Chapter 70

2.7K 296 0
                                    

Chapter 70 : လုံးဝ ရှင်းရှင်းလင်းလင်း ခြိမ်းခြောက်မှုတစ်ခု

ကျင်းယွင်ကျောင်းက ကျန်ရှကဲ့သို့သော လူမျိုးနှင့်ပတ်သတ်လျှင် ပို၍ ပွင့်ပွင့်လင်းလင်းရှိသော နည်းလမ်းတစ်ခု လိုအပ်ကြောင်း နားလည်သွား၏။

ကျင်းယွင်ကျောင်းသည် သူမ၏ နက်မှောင်စူးရှသော မျက်ဝန်းများနှင့် ကျန်ရှဆီသို့ တည့်တည့်  စိုက်ကြည့်ရင်း ထိုအကြောင်းကို ခပ်ကျယ်ကျယ်နှင့် တိုက်ရိုက် ပြောလိုက်သည်။ ကျန်ရှသည် ချက်ချင်းပင် သူမ၏ ဆိုလိုရင်းကို နားလည်လိုက်၍ သူ၏ ခန္ဓာကိုယ်သည် တုန်ယင်သွားခဲ့သည်။

ဒါက ခြိမ်းခြောက်မှုတစ်ခုပဲ။ လုံးဝကို ရှင်းရှင်းလင်းလင်း ခြိမ်းခြောက်မှုတစ်ခုပဲ။

သူ့အား ထိုသို့ပြောခြင်းမှာ အကယ်၍ သူသည် ဆရာ၊ ဆရာမများအား ပြန်တိုင်ခြင်း သို့မဟုတ် သူ၏ ဒဏ်ရာကို ပုံကြီးချဲ့ပြောဆိုခြင်းများလုပ်ပါက ကျင်းယွင်ကျောင်းက သူ့အား ညအမှောင်ထဲတွင် တိုက်ခိုက်မည်ဟု ဆိုလိုခြင်း မဟုတ်ပါလော။

ကျန်ရှ ဒေါသထွက်သွား၏။ သူသည် ထိုအခိုက်တွင် ကျင်းယွင်ကျောင်းအား ထိပ်တိုက်ရင်ဆိုင်လိုက်ချင်သော်လည်း ခဏမျှ တွေးပြီးနောက် သူ ထိုသို့ မလုပ်ရဲခဲ့ပေ။ စင်စစ် ကျင်းယွင်ကျောင်း၏ အတိုက်အခိုက်စွမ်းရည်မှာ တကယ်ပင် ပထမတန်းစားဖြစ်သည်။ ကျင်းယွင်ကျောင်းနှင့် ပဋိပက္ခဖြစ်ပြီးနောက် ဘဝကို ဟင်းသီးဟင်းရွက်သဖွယ် အဆုံးသတ်သွားရတဲ့ တစ်စုံတစ်ယောက်များ ရှိခဲ့လေသလား။

သူသည် တုန်ယင်သွား၏။ သူသည် နောက်ထပ် ပစ်မှတ်ထားခံရသူ မဖြစ်ချင်ပေ။

ကျန်ရှ၏ ပါးစပ်သည် ကရုဏာတရားကင်းမဲ့သော်လည်း သူသည် သတ္တိမရှိသောသူတစ်ယောက် ဖြစ်သည်။ သူ၏ ဗိုက်ကို ကျုံ့ထား၍ ဂရုမစိုက်သကဲ့သို့ ပြုမူနေ၏။ သူသည် ဤရှက်စရာကောင်းသော အခြေအနေမှ ရုန်းထွက်ဖို့ နည်းလမ်းရှာရန် ကြိုးစားနေ၏။

ကျင်းယွင်ကျောင်းက လှည့်ထွက်မသွားမီတွင် သူ့အား စိုက်ကြည့်လိုက်ပြီး မထီမဲ့မြင် ပြုံးပြလိုက်၍ ရှောင်ဟိုင်ချင်းနှင့်အတူ ထွက်သွားတော့သည်။

အတိတ်၌ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now