Chapter 104 : အလိမ်အညာများ
စိတ်လိုက်မာန်ပါ ဖြစ်သွားသောအချိန်တွင် စူးချူသည် အခြေအနေမှန်အား ပြောမိသွား၏။ ကန်ကျင်းချန်က ကူကယ်ရာမဲ့စွာ ခေါင်းယမ်းလိုက်၏။ ကံကောင်းသည်မှာ ချောင်ဟုန်ယဲ့သည် ဤအကြောင်းကို အမှန်အတိုင်း သိသွားလျှင်တောင်မှ ဘာကိုမှ မလုပ်နိုင်ခြင်းပင်။
မျှော်လင့်ထားသည့်အတိုင်း စူးချူ၏ ပေါက်ကွဲသံစဥ်ပြီးဆုံးသည်နှင့် ချောင်ဟုန်ယဲ့သည် မိုးကြိုးပစ်ခံရသကဲ့သို့ ဖြစ်သွား၏။
"နင်...နင်တို့ ရဲခေါ်ပြီးသွားပြီပေါ့"
ချောင်ဟုန်ယဲ့က ရေရွတ်လိုက်သည်။ ချက်ချင်းပင် သူမ၏ မျက်ဝန်းများမှ မျက်ရည်များ စီးကျလာ၏။ သူမသည် ဘာလုပ်ရမှန်းမသိဘဲ သူမလုပ်နိုင်သမျှက စူးချူ၏ လက်မောင်းကိုသာ တင်းတင်းကြပ်ကြပ် ဖမ်းဆွဲထားရုံသာ ဖြစ်သည်။ သူမ၏ စိတ်သည် လုံးဝ ကစဥ့်ကလျားဖြစ်နေ၏။
ရဲခေါ်လိုက်ပြီလား။ ဒါကြောင့် စူးချူနဲ့ ကျန်တဲ့သူက သူမကို လာရှာတာလား။ သူတို့က သူမ လွတ်သွားမှာကို ကြောက်လို့လား၊ ဒါမှမဟုတ် သူမ ကောင်းရှင်းကို သတင်းပို့မှာကို ကြောက်လို့လား။
ဒါပေမယ့် သူတို့ ဘယ်လိုသိသွားတာလဲ...
ချောင်ဟုန်ယဲ့၏ စိတ်သည် ယနေ့ ဖြစ်ပျက်ခဲ့သော အရာအားလုံးကို ပြန်စဥ်းစားနေ၏။ သူမ၏ စိတ်က ဤမနက် ကျင်းယွင်ကျောင်း ထွက်သွားသည့် အကြောင်းအား အာရုံစိုက်မိသွားသောအခါ သူမ၏ မျက်နှာက ဖျော့တော့သွားသည်။ ကျင်းယွင်ကျောင်းက သူမကို မြင်သွားတာ ဖြစ်နိုင်မလား။ ဒါက သူမ ကျန်တဲ့သူတွေနဲ့အတူ တိုက်ခန်းကနေ ထွက်သွားရတဲ့ အကြောင်းရင်းလား။ ငါတို့ ထွက်လာအောင် ငါးစာချတာလား။
ထိုအချက်ကို တွေးလိုက်ရင်း ချောင်ဟုန်ယဲ့က သူမ၏ စိတ်ထဲမှ ထင်မြင်ယူဆချက်အား ချက်ချင်းပင် ပယ်ချလိုက်၏။
'မဟုတ်ဘူး၊ မဟုတ်ဘူး၊ အဲလိုမဖြစ်နိုင်ဘူး။ တကယ် ဒီလိုဖြစ်တယ်ဆိုရင်တောင်မှ ငါက အရူးကွက်နင်းပြီးတော့ ကျင်းယွင်ကျောင်းဆီက အထင်လွဲခံရသလို လုပ်လို့ရတာပဲ'
ချောင်ဟုန်ယဲ့ သိသိသာသာ ထိတ်လန့်ကြောက်ရွံ့နေသည်ကို မြင်သောအခါ စူးချူသည် သူမ၏ နှလုံးသားထဲတွင် ကောင်းသောကိစ္စတစ်ခုကို လုပ်ဆောင်ပြီးသကဲ့သို့ ခံစားလိုက်ရသည်။
"နင် အခုမှ ကြောက်နေတာလား။ ချောင်ဟုန်ယဲ့ နင်က ဘာလို့ ဒီလောက် ဆိုးယုတ်ရတာလဲ။ တကယ်တမ်း ငါ့ပြောင်ကျဲရဲ့ ပစ္စည်းတွေကိုကျ ခိုးရဲပြီးတော့ ပြောင်ကျဲမှာ ကိုယ်ဝန်ရှိနေတယ်လို့တောင် စွပ်စွဲလိုက်သေးတယ်"
ကောလာဟလဖြန့်ဖို့ ကိုယ်ဝန်ရှိတယ်ဆိုတဲ့ အကြောင်းအရာကို သုံးတာ ဘယ်လောက်တောင် ရွံဖို့ကောင်းလိုက်သလဲ။
ချောင်ဟုန်ယဲ့က နှုတ်ခမ်းကိုက်လိုက်၏။ သူမသည် ချက်ချင်းပင် မျက်ရည်များ စီးကျလာသည်။
"ငါ မဟုတ်ပါဘူး၊ ငါ တကယ် ငါ့အစ်မဆီကိုပဲ လာတာပါ။ နင်ပြောနေတဲ့ ဓါးပြလားဘာလားလည်း ငါ ဘာတစ်ခုမှ မသိပါဘူး"
"အို...ဟုတ်သားပဲ...နင်ပြောနေတာ ကောင်းရှင်း အကြောင်းလားဟင်။ ငါ သူ့ကို တိုက်ခန်းအိမ်ရာဝန်းထဲဝင်သွားတာ မြင်လိုက်တယ်။ ကောင်းရှင်းက သူ့အတိုင်းအတာ သူမသိတဲ့ လမ်းသရဲတစ်ယောက်ဆိုတာ ငါ့သူငယ်ချင်း ပြောတာကို ငါ အရင်က ကြားဖူးတယ်။ သူဝင်သွားတော့ သူက ငါ့ကို မသိချင်ယောင်ဆောင်နေဖို့တောင် ခြိမ်းခြောက်သွားသေးတယ်။ အဲဒါကြောင့် အခုထိ ငါ နည်းနည်းစိတ်ရှုပ်သလို ခံစားနေရတုန်းပဲ"
ချောင်ဟုန်ယဲ့၏ ဦးနှောက်က တစ်ဖန်ပြန်၍ အလုပ်လုပ်လာပြီး အခြားဆင်ခြေတစ်ခုအား အလျင်အမြန်ပင် ရှာတွေ့သွားပြန်သည်။
အကယ်၍ ကောင်းရှင်းသာ ဖမ်းမိပါက သူက သူမအား သက်သေမခံပေးဖို့ အခွင့်အရေးများရှိသေး၏။
သို့သော် သူမကိုယ်တိုင်လည်း လွတ်လမ်းတစ်ခုရှာရန် လိုအပ်သည်။ ထို့ကြောင့် ဘာပဲဖြစ်ဖြစ် သူမက အံကြိတ်လိုက်ပြီး ဟန်မပျက် လိမ်ညာလိုက်၏။
ချောင်ဟုန်ယဲ့သည် သူမ၏ ခေါင်းထဲတွင် ထပ်ခါထပ်ခါ လိမ်ညာဖြီးဖြန်းနေသောကြောင့် သူမကိုယ်တိုင်ပင် ထုံထိုင်းလာသည်။ ချောင်ဟုန်ယဲ့အတွက် ကံကောင်းသည်မှာ သူမသည် ကောင်းရှင်းနှင့် နောက်ဆုံးအကြိမ်တွေ့ဆုံစဥ်က ထိတ်လန့်ကြောက်ရွံ့နေသေးသည်ဖြစ်ရာ သူမ၏ မျက်နှာပေါ်တွင် အကြောက်တရားများ စွဲထင်နေသေးခြင်းက သူမ၏ အလိမ်အညာများအား ပုံဖော်နေခြင်းကို ပို၍ စစ်မှန်သည်နှင့်တူတောင် ကူညီပေးနေ၏။
ချောင်ဟုန်ယဲ့၏ သရုပ်ဆောင်မှုများနှင့် မျက်နှာချင်းဆိုင် ကြုံတွေ့လိုက်သောအခါ စူးချူသည် ကြောင်အမ်းအမ်းပင် ဖြစ်သွားသည်။
သူမသည် ချောင်ဟုန်ယဲ့ကဲ့သို့ အရေထူသော မိန်းမမျိုးကို တစ်ခါမှ မမြင်ဖူးပေ၊ အရေထူလွန်း၍ ကမ္ဘာအထူဆုံးနံရံသည်ပင် သူမ၏အသားအရေ မည်မျှထူသည်အား မျှမျှတတ ဆုံးဖြတ်ပေးနိုင်မည် မဟုတ်ချေ။ အခြားသူများအား အလေးထား ထည့်တွေးခြင်းမရှိဘဲ တစ်ကိုယ်ကောင်းဆန်၍ အမူအယာများ ပြောင်းသည်ကလည်း စာအုပ်တစ်အုပ်၏ စာမျက်နှာများကို လှန်သည်ထက်ပင် ပို၍ မြန်သေး၏။
ကန်ကျင်းချန်သည်လည်း အရှုံးကို လက်ခံ၍ မသိစိတ်အလျောက်ပင် ဝမ်းကွဲညီမဖြစ်သူအား သူ၏ အနောက်သို့ ဆွဲလိုက်သည်။ ဤကဲ့သို့သော မိန်းကလေးမျိုးနှင့် ဝေးဝေးနေခြင်းက ပိုကောင်း၏၊ သူမရဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ရောဂါက ကူးစက်တတ်ရင်ရော။
သို့သော် ကိစ္စများက သိပ်မဆိုးသေးသည့် အခြေအနေ မဟုတ်လား။ ပုံပန်းသဏ္ဍာန်ကိုကြည့်ပါက ချောင်ဟုန်ယဲ့သည် ခိုးခိုင်းမည့်သူတစ်ယောက်နှင့် မတူပေ။ ထို့အပြင် ယခုအချိန်၌ သူမသည် ဤကဲ့သို့သော ဆင်ခြေများအား ရှာနိုင်သေးရင် နောက်ပိုင်းတွင်လည်း ရဲက သူမအား ကြံရာပါတစ်ယောက်အဖြစ် မဆက်ဆံလောက်ဘူး မဟုတ်လား။ ဒီလိုပုံစံနဲ့သာဆို သူမက အပြစ်ပေးမခံရဘဲ လွတ်မြောက်သွားနိုင်လား။ ဥာဏ်နီဥာဏ်နက် များလွန်းလိုက်တာ။
မကြာမီမှာပင် ကျင်းယွင်ကျောင်းသည် အိမ်ရာစီမံခန့်ခွဲရေးမှ လူတစ်ယောက်နှင့်အတူ သူတို့ရှိရာသို့ ဦးတည်လာနေသည်အား မြင်လိုက်ရပြီး ရဲတစ်ယောက်ကလည်း သူတို့၏ နောက်မှ လိုက်လာသည်။
သူတို့အား မြင်သောအခါမှ ကန်ကျင်းချန်သည် စိတ်သက်သာရာ ရသွား၏။ သူက ချောင်ဟုန်ယဲ့ကို အားဖြင့် ဆွဲဖယ်လိုက်သည်။
ထိုအခိုက်တွင် ကောင်းရှင်းသည် ချောင်ဟုန်ယဲ့က ကျန်သောသူများနှင့်အတူ မတ်တပ်ရပ်နေသည်ကို မြင်လိုက်ရရာ သူသည် စတင်၍ ထိန်းမနိုင်သိမ်းမရ ဖြစ်လာတော့၏။
"အပျက်မ၊ နင်က ငါ့ကို ရောင်းစားတာလား"
ချောင်ဟုန်ယဲ့...ဒီစျေးပေါတဲ့ အပျက်မကတော့။ ဖြစ်ပျက်သွားသမျှ အရာအားလုံးသည် သူ့အား သွေးဆောင်၍ ထောင်ထဲသို့ ထည့်ရန် ရည်ရွယ်ချက်ဖြင့် သူမ အစီအစဥ်ဆွဲထားသည်များသာ ဖြစ်ရမည်။
ချောင်ဟုန်ယဲ့၏ ခေါင်းသည် နောက်သို့ ကျုံ့သွား၏။ သူမ မလုပ်ခဲ့လျှင်တောင်မှ ယခုအချိန်တွင် သူမသည် အခြေအနေနှင့်အညီ ကောက်ကာငင်ကာ ကြံဖန်လိုက်ရုံသာ တတ်နိုင်တော့သည်။
"ရဲအရာရှိကြီး၊ ကျွန်မ သူ့ကို သိတယ်။ သူက ကျွန်မတို့ ကျောင်းပေါက်ဝမှာ မကြာခဏ ရစ်သီရစ်သီလုပ်နေတတ်တဲ့ လမ်းသရဲပါ။ သူ အထဲကို ဝင်သွားတုန်းက ကျွန်မကို မြင်သွားတော့ ကျွန်မကသာ ရဲကို အကြောင်းကြားရင် သတ်ပစ်မယ်လို့တောင် ပြောသွားပါတယ်။ ကျွန်မ ကြောက်လို့ ရဲတွေကိုလည်း မရှာရဲဘူး။ ဒါပေမယ့် ကျွန်မ သူ တစ်ခုခု မကောင်းတာလုပ်မှာ စိုးရိမ်နေသေးတော့ ပုန်းနေပြီး အဝေးကနေ လျို့ဝှက်စောင့်ကြည့်နေတာပါ"
Zawgyi
Chapter 104 : အလိမ္အညာမ်ား
စိတ္လိုက္မာန္ပါ ျဖစ္သြားေသာအခ်ိန္တြင္ စူးခ်ဴသည္ အေျခအေနမွန္အား ေျပာမိသြား၏။ ကန္က်င္းခ်န္က ကူကယ္ရာမဲ့စြာ ေခါင္းယမ္းလိုက္၏။ ကံေကာင္းသည္မွာ ေခ်ာင္ဟုန္ယဲ့သည္ ဤအေၾကာင္းကို အမွန္အတိုင္း သိသြားလွ်င္ေတာင္မွ ဘာကိုမွ မလုပ္နိုင္ျခင္းပင္။
ေမွ်ာ္လင့္ထားသည့္အတိုင္း စူးခ်ဴ၏ ေပါက္ကြဲသံစဥ္ၿပီးဆုံးသည္ႏွင့္ ေခ်ာင္ဟုန္ယဲ့သည္ မိုးႀကိဳးပစ္ခံရသကဲ့သို႔ ျဖစ္သြား၏။
"နင္...နင္တို႔ ရဲေခၚၿပီးသြားၿပီေပါ့"
ေခ်ာင္ဟုန္ယဲ့က ေရ႐ြတ္လိုက္သည္။ ခ်က္ခ်င္းပင္ သူမ၏ မ်က္ဝန္းမ်ားမွ မ်က္ရည္မ်ား စီးက်လာ၏။ သူမသည္ ဘာလုပ္ရမွန္းမသိဘဲ သူမလုပ္နိုင္သမွ်က စူးခ်ဴ၏ လက္ေမာင္းကိုသာ တင္းတင္းၾကပ္ၾကပ္ ဖမ္းဆြဲထား႐ုံသာ ျဖစ္သည္။ သူမ၏ စိတ္သည္ လုံးဝ ကစဥ့္ကလ်ားျဖစ္ေန၏။
ရဲေခၚလိုက္ၿပီလား။ ဒါေၾကာင့္ စူးခ်ဴနဲ႕ က်န္တဲ့သူက သူမကို လာရွာတာလား။ သူတို႔က သူမ လြတ္သြားမွာကို ေၾကာက္လို႔လား၊ ဒါမွမဟုတ္ သူမ ေကာင္းရွင္းကို သတင္းပို႔မွာကို ေၾကာက္လို႔လား။
ဒါေပမယ့္ သူတို႔ ဘယ္လိုသိသြားတာလဲ...
ေခ်ာင္ဟုန္ယဲ့၏ စိတ္သည္ ယေန႕ ျဖစ္ပ်က္ခဲ့ေသာ အရာအားလုံးကို ျပန္စဥ္းစားေန၏။ သူမ၏ စိတ္က ဤမနက္ က်င္းယြင္ေက်ာင္း ထြက္သြားသည့္ အေၾကာင္းအား အာ႐ုံစိုက္မိသြားေသာအခါ သူမ၏ မ်က္ႏွာက ေဖ်ာ့ေတာ့သြားသည္။ က်င္းယြင္ေက်ာင္းက သူမကို ျမင္သြားတာ ျဖစ္နိုင္မလား။ ဒါက သူမ က်န္တဲ့သူေတြနဲ႕အတူ တိုက္ခန္းကေန ထြက္သြားရတဲ့ အေၾကာင္းရင္းလား။ ငါတို႔ ထြက္လာေအာင္ ငါးစာခ်တာလား။
ထိုအခ်က္ကို ေတြးလိုက္ရင္း ေခ်ာင္ဟုန္ယဲ့က သူမ၏ စိတ္ထဲမွ ထင္ျမင္ယူဆခ်က္အား ခ်က္ခ်င္းပင္ ပယ္ခ်လိဳက္၏။
'မဟုတ္ဘူး၊ မဟုတ္ဘူး၊ အဲလိုမျဖစ္နိုင္ဘူး။ တကယ္ ဒီလိုျဖစ္တယ္ဆိုရင္ေတာင္မွ ငါက အ႐ူးကြက္နင္းၿပီးေတာ့ က်င္းယြင္ေက်ာင္းဆီက အထင္လြဲခံရသလို လုပ္လို႔ရတာပဲ'
ေခ်ာင္ဟုန္ယဲ့ သိသိသာသာ ထိတ္လန့္ေၾကာက္႐ြံ႕ေနသည္ကို ျမင္ေသာအခါ စူးခ်ဴသည္ သူမ၏ ႏွလုံးသားထဲတြင္ ေကာင္းေသာကိစၥတစ္ခုကို လုပ္ေဆာင္ၿပီးသကဲ့သို႔ ခံစားလိုက္ရသည္။
"နင္ အခုမွ ေၾကာက္ေနတာလား။ ေခ်ာင္ဟုန္ယဲ့ နင္က ဘာလို႔ ဒီေလာက္ ဆိုးယုတ္ရတာလဲ။ တကယ္တမ္း ငါ့ေျပာင္က်ဲရဲ႕ ပစၥည္းေတြကိုက် ခိုးရဲၿပီးေတာ့ ေျပာင္က်ဲမွာ ကိုယ္ဝန္ရွိေနတယ္လို႔ေတာင္ စြပ္စြဲလိုက္ေသးတယ္"
ေကာလာဟလျဖန့္ဖို႔ ကိုယ္ဝန္ရွိတယ္ဆိုတဲ့ အေၾကာင္းအရာကို သုံးတာ ဘယ္ေလာက္ေတာင္ ႐ြံဖို႔ေကာင္းလိုက္သလဲ။
ေခ်ာင္ဟုန္ယဲ့က ႏႈတ္ခမ္းကိုက္လိုက္၏။ သူမသည္ ခ်က္ခ်င္းပင္ မ်က္ရည္မ်ား စီးက်လာသည္။
"ငါ မဟုတ္ပါဘူး၊ ငါ တကယ္ ငါ့အစ္မဆီကိုပဲ လာတာပါ။ နင္ေျပာေနတဲ့ ဓါးျပလားဘာလားလည္း ငါ ဘာတစ္ခုမွ မသိပါဘူး"
"အို...ဟုတ္သားပဲ...နင္ေျပာေနတာ ေကာင္းရွင္း အေၾကာင္းလားဟင္။ ငါ သူ႕ကို တိုက္ခန္းအိမ္ရာဝန္းထဲဝင္သြားတာ ျမင္လိုက္တယ္။ ေကာင္းရွင္းက သူ႕အတိုင္းအတာ သူမသိတဲ့ လမ္းသရဲတစ္ေယာက္ဆိုတာ ငါ့သူငယ္ခ်င္း ေျပာတာကို ငါ အရင္က ၾကားဖူးတယ္။ သူဝင္သြားေတာ့ သူက ငါ့ကို မသိခ်င္ေယာင္ေဆာင္ေနဖို႔ေတာင္ ၿခိမ္းေျခာက္သြားေသးတယ္။ အဲဒါေၾကာင့္ အခုထိ ငါ နည္းနည္းစိတ္ရႈပ္သလို ခံစားေနရတုန္းပဲ"
ေခ်ာင္ဟုန္ယဲ့၏ ဦးေႏွာက္က တစ္ဖန္ျပန္၍ အလုပ္လုပ္လာၿပီး အျခားဆင္ေျခတစ္ခုအား အလ်င္အျမန္ပင္ ရွာေတြ႕သြားျပန္သည္။
အကယ္၍ ေကာင္းရွင္းသာ ဖမ္းမိပါက သူက သူမအား သက္ေသမခံေပးဖို႔ အခြင့္အေရးမ်ားရွိေသး၏။
သို႔ေသာ္ သူမကိုယ္တိုင္လည္း လြတ္လမ္းတစ္ခုရွာရန္ လိုအပ္သည္။ ထို႔ေၾကာင့္ ဘာပဲျဖစ္ျဖစ္ သူမက အံႀကိတ္လိုက္ၿပီး ဟန္မပ်က္ လိမ္ညာလိုက္၏။
ေခ်ာင္ဟုန္ယဲ့သည္ သူမ၏ ေခါင္းထဲတြင္ ထပ္ခါထပ္ခါ လိမ္ညာၿဖီးျဖန္းေနေသာေၾကာင့္ သူမကိုယ္တိုင္ပင္ ထုံထိုင္းလာသည္။ ေခ်ာင္ဟုန္ယဲ့အတြက္ ကံေကာင္းသည္မွာ သူမသည္ ေကာင္းရွင္းႏွင့္ ေနာက္ဆုံးအႀကိမ္ေတြ႕ဆုံစဥ္က ထိတ္လန့္ေၾကာက္႐ြံ႕ေနေသးသည္ျဖစ္ရာ သူမ၏ မ်က္ႏွာေပၚတြင္ အေၾကာက္တရားမ်ား စြဲထင္ေနေသးျခင္းက သူမ၏ အလိမ္အညာမ်ားအား ပုံေဖာ္ေနျခင္းကို ပို၍ စစ္မွန္သည္ႏွင့္တူေတာင္ ကူညီေပးေန၏။
ေခ်ာင္ဟုန္ယဲ့၏ သ႐ုပ္ေဆာင္မႈမ်ားႏွင့္ မ်က္ႏွာခ်င္းဆိုင္ ႀကဳံေတြ႕လိုက္ေသာအခါ စူးခ်ဴသည္ ေၾကာင္အမ္းအမ္းပင္ ျဖစ္သြားသည္။
သူမသည္ ေခ်ာင္ဟုန္ယဲ့ကဲ့သို႔ အေရထူေသာ မိန္းမမ်ိဳးကို တစ္ခါမွ မျမင္ဖူးေပ၊ အေရထူလြန္း၍ ကမာၻအထူဆုံးနံရံသည္ပင္ သူမ၏အသားအေရ မည္မွ်ထူသည္အား မွ်မွ်တတ ဆုံးျဖတ္ေပးနိုင္မည္ မဟုတ္ေခ်။ အျခားသူမ်ားအား အေလးထား ထည့္ေတြးျခင္းမရွိဘဲ တစ္ကိုယ္ေကာင္းဆန္၍ အမူအယာမ်ား ေျပာင္းသည္ကလည္း စာအုပ္တစ္အုပ္၏ စာမ်က္ႏွာမ်ားကို လွန္သည္ထက္ပင္ ပို၍ ျမန္ေသး၏။
ကန္က်င္းခ်န္သည္လည္း အရႈံးကို လက္ခံ၍ မသိစိတ္အေလ်ာက္ပင္ ဝမ္းကြဲညီမျဖစ္သူအား သူ၏ အေနာက္သို႔ ဆြဲလိုက္သည္။ ဤကဲ့သို႔ေသာ မိန္းကေလးမ်ိဳးႏွင့္ ေဝးေဝးေနျခင္းက ပိုေကာင္း၏၊ သူမရဲ႕ တစ္ကိုယ္ေကာင္းဆန္တဲ့ေရာဂါက ကူးစက္တတ္ရင္ေရာ။
သို႔ေသာ္ ကိစၥမ်ားက သိပ္မဆိုးေသးသည့္ အေျခအေန မဟုတ္လား။ ပုံပန္းသ႑ာန္ကိုၾကည့္ပါက ေခ်ာင္ဟုန္ယဲ့သည္ ခိုးခိုင္းမည့္သူတစ္ေယာက္ႏွင့္ မတူေပ။ ထို႔အျပင္ ယခုအခ်ိန္၌ သူမသည္ ဤကဲ့သို႔ေသာ ဆင္ေျခမ်ားအား ရွာနိုင္ေသးရင္ ေနာက္ပိုင္းတြင္လည္း ရဲက သူမအား ႀကံရာပါတစ္ေယာက္အျဖစ္ မဆက္ဆံေလာက္ဘူး မဟုတ္လား။ ဒီလိုပုံစံနဲ႕သာဆို သူမက အျပစ္ေပးမခံရဘဲ လြတ္ေျမာက္သြားနိုင္လား။ ဥာဏ္နီဥာဏ္နက္ မ်ားလြန္းလိုက္တာ။
မၾကာမီမွာပင္ က်င္းယြင္ေက်ာင္းသည္ အိမ္ရာစီမံခန့္ခြဲေရးမွ လူတစ္ေယာက္ႏွင့္အတူ သူတို႔ရွိရာသို႔ ဦးတည္လာေနသည္အား ျမင္လိုက္ရၿပီး ရဲတစ္ေယာက္ကလည္း သူတို႔၏ ေနာက္မွ လိုက္လာသည္။
သူတို႔အား ျမင္ေသာအခါမွ ကန္က်င္းခ်န္သည္ စိတ္သက္သာရာ ရသြား၏။ သူက ေခ်ာင္ဟုန္ယဲ့ကို အားျဖင့္ ဆြဲဖယ္လိုက္သည္။
ထိုအခိုက္တြင္ ေကာင္းရွင္းသည္ ေခ်ာင္ဟုန္ယဲ့က က်န္ေသာသူမ်ားႏွင့္အတူ မတ္တပ္ရပ္ေနသည္ကို ျမင္လိုက္ရရာ သူသည္ စတင္၍ ထိန္းမနိုင္သိမ္းမရ ျဖစ္လာေတာ့၏။
"အပ်က္မ၊ နင္က ငါ့ကို ေရာင္းစားတာလား"
ေခ်ာင္ဟုန္ယဲ့...ဒီေစ်းေပါတဲ့ အပ်က္မကေတာ့။ ျဖစ္ပ်က္သြားသမွ် အရာအားလုံးသည္ သူ႕အား ေသြးေဆာင္၍ ေထာင္ထဲသို႔ ထည့္ရန္ ရည္႐ြယ္ခ်က္ျဖင့္ သူမ အစီအစဥ္ဆြဲထားသည္မ်ားသာ ျဖစ္ရမည္။
ေခ်ာင္ဟုန္ယဲ့၏ ေခါင္းသည္ ေနာက္သို႔ က်ဳံ႕သြား၏။ သူမ မလုပ္ခဲ့လွ်င္ေတာင္မွ ယခုအခ်ိန္တြင္ သူမသည္ အေျခအေနႏွင့္အညီ ေကာက္ကာငင္ကာ ႀကံဖန္လိုက္႐ုံသာ တတ္နိုင္ေတာ့သည္။
"ရဲအရာရွိႀကီး၊ ကြၽန္မ သူ႕ကို သိတယ္။ သူက ကြၽန္မတို႔ ေက်ာင္းေပါက္ဝမွာ မၾကာခဏ ရစ္သီရစ္သီလုပ္ေနတတ္တဲ့ လမ္းသရဲပါ။ သူ အထဲကို ဝင္သြားတုန္းက ကြၽန္မကို ျမင္သြားေတာ့ ကြၽန္မကသာ ရဲကို အေၾကာင္းၾကားရင္ သတ္ပစ္မယ္လို႔ေတာင္ ေျပာသြားပါတယ္။ ကြၽန္မ ေၾကာက္လို႔ ရဲေတြကိုလည္း မရွာရဲဘူး။ ဒါေပမယ့္ ကြၽန္မ သူ တစ္ခုခု မေကာင္းတာလုပ္မွာ စိုးရိမ္ေနေသးေတာ့ ပုန္းေနၿပီး အေဝးကေန လ်ိဳ႕ဝွက္ေစာင့္ၾကည့္ေနတာပါ"