Chapter 171

1.1K 107 0
                                    

Chapter 171 : ထူးဆန်းသော လူနာ

ရေကန်ထဲမှ ရေ၏ အရည်အသွေးမှာ ကြည်လင်နေ၏။ အထဲ၌ ဘာမှမရှိသည်မှာ အတိအကျပင်။ ကျင်းယွင်ကျောင်းသည် ထိုကန်ထဲမှ ရေဖြင့် အပင်များကို ရေလောင်းရန် ကြိုးစားလိုက်သော်လည်း ကြီးထွားခြင်းကို တိုးမြှင့်ပေးနိုင်သည့် လုပ်ဆောင်ချက် မရှိကြောင်း သိလိုက်ရ၏။ ထို့နောက် သူမ သိလိုက်ရသည်မှာ ရေပူစမ်းရေအတွက် တစ်ခုတည်းသော အရင်းအမြစ်ရှိနေသေးသည် ဆိုတာကိုပင်။ ဤရေကန်ထဲမှ ရေသည် အပြင်ဘက်ရှိ ညစ်ပတ်သော ရေများဖြင့် ကွာခြားမှု များများစားစား မရှိပေ။

"ကျွိ ကျွိ ... ..."

သူမ၏ ခြေဖဝါးအောက်မှ တစ်စုံတစ်ခုက ရုတ်တရက် ဤထူးဆန်းသော အသံကို ထုတ်လွှတ်လိုက်၏။

ကျင်းယွင်ကျောင်းက ငုံ့ကြည့်လိုက်ရာ ချက်ချင်းပင် အံ့သြထိတ်လန့်သွားသည်။

(T/N: ထူးဆန်းတဲ့ အိမ်မွေးတိရိစ္ဆာန်လေးဖြစ်တဲ့ ရှောင်လန်က စပြီးတော့ အသွင်ပြောင်းတာပါ။)

သူမ မြင်လိုက်ရသည်မှာ လက်သီးဆုပ်ခန့် အရွယ်အစားရှိသော ရေခဲပြာရောင် အသားလုံးလေးတစ်လုံး ဖြစ်၏။ နားရွက်များက ခန္ဓာကိုယ်ကို ဖုံးနေကာ ဘောလုံးလေးတစ်လုံးနှင့် တူနေသည်။ လက်ဖဝါးလေးနှစ်ဖက်က သူမအား ဝှေ့ယမ်းပြနေပြီး ဘေးဘက်များ၌ အတောင်ပံလေးတစ်စုံပင် ပါနေသေးသည်။

"ရှောင်လန် လားဟင်"

ကျင်းယွင်ကျောင်း၏ နှုတ်ခမ်းများက တွန့်နေပြီး မသေမချာဖြစ်နေ၏။

ရှောင်လန်သည် ယခင်က ဆေးပိုးကောင်လေးတစ်ကောင် ဖြစ်ရာ အကယ်၍ အသွင်ပြောင်းသွားသည်ဆိုလျှင်တောင်မှ ၎င်းသည် လိပ်ပြာလေးတစ်ကောင်သာ ဖြစ်နေသင့်သည်။ ယခု ဤပုံစံလေးက ဘာများလဲ။

နားရွက်များက ကြောင်နားရွက်များနှင့်တူ၍ အတောင်များက ထိပ်ဖျား ခုနစ်ခုရှိသည့်  လင်းနို့တစ်ကောင်၏ အတောင်များနှင့် တူညီသော်လည်း ထိပ်ဖျား ဆယ်ခုက အရောင်နှင့်ဖြစ်၍ ပိုလှသည်။ ရေခဲပြာရောင် အရေပြားလေးတစ်လွှာက နဖူးပေါ်တွင် ဖွံ့ဖြိုးနေပြီး ထိုနေရာကို ဖုံးကာထားသည်က သစ်ရွက်လေးတစ်ရွက်နှင့် များစွာတူ၏။ ကြီးမား၍ ဝိုင်းစက်သော မျက်လုံးများရှိပြီး ပါးလျလျနှင့် ရှည်လျားသော အမြီးလေးက ၎င်း၏နောက်တွင် တရွတ်တိုက်လေးရှိနေသည်မှာ နွယ်ပင်လေးတစ်ပင်နှင့် တူသည်။ ၎င်း၌ လည်ပင်းတော့ မရှိသေးပေ။

အတိတ်၌ ပြန်လည်မွေးဖွားခြင်းDär berättelser lever. Upptäck nu