းကို  တွေးမိလိုက်ရုံနှင့် ကျင်းယွင်ကျောင်းသည် ချောင်ဟုန်ယဲ့အတွက် ခဏမျှ ငြိမ်သက်ပေးလိုက်၏။

ကျားစစ်ကိုလည်း ကြည့်လိုက်ရုံနှင့်ပင် သူမသည် လူကောင်းတစ်ယောက် မဟုတ်ကြောင်း ပြောနိုင်သည်။ ယခု ကောင်းရှင်းကိုပါ ထပ်ပေါင်းလိုက်ပါက အနာဂတ်၌ ချောင်ဟုန်ယဲ့သည် ကျောင်းပေါက်ဝသို့ ခြေတစ်လှမ်းပင် မချနိုင်တော့သည်အထိ ဖြစ်သွားနိုင်၏။

အတိတ်၌ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now