Chapter 153

1.1K 108 0
                                    

Chapter 153 : အလုပ်တစ်ခု ညွှန်းပေးခြင်း

ပိုင်ယွီအန်းနှင့် တွေ့ပြီးနောက် ကျင်းယွင်ကျောင်း၏ စိတ်ထဲတွင် အတွေးတစ်ခု စတင်ဝင်ရောက်လာခဲ့သည်။ ထို့ကြောင့် သူမက သူ၏ ဖိတ်ကြားချက်ကို ချက်ချင်းပင် လက်ခံလိုက်ပြီးနောက် နှစ်ယောက်သား အနီးအနားရှိ စားသောက်ဆိုင်ငယ်လေးတစ်ခုသို့ သွားလိုက်ပြီး ဝင်ထိုင်လိုက်ကြ၏။

ကျင်းယွင်ကျောင်း၏ စိတ်ထဲတွင် ဤတွေ့ဆုံမှုမှ ကောင်းကျိုးဆိုးကျိုးများကို တွက်ချက်နေပြီး ထိုခေါင်းစဥ်အား ထုတ်ပြောရန် သင့်မသင့် စဥ်းစားနေသည်။

ပိုင်ယွီအန်းသည် အရည်အချင်းရှိသောလူတစ်ယောက် ဖြစ်၏။ အတိတ်ဘဝက သူသည် အချိန်တစ်ခုကြာအောင် စိတ်ဓါတ်ကျနေခဲ့လျှင်တောင်မှ သူ၏ ကိုယ်ပိုင်စီးပွားရေးကို စတင်ခဲ့သေးသည်။ အစပိုင်း၌ စိန်ခေါ်မှုဖြစ်ခဲ့သော်လည်း နောက်ပိုင်း၌ ရလဒ်များရှိ၏။ ကံဆိုးစွာဖြင့် သူမသည် စောစောစီးစီး သေသွားခဲ့ပြီး သူ၏ ဖွံ့ဖြိုးမှုရလဒ်များကို မသိခဲ့ရပေ။

သူမ လက်ရှိလိုအပ်နေသည်မှာ သူကဲ့သို့သော လူတစ်ယောက်ဖြစ်သည်။ သူမ၌ ငွေအရင်းအနှီးနှင့် အိုင်ဒီယာများရှိသော်လည်း ယုံကြည်ရမည့်သူမရှိချေ။

"ရှောင်ကျင်း၊ မင်း ဘာလို့ ငါ့ကို ဒီလောက်ကြီး စိုက်ကြည့်နေတာတုန်း"

ပိုင်ယွီအန်းက သူ၏ နှုတ်ခမ်းမွေးနှင့် မသပ်မရပ်ဖြစ်နေသော မျက်နှာကို ထိရင်း မေးလိုက်၏။ သူသည် စူးစူးစိုက်စိုက် စိုက်ကြည့်ခံလိုက်ရသဖြင့် ဆံပင်မွေးများပါ ထောင်လာသလိုပင်။

"ပိုင်ရှူးရှူ၊ အခု ရှင်ပြန်လာတာက ထပ်ပြီးတော့ ထွက်မသွားတော့ဘူး မဟုတ်လား။ ရှင်က ဒီခရိုင်မှာ စားသောက်ဆိုင်လေး ဖွင့်ချင်တာလား"

နောက်ဆုံး၌ ကျင်းယွင်ကျောင်းက ထုတ်မေးလိုက်၏။

သူမပြောသည်အား ကြားသည်နှင့် ပိုင်ယွီအန်းက ထခုန်မိတော့မတတ် လန့်သွားကာ မေးလာသည်။

"မင်းက ဘယ်လိုလုပ် သိတာလဲ"

သူသည် ဤအကြောင်းအား မည်သူ့ကိုမှ ပြောမပြဖူးပေ။

အတိတ်၌ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now