Chapter 105 : အပြစ်တင်ခြင်း
ကျင်းယွင်ကျောင်းက မျက်လုံးစွေ၍ ကြည့်လိုက်သည်၊ အနည်းဆုံးတော့ ချောင်ဟုန်ယဲ့ကြောင့် သူမ မအံ့သြသွားမိပေ။
ချောင်ဟုန်ယဲ့သည် အသက်ငယ်သေး၍ အတွေ့အကြုံနည်းသော်လည်း သူမသည် ငယ်စဥ်ကပင် အမြဲ ဉာဏ်ကောင်း၏။ ထို့အပြင် ချောင်ဝေ့မင်နှင့် ယဲ့ချင်တို့အား သူမ၏ စံပြပုဂ္ဂိုလ်များအဖြစ် သတ်မှတ်ထားရာ သူမသည် ပို၍ပင် ကလိမ်ကကျစ်ကကျတတ်လာခဲ့သည်။
အကယ်၍ ချောင်ဟုန်ယဲ့က သူမ၏ အပြစ်များကို ချက်ချင်းလက်ငင်း ဝန်ခံလိုက်မှသာ ကျင်းယွင်ကျောင်းသည် သူမနှင့်ပတ်သတ်၍ တစ်ခုခုမှားနေသည်ဟု အမှန်တကယ် ခံစားရလိမ့်မည်။
သို့ရာတွင် ချောင်ဟုန်ယဲ့၏ စကားဆုံးသည့်နောက် ကောင်းရှင်း၏ မျက်လုံးများက ဒေါသတကြီးဖြင့် သူမအား ကြည့်လာ၏။
"သူ ပေါက်ကရပြောနေတာတွေကို နားမထောင်နဲ့။ သူက ကျုပ်ရဲ့ လူစောင့်လုပ်ပေးဖို့ ကျုပ်ကို အယုံသွင်းခဲ့တာ။ အရင်က သူက ဒီကျင်းယွင်ကျောင်းကို ဆွဲချတဲ့နေရာမှာ ကူညီဖို့ ကျုပ်ကို ပိုက်ဆံတောင် ပေးခဲ့သေးတယ်"
ချောင်ဟုန်ယဲ့က မျက်ရည်ကျရမည့် အခွင့်အရေးကို လက်လွှတ်မခံပေ။
"ရှင်...ရှင် ဘယ်လိုများပြောလိုက်တာလဲ။ ဒီမတိုင်ခင်က ကျွန်မ ရှင့်ကို တစ်ခါပဲမြင်ဖူးတာ သေချာပါတယ်။ ကျွန်မက ရဲခေါ်တဲ့သူ မဟုတ်ဘူး။ ရှင် ကျွန်မကို မှားပြီး စွပ်စွဲလို့မရဘူး။ ရဲအရာရှိကြီးရှင့်။ ရှင်တို့ ရှင်းရှင်းလင်းလင်း စုံစမ်းရပါမယ်။ ကျင်းယွင်ကျောင်းက ကျွန်မရဲ့အစ်မပါ၊ ပြီးတော့ ဒီနှစ်ယောက်ကလည်း ကျွန်မနဲ့ တစ်ကျောင်းတည်းသားတွေပါ။ ကျွန်မက သူတို့ကို ဘာကြောင့် ဆန့်ကျင်ရမလဲ"
စူးချူ၏ ပါးများက အစွမ်းကုန် ဖောင်းကားနေ၏။ သူမသည် ဒေါသထွက်လွန်းသဖြင့် ဒေါသရေချိန်မှတ်ကိုပင် ကျော်သွားကာ သူမ၏ မျက်နှာက နီရဲမွန်းကြပ်နေသည်။
ချောင်ဟုန်ယဲ့ စိတ်ပျက်လက်ပျက် ငိုနေသည်အား မြင်သော ရဲအရာရှိအနည်းစုက သူမသည် နုနယ်၍ သိမ်မွေ့ရုံသာမကဘဲ သနားစရာကောင်း၍ နာခံမှုရှိသည်ဟု ခံစားသွားကြရသည်။ သူမက လိမ်ပြောနေသည်ဆ်ိုသော ဖြစ်နိုင်ချေအား သူတို့ အဘယ်သို့ တွေးလိမ့်မည်နည်း။
သူတို့သည် ဤလမ်းသရဲ ကောင်းရှင်းအား ပို၍ပင် မကျေမနပ်ဖြစ်လာကြ၏။ သူသည် အမှန်တကယ်ပင် မုန်းတီးမှု အာဃာသများစွာအား ဆုပ်ကိုင်ထားသည်။ ဤမိန်းမငယ်လေးသည် သူမ ရောက်လာချိန်နှင့် တိုက်တိုက်ဆိုင်ဆိုင် ဤအရှုပ်ထဲ ရောပါသွားသော်လည်း သူက သူမအား သူ၏ လူစောင့်ဖြစ်သည်ဟု ခေါင်းမာမာ ပြောဆိုနေ၏။ ဤသည်မှာ တိုင်းပြည်၏ ပန်းဖူးပန်းငုံလေးများအား လက်တွေ့ကျကျ ဖျက်ဆီးနေခြင်းပင်။
(T/N : တိုင်းပြည်၏ပန်းဖူးပန်းငုံလေးများ ဆိုတာ တိုင်းပြည်ရဲ့ အနာဂတ် ကလေးသူငယ်တွေပါ။)
"မိန်းကလေး၊ မင်း စိတ်ချပါ။ ငါတို့က သေချာပေါက် ဘယ်သူ့ကိုမှ မှားယွင်းစွပ်စွဲမှာ မဟုတ်ဘူး။ ဒါပေမယ့် နောက်တစ်ခါ မင်း ဂရုစိုက်ဖို့လိုတယ်။ မင်း ဒီလိုလူဆိုးတွေနဲ့တွေ့ရင် ပထမဆုံး ရဲကို ဖုန်းခေါ်လိုက်တာက ပိုကောင်းတယ်။ ဒီနည်းနဲ့ နားလည်မှုလွဲတာကိုလည်း ရှောင်ရှားနိုင်တယ်"
အရာရှိက စကားပြောပြီးသည်နှင့် ကောင်းရှင်းအား ရဲကားထဲသို့ အတင်းထိုးထည့်လိုက်သည်။
ကောင်းရှင်း၏ နှလုံးသားထဲတွင် ခါးသီးမှုများပြည့်နှက်နေ၏။ ဤလူမိုက်အလုပ်အား လုပ်ကြသူများအတွက် ထောင်ထဲသို့ တစ်ခါမှ မဝင်ဖူးသူဆိုသည်မှာ တစ်ဆုပ်စာသာ ရှိသော်လည်း ယခုတွင်မူ သူသည် အထဲသို့ တည့်တည့်ကြီး လမ်းလျှောက်ဝင်မိခြင်း ဖြစ်သည်။ ရှက်စရာကောင်းလိုက်တာ။
ချောင်ဟုန်ယဲ့...ဤအပျက်မသည် အမှန်တကယ်ပင် သူ့အား လှည့်စားရဲသည်။ အချိန်ကုန်သက်သာစေရန် သူသည် ကျင်းယွင်ကျောင်း၏ အခန်းအား ပထမဆုံး အတည်ပြုခဲ့၏။ ဤမိနစ်အနည်းငယ်အတွင်း သူသည် ကျင်းယွင်ကျောင်း၏ အခန်းထဲရှိ အရာအားလုံးအား မြေလှန်၍ ရှာခဲ့သော်လည်း ဂျင်ဆင်းဟု ခေါ်သည့် အမှုန်ကလေးတစ်မှုန်ကိုပင် မမြင်ခဲ့ရချေ။ ထို့အပြင် သူသည် ပိုက်ဆံတစ်ပြားတောင်မှ မတွေ့ခဲ့ပေ၊ သူမသည် ပိုက်ဆံတစ်ပြားမှ မရှိသည့် သရဲတစ်ကောင်သာ ဖြစ်ရမည်။
ဤမိန်းမ (ချောင်ဟုန်ယဲ့) သည် သူ့ကို လိမ်ညာ၍ ကြိုးကိုင်ရန် ဂျင်ဆင်းအား ရည်ရွယ်ချက်ရှိရှိ သုံးခဲ့သည်။
ကောင်းရှင်းအား အဝေးသို့ ခေါ်သွားမှ ချောင်ဟုန်ယဲ့သည် စိတ်သက်သာရာ ရသွား၏။ သူမ ဤကဲ့သို့ ဖြစ်နေသည်အား မြင်သောအခါ ကျင်းယွင်ကျောင်းသည် အခြေအနေအား ရုတ်တရက် ရယ်ချင်သွားသည်။
ကောင်းရှင်း တစ်ယောက်တည်းကိုပဲ အပြစ်တွေပုံချလိုက်ရုံနဲ့ အရာအားလုံး အဆင်ပြေသွားပြီလို့ သူမက ထင်နေတာလား။ သူမသည် ထက်မြက်ကောင်း ထက်မြက်နိုင်သော်လည်း ကိုယ်ပိုင် စိတ်ကူးယဥ်ကမ္ဘာထဲတွင်သာ မွေ့လျော်နေခြင်းဖြစ်သည်။
အတိတ်ဘဝက ထောင်ထဲတွင် နှစ်အနည်းငယ်ကြာအောင် နေခဲ့ရစဥ်က သူမသည် အမှန်တကယ်ပင် ဥပဒေနှင့် ပတ်သတ်သည့် လူသိများသည့် ဗဟုသုတအချို့ကို သင်ယူခဲ့၏။ ကောင်းရှင်းမှာ မအောင်မြင်သော ဖောက်ထွင်းမှုအား ကြံစည်ခဲ့ခြင်းဖြစ်ရာ ကြီးမားသော ဆုံးရှုံးမှုကို လုံးဝမဖြစ်စေခဲ့ပေ။ ထို့အပြင် အိမ်ထဲ၌လည်း လူမရှိရာ သူသည် တစ်စုံတစ်ယောက်၏ အသက်ကိုလည်း မခြိမ်းခြောက်ခဲ့ပေ။ ထိုကဲ့သို့ အခြေအနေများအောက်တွင် သူ့အား ပြစ်ဒဏ်ချမှတ်ရန် မဖြစ်နိုင်ပေ။
အများဆုံးအနေဖြင့် သူသည် အချိန်တစ်ခုကြာအောင်သာ ထိန်းသိမ်းခံရလိမ့်မည်။ သူမအား လမ်းပိတ် နှောက်ယှက်ခဲ့သည့် ယခင်အမှုနှင့် ဆိုလျှင်တောင်မှ လုံးဝ မဖြစ်နိုင်သေးချေ။
ယခင်က သူမသည် ကောင်းရှင်း ပုန်းနေနိုင်သည့်အကြောင်းရင်းအား နားမလည်ခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် အခြားလမ်းသရဲများကသာ ကောင်းရှင်း၏ တည်နေရာကို ရောင်းစားခဲ့ပါက သူတို့ ယခုအချိန်ထိတိုင်အောင် စောင့်နေရမည် မဟုတ်ပေ။
ကောင်းရှင်းက အရာအားလုံးကို တစာစာ ငြင်းပယ်နေသရွေ့ အမှုနှင့်ပတ်သတ်သော အခြားသူများ သို့မဟုတ် သက်သေများက သူ့ကို အတည်ပြုနိုင်မည် မဟုတ်ပေ။ သူ့အတွက် ထင်ရှားသော သက်သေမရှိ။ ထို့ကြောင့် သူမ၏ တင်သွင်းချက်သည် ခိုင်လုံပြည့်စုံသော အကျိုးသက်ရောက်မှု ရှိလိမ့်မည် မဟုတ်ပေ။ အခြားတစ်နည်းဆိုရလျှင် ကောင်းရှင်းသည် အများဆုံးအနေဖြင့် ရဲများ၏ ထပ်ဆောင်း မှုခင်းများမှ အရံ သံသယရှိသူသာ ဖြစ်နေလိမ့်မည်။ ထို့ကြောင့် သူသည် သိပ်မကြာမီအချိန်၌ ပြန်လွတ်လာလိမ့်မည်သာ။
ထိုအချိန်ကျ ချောင်ဟုန်ယဲ့ ပျော်နိုင်ဦးမည်လား။
ကျင်းယွင်ကျောင်းသည် ချောင်ဟုန်ယဲ့အား ထိုအကြောင်းနှင့် ပတ်သတ်၍ သတိပေးရအောင်အထိ ရက်ရောလွန်းမနေပေ။ သူမသည် ချောင်ဟုန်ယဲ့ဆီသို့ လျှောက်လာလိုက်ပြီး သူတို့ရှာနေသည့် ဂျင်ဆင်းမြစ်အား သူမ၏ အိတ်ထဲမှ ထုတ်ယူလိုက်သည်။
"ချောင်ဟုန်ယဲ့၊ ငါက စကားကို လှည့်ပတ်မပြောတတ်တဲ့ ပွင့်ပွင့်လင်းလင်းသမား တစ်ယောက်နော်။ နင် ဒါကို ရှာနေတာ မဟုတ်လား။ သနားစရာကောင်းတာက ငါက... နင်ကို မပေးချင်ဘူး"
ကျင်းယွင်ကျောင်းက သူမအား လှောင်ပြောင်ပြီးသည်နှင့် ဆက်ပြောလိုက်၏။
"ဒီလိုဂျင်ဆင်းအကြီးကြီးကို ငါ ဒီည ပြန်ရောက်တာနဲ့ တစ်ခုလုံးကို မီးအေးအေးနဲ့ နှပ်မယ်။ သူ့ရဲ့အရည်က အလှအပအတွက် အကောင်းဆုံး ပါဝင်ပစ္စည်းပဲ။ ငါက ဒီဟာနဲ့ ငါ့ရဲ့မျက်နှာကို ပွတ်ပြီး အသားအရေထိန်းသိမ်းတဲ့ ပစ္စည်းအနေနဲ့ သုံးမယ်ဆိုရင်တောင်မှ နင့်ကိုတော့ အမြစ်မွေးလေးတစ်မွေးကိုတောင် ထိခွင့်မပြုနိုင်ဘူး။ ကျေနပ်ရဲ့လား"
Zawgyi
Chapter 105 : အျပစ္တင္ျခင္း
က်င္းယြင္ေက်ာင္းက မ်က္လုံးေစြ၍ ၾကည့္လိုက္သည္၊ အနည္းဆုံးေတာ့ ေခ်ာင္ဟုန္ယဲ့ေၾကာင့္ သူမ မအံ့ၾသသြားမိေပ။
ေခ်ာင္ဟုန္ယဲ့သည္ အသက္ငယ္ေသး၍ အေတြ႕အႀကဳံနည္းေသာ္လည္း သူမသည္ ငယ္စဥ္ကပင္ အၿမဲ ဉာဏ္ေကာင္း၏။ ထို႔အျပင္ ေခ်ာင္ေဝ့မင္ႏွင့္ ယဲ့ခ်င္တို႔အား သူမ၏ စံျပပုဂၢိဳလ္မ်ားအျဖစ္ သတ္မွတ္ထားရာ သူမသည္ ပို၍ပင္ ကလိမ္ကက်စ္ကက်တတ္လာခဲ့သည္။
အကယ္၍ ေခ်ာင္ဟုန္ယဲ့က သူမ၏ အျပစ္မ်ားကို ခ်က္ခ်င္းလက္ငင္း ဝန္ခံလိုက္မွသာ က်င္းယြင္ေက်ာင္းသည္ သူမႏွင့္ပတ္သတ္၍ တစ္ခုခုမွားေနသည္ဟု အမွန္တကယ္ ခံစားရလိမ့္မည္။
သို႔ရာတြင္ ေခ်ာင္ဟုန္ယဲ့၏ စကားဆုံးသည့္ေနာက္ ေကာင္းရွင္း၏ မ်က္လုံးမ်ားက ေဒါသတႀကီးျဖင့္ သူမအား ၾကည့္လာ၏။
"သူ ေပါက္ကရေျပာေနတာေတြကို နားမေထာင္နဲ႕။ သူက က်ဳပ္ရဲ႕ လူေစာင့္လုပ္ေပးဖို႔ က်ဳပ္ကို အယုံသြင္းခဲ့တာ။ အရင္က သူက ဒီက်င္းယြင္ေက်ာင္းကို ဆြဲခ်တဲ့ေနရာမွာ ကူညီဖို႔ က်ဳပ္ကို ပိုက္ဆံေတာင္ ေပးခဲ့ေသးတယ္"
ေခ်ာင္ဟုန္ယဲ့က မ်က္ရည္က်ရမည့္ အခြင့္အေရးကို လက္လႊတ္မခံေပ။
"ရွင္...ရွင္ ဘယ္လိုမ်ားေျပာလိုက္တာလဲ။ ဒီမတိုင္ခင္က ကြၽန္မ ရွင့္ကို တစ္ခါပဲျမင္ဖူးတာ ေသခ်ာပါတယ္။ ကြၽန္မက ရဲေခၚတဲ့သူ မဟုတ္ဘူး။ ရွင္ ကြၽန္မကို မွားၿပီး စြပ္စြဲလို႔မရဘူး။ ရဲအရာရွိႀကီးရွင့္။ ရွင္တို႔ ရွင္းရွင္းလင္းလင္း စုံစမ္းရပါမယ္။ က်င္းယြင္ေက်ာင္းက ကြၽန္မရဲ႕အစ္မပါ၊ ၿပီးေတာ့ ဒီႏွစ္ေယာက္ကလည္း ကြၽန္မနဲ႕ တစ္ေက်ာင္းတည္းသားေတြပါ။ ကြၽန္မက သူတို႔ကို ဘာေၾကာင့္ ဆန့္က်င္ရမလဲ"
စူးခ်ဴ၏ ပါးမ်ားက အစြမ္းကုန္ ေဖာင္းကားေန၏။ သူမသည္ ေဒါသထြက္လြန္းသျဖင့္ ေဒါသေရခ်ိန္မွတ္ကိုပင္ ေက်ာ္သြားကာ သူမ၏ မ်က္ႏွာက နီရဲမြန္းၾကပ္ေနသည္။
ေခ်ာင္ဟုန္ယဲ့ စိတ္ပ်က္လက္ပ်က္ ငိုေနသည္အား ျမင္ေသာ ရဲအရာရွိအနည္းစုက သူမသည္ ႏုနယ္၍ သိမ္ေမြ႕႐ုံသာမကဘဲ သနားစရာေကာင္း၍ နာခံမႈရွိသည္ဟု ခံစားသြားၾကရသည္။ သူမက လိမ္ေျပာေနသည္ဆ္ိုေသာ ျဖစ္နိုင္ေခ်အား သူတို႔ အဘယ္သို႔ ေတြးလိမ့္မည္နည္း။
သူတို႔သည္ ဤလမ္းသရဲ ေကာင္းရွင္းအား ပို၍ပင္ မေက်မနပ္ျဖစ္လာၾက၏။ သူသည္ အမွန္တကယ္ပင္ မုန္းတီးမႈ အာဃာသမ်ားစြာအား ဆုပ္ကိုင္ထားသည္။ ဤမိန္းမငယ္ေလးသည္ သူမ ေရာက္လာခ်ိန္ႏွင့္ တိုက္တိုက္ဆိုင္ဆိုင္ ဤအရႈပ္ထဲ ေရာပါသြားေသာ္လည္း သူက သူမအား သူ၏ လူေစာင့္ျဖစ္သည္ဟု ေခါင္းမာမာ ေျပာဆိုေန၏။ ဤသည္မွာ တိုင္းျပည္၏ ပန္းဖူးပန္းငုံေလးမ်ားအား လက္ေတြ႕က်က် ဖ်က္ဆီးေနျခင္းပင္။
(T/N : တိုင္းျပည္၏ပန္းဖူးပန္းငုံေလးမ်ား ဆိုတာ တိုင္းျပည္ရဲ႕ အနာဂတ္ ကေလးသူငယ္ေတြပါ။)
"မိန္းကေလး၊ မင္း စိတ္ခ်ပါ။ ငါတို႔က ေသခ်ာေပါက္ ဘယ္သူ႕ကိုမွ မွားယြင္းစြပ္စြဲမွာ မဟုတ္ဘူး။ ဒါေပမယ့္ ေနာက္တစ္ခါ မင္း ဂ႐ုစိုက္ဖို႔လိုတယ္။ မင္း ဒီလိုလူဆိုးေတြနဲ႕ေတြ႕ရင္ ပထမဆုံး ရဲကို ဖုန္းေခၚလိုက္တာက ပိုေကာင္းတယ္။ ဒီနည္းနဲ႕ နားလည္မႈလြဲတာကိုလည္း ေရွာင္ရွားနိုင္တယ္"
အရာရွိက စကားေျပာၿပီးသည္ႏွင့္ ေကာင္းရွင္းအား ရဲကားထဲသို႔ အတင္းထိုးထည့္လိုက္သည္။
ေကာင္းရွင္း၏ ႏွလုံးသားထဲတြင္ ခါးသီးမႈမ်ားျပည့္ႏွက္ေန၏။ ဤလူမိုက္အလုပ္အား လုပ္ၾကသူမ်ားအတြက္ ေထာင္ထဲသို႔ တစ္ခါမွ မဝင္ဖူးသူဆိုသည္မွာ တစ္ဆုပ္စာသာ ရွိေသာ္လည္း ယခုတြင္မူ သူသည္ အထဲသို႔ တည့္တည့္ႀကီး လမ္းေလွ်ာက္ဝင္မိျခင္း ျဖစ္သည္။ ရွက္စရာေကာင္းလိုက္တာ။
ေခ်ာင္ဟုန္ယဲ့...ဤအပ်က္မသည္ အမွန္တကယ္ပင္ သူ႕အား လွည့္စားရဲသည္။ အခ်ိန္ကုန္သက္သာေစရန္ သူသည္ က်င္းယြင္ေက်ာင္း၏ အခန္းအား ပထမဆုံး အတည္ျပဳခဲ့၏။ ဤမိနစ္အနည္းငယ္အတြင္း သူသည္ က်င္းယြင္ေက်ာင္း၏ အခန္းထဲရွိ အရာအားလုံးအား ေျမလွန္၍ ရွာခဲ့ေသာ္လည္း ဂ်င္ဆင္းဟု ေခၚသည့္ အမႈန္ကေလးတစ္မႈန္ကိုပင္ မျမင္ခဲ့ရေခ်။ ထို႔အျပင္ သူသည္ ပိုက္ဆံတစ္ျပားေတာင္မွ မေတြ႕ခဲ့ေပ၊ သူမသည္ ပိုက္ဆံတစ္ျပားမွ မရွိသည့္ သရဲတစ္ေကာင္သာ ျဖစ္ရမည္။
ဤမိန္းမ (ေခ်ာင္ဟုန္ယဲ့) သည္ သူ႕ကို လိမ္ညာ၍ ႀကိဳးကိုင္ရန္ ဂ်င္ဆင္းအား ရည္႐ြယ္ခ်က္ရွိရွိ သုံးခဲ့သည္။
ေကာင္းရွင္းအား အေဝးသို႔ ေခၚသြားမွ ေခ်ာင္ဟုန္ယဲ့သည္ စိတ္သက္သာရာ ရသြား၏။ သူမ ဤကဲ့သို႔ ျဖစ္ေနသည္အား ျမင္ေသာအခါ က်င္းယြင္ေက်ာင္းသည္ အေျခအေနအား ႐ုတ္တရက္ ရယ္ခ်င္သြားသည္။
ေကာင္းရွင္း တစ္ေယာက္တည္းကိုပဲ အျပစ္ေတြပုံခ်လိဳက္႐ုံနဲ႕ အရာအားလုံး အဆင္ေျပသြားၿပီလို႔ သူမက ထင္ေနတာလား။ သူမသည္ ထက္ျမက္ေကာင္း ထက္ျမက္နိုင္ေသာ္လည္း ကိုယ္ပိုင္ စိတ္ကူးယဥ္ကမာၻထဲတြင္သာ ေမြ႕ေလ်ာ္ေနျခင္းျဖစ္သည္။
အတိတ္ဘဝက ေထာင္ထဲတြင္ ႏွစ္အနည္းငယ္ၾကာေအာင္ ေနခဲ့ရစဥ္က သူမသည္ အမွန္တကယ္ပင္ ဥပေဒႏွင့္ ပတ္သတ္သည့္ လူသိမ်ားသည့္ ဗဟုသုတအခ်ိဳ႕ကို သင္ယူခဲ့၏။ ေကာင္းရွင္းမွာ မေအာင္ျမင္ေသာ ေဖာက္ထြင္းမႈအား ႀကံစည္ခဲ့ျခင္းျဖစ္ရာ ႀကီးမားေသာ ဆုံးရႈံးမႈကို လုံးဝမျဖစ္ေစခဲ့ေပ။ ထို႔အျပင္ အိမ္ထဲ၌လည္း လူမရွိရာ သူသည္ တစ္စုံတစ္ေယာက္၏ အသက္ကိုလည္း မၿခိမ္းေျခာက္ခဲ့ေပ။ ထိုကဲ့သို႔ အေျခအေနမ်ားေအာက္တြင္ သူ႕အား ျပစ္ဒဏ္ခ်မွတ္ရန္ မျဖစ္နိုင္ေပ။
အမ်ားဆုံးအေနျဖင့္ သူသည္ အခ်ိန္တစ္ခုၾကာေအာင္သာ ထိန္းသိမ္းခံရလိမ့္မည္။ သူမအား လမ္းပိတ္ ေႏွာက္ယွက္ခဲ့သည့္ ယခင္အမႈႏွင့္ ဆိုလွ်င္ေတာင္မွ လုံးဝ မျဖစ္နိုင္ေသးေခ်။
ယခင္က သူမသည္ ေကာင္းရွင္း ပုန္းေနနိုင္သည့္အေၾကာင္းရင္းအား နားမလည္ခဲ့ေခ်။ အဘယ္ေၾကာင့္ဆိုေသာ္ အျခားလမ္းသရဲမ်ားကသာ ေကာင္းရွင္း၏ တည္ေနရာကို ေရာင္းစားခဲ့ပါက သူတို႔ ယခုအခ်ိန္ထိတိုင္ေအာင္ ေစာင့္ေနရမည္ မဟုတ္ေပ။
ေကာင္းရွင္းက အရာအားလုံးကို တစာစာ ျငင္းပယ္ေနသေ႐ြ႕ အမႈႏွင့္ပတ္သတ္ေသာ အျခားသူမ်ား သို႔မဟုတ္ သက္ေသမ်ားက သူ႕ကို အတည္ျပဳနိုင္မည္ မဟုတ္ေပ။ သူ႕အတြက္ ထင္ရွားေသာ သက္ေသမရွိ။ ထို႔ေၾကာင့္ သူမ၏ တင္သြင္းခ်က္သည္ ခိုင္လုံျပည့္စုံေသာ အက်ိဳးသက္ေရာက္မႈ ရွိလိမ့္မည္ မဟုတ္ေပ။ အျခားတစ္နည္းဆိုရလွ်င္ ေကာင္းရွင္းသည္ အမ်ားဆုံးအေနျဖင့္ ရဲမ်ား၏ ထပ္ေဆာင္း မႈခင္းမ်ားမွ အရံ သံသယရွိသူသာ ျဖစ္ေနလိမ့္မည္။ ထို႔ေၾကာင့္ သူသည္ သိပ္မၾကာမီအခ်ိန္၌ ျပန္လြတ္လာလိမ့္မည္သာ။
ထိုအခ်ိန္က် ေခ်ာင္ဟုန္ယဲ့ ေပ်ာ္နိုင္ဦးမည္လား။
က်င္းယြင္ေက်ာင္းသည္ ေခ်ာင္ဟုန္ယဲ့အား ထိုအေၾကာင္းႏွင့္ ပတ္သတ္၍ သတိေပးရေအာင္အထိ ရက္ေရာလြန္းမေနေပ။ သူမသည္ ေခ်ာင္ဟုန္ယဲ့ဆီသို႔ ေလွ်ာက္လာလိုက္ၿပီး သူတို႔ရွာေနသည့္ ဂ်င္ဆင္းျမစ္အား သူမ၏ အိတ္ထဲမွ ထုတ္ယူလိုက္သည္။
"ေခ်ာင္ဟုန္ယဲ့၊ ငါက စကားကို လွည့္ပတ္မေျပာတတ္တဲ့ ပြင့္ပြင့္လင္းလင္းသမား တစ္ေယာက္ေနာ္။ နင္ ဒါကို ရွာေနတာ မဟုတ္လား။ သနားစရာေကာင္းတာက ငါက... နင္ကို မေပးခ်င္ဘူး"
က်င္းယြင္ေက်ာင္းက သူမအား ေလွာင္ေျပာင္ၿပီးသည္ႏွင့္ ဆက္ေျပာလိုက္၏။
"ဒီလိုဂ်င္ဆင္းအႀကီးႀကီးကို ငါ ဒီည ျပန္ေရာက္တာနဲ႕ တစ္ခုလုံးကို မီးေအးေအးနဲ႕ ႏွပ္မယ္။ သူ႕ရဲ႕အရည္က အလွအပအတြက္ အေကာင္းဆုံး ပါဝင္ပစၥည္းပဲ။ ငါက ဒီဟာနဲ႕ ငါ့ရဲ႕မ်က္ႏွာကို ပြတ္ၿပီး အသားအေရထိန္းသိမ္းတဲ့ ပစၥည္းအေနနဲ႕ သုံးမယ္ဆိုရင္ေတာင္မွ နင့္ကိုေတာ့ အျမစ္ေမြးေလးတစ္ေမြးကိုေတာင္ ထိခြင့္မျပဳနိုင္ဘူး။ ေက်နပ္ရဲ႕လား"