Chapter 52

3.2K 314 0
                                    

Chapter 52 : ကုသမှု ကွာခြားချက်

ရှောင်ဟိုင်ချင််းက သည်းမခံနိုင်တော့ပဲ မျက်လုံးပြူးပြလိုက်သည်။

"နင် ခုထိ နားမလည်သေးဘူးလား။ ဒါ ဘက်လိုက်ပြီး ခွဲခြားဆက်ဆံတာလို့ ခေါ်တယ်။ သူ့မွေးနေ့က ငါတို့နဲ့ဘာမှမဆိုင်ဘူးဆိုတာ မှန်ပေမယ့် ငါ သူ စော်ကားတာကိုတော့ လက်မခံနိုင်ဘူး။ တကယ်လို့ တစ်ယောက်ယောက်က အနာဂတ်မှာ ဒါကို အစဖော်လာခဲ့မယ်ဆိုရင် သူတို့က နင့်ကို လှောင်ပြောင်ကြမယ်ဆိုတာ သိသာတယ်။ သူတို့ ဘယ်လောက်ဉာဏ်များတယ်ဆိုတာ နင် မသိဘဲ မနေပါဘူး။ နင် တကယ်ပဲ အထက်တန်းသုံးနှစ်လုံးကို လူတိုင်းရဲ့ အထင်လွဲခံ၊ အပစ်ပယ်ခံပြီး နေသွားမယ်လို့ စီစဥ်ထားတာလား"

ရှောင်ဟိုင်ချင်းက စိတ်အားထက်သန်စွာ တိုက်တွန်းလိုက်၏။

အကယ်၍ ယခုအချိန်တွင် သူတို့သည် အတန်းထဲ၌သာ မဟုတ်ပါက သူမသည် စားပွဲကို ထုပြီးနေပြီဖြစ်သည်။

ကျင်းယွင်ကျောင်းက ယဲ့ချင်း ထိုင်နေသည့် အရှေ့ဆုံးခုံကို ကြည့်လိုက်၏။

"ဒါဆို ငါတို့ ဘာလုပ်သင့်တယ်လို့ နင်ထင်လဲ။ တကယ်လို့ မဖိတ်ဘဲနဲ့ သွားလိုက်ရင်လည်း ပိုပြီး လှောင်စရာဖြစ်သွားမှာ မဟုတ်ဘူးလား"

"ဟဲဟဲ..တကယ်တော့ ငါ အဲဒီစားသောက်ဆိုင်မှာ VIP စားပွဲတစ်ပွဲ ဘိုကင်လုပ်ပြီးသွားပြီ၊ ပြီးရင် ငါတို့ တစ်စားပွဲလုံးအပြည့် အစားအသောက်ကောင်းတွေ မှာပြီး ပျော်ကြမယ်လေ"

ရှောင်ဟိုင်ချင်းက မျက်စိမှိတ်ပြလိုက်သည်။

ထျန်းရှန်လော်သည် ခရိုင်တွင် နာမည်အကြီးဆုံး စားသောက်ဆိုင်ဖြစ်၏။ စားပွဲတစ်ခု ဘိုကင်လုပ်ရန်ပင် အလွန်အမင်း ခက်ခဲရုံသာမက စျေးများကလည်း မိုးထိမြင့်သည်။ ယဲ့ချင်း၏ မိသားစုသည် စီးပွားရေးမဆိုးသော်လည်း သူမသည် အနည်းငယ် စေးကုပ်၏။ ထို့ကြောင့် သူမသည် သူမ၏ ဂုဏ်သိက္ခာကို အလေးထားလျှင်တောင်မှ VIPစားပွဲကိုတော့ ဘိုကင် မလုပ်မည်မှာ အသေအချာပင်။

သူတို့ နှစ်ဦးစလုံးသည် မည်သူကိုမှ ဖိတ်ကြားရန် မလိုပေ။ သူတို့လုပ်စရာရှိသည်မှာ အချိန်ကျလာလျှင် သူတို့သည် အပေါ်ထပ်တွင် ပေါ်လာရန်ဖြစ်ပြီး လူတိုင်းကို သူတို့အား မြင်ခွင့်ပေးလိုက်ရုံပင်။ သူတို့၏ ရည်ရွယ်ချက်မှာ ကြွားဝါရန် မဟုတ်ဘဲ အတင်းအဖျင်းအချို့ကို တားဆီးချင်ရုံသာဖြစ်သည်။

အတိတ်၌ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now