Unicode
အပိုင်း ၁၄၃ - ဖီးနစ်ငှက်ရဲ့ ကျူးရင့်သံ
မုယွမ်ယောင် အမျိုးသမီးကျင်းနောက်ကနေ လိုက်သွားတော့ လူအများက သူတို့ကို ဝိုင်းဝန်းဂုဏ်ပြုကြသည်။
ဘုရင်ခံကတော်ရဲ့မျက်နှာပေါ်တွင် တောက်ပသော အပြုံးတစ်ခုရှိနေ၏။ ဆုလာဘ်က သူမနဲ့ မသက်ဆိုင်ပေမယ့် ဘုရင်ခံကျန်းကို ဘုရင်မင်းမြတ်က လန်းလင် အပ်နှင်းခဲ့ခြင်းဖြစ်သည်။ လန်းလင်သည် အရာရှိတွေအဖို့ အလွန်လိုလားတောင့်တကြသည့် ဆုလာဘ်ဖြစ်သည်။ ပိုအရေးကြီးသည်က ဘုရင်ခံကျန်းသည် ဤဆုလာဘ်ကို ဘာမှမလုပ်ဘဲ ရသွားခြင်းဖြစ်သည်။ သူမ ဘယ်လိုလုပ် မပျော်ပဲနေမလဲ။
(လန်းလင်က ချင်မင်းဆက်တုန်းက အရာရှိခေါင်းဆောင်းတွေပေါ်မှာထိုးရတဲ့ အဆင်တန်ဆာပါ။ ခါငှက်မွှေးနဲ့လုပ်ထားပါတယ်။ အပြာရောင်မလို့ လန်းလင်လို့ခေါ်တာပါ)
လူအများက အမျိုးသမီးကျင်းကိုလည်း ဝိုင်းဝန်းဂုဏ်ပြုကြသည်။ ဧကရာဇ်သည် သူမကို အဆင့်ကိုးဂုဏ်ပုဒ် အပ်နှင်းပြီး ထိုလူတွေ ဘယ်လောက်ပဲ မနာလိုအားကျကြပါစေ စိတ်ရင်းနဲ့ သူမကို ဂုဏ်ပြုကြရသည်။ ဘုရင်ခံကတော်က လူတိုင်း နေရာထိုင်ဖို့ မစီစဉ်ခင်ထိ သာယာနာပျော်ဖွယ်စကားတွေ ဖလှယ်နေလိုက်ကြတာ နှစ်နာရီကျော် ကြာသွားခဲ့သည်။
မုယွမ်ယောင်၏ထိုင်ခုံသည် အမျိုးသမီးကျင်းဘေးတွင် ဖြစ်ပြီး လူအများက စကားပြောကြရင်း သူမကို ပြုံးပြ၊ခေါင်းညိတ်ပြကြသည်။
မုယွမ်ယောင်မျက်နှာတွင် ပျော်ရွှင်မှု ၇၀ရာခိုင်နှုန်းနှင့် ကြောက်ရွံ့မှု ၃၀ရာခိုင်နှုန်း ရှိနေသည်။ ပွဲအစမှအဆုံးထိ သူမသည် အပြုံးတစ်ခုနှင့်သာ ပြန်နှုတ်ဆက်နေခဲ့တာကြောင့် ဘေးက အမျိုးသမီးကျင်းလည်း သဘောတကျနဲ့ သက်ပြင်းသာချနိုင်သည်။ ဒီကောင်မလေးက ကြောက်ဖို့ကောင်းလောက်အောင်ထိ အလွန်အင်မတန် ဉာဏ်ကောင်းတယ်။ သူမ ဘုရင်မင်းမြတ်ရဲ့ ဆုလာဘ်ကို လက်ခံရရှိပြီးတာနဲ့ အချိုးပြောင်းသွားမှာ စိုးရိမ်နေခဲ့သည်။ ကြည့်ရတာ ဘာမှမဟုတ်တာကို စိတ်ပူနေခဲ့မိပုံပဲ။
ပွဲအခမ်းအနားသည် အလွန် သက်ဝင်စည်ကားလှပေမယ့် မုယွမ်ယောင်ကတော့ စိတ်မပါလက်မပါနှင့် စားခဲ့သည်။ စုချင်းဝူရောက်ရှိလာတာက သူမနှလုံးခုန်နှုန်းကို ပေါက်ထွက်တော့မယ့်အတိုင်း မြန်သွားစေသည်။ နက်ရှိုင်းစွာ မြှုပ်နှံထားခဲ့သော သူမဘဝရဲ့ထိုမှတ်ဉာဏ်တွေသည်လည်း ပြန်လည် ပေါ်ထွက်လာခဲ့သည်။ သူမ တွေးကြည့်ရုံဖြင့်ပင် စူးနစ်နေသည့် နာကျင်မှုသည် သူမနှလုံးသားကို ဖောက်ထွင်းလိုက်သလို ခံစားရ၏။
“ယွမ်ယောင် ဘာလို့ မျက်နှာမကောင်းတာလဲ။ လက် နာလို့လား”
အမျိုးသမီးကျင်းတစ်ယောက် စိတ်ထဲ နောင်တရနေသည်။ သူမ စိတ်လှုပ်ရှားနေခဲ့လွန်းလို့ ယွမ်ယောင် လက်နာနေတာကို သတိမထားမိခဲ့ဘူး။
“ဘာမှ မဖြစ်ပါဘူး။ နည်းနည်း မွန်းကြပ်နေသလို ခံစားမိရုံပါ။ သခင်မ ကျွန်မကို စိတ်မပူပါနဲ့”
“မင်း သက်တောင့်သက်သာမရှိသလို ခံစားရနေရရင် ခြံဝန်းထဲသွားပြီး လေကောင်းလေသန့်သွားရှုလို့ရတယ်။ အနီးနားမှာ ဉယျာဉ်ငယ်လေးတစ်ခု ရှိတယ်”
မုယွမ်ယောင်က ခေါင်းညိတ်ပြပေမယ့် မထဘဲ ပွဲအခမ်းအနားပြီးသည်အထိ တောင့်ခံနေခဲ့သည်။
တံခါးဝမှာတော့ ကျင်းလန်နှင့် ကျင်းချောင်က ရထားလုံးဘေးမှာ ရပ်စောင့်နေသည်။ မုယွမ်ယောင် စိတ်မချမ်းမြေ့တဲ့ အမူအရာနဲ့ ထွက်လာတာ မြင်တဲ့အခါ သူတို့တွေ အမြန် ရှေ့တိုးကာ တွဲကူကြသည်
“သခင်မလေး ဘာဖြစ်လို့ပါလဲ”
“ဘာမှမဖြစ်ဘူး။ သွားကြစို့”
ရထားလုံးပေါ်တက်ပြီးနောက် ခေါင်းအုံးကိုမှီရင်း မုယွမ်ယောင်မျက်နှာသည် ချက်ချင်း ဖြူဖျော့သွား၏။ သူမသည် ရင်ဘတ်ကို ဆုပ်ကိုင်လျက် အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။ ဒီအရာက သူမနှလုံးသားထဲက နာကျင်မှုကို အနည်းငယ်
ပြေလျော့သွားစေနိုင်သည့်အတိုင်းပင်…
ရထားလုံး ကျင်းလင်တံတားကို ဖြတ်သွားသောအခါ မုယွမ်ယောင်က တောင့်မခံနိုင်တော့ပဲ ရပ်ဖို့ ပြောလိုက်သည်။ ထို့နောက် သူမက ရင်ဘတ်ကို ဆုပ်ကိုင်ကာ မြစ်ကမ်းနားသို့ အန်ဖို့ ပြေးသွားသည်။
ကျင်းလန်နှင့် ကျင်းချောင်တို့လည်း ထိတ်လန့်သွားကြသည်။
“သခင်မလေး ဘာဖြစ်လို့လဲ။ မတည့်တဲ့ အစားအစာ စားခဲ့မိလို့လား”
သူမ ပွဲအခမ်းအနားတုန်းက သိပ်မစားခဲ့တာကြောင့် အခုချိန်မှာ ဘာမှ အန်မထုတ်နိုင်ပေမယ့် ရင်ထဲအော်ဂလီဆန်နေသည်။ တစ်ခဏကြာပြီးနောက် သူမက မတ်တပ်ထရပ်ကာ ကျင်းလင်တံတားဆီ လမ်းလျှောက်သွားသည်။
“သခင်မလေး”
“ငါ ခဏလောက် လမ်းလျှောက်ချင်တယ်။ မင်းတို့တွေ အောက်မှာ စောင့်နေကြ”
“…ဟုတ်ကဲ့ ဒါဆို သခင်မလေး ဂရုစိုက်ပါ”
ညမိုးချုပ်နေပြီ ဖြစ်သောကြောင့် အနီရောင်မြူခိုးတွေသည် လုံးဝပျောက်ကွယ် မသွားသေးဘဲ မြစ်ရေပြင်တွင် ရောင်ပြန်ဟပ်နေသည်။ တောက်ပနေတဲ့ အနီရောင်အလင်းက မှတ်ဉာဏ်ထဲကအတိုင်း သူမတစ်ကိုယ်လုံး သွေးတွေ လွှမ်းနေပုံပေါ်စေသည်။
စုမိသားစုအကြောင်း တွေးမိတဲ့အခါ သူမနှလုံးသားထဲက အမုန်းတရားတွေကို ထိန်းချုပ်ရခက်လာသည်။ သူမတစ်ဘဝလုံးစိုးမိုးနေခဲ့သည့် အိပ်မက်ဆိုးက သူမကို စိတ်ငြိမ်အောင် လုံးဝ လုပ်လို့မရအောင် ဖြစ်စေသည်။
မုယွမ်ယောင်က မျက်လုံးတွေ မှိတ်ထားပြီး လက်သီးကို ကျစ်ကျစ်ဆုပ်ထားသည်။ သူမလက်ဖဝါးပေါ်က ဒဏ်ရာသည် ပေါက်ပြဲသွားပြီး သူမလက်သည်လည်း ချက်ချင်း သွေးတွေ အိုင်လာသည်။ သူမအမေသာ ဒီအခြေအနေကို တွေ့ရင် အလွန်တရာ စိုးရိမ်ပူပန်လိမ့်မည်။ ဒါကြောင့် သူမ ကြိုးစားပြီး ပုံစံပြင်မှဖြစ်မည်။
မုယွမ်ယောင်က စုမိသားစုအကြောင်း စဉ်းစားဖို့ သူမကိုသူမ တွန်းအားပေးလိုက်သည်။ သူမ ထပ်ခါထပ်ခါ တွေးပြီး သူမရဲ့ ကြောက်ရွံ့ဖွယ် မှတ်ဉာဏ်တွေအကုန်လုံးကို ပြန်အစဖော်ပြီး နာကျင်မှုမှာသာယာနေသူလို ထပ်တလဲလဲ ပြန်တွေးသည်။
သူမလက်ဖဝါးရဲ့နာကျင်မှုက နှလုံးသားထဲက နာကျင်မှုကို လွှမ်းမိုးသွားတဲ့အခါ စုချင်းဝူရောက်ရှိလာမှုကြောင့် ထိုးဖောက်ခံလိုက်ရတဲ့ သူမနှလုံးသားသည် တဖြည်းဖြည်း သံမဏိအလွှာတစ်ထပ် စတင်ဖုံးလွှမ်းသွားပြီး သွေးတစ်စက်စက်ကျနေတဲ့ အတွင်းဒဏ်ရာတွေကို ကာဆီးလိုက်သည်။
အချိန်တော်တော်လေး ကြာပြီးနောက် မုယွမ်ယောင်က မျက်လုံးတွေကို ဖွင့်လိုက်သည်။ ကောင်းကင်ယံသည် မှောင်မိုက်နေပြီး တိမ်တွေသည် အစအနမမြင်ရတဲ့အထိ လွင့်ပြယ်သွားကြပြီ ဖြစ်သည်။ သူမက နှုတ်ခမ်းထောင့်စွန်းတစ်ဖက်ကို အသာပင့်လျက် အပြုံးက ပို၍ပင် ပြီးပြည့်စုံ ချိုမြိန်နေသည်။
သူမ စုမိသားစုကို မုန်းတီးရုံမက သူတို့ကို ကြောက်လန့်နေတယ်ဆိုတာကို စုချင်းဝူရဲ့ ရုတ်တရက် ရောက်လာမှုကြောင့်သာ မဟုတ်ရင် သူမ သိမှာ မဟုတ်ပေ။ ဒါလည်း ကောင်းပါတယ် သူမရဲ့ အကြောက်တရားတွေကို သတိထားမိခဲ့တာကြောင့် တဖြည်းဖြည်းချင်း လွန်ဆန်နိုင်လိမ့်မည်။
“စုချင်းဝူ၊ စုချင်းဝူ… ပုစဉ်းရင်ကွဲတွေက မြက်ခင်းပြင်စိမ်းတွေကို ကြိုက်ပြီး ဖီးနစ်ငှက်က သစ်ပင်မြင့်ကို ကြိုက်တယ်။ သူ့ရည်မှန်းချက်တွေက တကယ်ပဲ မြင့်မားလွန်းတယ်…”
“မိန်းကလေးမုက ကျုပ်နာမည်ရဲ့ မူရင်းအဓိပ္ပာယ်ကို သိလိမ့်မယ်လို့ ထင်မထားခဲ့ဘူး”
ရယ်မောမှုစွက်နေသည့် အသံတစ်ခုက ရုတ်တရက် ပေါ်ထွက်လာသည်။
မုယွမ်ယောင် ချက်ချင်း ခေါင်းလှည့်ကြည့်ရာ စုချင်းဝူက အပြုံးတစ်ခုနဲ့ တံတားတစ်ဖက်ခြမ်းကနေ တဖြည်းဖြည်း လျှောက်လာနေတာကို တွေ့လိုက်ရသည်။ သူ့အသံက ရေလို နူးညံ့ပြီး ကျောက်စိမ်းလို နွေးထွေးနေ၏။
စုချင်းဝူကလည်း မုယွမ်ယောင်ကို ကြည့်နေသည်။ မုယွမ်ယောင် ရထားလုံးပေါ်က ဆင်းလာကတည်းက သူ ထိုနေရာမှာ အချိန်အတော်ကြာ ရပ်နေခဲ့ခြင်း ဖြစ်သည်။ သူ လမ်းတစ်ဖက်မှာရပ်ပြီး သူမကို ကြည့်နေခဲ့သည်။
သူ့ညီမ ဆယ့်သုံးနှစ်အရွယ်တုန်းက အချိန်တွေကို ပြန်သတိရမိသွားသည်။ သူမက သူ့ဆီ တစ်နေကုန်လာပြီး မယ်တော်သင်ကြားတဲ့ စည်းမျဉ်းတွေ တင်းကြပ်တဲ့အကြောင်း ညည်းညူနေပေမယ့် အချိန်တိုင်း အလွန်ပျော်ရွှင်ပြီး ပူပင်ကြောင့်ကြမဲ့လှသည်။ သူ့ရှေ့က မိန်းမငယ်လေးကတော့ တစ်ခုခုကို ချုပ်တည်းဖို့ ကြိုးစားနေပုံ ရသည်။ ထိုခံစားချက်က ပြင်းထန်လွန်းလှ၏။ သူမကို ကြည့်ပြီး သူ့ရင်ဘတ်ထဲ တင်းကြပ်လာတာကြောင့် စူးစမ်းချင်လာသည်။
ဒီလိုခံစားချက်မျိုးက ရုတ်ချည်းဆန်စွာ ရောက်ရှိလာခြင်းဖြစ်သည်။ တစ်ခဏကြာပြီးနောက် သူ ချုပ်တည်းကာ ထိုမိန်းကလေးက သူနဲ့ ဘာဆက်စပ်မှုမှ မရှိဘူးဆိုတာ သူ့ကိုယ့်သူ သတိပေးလိုက်သည်။ အလေးထားစရာမလိုတဲ့ သူတစ်ယောက်အပေါ် အချိန်ဖြုန်းဖို့ မလိုပေ။ သို့သော် သူမက သူ့နာမည်ကို ထုတ်ပြောလာတာ ကြားလိုက်ရသည်။ သူမက ပုစဉ်းရင်ကွဲက မြက်ခင်းပြင်စိမ်းကို နှစ်သက်ပြီး ဖီးနစ်ငှက်က သစ်ပင်မြင့်ကို သဘောကျတယ်ဆိုပြီးတော့တောင် ပြောလိုက်သေးသည်။ သူ မနေနိုင်တော့ဘဲ တံတားပေါ် တက်လာခဲ့မိခြင်းပင်။
မုယွမ်ယောင်က ဦးညွတ်လိုက်သည်။
“နှုတ်ခွန်းဆက်ပါတယ် စုတာ့ရန်။ ဒီမိန်းကလေး မှားယွင်းစွာ ပြောမိပါတယ်။ ကျွန်မရဲ့အပြစ်ကို ကျေးဇူးပြုပြီး ခွင့်လွှတ်ပါ”
စုချင်းဝူက သူမကို ကြည့်ပြီး မျက်ခုံးတွေ ထပ်မံ တွန့်ကျိုးသွားသည်။ သူရှေ့က မိန်းကလေးသည် နူးညံ့တဲ့ အငွေ့အသက်ရှိပြီး သူမနှုတ်ခမ်းတွင် အပြုံးရိပ်ကလေးတစ်ခု ရှိနေသည်။ သူမက သူမြင်ဖူးတဲ့ အခြားမိန်းကလေးတွေနဲ့ ကွာခြားမှုမရှိဘဲ စောစောက ဖြစ်ပျက်ခဲ့သည့် အရာအားလုံးသည်လည်း သူ ထင်ယောင်ထင်မှား ဖြစ်နေခဲ့သည့်အတိုင်းပင်…
“မိန်းကလေးမု ဘာမှားယွင်းတာမှ မပြောခဲ့ပါဘူး။ အပြစ်ဆိုတာ ဘာများလဲ။ ကျုပ်နာမည်ကလည်း တကယ် အဲ့ဒီကဗျာနှစ်ခုက လာတာပါ”
“တာ့ရန်ရဲ့ သဘောထားကြီးမှုအတွက် ကျေးဇူးတင်ပါတယ်။ နောက်ကျနေပြီ ဖြစ်တာကြောင့် ကျွန်မ အိမ်ပြန်သင့်ပြီ၊ နှုတ်ဆက်ပါတယ်”
“မိန်းကလေးမုရဲ့ လက်ဖဝါးပေါ်က ဒဏ်ရာ ဘယ်အချိန်မှ ပြန်လည် ပျောက်ကင်းမှာလဲ”
စုချင်းဝူက အပြုံးနှင့် မေးလာသည်။
"ကျွန်မက ဒဏ်ရာရတိုင်း ပျောက်ကင်းတာ နှေးတတ်ပါတယ်။ အခုချိန်မှာ ရာသီဉတုပူပြင်းတာက တစ်ကြောင်းဆိုတော့ ပျောက်ကင်းဖို့ အနည်းဆုံး လဝက်လောက် ကြာပါလိမ့်မယ်”
နောက်လတွင် စုချင်းဝူ၏အဘွားမွေးနေ့ရှိသည်။ ထိုအချိန်သည် သူမလက်က ဒဏ်ရာ အရှင်းပျောက်ကင်းဖို့ အချိန် မလုံလောက်ပေ။ ဒါ့အပြင် သူမ ထိုဒဏ်ရာကို ယခုထက် ပိုဆိုးစေချင်သည်။
နည်းလမ်းတွေလည်း အများကြီး ရှိသည်။
သိပ်သေချာတာပေါ့ စုချင်းဝူမျက်နှာပေါ်တွင် စိတ်ပျက်မှု အရိပ်အယောင် ဖြတ်ပြေးသွားသည်
“နှမြောစရာပဲ၊ ငါ နှစ်ဖက်လှ လက်ပန်းထိုးပန်းချီကားတစ်ချပ်ကို တစ်ခါ တွေ့ဖူးတယ်။ လက်ပန်းထိုးလက်ရာက ကောင်းကင်ဘုံက ဖန်တီးထားတဲ့အတိုင်း အံ့ချီးဖွယ်ကောင်းလွန်းပါတယ်”
မုယွမ်ယောင်၏ အမူအရာက ပုံမှန်အတိုင်းဖြစ်သည်။
“ဒါဆို စုတာ့ရန် အဲ့ဒီပန်းချီကားကို လက်ပန်းထိုးခဲ့တဲ့သူကို ရှာပြီး အကူအညီ ယူလို့ရတာပေါ့။ ရှင့်ရဲ့အဘွား ပိုပြီးတော့တောင် ပျော်ရွှင်သွားလိမ့်မယ်လို့ ကျွန်မ ထင်တယ်”
“လူတော်တော်များများ အဲ့ဒီလက်ပန်းထိုးသူကို ရှာနေကြပေမယ့် ကံမကောင်းစွာနဲ့ သူတို့တွေ အဲ့ဒီလူကို မရှာနိုင်ကြသေးဘူး”
“အဲ့တာ ကံတရားကြောင့် ဖြစ်ပါလိမ့်မယ်။ နောက်ကျနေပါပြီ ကျွန်မအမေက အိမ်ကနေ စောင့်မျှော်နေတာကြောင့် ဒီနိမ့်ကျတဲ့အရပ်သား ပြန်ပါတော့မယ်”
မုယွမ်ယောင်က ပြောပြီးနောက် ချက်ချင်းပဲ လှည့်ထွက်ကာ တံတားပေါ်က ဆင်းလာခဲ့သည်။
စုချင်းဝူက လက်ချောင်းကို လှုပ်ရှားရင်း မုယွမ်ယောင်ရဲ့ ထွက်ခွာသွားတဲ့ နောက်ကျောကို ကြည့်နေခဲ့သည်။ သူမက နောက်ထပ် တစ်ခွန်းမပြောဘဲ အလျင်စလို ထွက်ခွာသွားပုံက သူ့ကို ကြောက်ရွံ့ နေသည့်အတိုင်းပင်။ လူအများက သူ့ကို ငေးမောကြည့်လေ့ရှိတာကြောင့် ရုတ်တရက် သဘောမကျဖြစ်နေတဲ့သူတွေ့လိုက်ရတော့ အသစ်တစ်ခုလို ခံစားရသည်။
မုယွမ်ယောင် တံတားပေါ်က ဆင်းလာတော့ ကျင်းလန်နှင့် ကျင်းချောင်တို့ အမြန်လာရောက်ကြသည်။
သူမမျက်နှာ ပုံမှန် ပြန်ဖြစ်သွားတာမြင်မှ စိတ်အေးသွားရပြီး သက်ပြင်းချလိုက်ကြသည်။
“သခင်မလေး အဆင်ပြေရဲ့လား”
Zawgyi
အပိုင္း ၁၄၃ - ဖီးနစ္ငွက္ရဲ႕ က်ဴးရင့္သံ
မုယြမ္ေယာင္ အမ်ိဳးသမီးက်င္းေနာက္ကေန လိုက္သြားေတာ့ လူအမ်ားက သူတို႔ကို ဝိုင္းဝန္းဂုဏ္ျပဳၾကသည္။
ဘုရင္ခံကေတာ္ရဲ႕မ်က္ႏွာေပၚတြင္ ေတာက္ပေသာ အျပဳံးတစ္ခု႐ွိေန၏။ ဆုလာဘ္က သူမနဲ႔ မသက္ဆိုင္ေပမယ့္ ဘုရင္ခံက်န္းကို ဘုရင္မင္းျမတ္က လန္းလင္ အပ္ႏွင္းခဲ့ျခင္းျဖစ္သည္။ လန္းလင္သည္ အရာ႐ွိေတြအဖို႔ အလြန္လိုလားေတာင့္တၾကသည့္ ဆုလာဘ္ျဖစ္သည္။ ပိုအေရးႀကီးသည္က ဘုရင္ခံက်န္းသည္ ဤဆုလာဘ္ကို ဘာမွမလုပ္ဘဲ ရသြားျခင္းျဖစ္သည္။ သူမ ဘယ္လိုလုပ္ မေပ်ာ္ပဲေနမလဲ။
(လန္းလင္က ခ်င္မင္းဆက္တုန္းက အရာ႐ွိေခါင္းေဆာင္းေတြေပၚမွာထိုးရတဲ့ အဆင္တန္ဆာပါ။ ခါငွက္ေမႊးနဲ႔လုပ္ထားပါတယ္။ အျပာေရာင္မလို႔ လန္းလင္လို႔ေခၚတာပါ)
လူအမ်ားက အမ်ိဳးသမီးက်င္းကိုလည္း ဝိုင္းဝန္းဂုဏ္ျပဳၾကသည္။ ဧကရာဇ္သည္ သူမကို အဆင့္ကိုးဂုဏ္ပုဒ္ အပ္ႏွင္းၿပီး ထိုလူေတြ ဘယ္ေလာက္ပဲ မနာလိုအားက်ၾကပါေစ စိတ္ရင္းနဲ႔ သူမကို ဂုဏ္ျပဳၾကရသည္။ ဘုရင္ခံကေတာ္က လူတိုင္း ေနရာထိုင္ဖို႔ မစီစဥ္ခင္ထိ သာယာနာေပ်ာ္ဖြယ္စကားေတြ ဖလွယ္ေနလိုက္ၾကတာ ႏွစ္နာရီေက်ာ္ ၾကာသြားခဲ့သည္။
မုယြမ္ေယာင္၏ထိုင္ခုံသည္ အမ်ိဳးသမီးက်င္းေဘးတြင္ ျဖစ္ၿပီး လူအမ်ားက စကားေျပာၾကရင္း သူမကို ျပဳံးျပ၊ေခါင္းညိတ္ျပၾကသည္။
မုယြမ္ေယာင္မ်က္ႏွာတြင္ ေပ်ာ္႐ႊင္မႈ ၇၀ရာခိုင္ႏႈန္းႏွင့္ ေၾကာက္႐ြံ႕မႈ ၃၀ရာခိုင္ႏႈန္း ႐ွိေနသည္။ ပြဲအစမွအဆုံးထိ သူမသည္ အျပဳံးတစ္ခုႏွင့္သာ ျပန္ႏႈတ္ဆက္ေနခဲ့တာေၾကာင့္ ေဘးက အမ်ိဳးသမီးက်င္းလည္း သေဘာတက်နဲ႔ သက္ျပင္းသာခ်ႏိုင္သည္။ ဒီေကာင္မေလးက ေၾကာက္ဖို႔ေကာင္းေလာက္ေအာင္ထိ အလြန္အင္မတန္ ဉာဏ္ေကာင္းတယ္။ သူမ ဘုရင္မင္းျမတ္ရဲ႕ ဆုလာဘ္ကို လက္ခံရ႐ွိၿပီးတာနဲ႔ အခ်ိဳးေျပာင္းသြားမွာ စိုးရိမ္ေနခဲ့သည္။ ၾကည့္ရတာ ဘာမွမဟုတ္တာကို စိတ္ပူေနခဲ့မိပုံပဲ။
ပြဲအခမ္းအနားသည္ အလြန္ သက္ဝင္စည္ကားလွေပမယ့္ မုယြမ္ေယာင္ကေတာ့ စိတ္မပါလက္မပါႏွင့္ စားခဲ့သည္။ စုခ်င္းဝူေရာက္႐ွိလာတာက သူမႏွလုံးခုန္ႏႈန္းကို ေပါက္ထြက္ေတာ့မယ့္အတိုင္း ျမန္သြားေစသည္။ နက္႐ိႈင္းစြာ ျမႇဳပ္ႏွံထားခဲ့ေသာ သူမဘဝရဲ႕ထိုမွတ္ဉာဏ္ေတြသည္လည္း ျပန္လည္ ေပၚထြက္လာခဲ့သည္။ သူမ ေတြးၾကည့္႐ုံျဖင့္ပင္ စူးနစ္ေနသည့္ နာက်င္မႈသည္ သူမႏွလုံးသားကို ေဖာက္ထြင္းလိုက္သလို ခံစားရ၏။
“ယြမ္ေယာင္ ဘာလို႔ မ်က္ႏွာမေကာင္းတာလဲ။ လက္ နာလို႔လား”
အမ်ိဳးသမီးက်င္းတစ္ေယာက္ စိတ္ထဲ ေနာင္တရေနသည္။ သူမ စိတ္လႈပ္႐ွားေနခဲ့လြန္းလို႔ ယြမ္ေယာင္ လက္နာေနတာကို သတိမထားမိခဲ့ဘူး။
“ဘာမွ မျဖစ္ပါဘူး။ နည္းနည္း မြန္းၾကပ္ေနသလို ခံစားမိ႐ုံပါ။ သခင္မ ကြၽန္မကို စိတ္မပူပါနဲ႔”
“မင္း သက္ေတာင့္သက္သာမ႐ွိသလို ခံစားရေနရရင္ ျခံဝန္းထဲသြားၿပီး ေလေကာင္းေလသန္႔သြား႐ႈလို႔ရတယ္။ အနီးနားမွာ ဉယ်ာဥ္ငယ္ေလးတစ္ခု ႐ွိတယ္”
မုယြမ္ေယာင္က ေခါင္းညိတ္ျပေပမယ့္ မထဘဲ ပြဲအခမ္းအနားၿပီးသည္အထိ ေတာင့္ခံေနခဲ့သည္။
တံခါးဝမွာေတာ့ က်င္းလန္ႏွင့္ က်င္းေခ်ာင္က ရထားလုံးေဘးမွာ ရပ္ေစာင့္ေနသည္။ မုယြမ္ေယာင္ စိတ္မခ်မ္းေျမ့တဲ့ အမူအရာနဲ႔ ထြက္လာတာ ျမင္တဲ့အခါ သူတို႔ေတြ အျမန္ ေ႐ွ႕တိုးကာ တြဲကူၾကသည္
“သခင္မေလး ဘာျဖစ္လို႔ပါလဲ”
“ဘာမွမျဖစ္ဘူး။ သြားၾကစို႔”
ရထားလုံးေပၚတက္ၿပီးေနာက္ ေခါင္းအုံးကိုမွီရင္း မုယြမ္ေယာင္မ်က္ႏွာသည္ ခ်က္ခ်င္း ျဖဴေဖ်ာ့သြား၏။ သူမသည္ ရင္ဘတ္ကို ဆုပ္ကိုင္လ်က္ အသက္ျပင္းျပင္း ႐ွဴသြင္းလိုက္သည္။ ဒီအရာက သူမႏွလုံးသားထဲက နာက်င္မႈကို အနည္းငယ္
ေျပေလ်ာ့သြားေစႏိုင္သည့္အတိုင္းပင္…
ရထားလုံး က်င္းလင္တံတားကို ျဖတ္သြားေသာအခါ မုယြမ္ေယာင္က ေတာင့္မခံႏိုင္ေတာ့ပဲ ရပ္ဖို႔ ေျပာလိုက္သည္။ ထို႔ေနာက္ သူမက ရင္ဘတ္ကို ဆုပ္ကိုင္ကာ ျမစ္ကမ္းနားသို႔ အန္ဖို႔ ေျပးသြားသည္။
က်င္းလန္ႏွင့္ က်င္းေခ်ာင္တို႔လည္း ထိတ္လန္႔သြားၾကသည္။
“သခင္မေလး ဘာျဖစ္လို႔လဲ။ မတည့္တဲ့ အစားအစာ စားခဲ့မိလို႔လား”
သူမ ပြဲအခမ္းအနားတုန္းက သိပ္မစားခဲ့တာေၾကာင့္ အခုခ်ိန္မွာ ဘာမွ အန္မထုတ္ႏိုင္ေပမယ့္ ရင္ထဲေအာ္ဂလီဆန္ေနသည္။ တစ္ခဏၾကာၿပီးေနာက္ သူမက မတ္တပ္ထရပ္ကာ က်င္းလင္တံတားဆီ လမ္းေလွ်ာက္သြားသည္။
“သခင္မေလး”
“ငါ ခဏေလာက္ လမ္းေလွ်ာက္ခ်င္တယ္။ မင္းတို႔ေတြ ေအာက္မွာ ေစာင့္ေနၾက”
“…ဟုတ္ကဲ့ ဒါဆို သခင္မေလး ဂ႐ုစိုက္ပါ”
ညမိုးခ်ဳပ္ေနၿပီ ျဖစ္ေသာေၾကာင့္ အနီေရာင္ျမဴခိုးေတြသည္ လုံးဝေပ်ာက္ကြယ္ မသြားေသးဘဲ ျမစ္ေရျပင္တြင္ ေရာင္ျပန္ဟပ္ေနသည္။ ေတာက္ပေနတဲ့ အနီေရာင္အလင္းက မွတ္ဉာဏ္ထဲကအတိုင္း သူမတစ္ကိုယ္လုံး ေသြးေတြ လႊမ္းေနပုံေပၚေစသည္။
စုမိသားစုအေၾကာင္း ေတြးမိတဲ့အခါ သူမႏွလုံးသားထဲက အမုန္းတရားေတြကို ထိန္းခ်ဳပ္ရခက္လာသည္။ သူမတစ္ဘဝလုံးစိုးမိုးေနခဲ့သည့္ အိပ္မက္ဆိုးက သူမကို စိတ္ၿငိမ္ေအာင္ လုံးဝ လုပ္လို႔မရေအာင္ ျဖစ္ေစသည္။
မုယြမ္ေယာင္က မ်က္လုံးေတြ မွိတ္ထားၿပီး လက္သီးကို က်စ္က်စ္ဆုပ္ထားသည္။ သူမလက္ဖဝါးေပၚက ဒဏ္ရာသည္ ေပါက္ၿပဲသြားၿပီး သူမလက္သည္လည္း ခ်က္ခ်င္း ေသြးေတြ အိုင္လာသည္။ သူမအေမသာ ဒီအေျခအေနကို ေတြ႕ရင္ အလြန္တရာ စိုးရိမ္ပူပန္လိမ့္မည္။ ဒါေၾကာင့္ သူမ ႀကိဳးစားၿပီး ပုံစံျပင္မွျဖစ္မည္။
မုယြမ္ေယာင္က စုမိသားစုအေၾကာင္း စဥ္းစားဖို႔ သူမကိုသူမ တြန္းအားေပးလိုက္သည္။ သူမ ထပ္ခါထပ္ခါ ေတြးၿပီး သူမရဲ႕ ေၾကာက္႐ြံ႕ဖြယ္ မွတ္ဉာဏ္ေတြအကုန္လုံးကို ျပန္အစေဖာ္ၿပီး နာက်င္မႈမွာသာယာေနသူလို ထပ္တလဲလဲ ျပန္ေတြးသည္။
သူမလက္ဖဝါးရဲ႕နာက်င္မႈက ႏွလုံးသားထဲက နာက်င္မႈကို လႊမ္းမိုးသြားတဲ့အခါ စုခ်င္းဝူေရာက္႐ွိလာမႈေၾကာင့္ ထိုးေဖာက္ခံလိုက္ရတဲ့ သူမႏွလုံးသားသည္ တျဖည္းျဖည္း သံမဏိအလႊာတစ္ထပ္ စတင္ဖုံးလႊမ္းသြားၿပီး ေသြးတစ္စက္စက္က်ေနတဲ့ အတြင္းဒဏ္ရာေတြကို ကာဆီးလိုက္သည္။
အခ်ိန္ေတာ္ေတာ္ေလး ၾကာၿပီးေနာက္ မုယြမ္ေယာင္က မ်က္လုံးေတြကို ဖြင့္လိုက္သည္။ ေကာင္းကင္ယံသည္ ေမွာင္မိုက္ေနၿပီး တိမ္ေတြသည္ အစအနမျမင္ရတဲ့အထိ လြင့္ျပယ္သြားၾကၿပီ ျဖစ္သည္။ သူမက ႏႈတ္ခမ္းေထာင့္စြန္းတစ္ဖက္ကို အသာပင့္လ်က္ အျပဳံးက ပို၍ပင္ ၿပီးျပည့္စုံ ခ်ိဳၿမိန္ေနသည္။
သူမ စုမိသားစုကို မုန္းတီး႐ုံမက သူတို႔ကို ေၾကာက္လန္႔ေနတယ္ဆိုတာကို စုခ်င္းဝူရဲ႕ ႐ုတ္တရက္ ေရာက္လာမႈေၾကာင့္သာ မဟုတ္ရင္ သူမ သိမွာ မဟုတ္ေပ။ ဒါလည္း ေကာင္းပါတယ္ သူမရဲ႕ အေၾကာက္တရားေတြကို သတိထားမိခဲ့တာေၾကာင့္ တျဖည္းျဖည္းခ်င္း လြန္ဆန္ႏိုင္လိမ့္မည္။
“စုခ်င္းဝူ၊ စုခ်င္းဝူ… ပုစဥ္းရင္ကြဲေတြက ျမက္ခင္းျပင္စိမ္းေတြကို ႀကိဳက္ၿပီး ဖီးနစ္ငွက္က သစ္ပင္ျမင့္ကို ႀကိဳက္တယ္။ သူ႕ရည္မွန္းခ်က္ေတြက တကယ္ပဲ ျမင့္မားလြန္းတယ္…”
“မိန္းကေလးမုက က်ဳပ္နာမည္ရဲ႕ မူရင္းအဓိပၸာယ္ကို သိလိမ့္မယ္လို႔ ထင္မထားခဲ့ဘူး”
ရယ္ေမာမႈစြက္ေနသည့္ အသံတစ္ခုက ႐ုတ္တရက္ ေပၚထြက္လာသည္။
မုယြမ္ေယာင္ ခ်က္ခ်င္း ေခါင္းလွည့္ၾကည့္ရာ စုခ်င္းဝူက အျပဳံးတစ္ခုနဲ႔ တံတားတစ္ဖက္ျခမ္းကေန တျဖည္းျဖည္း ေလွ်ာက္လာေနတာကို ေတြ႕လိုက္ရသည္။ သူ႕အသံက ေရလို ႏူးညံ့ၿပီး ေက်ာက္စိမ္းလို ေႏြးေထြးေန၏။
စုခ်င္းဝူကလည္း မုယြမ္ေယာင္ကို ၾကည့္ေနသည္။ မုယြမ္ေယာင္ ရထားလုံးေပၚက ဆင္းလာကတည္းက သူ ထိုေနရာမွာ အခ်ိန္အေတာ္ၾကာ ရပ္ေနခဲ့ျခင္း ျဖစ္သည္။ သူ လမ္းတစ္ဖက္မွာရပ္ၿပီး သူမကို ၾကည့္ေနခဲ့သည္။
သူ႕ညီမ ဆယ့္သုံးႏွစ္အ႐ြယ္တုန္းက အခ်ိန္ေတြကို ျပန္သတိရမိသြားသည္။ သူမက သူ႕ဆီ တစ္ေနကုန္လာၿပီး မယ္ေတာ္သင္ၾကားတဲ့ စည္းမ်ဥ္းေတြ တင္းၾကပ္တဲ့အေၾကာင္း ညည္းညဴေနေပမယ့္ အခ်ိန္တိုင္း အလြန္ေပ်ာ္႐ႊင္ၿပီး ပူပင္ေၾကာင့္ၾကမဲ့လွသည္။ သူ႕ေ႐ွ႕က မိန္းမငယ္ေလးကေတာ့ တစ္ခုခုကို ခ်ဳပ္တည္းဖို႔ ႀကိဳးစားေနပုံ ရသည္။ ထိုခံစားခ်က္က ျပင္းထန္လြန္းလွ၏။ သူမကို ၾကည့္ၿပီး သူ႕ရင္ဘတ္ထဲ တင္းၾကပ္လာတာေၾကာင့္ စူးစမ္းခ်င္လာသည္။
ဒီလိုခံစားခ်က္မ်ိဳးက ႐ုတ္ခ်ည္းဆန္စြာ ေရာက္႐ွိလာျခင္းျဖစ္သည္။ တစ္ခဏၾကာၿပီးေနာက္ သူ ခ်ဳပ္တည္းကာ ထိုမိန္းကေလးက သူနဲ႔ ဘာဆက္စပ္မႈမွ မ႐ွိဘူးဆိုတာ သူ႕ကိုယ့္သူ သတိေပးလိုက္သည္။ အေလးထားစရာမလိုတဲ့ သူတစ္ေယာက္အေပၚ အခ်ိန္ျဖဳန္းဖို႔ မလိုေပ။ သို႔ေသာ္ သူမက သူ႕နာမည္ကို ထုတ္ေျပာလာတာ ၾကားလိုက္ရသည္။ သူမက ပုစဥ္းရင္ကြဲက ျမက္ခင္းျပင္စိမ္းကို ႏွစ္သက္ၿပီး ဖီးနစ္ငွက္က သစ္ပင္ျမင့္ကို သေဘာက်တယ္ဆိုၿပီးေတာ့ေတာင္ ေျပာလိုက္ေသးသည္။ သူ မေနႏိုင္ေတာ့ဘဲ တံတားေပၚ တက္လာခဲ့မိျခင္းပင္။
မုယြမ္ေယာင္က ဦးၫြတ္လိုက္သည္။
“ႏႈတ္ခြန္းဆက္ပါတယ္ စုတာ့ရန္။ ဒီမိန္းကေလး မွားယြင္းစြာ ေျပာမိပါတယ္။ ကြၽန္မရဲ႕အျပစ္ကို ေက်းဇူးျပဳၿပီး ခြင့္လႊတ္ပါ”
စုခ်င္းဝူက သူမကို ၾကည့္ၿပီး မ်က္ခုံးေတြ ထပ္မံ တြန္႔က်ိဳးသြားသည္။ သူေ႐ွ႕က မိန္းကေလးသည္ ႏူးညံ့တဲ့ အေငြ႕အသက္႐ွိၿပီး သူမႏႈတ္ခမ္းတြင္ အျပဳံးရိပ္ကေလးတစ္ခု ႐ွိေနသည္။ သူမက သူျမင္ဖူးတဲ့ အျခားမိန္းကေလးေတြနဲ႔ ကြာျခားမႈမ႐ွိဘဲ ေစာေစာက ျဖစ္ပ်က္ခဲ့သည့္ အရာအားလုံးသည္လည္း သူ ထင္ေယာင္ထင္မွား ျဖစ္ေနခဲ့သည့္အတိုင္းပင္…
“မိန္းကေလးမု ဘာမွားယြင္းတာမွ မေျပာခဲ့ပါဘူး။ အျပစ္ဆိုတာ ဘာမ်ားလဲ။ က်ဳပ္နာမည္ကလည္း တကယ္ အဲ့ဒီကဗ်ာႏွစ္ခုက လာတာပါ”
“တာ့ရန္ရဲ႕ သေဘာထားႀကီးမႈအတြက္ ေက်းဇူးတင္ပါတယ္။ ေနာက္က်ေနၿပီ ျဖစ္တာေၾကာင့္ ကြၽန္မ အိမ္ျပန္သင့္ၿပီ၊ ႏႈတ္ဆက္ပါတယ္”
“မိန္းကေလးမုရဲ႕ လက္ဖဝါးေပၚက ဒဏ္ရာ ဘယ္အခ်ိန္မွ ျပန္လည္ ေပ်ာက္ကင္းမွာလဲ”
စုခ်င္းဝူက အျပဳံးႏွင့္ ေမးလာသည္။
"ကြၽန္မက ဒဏ္ရာရတိုင္း ေပ်ာက္ကင္းတာ ေႏွးတတ္ပါတယ္။ အခုခ်ိန္မွာ ရာသီဉတုပူျပင္းတာက တစ္ေၾကာင္းဆိုေတာ့ ေပ်ာက္ကင္းဖို႔ အနည္းဆုံး လဝက္ေလာက္ ၾကာပါလိမ့္မယ္”
ေနာက္လတြင္ စုခ်င္းဝူ၏အဘြားေမြးေန႔႐ွိသည္။ ထိုအခ်ိန္သည္ သူမလက္က ဒဏ္ရာ အ႐ွင္းေပ်ာက္ကင္းဖို႔ အခ်ိန္ မလုံေလာက္ေပ။ ဒါ့အျပင္ သူမ ထိုဒဏ္ရာကို ယခုထက္ ပိုဆိုးေစခ်င္သည္။
နည္းလမ္းေတြလည္း အမ်ားႀကီး ႐ွိသည္။
သိပ္ေသခ်ာတာေပါ့ စုခ်င္းဝူမ်က္ႏွာေပၚတြင္ စိတ္ပ်က္မႈ အရိပ္အေယာင္ ျဖတ္ေျပးသြားသည္
“ႏွေျမာစရာပဲ၊ ငါ ႏွစ္ဖက္လွ လက္ပန္းထိုးပန္းခ်ီကားတစ္ခ်ပ္ကို တစ္ခါ ေတြ႕ဖူးတယ္။ လက္ပန္းထိုးလက္ရာက ေကာင္းကင္ဘုံက ဖန္တီးထားတဲ့အတိုင္း အံ့ခ်ီးဖြယ္ေကာင္းလြန္းပါတယ္”
မုယြမ္ေယာင္၏ အမူအရာက ပုံမွန္အတိုင္းျဖစ္သည္။
“ဒါဆို စုတာ့ရန္ အဲ့ဒီပန္းခ်ီကားကို လက္ပန္းထိုးခဲ့တဲ့သူကို ႐ွာၿပီး အကူအညီ ယူလို႔ရတာေပါ့။ ႐ွင့္ရဲ႕အဘြား ပိုၿပီးေတာ့ေတာင္ ေပ်ာ္႐ႊင္သြားလိမ့္မယ္လို႔ ကြၽန္မ ထင္တယ္”
“လူေတာ္ေတာ္မ်ားမ်ား အဲ့ဒီလက္ပန္းထိုးသူကို ႐ွာေနၾကေပမယ့္ ကံမေကာင္းစြာနဲ႔ သူတို႔ေတြ အဲ့ဒီလူကို မ႐ွာႏိုင္ၾကေသးဘူး”
“အဲ့တာ ကံတရားေၾကာင့္ ျဖစ္ပါလိမ့္မယ္။ ေနာက္က်ေနပါၿပီ ကြၽန္မအေမက အိမ္ကေန ေစာင့္ေမွ်ာ္ေနတာေၾကာင့္ ဒီနိမ့္က်တဲ့အရပ္သား ျပန္ပါေတာ့မယ္”
မုယြမ္ေယာင္က ေျပာၿပီးေနာက္ ခ်က္ခ်င္းပဲ လွည့္ထြက္ကာ တံတားေပၚက ဆင္းလာခဲ့သည္။
စုခ်င္းဝူက လက္ေခ်ာင္းကို လႈပ္႐ွားရင္း မုယြမ္ေယာင္ရဲ႕ ထြက္ခြာသြားတဲ့ ေနာက္ေက်ာကို ၾကည့္ေနခဲ့သည္။ သူမက ေနာက္ထပ္ တစ္ခြန္းမေျပာဘဲ အလ်င္စလို ထြက္ခြာသြားပုံက သူ႕ကို ေၾကာက္႐ြံ႕ ေနသည့္အတိုင္းပင္။ လူအမ်ားက သူ႕ကို ေငးေမာၾကည့္ေလ့႐ွိတာေၾကာင့္ ႐ုတ္တရက္ သေဘာမက်ျဖစ္ေနတဲ့သူေတြ႕လိုက္ရေတာ့ အသစ္တစ္ခုလို ခံစားရသည္။
မုယြမ္ေယာင္ တံတားေပၚက ဆင္းလာေတာ့ က်င္းလန္ႏွင့္ က်င္းေခ်ာင္တို႔ အျမန္လာေရာက္ၾကသည္။
သူမမ်က္ႏွာ ပုံမွန္ ျပန္ျဖစ္သြားတာျမင္မွ စိတ္ေအးသြားရၿပီး သက္ျပင္းခ်လိုက္ၾကသည္။
“သခင္မေလး အဆင္ေျပရဲ႕လား”