Chapter 85

2.5K 226 2
                                    

Chapter 85 : ရူးသွပ်သွားသည်အထိ ငွေအကြောင်းကို တွေးခြင်း

ကျန်ရှသည် ရည်ရွယ်ချက်ကြီးသည့် အတ္တပေမဝါဒီတစ်ယောက် ဖြစ်သည်။ ကျင်းယွင်ကျောင်းနှင့် ရှောင်ဟိုင်ချင်းကဲ့သို့သော အနှောက်အယှက်များသာ မရှိပါက သူသည် စိတ်ဆုံးဖြတ်လိုက်သည်နှင့် ကိစ္စများကို အဆုံးထိတိုင်အောင် လုပ်မည့်သူဖြစ်၏။

ထို့ကြောင့် ချောင်ဟုန်ယဲ့က သူ့အား ငြင်းပယ်လေလေ၊ သူက  တစ်လက်မရပြီးလျှင် တစ်ပေလိုချင်လေလေ ဖြစ်သည်။ (ချောင်ဟုန်ယဲ့ကို အခွင့်အရေးယူတာပါ။)

မမျှော်လင့်ဘဲ ချောင်ဟုန်ယဲ့သည် လူမြင်ကွင်းတွင် ကြမ်းကြမ်းတမ်းတမ်း မပြုမူရန် ဆုံးဖြတ်ခဲ့၏။

ယခုအချိန်၌ သူမ၏ ထိုငြင်သာသော အသံသည် လုံးဝ အသုံးမဝင်တော့။

သူတို့နှစ်ယောက်သည် အချိန်ခဏမျှကြာအောင် ဆွဲလားရမ်းလားဖြစ်နေပြီးနောက် ကျန်ရှသည် အထွေထွေရုံးခန်းသို့  အလောတကြီးသွားရန် ဆုံးဖြတ်လိုက်၍ ချောင်ဟုန်ယဲ့အစား ခွင့်တစ်ရက် ယူပေးခဲ့သည်။ ကိစ္စများ ပရမ်းပတာဖြစ်သွားလေရာ ချောင်ဟုန်ယဲ့သည် ရွေးခြယ်စရာမရှိတော့ဘဲ အလျော့ပေးလိုက်ရတော့သည်။ သို့ရာတွင် သူမသည် စိတ်ထဲ၌ ကျန်ရှအား အလွန်ဒေါသထွက်နေ၏။

လူအုပ်ကြီး၏ မျက်လုံးများက ကန်းမနေပေ။ သူမ၏ မျက်နှာသည် အနည်းငယ် နီရဲနေသည်။ ကျောင်းမှ ဤမျက်နှာဖြင့် ထွက်လာခဲ့၍ သူမ တစ်ကိုယ်တည်း လမ်းလျှောက်သွားလျှင်တောင်မှ လူများက သူမသည် ပိုလွန်းနေသည်ဟု တွေးကြလိမ့်မည်ပင်။

ထိုအခိုက်တွင် ကျင်းယွင်ကျောင်းသည် အပြင်မှ ဖြစ်ပျက်နေသော အကြောင်းအရာအားလုံးကို ရှင်းရှင်းလင်းလင်း ကြားသိနေရသည်။ သူမ အနည်းငယ် မပျော်သွားခဲ့၏။

အတိတ်ဘဝ၌ ချောင်ဟုန်ယဲ့က ကျန်ရှကို သူမအား စိတ်အားထက်ထက်သန်သန်ဖြင့် လူပျိုလှည့်စေခဲ့သည်။ ကံကောင်း၍ သူမက ၎င်းကို လက်မခံခဲ့ပေ။ သို့မဟုတ်ပါက သူမ ပြန်လည်မွေးဖွားလာလျှင်တောင် ကျန်ရှအား မြင်သည်နှင့် သူမ၏ ရင်ထဲမှ သေလောက်အောင် အော်ဂလီဆန်လာလိမ့်မည်ဖြစ်သည်။ ထို့အပြင် ချောင်ဟုန်ယဲ့နှင့် ကျန်ရှအတူရှိနေသည်အား ကြည့်လိုက်လျှင် တစ်ယောက်က အတ္တပေမဝါဒီဖြစ်၍ တစ်ယောက်က ကြောင်သူတော်ဖြစ်၏။ သူတို့သည် ကောင်းကင်ဘုံမှ တွဲဖက်ပေးလိုက်သော မိတ်ဖက်များ ဖြစ်သည်မှာ အသေအချာပင်။

အတိတ်၌ ပြန်လည်မွေးဖွားခြင်းKde žijí příběhy. Začni objevovat