Chapter 113

1.8K 160 1
                                    

Chapter 113 : ရက်စက်လွန်းခြင်း

ချောင်ဟုန်ယဲ့၏ ဂုဏ်သိက္ခာကျဆင်းသွားခြင်းက ကျင်းယွင်ကျောင်း၏ ဂုဏ်သိက္ခာအား တိုက်ရိုက်ပင် တိုးတက်သွားစေ၏။ ဤနေ့တွင် လူတိုင်းနီးပါးက ကျင်းယွင်ကျောင်းအား ကရုဏာစက်နေကြသည်။

အတန်းနှစ်တန်းလုံးမှ ကျောင်းသားများသည် ယခုအချိန်တွင် ချောင်ဟုန်ယဲ့က ကျင်းယွင်ကျောင်းအား လျှို့ဝှက်၍ အဓမ္မလုယက်ခိုင်းခဲ့သည့် အကြောင်းကို ဆွေးနွေးနေကြ၏။ ချောင်ဟုန်ယဲ့၏  ထိုင်ခုံဖော်များပင် ပါဝင်၍ ကျန်းဟောင်၊ တုန်းယီ နှင့် အခြားသူများသည် ကျင်းယွင်ကျောင်း၏ အပြစ်ကင်းစင်မှုများအား အသေးစိတ် စတင်ပြောဆိုနေကြသည်။ ကျင်းယွင်ကျောင်း၏ ဝန်းကျင်မှ ကောလဟာလဟောင်းများ အားလုံးသည် ချက်ချင်းပင် ရှင်းလင်းသွား၍ ပြန်ရှာမရတော့ဟုပင် ယူဆ၍ရ၏။

"သူက ဒါနဲ့ပဲ တန်တယ်"

ရှောင်ဟိုင်ချင်းသည် ချောင်ဟုန်ယဲ့ အပစ်ပယ်ခံရသည်ကို ကြားသောအခါ ချက်ချင်းပင် ပျော်ရွှင်မြူးတူးသွားသည်။

"ယွင်ကျောင်း၊ ငါ အခုပဲ ဘီခန်းကို တစ်ချက် သွားကြည့်လာတာ။ ချောင်ဟုန်ယဲ့က အခု သူ့စာရေးခုံပေါ်မှာ မှောက်ငိုနေတယ်။ သူက ငိုနေတဲ့ အလှလေးနဲ့တူပေမယ့် ဘယ်သူကမှ သူ့ကို အာရုံမစိုက်ကြဘူး။ သူ့ကို ချော့နေကျ ကောင်လေးတွေအားလုံးက အခု သူနဲ့ပတ်သတ်ရမှာကို ကြောက်နေကြတယ်။ ကောင်းလိုက်တဲ့ ခံစားချက်ကွာ"

ရှောင်ဟုန်ချင်းက ကျင်းယွင်ကျောင်း တစ်ယောက် ချောင်ဟုန်ယဲ့ကို ပညာပေးရန် လူရှာရာ၌ ကူညီပေးခဲ့သူဖြစ်သည်။ ထို့ကြောင့် ရှောင်ဟိုင်ချင်းက ချောင်ဟုန်ယဲ့၏ ကောလဟာလများက အမှန်မဟုတ်ကြောင်း သတိထားမိ၏။ သူတို့မှားသွားသည့်အချက်မှာ ချောင်ဟုန်ယဲ့၏ ဒေါသများကို ပိုတိုးလာစေခြင်းဖြစ်၏။ စင်စစ် ကျောင်းဝင်ခွင့်ရပြီးကတည်းက ကျင်းယွင်ကျောင်းသည် ဤအထင်အမြင်လွဲမှားမှုများကို ဆက်တိုက်ခံစားခဲ့ရသည်။ ချောင်ဟုန်ယဲ့အား သူမဖော်သည့်ဆေး၏ အရသာကို ပြန်ခံစားစေခြင်းကသာ တရားမျှတမည်ဖြစ်၏။

အတိတ်၌ ပြန်လည်မွေးဖွားခြင်းحيث تعيش القصص. اكتشف الآن