Chapter 13

3.7K 362 1
                                    

Chapter 13 : ကုသမှုကို လက်လျော့ခြင်း

သူတို့သုံးဦး လူနာခန်းသို့ အလောတကြီးပြေးသွားကြရာ ချောင်ဝေ့မင်သည် ဆရာဝန်တစ်ယောက်နှင့် အချေအတင်ပြောနေသည်အား တွေ့လိုက်ရသည်။

"ဒေါက်တာဝမ် အစတုန်းကတော့ ခင်ဗျားက သူ ပိုကောင်းလာမှာလို့ပြောခဲ့တယ်။ ဒါကြောင့် ကျုပ်တို့က ငွေအများကြီးအကုန်ကျခံခဲ့တာ။ ဒါပေမယ့် အခုကျတော့ ကျုပ်ဇနီးက သေတော့မယ်လေ၊ ခင်ဗျားတို့ဆေးရုံအနေနဲ့ ကျုပ်ကို ရှင်းပြချက် မပေးသင့်ဘူးလား။"

"ချောင်လူကြီးမင်း ကျွန်တော်က ပြန်ကောင်းလာဖို့ အခွင့်အရေးရှိနိုင်တယ်လို့ပဲ ပြောခဲ့တာပါ။ ကျွန်တော်လည်း သူ့ရဲ့အခြေအနေက ဒီလောက်မြန်မြန်ဆန်ဆန် ဆိုးသွားလိမ့်မယ်လို့ မထင်မိခဲ့ဘူးလေ။  လူတိုင်းက ခန္ဓာကိုယ်ချင်းမှ မတူတာ။"
ဆရာဝန်က ရှင်းပြ၏။

"ကျုပ် ဂရုမစိုက်ဘူး။ အခုထိ ကျုပ်တို့အိမ်မှာ ခင်ဗျားရဲ့ဆေးတွေ (T/N- အနောက်တိုင်းဆေးတွေပါ၊ ဆေးပြားတွေလို့လည်း ခေါ်ကြတယ်) ရှိသေးတယ်၊ ဒါပေမယ့် သူ အခု ဒါတွေကို မသောက်နိုင်တော့ဘူး။ မင်းတို့ အဲဒီဆေးတွေကို ပြန်ယူရမယ်။"

ဆေးရုံဘက်က လျော်ကြေးမပေးမှန်း ချောင်ဝေ့မင် သိပြီးသားပင်။ သူလိုချင်သည်မှာ ထိုဆေးများကို ဆေးရုံဘက်မှ ပြန်ဝယ်ရန်သာ ဖြစ်သည်။

ထိုဆေးပြားများသည် ဒေါ်လာတစ်ထောင်ကျော် အသာလေး တန်ပြီး အိမ်တွင် အများကြီးရှိသည်။ ချောင်ဝေ့မင်က ၎င်းတို့ကို ဆေးရုံသို့ ပြန်ရောင်းပြီး ပိုက်ဆံရနိုင်သမျှယူရန် ကြံစည်နေခြင်းဖြစ်၏။

"ဒါဆိုလည်း…အိုခေ ကောင်းပြီလေ၊ မသုံးရသေးတာတွေကို ပြန်ယူလာခဲ့ပါ။ ကျွန်တော် ကြည့်လုပ်ပေးပါ့မယ်။"

ဒေါက်တာဝမ်က ပြောလိုက်သည်။

သမားတော်ကန်သည် ထိုနေရာသို့ လျှောက်သွားရင်း အပြန်အလှန်ပြောနေကြသည်များအား ကြားလိုက်ရာ ခေါင်းယမ်းလိုက်မိ၏။

"ဒီက ချောင်လူကြီးမင်း ဟုတ်ပါတယ်နော်။ ခင်ဗျားရဲ့သမီးက ကျုပ်ကို သူ့ရဲ့ဆေးညွှန်း လာပြတယ်။ အဲဒါက အလုပ်ဖြစ်မှာ သေချာတယ်။ ခင်ဗျား ဒီဟာကို ဘာလို့ အခုချက်ချင်း သွားမယူသေးတာလဲ။"

အတိတ်၌ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now