Chapter 116 : အံ့ချီးဖွယ်သမားတော်တစ်ဦးကို ရှာဖွေခြင်း
ကျင်းယွင်ကျောင်း၏ နေရာလွတ်နယ်မြေသည် မရေမတွက်နိုင်သော အခေါက်အချိုးများကြောင့် ဤကွင်းပြင်ထက် ပို၍ ကျယ်ဝန်းသည်။ ၎င်းက သူမ ကိုယ်ခံပညာလေ့ကျင့်ရန်အတွက်သာ ဖြစ်သည်ဟု ပြောနိုင်သော်လည်း ပို၍ အရေးကြီးသည်မှာ ၎င်းသည် သူမ၏ အသက်ရှုစွမ်းရည်နှင့် ကိုယ်ကာယလေ့ကျင့်ရန် ဖြစ်၏။
နေ့စဥ်နေ့တိုင်း သူမသည် သူမ၏ နေရာလွတ်နယ်မြေကို အချိန်အတိုင်းအတာတစ်ခု ကြာအောင် ပတ်ပြေးလေ့ရှိသည်။ ကျင့်ကြံခြင်းလမ်းညွှန်ထဲမှ အသက်ရှုနည်းလမ်းများနှင့် ပေါင်းစပ်လိုက်ပါက ယခုအချိန်တွင် သူမသည် ချွေးတစ်စက်မှ မထွက်ဘဲ ဆယ်ပတ်ခန့်ပြေးနိုင်ပြီဖြစ်၍ ဤငါးပတ်မှာ အေးအေးဆေးဆေးပင်။
"ငါ ဘီခန်းက တစ်ယောက်ပြောတာကို ကြားလာတာ၊ ကျင်းယွင်ကျောင်းမှာ ကိုယ်ဝန်ရှိနေတယ်ဆိုတဲ့ ကောလဟာလကလည်း ချောင်ဟုန်ယဲ့က လုပ်ဇာတ်ခင်းတာပဲတဲ့"
ပြေးနေသော်လည်း ကျင်းယွင်ကျောင်း၏ နားတစ်ဖက်က အတင်းအဖျင်းများကို နားစွင့်ထားသဖြင့် အခြားသူများပြောနေကြသည်ကို ကြားနိုင်၏။
"ဖြစ်နိုင်လို့လား"
"အမှန်ပဲ ဟဲ့။ ချောင်ဟုန်ယဲ့က ကန်ကျင်းချန်နဲ့ ကျင်းယွင်ကျောင်းက ကျောင်းကို တူတူရောက်လာတာကို မြင်လိုက်တယ်ဆိုတဲ့ အချိန်ကတည်းက ငါ့သူငယ်ချင်းက သံသယဖြစ်နေတာ။ အခြားသူတွေလည်း အခြေအနေကို မသိကြပါဘဲနဲ့ အဲဒါက ရုတ်တရက်ကြီး အမှန်တရား ဖြစ်လာတာလေ"
ထိုမိန်းကလေးက ကာကွယ်ပြောဆိုလိုက်သည်။
ဘီခန်းသည် အေခန်း၏ နောက်တွင် ကွင်းတစ်ပတ်စာနီးပါး နောက်ကျကျန်ခဲ့သောကြောင့် သူတို့သည် လက်ရှိအချိန်တွင် အေခန်း၏ နောက်ကပ်ရက်မှ လိုက်ပါနေရဆဲပင်။ ဤစကားဝိုင်းအား ချောင်ဟုန်ယဲ့သည်လည်း ကြားလိုက်ရ၏။
သူမသည် အံကြိတ်လိုက်ပြီး နှလုံးသားက အေးစက်သွားသော်လည်း သည်းခံနေရုံသာ တတ်နိုင်သည်။
ချောင်ဟုန်ယဲ့သည် ကျင်းယွင်ကျောင်းအား အနောက်မှ မဆုတ်မနစ် စိုက်ကြည့်နေ၏။ သူမ၏ခြေလှမ်းများက နှေးကျသွားပြီး ပို၍ လေးလံလာသော်လည်း ကျင်းယွင်ကျောင်းကတော့ နှေးမသွားသေးဘဲ သက်တောင့်သက်သာ အရှိန်နှင့်ပင် ရှေ့သို့ ဆက်ပြေးနေသည်။ သူမသည် နားနားနေနေ လမ်းလျှောက်နေသည့်အလား လုံးဝမပင်ပန်းပေ။ ဤသည်က ချောင်ဟုန်ယဲ့အား ရုတ်တရက် ဂုဏ်ငယ်သွားစေ၏။
အပတ်ရေ အနည်းငယ်မျှ ပတ်ပြီးနောက်တွင် ချောင်ဟုန်ယဲ့၏ ခြေထောက်များသည် သူမ အပိုင်မဟုတ်တော့သလိုပင် ခံစားလာရသည်။ သို့သော် အခြားကျောင်းသားများက သူမအား အလွတ်မပေးသေး။ ထို့နောက်တွင်လည်း သူတို့သည် သူမအား လှုပ်ရှားမှုများတွင် ပါဝင်ရန် ဆက်၍ ဖိအားပေးနေ၏။ ဆက်တိုက်လှုံ့ဆော်မှုများသည် သူမအား ဦးခေါင်းက မီးထတောက်တော့မည့်အလား ရှုပ်ထွေးနောက်ကျိစွာ ခံစားရစေသည်။
တစ်ချိန်တည်းမှာပင် ကားတစ်စီးက ကွင်းပြင်၏ အပြင်ဘက်၌ ဆိုက်ရောက်လာ၏။ ကားထဲရှိ ပုံရိပ်က ကွင်းပြင်ပေါ်ရှိ ပုံရိပ်လေးအား စိုက်ကြည့်နေပြီး သူတို့၏ မျက်နှာတွင် စိတ်ရှုပ်နေသောအမူအယာများက မြင်သာနေသည်။
"ဒါက ဘာလဲ၊ သခင်လေးလီရဲ့။ မင်း ဒီအုပ်စုထဲက ကျောင်းသူတစ်ယောက်ကို ကြွေနေတာတော့ မဟုတ်ဘူးမလား"
အမျိုးသား၏ ဘေး၌ ထိုင်နေသော အဖော်က စနောက်လိုက်၏။
အသံပိုင်ရှင်က ကွင်းပြင်ဘက်သို့လည်း မျက်စိကစားလိုက်ပြီး သက်ပြင်းချလိုက်သည်။ ကျောင်းသားတစ်ယောက် ဖြစ်ရခြင်းက ကောင်းလွန်းလှသည်။ အကွာအဝေးတစ်ခုမှပင် ငယ်ရွယ်နုပျိုသောလေထုကို သူ ခံစားနိုင်၏။
"ငါတို့ ဒီကိုလာတယ်ဆိုမှတော့ ငါ တစ်ယောက်ယောက်ကို ရှာချင်လို့ပေါ့"
သခင်လေးလီ၏ နှုတ်ခမ်းထောင့်စွန်းလေးများက ကွေးညွတ်သွားပြီး ဒရိုင်ဘာအား ကျောင်းပေါက်ဝသို့ မောင်းရန် ပြောလိုက်သည်။ သူက ကွင်းပြင်ဘက်သို့ အေးအေးဆေးဆေးပင် ကြည့်နေပြီး စိတ်ရှည်စွာ စောင့်ဆိုင်းနေ၏။
"လူတစ်ယောက်ကို ရှာတာလား။ မင်းတို့မိသားစုက တစ်ယောက်ယောက်က ဒီကျောင်းမှာ လာတက်နေတာတော့ မဖြစ်နိုင်လောက်ပါဘူး"
သူ၏ အဖော်ဖြစ်သူ တုလင်းက ဆွံအနေပြီး အံအားသင့်စွာ မေးလိုက်သည်။
လီမိသားစု၏ ဘိုးဘေးအိမ်တော်သည် ဟွားနင်ခရိုင်တွင် ရှိသော်လည်း လီရှောက်ယွင်သည် တစ်နှစ်လျှင် တစ်ကြိမ် ခဏသာ ပြန်လာနိုင်၏။ ထို့ကြောင့် ဤနေရာတွင် သူငယ်ချင်းအများကြီး မရှိပေ။ လီရှောက်ယွင် အမှန်တကယ် ရင်းနှီးသည့်သူမှာ သူတစ်ယောက်တည်း ရှိသည်ပင် ဖြစ်ကောင်းဖြစ်နိုင်သည်။ တကယ်တမ်း ဤသခင်လေးလီ၏ စရိုက်သည် သူ့အား လူရှုပ်လူပွေဟု ထင်ရစေသော်လည်း လက်တွေ့၌ သူကိုယ်တိုင်သည် တဏှာရာဂတွင် မမွေ့လျော်တတ်သူ ဖြစ်၏။ သူ၏ စိတ်ရှည်သည်းခံမှုသည်လည်း နှမ်းစေ့တစ်စေ့ သို့မဟုတ် ထို့ထက် သေးသော အရာနှင့်ပင် နှိုင်းယှဥ်နိုင်သည်။ သူ ဤကဲ့သို့ တစ်စုံတစ်ယောက်အား အလွန်စိတ်ရှည်စွာ စောင့်ဆိုင်းနေသည်ကို မည်သူမှ မမြင်ဖူးချေ။
"ဦးလေးက အခုတလော နေထိုင်မကောင်းဖြစ်နေတယ် မဟုတ်လား။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ငါကိုယ်တိုင် အံ့သြစရာကောင်းတဲ့ သမားတော်လေးတစ်ယောက်နဲ့ တွေ့ဆုံဖို့ စီစဥ်ထားတယ်။ သူ့ကို ခေါ်သွားပြီး ဦးလေးကို တစ်ခါလောက် ကြည့်ခိုင်းကြတာပေါ့"
လီရှောက်ယွင်က ဆင်ခြေတစ်ခုရှာလိုက်၏။
တုလင်း၏ အမူအယာက တောင့်တင်းသွားသည်။
"သခင်လေးလီ၊ မင်း အခု ငါ့ကို နောက်နေတာလား။ ငါ့အဖေက သွားကိုက်ရုံလေးပဲလေ"
"သွားကိုက်တဲ့ နာကျင်မှုက လူတစ်ယောက်ကို သူတို့ရဲ့ဘဝကို အဆုံးသတ်သွားချင်တဲ့အထိ မနာကျင်စေနိုင်ဘူးလို့ မပြောလို့မရဘူး မဟုတ်လား။ ငါ့ရဲ့တာဝန်က စိုးရိမ်ပေးဖို့ပဲ"
လီရှောက်ယွင်က အရှက်မရှိပြောလိုက်၏။
တုလင်းအဖို့ ပြောစရာစကားပင် မရှိတော့ချေ။
သူ၏ စကားလုံးများက မမှားသော်လည်း သူ၏ ဖခင်သည် လီရှောက်ယွင်နှင့် သုံးကြိမ်သာ တွေ့ဖူးသည်။ သူတို့က ရင်းနှီးသော ဆက်ဆံရေးဟုပင် ယူဆ၍ မရ။ ထို့အပြင် အံ့ချီးဖွယ်ကောင်းသော သမားတော်များအကြောင်းကို ပြောလျှင် သူတို့အား ကမ္ဘာပေါ်မှ ပုန်းကွယ်နေသော တောနက်ကြီးများ၊ တောင်တန်းများနှင့် အချို့သော ဆေးခန်းငယ်လေးများ၌ ရှာဖွေသင့်သည် မဟုတ်လား။ သို့သော် ယခု သူတို့သည် ကျောင်း၌ ရောက်နေ၏။ တက္ကသိုလ်သာဆိုပါက ဖြည့်တွေးပေးနိုင်သော်လည်း ဤသည်က အထက်တန်းကျောင်းတစ်ကျောင်းသာ ဖြစ်သည်လေ။
တုလင်း၏ သိချင်စိတ်သည် ရုတ်ချည်းပင် မြင့်တက်သွား၏။ သူက လီရှောက်ယွင်၏ အကြည့်များ နောက်ကိုလိုက်ကြည့်ရင်း ကျောင်းသားများထဲမှ အံ့ချီးဖွယ်သမားတော်အား ရွေးထုတ်ရန် ကြိုးစားလိုက်သည်။ သို့သော် ခဏကြာသည့်တိုင်အောင် အံ့ချီးဖွယ် သမားတော်တစ်ယောက်၏ ပြိုင်စံရှား သွင်ပြင်လက္ခဏာများ ရှိသောသူကို မမြင်သေး။ သူတို့သည် အရွယ်ရောက်သူများဟုပင် မယူဆနိုင်ချေ။
နောက်ထပ် ဆယ်မိနစ်၊ ဆယ့်ငါးမိနစ်ခန့်ကြာပြီးနောက် အတန်းပြီးဆုံးသည့် ခေါင်းလောင်းသံ မြည်လာ၏။ နောက်ဆုံးအကြိမ် ကျောင်းဆင်းခေါင်းလောင်းသံလည်း ဖြစ်သည်။
လီရှောက်ယွင်၏ ကားသည် တန်ဖိုးကြီး ဇိမ်ခံကားဖြစ်သော်လည်း မသိသာပေ။ ကျောင်းသားများသည် ၎င်းကားကို သတိမထားမိကြသော်လည်း လီရှောက်ယွင်က ကားတံခါးဖွင့်၍ အပြင်ဘက်၌ ရပ်စောင့်လိုက်သောအခါ သူ၏ ချောမောသော ရုပ်ရည်သွင်ပြင်က ကျောင်းသားများစွာ၏ အကြည့်များကို ဖမ်းစားလိုက်နိုင်လေတော့သည်။
Zawgyi
Chapter 116 : အံ့ခ်ီးဖြယ္သမားေတာ္တစ္ဦးကို ရွာေဖြျခင္း
က်င္းယြင္ေက်ာင္း၏ ေနရာလြတ္နယ္ေျမသည္ မေရမတြက္နိုင္ေသာ အေခါက္အခ်ိဳးမ်ားေၾကာင့္ ဤကြင္းျပင္ထက္ ပို၍ က်ယ္ဝန္းသည္။ ၎က သူမ ကိုယ္ခံပညာေလ့က်င့္ရန္အတြက္သာ ျဖစ္သည္ဟု ေျပာနိုင္ေသာ္လည္း ပို၍ အေရးႀကီးသည္မွာ ၎သည္ သူမ၏ အသက္ရႈစြမ္းရည္ႏွင့္ ကိုယ္ကာယေလ့က်င့္ရန္ ျဖစ္၏။
ေန႕စဥ္ေန႕တိုင္း သူမသည္ သူမ၏ ေနရာလြတ္နယ္ေျမကို အခ်ိန္အတိုင္းအတာတစ္ခု ၾကာေအာင္ ပတ္ေျပးေလ့ရွိသည္။ က်င့္ႀကံျခင္းလမ္းၫႊန္ထဲမွ အသက္ရႈနည္းလမ္းမ်ားႏွင့္ ေပါင္းစပ္လိုက္ပါက ယခုအခ်ိန္တြင္ သူမသည္ ေခြၽးတစ္စက္မွ မထြက္ဘဲ ဆယ္ပတ္ခန့္ေျပးနိုင္ၿပီျဖစ္၍ ဤငါးပတ္မွာ ေအးေအးေဆးေဆးပင္။
"ငါ ဘီခန္းက တစ္ေယာက္ေျပာတာကို ၾကားလာတာ၊ က်င္းယြင္ေက်ာင္းမွာ ကိုယ္ဝန္ရွိေနတယ္ဆိုတဲ့ ေကာလဟာလကလည္း ေခ်ာင္ဟုန္ယဲ့က လုပ္ဇာတ္ခင္းတာပဲတဲ့"
ေျပးေနေသာ္လည္း က်င္းယြင္ေက်ာင္း၏ နားတစ္ဖက္က အတင္းအဖ်င္းမ်ားကို နားစြင့္ထားသျဖင့္ အျခားသူမ်ားေျပာေနၾကသည္ကို ၾကားနိုင္၏။
"ျဖစ္နိုင္လို႔လား"
"အမွန္ပဲ ဟဲ့။ ေခ်ာင္ဟုန္ယဲ့က ကန္က်င္းခ်န္နဲ႕ က်င္းယြင္ေက်ာင္းက ေက်ာင္းကို တူတူေရာက္လာတာကို ျမင္လိုက္တယ္ဆိုတဲ့ အခ်ိန္ကတည္းက ငါ့သူငယ္ခ်င္းက သံသယျဖစ္ေနတာ။ အျခားသူေတြလည္း အေျခအေနကို မသိၾကပါဘဲနဲ႕ အဲဒါက ႐ုတ္တရက္ႀကီး အမွန္တရား ျဖစ္လာတာေလ"
ထိုမိန္းကေလးက ကာကြယ္ေျပာဆိုလိုက္သည္။
ဘီခန္းသည္ ေအခန္း၏ ေနာက္တြင္ ကြင္းတစ္ပတ္စာနီးပါး ေနာက္က်က်န္ခဲ့ေသာေၾကာင့္ သူတို႔သည္ လက္ရွိအခ်ိန္တြင္ ေအခန္း၏ ေနာက္ကပ္ရက္မွ လိုက္ပါေနရဆဲပင္။ ဤစကားဝိုင္းအား ေခ်ာင္ဟုန္ယဲ့သည္လည္း ၾကားလိုက္ရ၏။
သူမသည္ အံႀကိတ္လိုက္ၿပီး ႏွလုံးသားက ေအးစက္သြားေသာ္လည္း သည္းခံေန႐ုံသာ တတ္နိုင္သည္။
ေခ်ာင္ဟုန္ယဲ့သည္ က်င္းယြင္ေက်ာင္းအား အေနာက္မွ မဆုတ္မနစ္ စိုက္ၾကည့္ေန၏။ သူမ၏ေျခလွမ္းမ်ားက ေႏွးက်သြားၿပီး ပို၍ ေလးလံလာေသာ္လည္း က်င္းယြင္ေက်ာင္းကေတာ့ ေႏွးမသြားေသးဘဲ သက္ေတာင့္သက္သာ အရွိန္ႏွင့္ပင္ ေရွ႕သို႔ ဆက္ေျပးေနသည္။ သူမသည္ နားနားေနေန လမ္းေလွ်ာက္ေနသည့္အလား လုံးဝမပင္ပန္းေပ။ ဤသည္က ေခ်ာင္ဟုန္ယဲ့အား ႐ုတ္တရက္ ဂုဏ္ငယ္သြားေစ၏။
အပတ္ေရ အနည္းငယ္မွ် ပတ္ၿပီးေနာက္တြင္ ေခ်ာင္ဟုန္ယဲ့၏ ေျခေထာက္မ်ားသည္ သူမ အပိုင္မဟုတ္ေတာ့သလိုပင္ ခံစားလာရသည္။ သို႔ေသာ္ အျခားေက်ာင္းသားမ်ားက သူမအား အလြတ္မေပးေသး။ ထို႔ေနာက္တြင္လည္း သူတို႔သည္ သူမအား လႈပ္ရွားမႈမ်ားတြင္ ပါဝင္ရန္ ဆက္၍ ဖိအားေပးေန၏။ ဆက္တိုက္လႈံ႕ေဆာ္မႈမ်ားသည္ သူမအား ဦးေခါင္းက မီးထေတာက္ေတာ့မည့္အလား ရႈပ္ေထြးေနာက္က်ိစြာ ခံစားရေစသည္။
တစ္ခ်ိန္တည္းမွာပင္ ကားတစ္စီးက ကြင္းျပင္၏ အျပင္ဘက္၌ ဆိုက္ေရာက္လာ၏။ ကားထဲရွိ ပုံရိပ္က ကြင္းျပင္ေပၚရွိ ပုံရိပ္ေလးအား စိုက္ၾကည့္ေနၿပီး သူတို႔၏ မ်က္ႏွာတြင္ စိတ္ရႈပ္ေနေသာအမူအယာမ်ားက ျမင္သာေနသည္။
"ဒါက ဘာလဲ၊ သခင္ေလးလီရဲ႕။ မင္း ဒီအုပ္စုထဲက ေက်ာင္းသူတစ္ေယာက္ကို ေႂကြေနတာေတာ့ မဟုတ္ဘူးမလား"
အမ်ိဳးသား၏ ေဘး၌ ထိုင္ေနေသာ အေဖာ္က စေနာက္လိုက္၏။
အသံပိုင္ရွင္က ကြင္းျပင္ဘက္သို႔လည္း မ်က္စိကစားလိုက္ၿပီး သက္ျပင္းခ်လိဳက္သည္။ ေက်ာင္းသားတစ္ေယာက္ ျဖစ္ရျခင္းက ေကာင္းလြန္းလွသည္။ အကြာအေဝးတစ္ခုမွပင္ ငယ္႐ြယ္ႏုပ်ိဳေသာေလထုကို သူ ခံစားနိုင္၏။
"ငါတို႔ ဒီကိုလာတယ္ဆိုမွေတာ့ ငါ တစ္ေယာက္ေယာက္ကို ရွာခ်င္လို႔ေပါ့"
သခင္ေလးလီ၏ ႏႈတ္ခမ္းေထာင့္စြန္းေလးမ်ားက ေကြးၫြတ္သြားၿပီး ဒရိုင္ဘာအား ေက်ာင္းေပါက္ဝသို႔ ေမာင္းရန္ ေျပာလိုက္သည္။ သူက ကြင္းျပင္ဘက္သို႔ ေအးေအးေဆးေဆးပင္ ၾကည့္ေနၿပီး စိတ္ရွည္စြာ ေစာင့္ဆိုင္းေန၏။
"လူတစ္ေယာက္ကို ရွာတာလား။ မင္းတို႔မိသားစုက တစ္ေယာက္ေယာက္က ဒီေက်ာင္းမွာ လာတက္ေနတာေတာ့ မျဖစ္နိုင္ေလာက္ပါဘူး"
သူ၏ အေဖာ္ျဖစ္သူ တုလင္းက ဆြံအေနၿပီး အံအားသင့္စြာ ေမးလိုက္သည္။
လီမိသားစု၏ ဘိုးေဘးအိမ္ေတာ္သည္ ဟြားနင္ခရိုင္တြင္ ရွိေသာ္လည္း လီေရွာက္ယြင္သည္ တစ္ႏွစ္လွ်င္ တစ္ႀကိမ္ ခဏသာ ျပန္လာနိုင္၏။ ထို႔ေၾကာင့္ ဤေနရာတြင္ သူငယ္ခ်င္းအမ်ားႀကီး မရွိေပ။ လီေရွာက္ယြင္ အမွန္တကယ္ ရင္းႏွီးသည့္သူမွာ သူတစ္ေယာက္တည္း ရွိသည္ပင္ ျဖစ္ေကာင္းျဖစ္နိုင္သည္။ တကယ္တမ္း ဤသခင္ေလးလီ၏ စရိုက္သည္ သူ႕အား လူရႈပ္လူေပြဟု ထင္ရေစေသာ္လည္း လက္ေတြ႕၌ သူကိုယ္တိုင္သည္ တဏွာရာဂတြင္ မေမြ႕ေလ်ာ္တတ္သူ ျဖစ္၏။ သူ၏ စိတ္ရွည္သည္းခံမႈသည္လည္း ႏွမ္းေစ့တစ္ေစ့ သို႔မဟုတ္ ထို႔ထက္ ေသးေသာ အရာႏွင့္ပင္ ႏွိုင္းယွဥ္နိုင္သည္။ သူ ဤကဲ့သို႔ တစ္စုံတစ္ေယာက္အား အလြန္စိတ္ရွည္စြာ ေစာင့္ဆိုင္းေနသည္ကို မည္သူမွ မျမင္ဖူးေခ်။
"ဦးေလးက အခုတေလာ ေနထိုင္မေကာင္းျဖစ္ေနတယ္ မဟုတ္လား။ တိုက္တိုက္ဆိုင္ဆိုင္ပဲ ငါကိုယ္တိုင္ အံ့ၾသစရာေကာင္းတဲ့ သမားေတာ္ေလးတစ္ေယာက္နဲ႕ ေတြ႕ဆုံဖို႔ စီစဥ္ထားတယ္။ သူ႕ကို ေခၚသြားၿပီး ဦးေလးကို တစ္ခါေလာက္ ၾကည့္ခိုင္းၾကတာေပါ့"
လီေရွာက္ယြင္က ဆင္ေျခတစ္ခုရွာလိုက္၏။
တုလင္း၏ အမူအယာက ေတာင့္တင္းသြားသည္။
"သခင္ေလးလီ၊ မင္း အခု ငါ့ကို ေနာက္ေနတာလား။ ငါ့အေဖက သြားကိုက္႐ုံေလးပဲေလ"
"သြားကိုက္တဲ့ နာက်င္မႈက လူတစ္ေယာက္ကို သူတို႔ရဲ႕ဘဝကို အဆုံးသတ္သြားခ်င္တဲ့အထိ မနာက်င္ေစနိုင္ဘူးလို႔ မေျပာလို႔မရဘူး မဟုတ္လား။ ငါ့ရဲ႕တာဝန္က စိုးရိမ္ေပးဖို႔ပဲ"
လီေရွာက္ယြင္က အရွက္မရွိေျပာလိုက္၏။
တုလင္းအဖို႔ ေျပာစရာစကားပင္ မရွိေတာ့ေခ်။
သူ၏ စကားလုံးမ်ားက မမွားေသာ္လည္း သူ၏ ဖခင္သည္ လီေရွာက္ယြင္ႏွင့္ သုံးႀကိမ္သာ ေတြ႕ဖူးသည္။ သူတို႔က ရင္းႏွီးေသာ ဆက္ဆံေရးဟုပင္ ယူဆ၍ မရ။ ထို႔အျပင္ အံ့ခ်ီးဖြယ္ေကာင္းေသာ သမားေတာ္မ်ားအေၾကာင္းကို ေျပာလွ်င္ သူတို႔အား ကမာၻေပၚမွ ပုန္းကြယ္ေနေသာ ေတာနက္ႀကီးမ်ား၊ ေတာင္တန္းမ်ားႏွင့္ အခ်ိဳ႕ေသာ ေဆးခန္းငယ္ေလးမ်ား၌ ရွာေဖြသင့္သည္ မဟုတ္လား။ သို႔ေသာ္ ယခု သူတို႔သည္ ေက်ာင္း၌ ေရာက္ေန၏။ တကၠသိုလ္သာဆိုပါက ျဖည့္ေတြးေပးနိုင္ေသာ္လည္း ဤသည္က အထက္တန္းေက်ာင္းတစ္ေက်ာင္းသာ ျဖစ္သည္ေလ။
တုလင္း၏ သိခ်င္စိတ္သည္ ႐ုတ္ခ်ည္းပင္ ျမင့္တက္သြား၏။ သူက လီေရွာက္ယြင္၏ အၾကည့္မ်ား ေနာက္ကိုလိုက္ၾကည့္ရင္း ေက်ာင္းသားမ်ားထဲမွ အံ့ခ်ီးဖြယ္သမားေတာ္အား ေ႐ြးထုတ္ရန္ ႀကိဳးစားလိုက္သည္။ သို႔ေသာ္ ခဏၾကာသည့္တိုင္ေအာင္ အံ့ခ်ီးဖြယ္ သမားေတာ္တစ္ေယာက္၏ ၿပိဳင္စံရွား သြင္ျပင္လကၡဏာမ်ား ရွိေသာသူကို မျမင္ေသး။ သူတို႔သည္ အ႐ြယ္ေရာက္သူမ်ားဟုပင္ မယူဆနိုင္ေခ်။
ေနာက္ထပ္ ဆယ္မိနစ္၊ ဆယ့္ငါးမိနစ္ခန့္ၾကာၿပီးေနာက္ အတန္းၿပီးဆုံးသည့္ ေခါင္းေလာင္းသံ ျမည္လာ၏။ ေနာက္ဆုံးအႀကိမ္ ေက်ာင္းဆင္းေခါင္းေလာင္းသံလည္း ျဖစ္သည္။
လီေရွာက္ယြင္၏ ကားသည္ တန္ဖိုးႀကီး ဇိမ္ခံကားျဖစ္ေသာ္လည္း မသိသာေပ။ ေက်ာင္းသားမ်ားသည္ ၎ကားကို သတိမထားမိၾကေသာ္လည္း လီေရွာက္ယြင္က ကားတံခါးဖြင့္၍ အျပင္ဘက္၌ ရပ္ေစာင့္လိုက္ေသာအခါ သူ၏ ေခ်ာေမာေသာ ႐ုပ္ရည္သြင္ျပင္က ေက်ာင္းသားမ်ားစြာ၏ အၾကည့္မ်ားကို ဖမ္းစားလိုက္နိုင္ေလေတာ့သည္။