Chapter 184

1K 91 2
                                    


Chapter 184 : အက်ကြောင်းထပ်နေသော ကောလဟာလက အမှန်တရားဖြစ်လာသည်

ဒါရိုက်တာ၏ ရပ်တည်မှုက လုံလုံလောက်လောက် မခိုင်မာသဖြင့် ၎င်းက ချင်ဇစ်ရွှယ်အား အခွင့်အရေးဝင်ယူခွင့်ရသွားစေသည်။

"ဟုတ်တာပေါ့၊ ဒါက အမှန်တရားပဲ၊ ကျုပ် ခုထိ ကျုပ်မိန်းမကို ရှာမတွေ့သေးဘူး။ သူက ကျုပ်မိန်းမကို သေချာပေါက် သူ့အိမ်မှာ ဖွက်ထားတာ"

ဤစောဒကတက်ခြင်းကြောင့် ဒါရိုက်တာ၏ သဘောထားကိုပင် တွေဝေလာစေ၏။

ဒါရိုက်တာပြောလိုက်သော စကားသည် ဆေးရုံ၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းရန်သာ ဖြစ်သည်။ သူက ဖြီးဖြန်းရန် ကြိုးစားခဲ့သော်လည်း တစ်ဖက်လူက ပြောင်းလဲမှုလုံးဝမရှိပေ။ ဤသည်မှာ ထိုလူသည် သူ့ ပြောဆိုချက်များ၏နောက်ကွယ်၌ အမှန်တကယ်ပင် ကိုယ့်ကိုကိုယ် ယုံကြည်မှုအချို့ရှိနေသည့်အဓိပ္ပါယ်သာ။

ထို့အပြင် လူတိုင်းက တူညီသောစကားကိုသာ ဆိုကြ၏။ အက်ကြောင်းထပ်နေသော ကောလဟာလတစ်ခုက အမှန်တရားဖြစ်လာသည်။ အကယ်၍ ၎င်းက အမှားဖြစ်လျှင်တောင်မှ အမှန်ဖြစ်ရန် အတော်လေး နီးစပ်၏။ ကန်စုန့်ပိုင်သာ အမှန်တကယ် အပြစ်ကင်းပါက အဘယ့်ကြောင့် အခြားသူက အကြောင်းပြချက်မရှိဘဲ သူ့ကို မှားယွင်းစွပ်စွဲမည်နည်း။

ဒါရိုက်တာ၏ အတွေးများက မရေမတွက်နိုင်သော အကြိမ်ပေါင်းများစွာ ဟိုဟီုဒီဒီပြေးလွှားနေ၍ သူ့ စိတ်က ဤပြဿနာအတွက် အဖြေကို ထပ်ခါထပ်ခါ လှုံ့ဆော်နေသည်။

"ကျွန်တော်တို့ ဒီလိုလုပ်ကြရင်ရော ဘယ်လိုလဲ။ ပထမဆုံး တံခါးပိတ်ပြီးတော့ ဒါကို နည်းနည်းပိုပြီး သီးသန့်ဖြစ်တဲ့နေရာမှာ ဆွေးနွေးကြမယ်ဆိုရင်ရော"

ဒါရိုက်တာ၏ အသံထွက်ပေါ်လာပြီးနောက် ချင်ဇစ်ရွှယ်၏ မျက်နှာတွင် အပြုံးတစ်ခု ဖြတ်ပြေးသွား၏။

ထိုသို့ပြောလိုက်သောကြောင့် ကန်စုန့်ပိုင်၏ မျက်နှာမှာ ချက်ချင်းပင် ကြည့်ရဆိုးသွားသည်။

တံခါးပိတ်မည်ဆိုသည်က သူ ဘာကို ဆိုလိုသနည်း။ အဆုံး၌ သူတို့ ပြဿနာကို ဖြေရှင်းနိုင်ခဲ့လျှင်တောင်မှ သက်သာရာရမည့်တစ်ခုတည်းသောအရာမှာ ဆေးရုံသာဖြစ်၏။ သို့သော် သူကရော။ မည်သူက သူ၏ ဂုဏ်သိက္ခာကို ထပ်မံ၍ ယုံကြည်မည်နည်း။

အတိတ်၌ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now