Chapter 44

3.1K 311 0
                                    

Chapter 44 : နင် သူ့ကို သတ်တာ

သူမသည် ညအချိန်များတွင် ကိုယ်ခံပညာကို လေ့လာထားသော်လည်း သူမ၌ အလေ့အကျင့်လုံးဝ မရှိပေ။ ထိုညီအစ်ကိုများ လက်လှမ်းမမီသေးခင်မှာပင် ကျင်းယွင်ကျောင်း၏ ခြေထောက်များက သူတို့၏ ခွကြားနေရာများဆီသို့ တည့်တည့်မတ်မတ် မညှာမတာ ဆောင့်ကန်ပစ်လိုက်၏။ သူတို့သည် ချက်ချင်းပင် ဒရောသောပါး နောက်ဆုတ်လိုက်ကြရသည်။

ကျင်းယွင်ကျောင်း၏ တိုက်ခိုက်မှုများက သူတို့အား ကြောင်အ,သွားစေ၏။

သူတို့ အံသြမှု မပြေသေးမီမှာပင် လုကျား၏ ဒေါသတကြီး စူးစူးဝါးဝါး အော်သံအား ကြားလိုက်ရသည်။ သူမသည် နှာခေါင်းကို လက်ဖြင့် ညှစ်ထား၏။

"ကော၊ ကျွန်မရဲ့နှာခေါင်းက သွေးတွေထွက်လာပြီ။ နာတယ်"

လုကျား၏ အသံကိုကြားမှ ထိုလူလေးယောက်သည် သတိပြန်ဝင်လာကြသည်။ ထို့နောက် သူတို့သည် ဒေါသအိုးပေါက်ကွဲသွားပြီး ကျင်းယွင်ကျောင်းဆီသို့ လက်သီးချက်များ အဆက်မပြတ် ပစ်သွင်းတော့၏။

ကျင်းယွင်ကျောင်းက ရှောင်တိမ်းလိုက်သည်၊ သူမ၏ လှုပ်ရှားမှုများက အနည်းငယ် တောင့်တင်းနေ၏။ လက်သီးတစ်ချက်က သူမ၏ နားရွက်ဘေးမှ ကပ်ဖြတ်သွားရာ သူမ ရင်တုန်သွားသည်။ သူ၏ မျက်လုံးထဲတွင် လူသတ်ချင်သော အရိပ်အယောင်များ ရှိနေပြီး သူမက ခြေထောက်ဖြင့် ဆောင့်ကန်လိုက်၏။ ထို့နောက် သူမ၏ ရှေ့တွင် ပေါ်လာသော လက်မောင်းတစ်ဖက်ကို ခပ်မြန်မြန်ဆောင့်ဆွဲ၍  လိမ်ချိုးလိုက်သည်။

လုကျားနှင့် နောက်ဆုံးအကြိမ် တိုက်ခိုက်ခဲ့သည်က  သူမဘက်မှ တစ်ဖက်သတ် တိုက်ခိုက်မှုသာဖြစ်သည်။ ယခုအကြိမ်နှင့် လုံးဝကွဲပြားခြားနား၏။ သူမ၏ ဘဝသက်တမ်းနှစ်ခုလုံးတွင် ပထမဆုံးအကြိမ် ကြုံတွေ့ဖူးခြင်းဖြစ်သည်။

သို့ရာတွင် ဤလူများ၏လှုပ်ရှားမှုများမှာ သူမ မျှော်လင့်ထားသလောက် မလျှင်မြန်ကြောင်း ခံစားနေရ၏။ သူမသည် သူတို့အား ခက်ခက်ခဲခဲ ရင်ဆိုင်နေရသော်လည်း သူမတွင် ကြီးကြီးမားမား ထိခိုက်မှု မရှိသေးပေ။

အတိတ်၌ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now