Chapter 111 : ပန်းကာကွယ်သူ
ယခုအချိန်တွင် သူတို့၏ မျက်လုံးထဲ၌ သိုးမွေးချည်သည် ဆက်ဆွဲတင်၍ မရတော့ပေ။ နှစ်ယောက်စလုံးက ချောင်ဟုန်ယဲ့သည် သူမ ကိုယ်တိုင် ထုတ်ဖော်ပြသမည့်သူမဟုတ်ကြောင်း နားလည်သဘောပေါက်သွားကြသည်။ နောက်ပိုင်း၌ ကျင်းယွင်ကျောင်းအပေါ်ထားသော သူတို့၏ ခံစားချက်များမှာလည်း အနည်းငယ် ရှုပ်ထွေးလာကြ၏။
ယခင်က သူတို့သည် ကျင်းယွင်ကျောင်းအား မကောင်းသောသူတစ်ယောက် အဖြစ် သတ်မှတ်ခဲ့ပြီး သူမအကြောင်း သွားပုပ်လေလွင့်ပြောသည့်အခါ၌ ရှက်သည်ဟူ၍ မခံစားခဲ့ရပေ။ သို့ရာတွင် ယခုအချိန်၌ သူတို့သည် အပြစ်ရှိသည်ဟု မခံစားရဘဲ မနေနိုင်တော့။
မိန်းကလေးကျောင်းသူ နှစ်ယောက်၊ သုံးယောက်လည်း ချောင်ဟုန်ယဲ့၏ ဓါတ်ပုံများကို မြင်တွေ့ခဲ့ပြီး ကျန်းဟောင်၊ တုန်းယီ တို့နှင့် ယှဥ်ပါက သူတို့သည် စိတ်ဓါတ်ကျသည်ထက် လှည့်စား၍ သစ္စာဖောက်ခံရသည်ဟု ပို၍ ခံစားနေရသည်။
မိန်းကလေးများ အနေနှင့် သူတို့သည် ချောင်ဟုန်ယဲ့အား နှစ်သက်ကြ၏။ အဘယ်ကြောင့်ဆိုသော် သူမ၏ ကြင်နာတတ်၍ သန့်စင်သောပုံစံကြောင့်ဖြစ်သည်။ သို့ရာတွင် ယနေ့၌ လူများစွာက သူမ၏ ပုံစံအစစ်အမှန်ကို ပြစ်တင်ပြောဆိုနေကြလေပြီ၊ သူမသည် သိုးရေခြုံထားသော ဝံပုလွေတစ်ကောင်ပင်။ ၎င်းက သူတို့၏ နှလုံးသားထဲရှိ ရှုပ်ထွေးသော ခံစားချက်များကို မြင့်တက်လာစေသည်။ ယခုအချိန်တွင် သူတို့သည် သူမနှင့် သူငယ်ချင်းဆက်ဆံရေးကို လုံးဝဖြတ်တောက်ရန် ဆုံးဖြတ်လိုက်ကြရုံသာမက ရွံစရာတစ်ခုအဖြစ် စတင်၍ ခပ်ခွာခွာနေလာကြ၏။
သို့ရာတွင် ချောင်ဟုန်ယဲ့၏ လွှမ်းမိုးမှုများအောက်၌ ဤမိန်းကလေးများသည် တခြားသူများအား သွားပုပ်လေလွင့်ပြောဆိုတတ်သည့် မကောင်းသောအကျင့် တိုးတက်လာခဲ့သည်။ ထို့ကြောင့် သူတို့သည် ဒေါသဖြစ်နေသဖြင့် ကျောင်းသို့ရောက်ပြီးသည်နှင့် ချက်ချင်းပင် ကိစ္စတစ်ခုလုံးကို ဖြန့်ဝေကြတော့၏။
သူတို့၏ ဤကဲ့သို့ အတင်းပြောတတ်သည့် အကျင့်စရိုက်သည် ကျင်းယွင်ကျောင်းက သူတို့အား ရွေးထုတ်ခဲ့သည့် အကြောင်းအရင်းပင်။ သူမသည် ချောင်ဟုန်ယဲ့အား ဖိအားပေးခဲ့ပြီး အကယ်၍ ချောင်ဟုန်ယဲ့၏ ပန်းကာကွယ်သူများက ဤအခြေအနေကို ရှင်းလင်းရန် ဝင်ပါလာလျှင်တောင်မှ ချောင်ဟုန်ယဲ့အတွက် သူမအကြောင်း ကောလဟာလများကို လွတ်လွတ်လပ်လပ် ဆက်ဖြန့်နေသည်ကို သက်သေပြရန် ခဲယဥ်းလိမ့်မည်။
ချောင်ဟုန်ယဲ့သည် ပုံမှန်အတိုင်း သန့်စင်၍ တက်ကြွသော ဝတ်စုံကို ဝတ်ဆင်ကာ နာခံမှုရှိသော မိန်းကလေးတစ်ယောက်၏ စံပြပုံရိပ်အတိုင်း သူမ၏ ဖြောင့်စင်းသော ဆံပင်များကို ပဝါတစ်ခုနှင့် စည်းနှောင်ကာ ကျောင်းလာသည်။
သူမ ကျောင်းသို့ စောစောရောက်သည်ကို ဘယ်တုန်းကမှ မနှစ်သက်ခဲ့၊ အကြောင်းမှာ သူမ လမ်းလျှောက်သွားသည့်အခါ၌ လူတိုင်း၏ အဓိက အာရုံစိုက်မှုတစ်ခုလာသောကြောင့် ဖြစ်သည်၊ ယနေ့လည်း ထူးမခြားနားပင်။
ကံခေစွာဖြင့် သူမ၏ လေးပင်တုံ့ဆိုင်းမှုကြောင့် သူမ၏ ဂုဏ်ကျက်သရေရှိလှသော ကိစ္စကြီးအား သူမ၏ အတန်းဖော်များ သိပြီးဖြစ်ကြောင်းကို သူမ, မသိခဲ့။
သူမ ထိုင်လိုက်သည်နှင့် မသိစိတ်အလျောက် သူမ၏ စာရေးခုံထဲသို့ လက်လှမ်းလိုက်ပြီး အတွင်းထဲမှ တစ်စုံတစ်ခုကို ဆွဲထုတ်လိုက်သည်။ သို့သော် သူမ၏ လက်သည် လေဟာနယ်ကိုသာ ထိတွေ့လိုက်ရ၏။ သူမ အနည်းငယ် စိတ်ရှုပ်သွားသည်။ မနက်ခင်းတိုင်း ကျန်းဟောင်နှင့် တုန်းယီသည် သူမ၏ စာရေးခုံထဲ၌ နွားနို့တစ်ဘူး ထည့်ထားပေးတတ်သည်။ ဘာလို့ ဒီနေ့ မရှိတာလဲ။ သူတို့ မေ့နေကြတာလား။
ချောင်ဟုန်ယဲ့က အနည်းငယ် စိတ်ပျက်သွား၏။ သို့သော် သူမက စိုးရိမ်နေသော အမူအရာဖြင့် သူမ၏ ထိုင်ခုံဖော်အား လှည့်ပြောလိုက်သည်။
"ရှင်းရှင်း၊ နောက်ကျရင် ကျန်းဟောင်နဲ့ တုန်းယီကို နေ့တိုင်း ငါ့ဆီကို နွားနို့မပို့ဖို့ ကူပြောပေးပါ့လားဟင်၊ တစ်ဘူးကို အတော်လေး စျေးကြီးတယ်လေ"
ဘေးမှ ရှင်းရှင်းက သူမအား အထင်သေးစွာ ကြည့်လိုက်၏။ ယခင်က သူမ အဘယ်ကြောင့် ချောင်ဟုန်ယဲ့၏ မျက်နှာနှစ်ဖက်ရှိသော စရိုက်ကို မမြင်နိုင်ခဲ့သနည်း။ အသေအချာပင် ထိုအရာများအား ချစ်သောမျက်စိဖြင့် ကြည့်မိသဖြင့် မမြင်နိုင်ခဲ့ဘဲ ခင်မင်မှုအတွင်း နစ်မြှုပ်နေ၍လည်း မျက်ကန်းဖြစ်နေခဲ့ရသည်။
"ဟုန်ယဲ့၊ နင် ဒီကို မရောက်ခင်ဘဲ ကျန်းဟောင်နဲ့သူ့အဖော်က သူတို့ နွားနို့ကို သူတို့ဘာသာ သောက်လိုက်ပြီလို့ ငါ့ကို ပြောတယ်။ တကယ်လို့ နင် နွားနို့သောက်ချင်ရင် နင့်ဟာနင် သွားဝယ်လေ"
သူမက မထုံတက်သေးပင် တုံ့ပြန်လိုက်၏။ ထိုသို့ ပြောနေရင်း ချောင်ဟုန်ယဲ့ သူမ၏ ပစ္စည်းများအား ထိမိခြင်းမှ ကာကွယ်ရန် တစ်ဖက်သို့ ရွေ့နေသည်။
လမ်းများပေါ်၌ ဘေးနားတွင် ယောက်ျားသားများဝိုင်းထား၍ ကျီစယ်နေသည့် အပြစ်ကင်းစင်ဟန်နှင့် ချောင်ဟုန်ယဲ့အား မြင်ယောင်ရင်း စိတ််ကူးမိလိုက်ရုံနှင့်ပင် သူမအား ရွံရှာစက်ဆုပ်မှုကို ခံစားရစေ၏။ သူမသည် ချောင်ဟုန်ယဲ့နှင့် လက်ချင်းတွဲ၍ လမ်းလျှောက်နေကျဖြစ်သည်၊ သူမ၏ ထိုချောင်ဟုန်ယဲ့နှင့် ထိမိခဲ့သော နေရာများမှ အဖုအပိမ့်များ ထွက်လာလိမ့်မည်လား ဆိုသည်ကို မည်သူ သိမည်နည်း။
ချောင်ဟုန်ယဲ့သည် နှလုံးသားထဲ၌ ထိတ်လန့်တုန်လှုပ်သွားပြီး အနည်းငယ် ဘာလုပ်ရမှန်းမသိ ဖြစ်သွား၏။
"ရှင်းရှင်း၊ နင် ဘာပြောလိုက်တာလဲ။ ငါ နင့်ကို ဒေါသထွက်အောင်များ တစ်ခုခု မတော်တဆလုပ်မိလို့လား"
သူမ၏ ထိုင်ခုံဖော်က ပါးစပ် မဟရသေးမီမှာပင် ချောင်ဟုန်ယဲ့က အလင်းပွင့်သွားသကဲ့သို့ ရုတ်တရက် ထပြောလိုက်၏။
"ငါသိပြီ၊ နင့်ရဲ့မိဘတွေ ထပ်ရန်ဖြစ်လို့လား။ ထပ်ပြီးတော့ ဝမ်းမနည်းပါနဲ့၊ အရွယ်ရောက်ပြီးသားသူတွေရဲ့ ပြဿနာတွေကို ငါတို့မထိန်းချုပ်နိုင်ဘူးလေ။ ဘာပဲပြောပြော သူတို့က အရမ်းရှုပ်ထွေးတယ်။ နင့်ရဲ့မိဘတွေ စကားများကြပြီး နောက်ပိုင်း ကွာရှင်းဖို့ ဆုံးဖြတ်လိုက်ရင်တောင် သူတို့က နင့်ကို အမြဲတမ်း ချစ်နေမှာပါ။ အခုအချိန်မှာ နင်က အပူအပင်ကင်းတဲ့ ကျောင်းသားတစ်ယောက်ဘဝကို အာရုံစိုက်ထားဖို့ဘဲ လိုတယ်"
ချောင်ဟုန်ယဲ့က မကျေမနပ်ဖြစ်နေသော်လည်း သူမ၏ ပုံမှန်အပြုအမူများနှင့် ကိုက်ညီစွာပင် စကားပြောနေသေးသည်။
"ချောင်ဟုန်ယဲ့ ..."
သူမ၏ ထိုင်ခုံဖော်က စားပွဲကို လက်ဖြင့် ရိုက်ချလိုက်ပြီး ပြောလာ၏။
"ငါ့မိဘတွေရဲ့ ဆက်ဆံရေးက နင်နဲ့ ဘာဆိုင်လို့တုန်း။ သူတို့က ရန်ဖြစ်ရုံပဲကို နင်က သူတို့ကို ရှုံ့ချနေဖို့ လိုလို့လား။ နင်က ကွာရှင်းတဲ့အထိတောင် ပြောပြီးပြီ။ သူတစ်ပါး ပျော်နေတာကို မြင်ရရင် နင် စိတ်မသက်မသာ ဖြစ်လို့ မဟုတ်လား ဟင်"
Zawgyi
Chapter 111 : ပန္းကာကြယ္သူ
ယခုအခ်ိန္တြင္ သူတို႔၏ မ်က္လုံးထဲ၌ သိုးေမြးခ်ည္သည္ ဆက္ဆြဲတင္၍ မရေတာ့ေပ။ ႏွစ္ေယာက္စလုံးက ေခ်ာင္ဟုန္ယဲ့သည္ သူမ ကိုယ္တိုင္ ထုတ္ေဖာ္ျပသမည့္သူမဟုတ္ေၾကာင္း နားလည္သေဘာေပါက္သြားၾကသည္။ ေနာက္ပိုင္း၌ က်င္းယြင္ေက်ာင္းအေပၚထားေသာ သူတို႔၏ ခံစားခ်က္မ်ားမွာလည္း အနည္းငယ္ ရႈပ္ေထြးလာၾက၏။
ယခင္က သူတို႔သည္ က်င္းယြင္ေက်ာင္းအား မေကာင္းေသာသူတစ္ေယာက္ အျဖစ္ သတ္မွတ္ခဲ့ၿပီး သူမအေၾကာင္း သြားပုပ္ေလလြင့္ေျပာသည့္အခါ၌ ရွက္သည္ဟူ၍ မခံစားခဲ့ရေပ။ သို႔ရာတြင္ ယခုအခ်ိန္၌ သူတို႔သည္ အျပစ္ရွိသည္ဟု မခံစားရဘဲ မေနနိုင္ေတာ့။
မိန္းကေလးေက်ာင္းသူ ႏွစ္ေယာက္၊ သုံးေယာက္လည္း ေခ်ာင္ဟုန္ယဲ့၏ ဓါတ္ပုံမ်ားကို ျမင္ေတြ႕ခဲ့ၿပီး က်န္းေဟာင္၊ တုန္းယီ တို႔ႏွင့္ ယွဥ္ပါက သူတို႔သည္ စိတ္ဓါတ္က်သည္ထက္ လွည့္စား၍ သစၥာေဖာက္ခံရသည္ဟု ပို၍ ခံစားေနရသည္။
မိန္းကေလးမ်ား အေနႏွင့္ သူတို႔သည္ ေခ်ာင္ဟုန္ယဲ့အား ႏွစ္သက္ၾက၏။ အဘယ္ေၾကာင့္ဆိုေသာ္ သူမ၏ ၾကင္နာတတ္၍ သန့္စင္ေသာပုံစံေၾကာင့္ျဖစ္သည္။ သို႔ရာတြင္ ယေန႕၌ လူမ်ားစြာက သူမ၏ ပုံစံအစစ္အမွန္ကို ျပစ္တင္ေျပာဆိုေနၾကေလၿပီ၊ သူမသည္ သိုးေရၿခဳံထားေသာ ဝံပုေလြတစ္ေကာင္ပင္။ ၎က သူတို႔၏ ႏွလုံးသားထဲရွိ ရႈပ္ေထြးေသာ ခံစားခ်က္မ်ားကို ျမင့္တက္လာေစသည္။ ယခုအခ်ိန္တြင္ သူတို႔သည္ သူမႏွင့္ သူငယ္ခ်င္းဆက္ဆံေရးကို လုံးဝျဖတ္ေတာက္ရန္ ဆုံးျဖတ္လိုက္ၾက႐ုံသာမက ႐ြံစရာတစ္ခုအျဖစ္ စတင္၍ ခပ္ခြာခြာေနလာၾက၏။
သို႔ရာတြင္ ေခ်ာင္ဟုန္ယဲ့၏ လႊမ္းမိုးမႈမ်ားေအာက္၌ ဤမိန္းကေလးမ်ားသည္ တျခားသူမ်ားအား သြားပုပ္ေလလြင့္ေျပာဆိုတတ္သည့္ မေကာင္းေသာအက်င့္ တိုးတက္လာခဲ့သည္။ ထို႔ေၾကာင့္ သူတို႔သည္ ေဒါသျဖစ္ေနသျဖင့္ ေက်ာင္းသို႔ေရာက္ၿပီးသည္ႏွင့္ ခ်က္ခ်င္းပင္ ကိစၥတစ္ခုလုံးကို ျဖန့္ေဝၾကေတာ့၏။
သူတို႔၏ ဤကဲ့သို႔ အတင္းေျပာတတ္သည့္ အက်င့္စရိုက္သည္ က်င္းယြင္ေက်ာင္းက သူတို႔အား ေ႐ြးထုတ္ခဲ့သည့္ အေၾကာင္းအရင္းပင္။ သူမသည္ ေခ်ာင္ဟုန္ယဲ့အား ဖိအားေပးခဲ့ၿပီး အကယ္၍ ေခ်ာင္ဟုန္ယဲ့၏ ပန္းကာကြယ္သူမ်ားက ဤအေျခအေနကို ရွင္းလင္းရန္ ဝင္ပါလာလွ်င္ေတာင္မွ ေခ်ာင္ဟုန္ယဲ့အတြက္ သူမအေၾကာင္း ေကာလဟာလမ်ားကို လြတ္လြတ္လပ္လပ္ ဆက္ျဖန့္ေနသည္ကို သက္ေသျပရန္ ခဲယဥ္းလိမ့္မည္။
ေခ်ာင္ဟုန္ယဲ့သည္ ပုံမွန္အတိုင္း သန့္စင္၍ တက္ႂကြေသာ ဝတ္စုံကို ဝတ္ဆင္ကာ နာခံမႈရွိေသာ မိန္းကေလးတစ္ေယာက္၏ စံျပပုံရိပ္အတိုင္း သူမ၏ ေျဖာင့္စင္းေသာ ဆံပင္မ်ားကို ပဝါတစ္ခုႏွင့္ စည္းေႏွာင္ကာ ေက်ာင္းလာသည္။
သူမ ေက်ာင္းသို႔ ေစာေစာေရာက္သည္ကို ဘယ္တုန္းကမွ မႏွစ္သက္ခဲ့၊ အေၾကာင္းမွာ သူမ လမ္းေလွ်ာက္သြားသည့္အခါ၌ လူတိုင္း၏ အဓိက အာ႐ုံစိုက္မႈတစ္ခုလာေသာေၾကာင့္ ျဖစ္သည္၊ ယေန႕လည္း ထူးမျခားနားပင္။
ကံေခစြာျဖင့္ သူမ၏ ေလးပင္တုံ႕ဆိုင္းမႈေၾကာင့္ သူမ၏ ဂုဏ္က်က္သေရရွိလွေသာ ကိစၥႀကီးအား သူမ၏ အတန္းေဖာ္မ်ား သိၿပီးျဖစ္ေၾကာင္းကို သူမ, မသိခဲ့။
သူမ ထိုင္လိုက္သည္ႏွင့္ မသိစိတ္အေလ်ာက္ သူမ၏ စာေရးခုံထဲသို႔ လက္လွမ္းလိုက္ၿပီး အတြင္းထဲမွ တစ္စုံတစ္ခုကို ဆြဲထုတ္လိုက္သည္။ သို႔ေသာ္ သူမ၏ လက္သည္ ေလဟာနယ္ကိုသာ ထိေတြ႕လိုက္ရ၏။ သူမ အနည္းငယ္ စိတ္ရႈပ္သြားသည္။ မနက္ခင္းတိုင္း က်န္းေဟာင္ႏွင့္ တုန္းယီသည္ သူမ၏ စာေရးခုံထဲ၌ ႏြားနို႔တစ္ဘူး ထည့္ထားေပးတတ္သည္။ ဘာလို႔ ဒီေန႕ မရွိတာလဲ။ သူတို႔ ေမ့ေနၾကတာလား။
ေခ်ာင္ဟုန္ယဲ့က အနည္းငယ္ စိတ္ပ်က္သြား၏။ သို႔ေသာ္ သူမက စိုးရိမ္ေနေသာ အမူအရာျဖင့္ သူမ၏ ထိုင္ခုံေဖာ္အား လွည့္ေျပာလိုက္သည္။
"ရွင္းရွင္း၊ ေနာက္က်ရင္ က်န္းေဟာင္နဲ႕ တုန္းယီကို ေန႕တိုင္း ငါ့ဆီကို ႏြားနို႔မပို႔ဖို႔ ကူေျပာေပးပါ့လားဟင္၊ တစ္ဘူးကို အေတာ္ေလး ေစ်းႀကီးတယ္ေလ"
ေဘးမွ ရွင္းရွင္းက သူမအား အထင္ေသးစြာ ၾကည့္လိုက္၏။ ယခင္က သူမ အဘယ္ေၾကာင့္ ေခ်ာင္ဟုန္ယဲ့၏ မ်က္ႏွာႏွစ္ဖက္ရွိေသာ စရိုက္ကို မျမင္နိုင္ခဲ့သနည္း။ အေသအခ်ာပင္ ထိုအရာမ်ားအား ခ်စ္ေသာမ်က္စိျဖင့္ ၾကည့္မိသျဖင့္ မျမင္နိုင္ခဲ့ဘဲ ခင္မင္မႈအတြင္း နစ္ျမႇုပ္ေန၍လည္း မ်က္ကန္းျဖစ္ေနခဲ့ရသည္။
"ဟုန္ယဲ့၊ နင္ ဒီကို မေရာက္ခင္ဘဲ က်န္းေဟာင္နဲ႕သူ႕အေဖာ္က သူတို႔ ႏြားနို႔ကို သူတို႔ဘာသာ ေသာက္လိုက္ၿပီလို႔ ငါ့ကို ေျပာတယ္။ တကယ္လို႔ နင္ ႏြားနို႔ေသာက္ခ်င္ရင္ နင့္ဟာနင္ သြားဝယ္ေလ"
သူမက မထုံတက္ေသးပင္ တုံ႕ျပန္လိုက္၏။ ထိုသို႔ ေျပာေနရင္း ေခ်ာင္ဟုန္ယဲ့ သူမ၏ ပစၥည္းမ်ားအား ထိမိျခင္းမွ ကာကြယ္ရန္ တစ္ဖက္သို႔ ေ႐ြ႕ေနသည္။
လမ္းမ်ားေပၚ၌ ေဘးနားတြင္ ေယာက္်ားသားမ်ားဝိုင္းထား၍ က်ီစယ္ေနသည့္ အျပစ္ကင္းစင္ဟန္ႏွင့္ ေခ်ာင္ဟုန္ယဲ့အား ျမင္ေယာင္ရင္း စိတ္္ကူးမိလိုက္႐ုံႏွင့္ပင္ သူမအား ႐ြံရွာစက္ဆုပ္မႈကို ခံစားရေစ၏။ သူမသည္ ေခ်ာင္ဟုန္ယဲ့ႏွင့္ လက္ခ်င္းတြဲ၍ လမ္းေလွ်ာက္ေနက်ျဖစ္သည္၊ သူမ၏ ထိုေခ်ာင္ဟုန္ယဲ့ႏွင့္ ထိမိခဲ့ေသာ ေနရာမ်ားမွ အဖုအပိမ့္မ်ား ထြက္လာလိမ့္မည္လား ဆိုသည္ကို မည္သူ သိမည္နည္း။
ေခ်ာင္ဟုန္ယဲ့သည္ ႏွလုံးသားထဲ၌ ထိတ္လန့္တုန္လႈပ္သြားၿပီး အနည္းငယ္ ဘာလုပ္ရမွန္းမသိ ျဖစ္သြား၏။
"ရွင္းရွင္း၊ နင္ ဘာေျပာလိုက္တာလဲ။ ငါ နင့္ကို ေဒါသထြက္ေအာင္မ်ား တစ္ခုခု မေတာ္တဆလုပ္မိလို႔လား"
သူမ၏ ထိုင္ခုံေဖာ္က ပါးစပ္ မဟရေသးမီမွာပင္ ေခ်ာင္ဟုန္ယဲ့က အလင္းပြင့္သြားသကဲ့သို႔ ႐ုတ္တရက္ ထေျပာလိုက္၏။
"ငါသိၿပီ၊ နင့္ရဲ႕မိဘေတြ ထပ္ရန္ျဖစ္လို႔လား။ ထပ္ၿပီးေတာ့ ဝမ္းမနည္းပါနဲ႕၊ အ႐ြယ္ေရာက္ၿပီးသားသူေတြရဲ႕ ျပႆနာေတြကို ငါတို႔မထိန္းခ်ဳပ္နိုင္ဘူးေလ။ ဘာပဲေျပာေျပာ သူတို႔က အရမ္းရႈပ္ေထြးတယ္။ နင့္ရဲ႕မိဘေတြ စကားမ်ားၾကၿပီး ေနာက္ပိုင္း ကြာရွင္းဖို႔ ဆုံးျဖတ္လိုက္ရင္ေတာင္ သူတို႔က နင့္ကို အၿမဲတမ္း ခ်စ္ေနမွာပါ။ အခုအခ်ိန္မွာ နင္က အပူအပင္ကင္းတဲ့ ေက်ာင္းသားတစ္ေယာက္ဘဝကို အာ႐ုံစိုက္ထားဖို႔ဘဲ လိုတယ္"
ေခ်ာင္ဟုန္ယဲ့က မေက်မနပ္ျဖစ္ေနေသာ္လည္း သူမ၏ ပုံမွန္အျပဳအမူမ်ားႏွင့္ ကိုက္ညီစြာပင္ စကားေျပာေနေသးသည္။
"ေခ်ာင္ဟုန္ယဲ့ ..."
သူမ၏ ထိုင္ခုံေဖာ္က စားပြဲကို လက္ျဖင့္ ရိုက္ခ်လိဳက္ၿပီး ေျပာလာ၏။
"ငါ့မိဘေတြရဲ႕ ဆက္ဆံေရးက နင္နဲ႕ ဘာဆိုင္လို႔တုန္း။ သူတို႔က ရန္ျဖစ္႐ုံပဲကို နင္က သူတို႔ကို ရႈံ႕ခ်ေနဖို႔ လိုလို႔လား။ နင္က ကြာရွင္းတဲ့အထိေတာင္ ေျပာၿပီးၿပီ။ သူတစ္ပါး ေပ်ာ္ေနတာကို ျမင္ရရင္ နင္ စိတ္မသက္မသာ ျဖစ္လို႔ မဟုတ္လား ဟင္"