Chapter 103 : မရိုးသားသော ဆွေမျိုးများ
ကျင်းယွင်ကျောင်းသည် အပြစ်ရှိစိတ်မကင်းသော အားနာနေသည့် အမူအယာဖြင့် ရှိနေ၏။ ကန်ကျင်းချန်သည် ပါးစပ်ဖွင့်လိုက်သော်လည်း ဘာစကားမှ ထွက်မလာချေ။ ယနေ့ ညစာစားချိန်၌ သူ မသက်မသာခံစားနေရသည်မှာ မဆန်းတော့ပေ။ ကျင်းယွင်ကျောင်းသည် ယနေ့ည ညစာစားချိန်၌ လွန်စွာ မတုန်မလှုပ်ဖြစ်နေခြင်းမှာ အမှန်တကယ်ပင် သူမ၏ စိတ်ထဲတွင် သူတို့အား အခြေအနေကို ဖုံးကွယ်ထားရခြင်းကြောင့် ဖြစ်သည်။
သူသည် ထိုမျှလောက်သော ကိစ္စသေးသေးမွှားမွှားလေးကြောင့် သူမအား ဒေါသထွက်နေခြင်း လုံးဝမဟုတ်ဘဲ သူမ၏ ခံနိုင်ရည်စွမ်း အနည်းငယ်ကြီးလွန်းသည်ကိုသာ အံသြနေခြင်းဖြစ်၏။
ထောင်ချောက်ဆင်သော အခြေအနေအား အလွယ်တကူပြုလုပ်နိုင်ခဲ့သော်လည်း တစ်ဖက်လူမှာ လမ်းသရဲအုပ်စု၏ ခေါင်းဆောင် တစ်ယောက်ဖြစ်သည်။ သူ ပတ်သတ်လိုသူ (သွားရှုပ်ချင်သောသူ) မဟုတ်သည်ကတော့ အသေအချာပင်။
သူမ၏ အကြံဥာဏ် မဆိုးသည်ကသာ တစ်ခုတည်းသော အခွင့်အရေးဖြစ်သည်။ အာဏာပိုင်များ ပါဝင်ပတ်သတ်ခြင်းဖြင့် သူတို့၏ လုံခြုံရေးက စိတ်ချသေချာလိမ့်မည်။ ထိုနည်းလမ်းဖြင့် သူတို့သည် သူတို့၏ အနာဂတ်ကို လုံခြုံစိတ်ချစေနိုင်၍ လမ်းသရဲများ သူတို့၏ အိမ်ကို ဖောက်ထွင်းဝင်ရောက်၍ သူတို့အား လုယက်မည်အား အမြဲသတိရှိနေရမည့်အရေးကိုလည်း ရှောင်ရှားနိုင်မည်ဖြစ်သည်။
ကန်ကျင်းချန်နှင့် စူးချူ နှစ်ဦးစလုံးသည် ကျင်းယွင်ကျောင်း၏ အကြံဥာဏ်ကိုသာ လိုက်နာရ၍ တိုက်ခန်းအိမ်ရာမှ ထွက်လာကာ အိမ်ရာကို ပတ်၍ လမ်းလျှောက်လာပြီး လမ်းကြားလေးကို ဖြတ်ပြီး ချောင်ဟုန်ယဲ့၏ နောက်သို့ ရောက်လာကြ၏။
ချောင်ဟုန်ယဲ့၏ ပတ်ဝန်းကျင်အား စိုးရိမ်တကြီးဖြစ်နေသော အမူအယာကို မြင်ရခြင်းက စူးချူနှင့် ကန်ကျင်းချန်အား ကျင်းယွင်ကျောင်း၏ စကားများကို ပို၍ပင် ယုံကြည်လာစေသည်။ သူတို့၏ နှလုံးသားက အေးစက်သွားပြီး ဒေါသများ ရုတ်ချည်း တိုးပွားလာကြ၏။ သူတို့ ထိတွေ့ဆက်ဆံခဲ့သော ကမ္ဘာလောကကြီးသည် ပို၍ စစ်မှန်သည်။ သူတို့သည် ဤကဲ့သို့ အခြားလူများ၏ ပစ္စည်းများကို ခိုးယူရန် လမ်းသရဲတစ်ယောက်နှင့် ပူးပေါင်းတတ်သည့် အကြံအစည်များ ပြည့်နေသောသူကို တစ်ခါမှ မမြင်ဖူးချေ။
ချောင်ဟုန်ယဲ့သည် ကျင်းယွင်ကျောင်းအား မနှစ်သက်လျှင်တောင်မှ သူတို့သည် သူတို့သက်တမ်း၏ ဆယ်နှစ်ကျော် အမိုးအကာတစ်ခုတည်း အောက်၌ နေထိုင်ခဲ့သည့် မိသားစုများ ဖြစ်နေသေးသည်လေ။
"နင်က ချောင်ဟုန်ယဲ့ပဲ။ တိုက်ဆိုင်လိုက်တာနော်။ နင် ဒီမှာ ဘာလုပ်နေတာလဲ"
စူးချူက သူမ၏ နှလုံးသားထဲရှိ ဒေါသတရားများကို ချုပ်တည်းထား၍ အပြုံးတစ်ခုကို ဖျစ်ညှစ်ပြုံးကာ ချောင်ဟုန်ယဲ့၏ လက်မောင်းအား ဆွဲ၍ မေးလိုက်သည်။
"အား..."
ချောင်ဟုန်ယဲ့သည် တစ်စုံတစ်ယောက်က သူမထံသို့ ရုတ်ချည်း ချဥ်းကပ်လာမည်ဟု ထင်မထားသဖြင့် ချက်ချင်းပင် ထိတ်လန့်ကြောက်ရွံ့သွား၏။
သူမသည် ခေါင်းလှည့်ကြည့်ပြီးနောက် ကြက်သေသေသွားတော့သည်။ စူးချူနဲ့ ကန်ကျင်းချန်က ဘာလို့ ဒီရောက်နေတာလဲ။
ချောင်ဟုန်ယဲ့သည် ဤအနားတစ်ဝိုက်နှင့် မရင်းနှီးသည်မှာ မငြင်းနိုင်ပေ။ ထို့ကြောင့် သူမသည် လမ်းကြားလေးများအား လမ်းကွေ့ခုနစ်ခု၊ လမ်းချိုး ဆယ့်ရှစ်ခုတို့နှင့် ချိတ်ဆက်ထားသည့်အကြောင်းကို မသိခဲ့။
"နင်...နင်တို့တွေ...နင်တို့ ဘာလို့ ဒီမှာရောက်နေကြတာလဲ"
သူမသည် ကျင်းယွင်ကျောင်းအား သူတို့နှင့်အတူ မြင်လိုက်သည်မှာ သေချာ၍ သုံးယောက်သား လမ်းဘေးဆိုင်လေးတွင် ညစာစားရန် တိုက်ခန်းအိမ်ရာမှ အတူတကွ ထွက်သွားကြခြင်းဖြစ်သည်။ သူတ်ို့ လမ်းဘေးဆိုင်က ထွက်လာလျှင်တောင်မှ အဓိကဝင်ပေါက်ကို ဖြတ်၍ အိမ်ရာဝင်းထဲသို့ မဝင်ဘဲ အဘယ်ကြောင့် အခြားဦးတည်ရာမှ လာသနည်း။
မုန်းတီးမှုနှင့် ရွံရှာစက်ဆုပ်မှုများက စူးချူ၏ မျက်ဝန်းများတွင် ခဏမျှ ဖြတ်ပြေးသွားပြီး သူမ၏ ပြုံးနေသော မျက်နှာကို ဆက်မထိန်းထားနိုင်တော့လုနီးပါးပင်။ သူမက နှုတ်ခမ်းများကို ကွေးလိုက်ပြီး
"ငါတို့က ဒီနားပတ်ဝန်းကျင်မှာပဲ နေတာဆိုတော့ ဒီလမ်းကြားကို ဖြတ်သွားတာက ပုံမှန်ပါပဲ။ နင်ကရော...ဒီလိုနောက်ကျနေတဲ့အချိန် ဒီလမ်းကြားထဲမှာ ဟိုဟိုဒီဒီလိုက်ကြည့်နေတာက နည်းနည်းလေးထူးဆန်းသလိုပဲနော်"
"ငါ...ငါကြားတာ ကျင်းယွင်ကျောင်းက နင်တို့နဲ့နေနေတာဆို။ ငါ သူ့ကို စိတ်ပူလို့ တစ်ချက်လောက် ကြည့်ဖို့ လာတာပါ"
ချောင်ဟုန်ယဲ့က ပျာယာခတ်စွာဖြင့် မုသားတစ်ခုကို ဖွင့်ထုတ်ပြောဆိုလာ၏။
ကန်ကျင်းချန်သည် ချောင်ဟုန်ယဲ့အပေါ်တွင် နက်နက်ရှိုင်းရှိုင်း မချင့်မရဲဖြစ်သွားသည်။
တစ်ချက်လောက် ကြည့်ဖို့လာတယ်တဲ့လား။ နေ့ဘက်မှာ မလာဘဲ ညဘက်ကြီးမှာ လာတယ်ပေါ့။ တိုက်ခန်းအိမ်ရာဝန်းထဲကို ဝင်မလာဘဲ ဒီမှောင်မဲနေတဲ့ လမ်းထောင့်မှာ နေနေတယ်ပေါ့။
"အဲဒီလိုဆိုရင်လည်း ငါတို့နဲ့ အပေါ်ထပ်ကို လိုက်ခဲ့လေ။ ကျင်းယွင်ကျောင်း အဲဒီမှာ ရှိတယ်"
ကန်ကျင်းချန်က သူမအား ရည်ရွယ်ချက်ရှိရှိ ပြောလိုက်သည်။
ချောင်ဟုန်ယဲ့သည် ချက်ချင်းပင် သူမ၏ စိတ်ထဲ၌ တဝီဝီမြည်သံ ဆူညံသွားသကဲ့သို့ ခံစားလိုက်ရ၏။
"ကျင်းယွင်ကျောင်းက အိမ်မှာလား"
"ဟုတ်တယ်။ သူက များသောအားဖြင့်က အရမ်းစည်းကမ်းလိုက်နာတတ်တာဆိုတော့ ဒီလိုနောက်ကျတဲ့အချိန်အထိ အပြင်မှာ နေရတာကို မကြိုက်ဘူးလေ"
စူးချူက နှုတ်ခမ်းစူ၍ ထိုသို့ပြောလိုက်ပြီး တစ်ချိန်တည်းမှာပင် ဒေါသနှင့် စိတ်လှုပ်ရှားမှုကို ခံစားနေရသည်။ သူမ၏ စိတ်ထဲမှ ရေရွတ်လိုက်၏။
'နင် အခြားဘာဆင်ခြေတွေ ပေးနိုင်ဦးမလဲဆိုတာ ကြည့်ကြသေးတာပေါ့'
ချောင်ဟုန်ယဲ့ စိတ်ထဲတွင် တွေးနေသည်မှာ သူတို့သာ ပြန်သွားပါက ကောင်းရှင်းအား တွေ့သွားကြမည်မှာ အသေအချာပင် ဖြစ်သည်။
သို့သော် သူမက ထိုအကြောင်းကို ထပ်တွေးလိုက်၏။ အကယ်၍ ယခုအချိန်တွင် ကျင်းယွင်ကျောင်းသာ အိမ်၌ တစ်ယောက်တည်းရှိနေပါက ကောင်းရှင်းက သူမကို သေသေချာချာကိုင်တွယ်နိုင်သင့်သည် မဟုတ်လား။
ယခုအချိန်တွင် သူမလုပ်ရမည်မှာ ဤလူနှစ်ယောက်အား အချိန်ဆွဲထားရန်နှင့် သူတို့အား အပေါ်ထပ်သို့ တက်ခွင့်မပေးရန် ဖြစ်၏။ သို့မဟုတ်ပါက လူပိုများလာလျှင် ကောင်းရှင်းအား သေချာပေါက် ဖမ်းမိသွားလိမ့်မည်။
ထိုသို့တွေးလိုက်ပြီးနောက် ချောင်ဟုန်ယဲ့သည် ရုတ်တရက် စူးချူ၏ လက်အား ပြန်ဆွဲထားလိုက်၏။
"စူးချူ၊ နင် ငါ့အစ်မကို ငါလာတဲ့အကြောင်း မပြောရဘူးနော်။ သူက ငါ့ကို တကယ် မကြိုက်ဘူး။ တကယ်လို့ သူက ငါ သူ့ကို တိတ်တိတ်လေး လာကြည့်တာကို သိသွားရင် ငါ့ကိုမြင်တာနဲ့ ရိုက်လိမ့်မယ်"
"နင်က အဓိပ္ပါယ်မရှိတာတွေ ပြောနေတာပဲ။ ငါ့ရဲ့ပြောင်ကျဲက ဘယ်သူ့ကိုမှ အန္တရာယ်မပေးဘူး။ ပုံစံကို ကြည့်ရတာ နင်က စိတ်မချဖြစ်နေတဲ့ပုံပဲ။ နင် ဘာလို့ အမြဲတမ်း ပြောင်ကျဲရဲ့ ဂုဏ်သတင်းကို ဖျက်ဆီးနေတာလဲ။ အိုး...ဟုတ်သားပဲ၊ ငါတို့အိမ်က ဓါးပြတစ်ယောက်ကိုတောင် ဆွဲဆောင်နိုင်တယ်နဲ့တူတယ်။ နင့်ရဲ့ ခိုးကြောင်ခိုးဝှက်အပြုအမူတွေက နင်က ဒီဓါးပြနဲ့ ဆက်နွယ်နေတယ်ဆိုတဲ့ အဓိပ္ပါယ်မလား။ ဒါပေမယ့် နင် ဖြစ်နေရင်တောင် ကိစ္စမရှိဘူး၊ ဘာလို့လဲဆို ပြောင်ကျဲက ရဲတွေကို ဖုန်းဆက်ခေါ်ပြီးပြီလေ။ သူ မလွတ်နိုင်တော့ဘူးဆိုတာ အသေအချာပဲ"
ချောင်ဟုန်ယဲ့၏ စကားများကို ကြားလိုက်ရသော အခိုက်တွင် စူးချူသည် ဆက်၍ စိတ်ထိန်းမထားနိုင်တော့ဘဲ အကုန်ပြောချပစ်လိုက်သည်။
မည်သို့ပင်ဖြစ်စေ အခြေအနေသည် နိဂုံးသို့ ရောက်နေပြီဖြစ်၏။ သူတို့နှစ်ယောက် စောင့်ကြည့်နေတာကိုမှ ချောင်ဟုန်ယဲ့က ဖုန်းခေါ်ရဲသေးရင် စူးချူ ချောင်ဟုန်ယဲ့ကို ခုန်အုပ်ပြီး သေအောင် ဆွဲကုတ်ပစ်မည်ဖြစ်သည်။ ဟမ့် ...
Zawgyi
Chapter 103 : မရိုးသားေသာ ေဆြမ်ိဳးမ်ား
က်င္းယြင္ေက်ာင္းသည္ အျပစ္ရွိစိတ္မကင္းေသာ အားနာေနသည့္ အမူအယာျဖင့္ ရွိေန၏။ ကန္က်င္းခ်န္သည္ ပါးစပ္ဖြင့္လိုက္ေသာ္လည္း ဘာစကားမွ ထြက္မလာေခ်။ ယေန႕ ညစာစားခ်ိန္၌ သူ မသက္မသာခံစားေနရသည္မွာ မဆန္းေတာ့ေပ။ က်င္းယြင္ေက်ာင္းသည္ ယေန႕ည ညစာစားခ်ိန္၌ လြန္စြာ မတုန္မလႈပ္ျဖစ္ေနျခင္းမွာ အမွန္တကယ္ပင္ သူမ၏ စိတ္ထဲတြင္ သူတို႔အား အေျခအေနကို ဖုံးကြယ္ထားရျခင္းေၾကာင့္ ျဖစ္သည္။
သူသည္ ထိုမွ်ေလာက္ေသာ ကိစၥေသးေသးမႊားမႊားေလးေၾကာင့္ သူမအား ေဒါသထြက္ေနျခင္း လုံးဝမဟုတ္ဘဲ သူမ၏ ခံနိုင္ရည္စြမ္း အနည္းငယ္ႀကီးလြန္းသည္ကိုသာ အံၾသေနျခင္းျဖစ္၏။
ေထာင္ေခ်ာက္ဆင္ေသာ အေျခအေနအား အလြယ္တကူျပဳလုပ္နိုင္ခဲ့ေသာ္လည္း တစ္ဖက္လူမွာ လမ္းသရဲအုပ္စု၏ ေခါင္းေဆာင္ တစ္ေယာက္ျဖစ္သည္။ သူ ပတ္သတ္လိုသူ (သြားရႈပ္ခ်င္ေသာသူ) မဟုတ္သည္ကေတာ့ အေသအခ်ာပင္။
သူမ၏ အႀကံဥာဏ္ မဆိုးသည္ကသာ တစ္ခုတည္းေသာ အခြင့္အေရးျဖစ္သည္။ အာဏာပိုင္မ်ား ပါဝင္ပတ္သတ္ျခင္းျဖင့္ သူတို႔၏ လုံၿခဳံေရးက စိတ္ခ်ေသခ်ာလိမ့္မည္။ ထိုနည္းလမ္းျဖင့္ သူတို႔သည္ သူတို႔၏ အနာဂတ္ကို လုံၿခဳံစိတ္ခ်ေစနိုင္၍ လမ္းသရဲမ်ား သူတို႔၏ အိမ္ကို ေဖာက္ထြင္းဝင္ေရာက္၍ သူတို႔အား လုယက္မည္အား အၿမဲသတိရွိေနရမည့္အေရးကိုလည္း ေရွာင္ရွားနိုင္မည္ျဖစ္သည္။
ကန္က်င္းခ်န္ႏွင့္ စူးခ်ဴ ႏွစ္ဦးစလုံးသည္ က်င္းယြင္ေက်ာင္း၏ အႀကံဥာဏ္ကိုသာ လိုက္နာရ၍ တိုက္ခန္းအိမ္ရာမွ ထြက္လာကာ အိမ္ရာကို ပတ္၍ လမ္းေလွ်ာက္လာၿပီး လမ္းၾကားေလးကို ျဖတ္ၿပီး ေခ်ာင္ဟုန္ယဲ့၏ ေနာက္သို႔ ေရာက္လာၾက၏။
ေခ်ာင္ဟုန္ယဲ့၏ ပတ္ဝန္းက်င္အား စိုးရိမ္တႀကီးျဖစ္ေနေသာ အမူအယာကို ျမင္ရျခင္းက စူးခ်ဴႏွင့္ ကန္က်င္းခ်န္အား က်င္းယြင္ေက်ာင္း၏ စကားမ်ားကို ပို၍ပင္ ယုံၾကည္လာေစသည္။ သူတို႔၏ ႏွလုံးသားက ေအးစက္သြားၿပီး ေဒါသမ်ား ႐ုတ္ခ်ည္း တိုးပြားလာၾက၏။ သူတို႔ ထိေတြ႕ဆက္ဆံခဲ့ေသာ ကမာၻေလာကႀကီးသည္ ပို၍ စစ္မွန္သည္။ သူတို႔သည္ ဤကဲ့သို႔ အျခားလူမ်ား၏ ပစၥည္းမ်ားကို ခိုးယူရန္ လမ္းသရဲတစ္ေယာက္ႏွင့္ ပူးေပါင္းတတ္သည့္ အႀကံအစည္မ်ား ျပည့္ေနေသာသူကို တစ္ခါမွ မျမင္ဖူးေခ်။
ေခ်ာင္ဟုန္ယဲ့သည္ က်င္းယြင္ေက်ာင္းအား မႏွစ္သက္လွ်င္ေတာင္မွ သူတို႔သည္ သူတို႔သက္တမ္း၏ ဆယ္ႏွစ္ေက်ာ္ အမိုးအကာတစ္ခုတည္း ေအာက္၌ ေနထိုင္ခဲ့သည့္ မိသားစုမ်ား ျဖစ္ေနေသးသည္ေလ။
"နင္က ေခ်ာင္ဟုန္ယဲ့ပဲ။ တိုက္ဆိုင္လိုက္တာေနာ္။ နင္ ဒီမွာ ဘာလုပ္ေနတာလဲ"
စူးခ်ဴက သူမ၏ ႏွလုံးသားထဲရွိ ေဒါသတရားမ်ားကို ခ်ဳပ္တည္းထား၍ အၿပဳံးတစ္ခုကို ဖ်စ္ညွစ္ၿပဳံးကာ ေခ်ာင္ဟုန္ယဲ့၏ လက္ေမာင္းအား ဆြဲ၍ ေမးလိုက္သည္။
"အား..."
ေခ်ာင္ဟုန္ယဲ့သည္ တစ္စုံတစ္ေယာက္က သူမထံသို႔ ႐ုတ္ခ်ည္း ခ်ဥ္းကပ္လာမည္ဟု ထင္မထားသျဖင့္ ခ်က္ခ်င္းပင္ ထိတ္လန့္ေၾကာက္႐ြံ႕သြား၏။
သူမသည္ ေခါင္းလွည့္ၾကည့္ၿပီးေနာက္ ၾကက္ေသေသသြားေတာ့သည္။ စူးခ်ဴနဲ႕ ကန္က်င္းခ်န္က ဘာလို႔ ဒီေရာက္ေနတာလဲ။
ေခ်ာင္ဟုန္ယဲ့သည္ ဤအနားတစ္ဝိုက္ႏွင့္ မရင္းႏွီးသည္မွာ မျငင္းနိုင္ေပ။ ထို႔ေၾကာင့္ သူမသည္ လမ္းၾကားေလးမ်ားအား လမ္းေကြ႕ခုနစ္ခု၊ လမ္းခ်ိဳး ဆယ့္ရွစ္ခုတို႔ႏွင့္ ခ်ိတ္ဆက္ထားသည့္အေၾကာင္းကို မသိခဲ့။
"နင္...နင္တို႔ေတြ...နင္တို႔ ဘာလို႔ ဒီမွာေရာက္ေနၾကတာလဲ"
သူမသည္ က်င္းယြင္ေက်ာင္းအား သူတို႔ႏွင့္အတူ ျမင္လိုက္သည္မွာ ေသခ်ာ၍ သုံးေယာက္သား လမ္းေဘးဆိုင္ေလးတြင္ ညစာစားရန္ တိုက္ခန္းအိမ္ရာမွ အတူတကြ ထြက္သြားၾကျခင္းျဖစ္သည္။ သူတ္ို႔ လမ္းေဘးဆိုင္က ထြက္လာလွ်င္ေတာင္မွ အဓိကဝင္ေပါက္ကို ျဖတ္၍ အိမ္ရာဝင္းထဲသို႔ မဝင္ဘဲ အဘယ္ေၾကာင့္ အျခားဦးတည္ရာမွ လာသနည္း။
မုန္းတီးမႈႏွင့္ ႐ြံရွာစက္ဆုပ္မႈမ်ားက စူးခ်ဴ၏ မ်က္ဝန္းမ်ားတြင္ ခဏမွ် ျဖတ္ေျပးသြားၿပီး သူမ၏ ၿပဳံးေနေသာ မ်က္ႏွာကို ဆက္မထိန္းထားနိုင္ေတာ့လုနီးပါးပင္။ သူမက ႏႈတ္ခမ္းမ်ားကို ေကြးလိုက္ၿပီး
"ငါတို႔က ဒီနားပတ္ဝန္းက်င္မွာပဲ ေနတာဆိုေတာ့ ဒီလမ္းၾကားကို ျဖတ္သြားတာက ပုံမွန္ပါပဲ။ နင္ကေရာ...ဒီလိုေနာက္က်ေနတဲ့အခ်ိန္ ဒီလမ္းၾကားထဲမွာ ဟိုဟိုဒီဒီလိုက္ၾကည့္ေနတာက နည္းနည္းေလးထူးဆန္းသလိုပဲေနာ္"
"ငါ...ငါၾကားတာ က်င္းယြင္ေက်ာင္းက နင္တို႔နဲ႕ေနေနတာဆို။ ငါ သူ႕ကို စိတ္ပူလို႔ တစ္ခ်က္ေလာက္ ၾကည့္ဖို႔ လာတာပါ"
ေခ်ာင္ဟုန္ယဲ့က ပ်ာယာခတ္စြာျဖင့္ မုသားတစ္ခုကို ဖြင့္ထုတ္ေျပာဆိုလာ၏။
ကန္က်င္းခ်န္သည္ ေခ်ာင္ဟုန္ယဲ့အေပၚတြင္ နက္နက္ရွိုင္းရွိုင္း မခ်င့္မရဲျဖစ္သြားသည္။
တစ္ခ်က္ေလာက္ ၾကည့္ဖို႔လာတယ္တဲ့လား။ ေန႕ဘက္မွာ မလာဘဲ ညဘက္ႀကီးမွာ လာတယ္ေပါ့။ တိုက္ခန္းအိမ္ရာဝန္းထဲကို ဝင္မလာဘဲ ဒီေမွာင္မဲေနတဲ့ လမ္းေထာင့္မွာ ေနေနတယ္ေပါ့။
"အဲဒီလိုဆိုရင္လည္း ငါတို႔နဲ႕ အေပၚထပ္ကို လိုက္ခဲ့ေလ။ က်င္းယြင္ေက်ာင္း အဲဒီမွာ ရွိတယ္"
ကန္က်င္းခ်န္က သူမအား ရည္႐ြယ္ခ်က္ရွိရွိ ေျပာလိုက္သည္။
ေခ်ာင္ဟုန္ယဲ့သည္ ခ်က္ခ်င္းပင္ သူမ၏ စိတ္ထဲ၌ တဝီဝီျမည္သံ ဆူညံသြားသကဲ့သို႔ ခံစားလိုက္ရ၏။
"က်င္းယြင္ေက်ာင္းက အိမ္မွာလား"
"ဟုတ္တယ္။ သူက မ်ားေသာအားျဖင့္က အရမ္းစည္းကမ္းလိုက္နာတတ္တာဆိုေတာ့ ဒီလိုေနာက္က်တဲ့အခ်ိန္အထိ အျပင္မွာ ေနရတာကို မႀကိဳက္ဘူးေလ"
စူးခ်ဴက ႏႈတ္ခမ္းစူ၍ ထိုသို႔ေျပာလိုက္ၿပီး တစ္ခ်ိန္တည္းမွာပင္ ေဒါသႏွင့္ စိတ္လႈပ္ရွားမႈကို ခံစားေနရသည္။ သူမ၏ စိတ္ထဲမွ ေရ႐ြတ္လိုက္၏။
'နင္ အျခားဘာဆင္ေျခေတြ ေပးနိုင္ဦးမလဲဆိုတာ ၾကည့္ၾကေသးတာေပါ့'
ေခ်ာင္ဟုန္ယဲ့ စိတ္ထဲတြင္ ေတြးေနသည္မွာ သူတို႔သာ ျပန္သြားပါက ေကာင္းရွင္းအား ေတြ႕သြားၾကမည္မွာ အေသအခ်ာပင္ ျဖစ္သည္။
သို႔ေသာ္ သူမက ထိုအေၾကာင္းကို ထပ္ေတြးလိုက္၏။ အကယ္၍ ယခုအခ်ိန္တြင္ က်င္းယြင္ေက်ာင္းသာ အိမ္၌ တစ္ေယာက္တည္းရွိေနပါက ေကာင္းရွင္းက သူမကို ေသေသခ်ာခ်ာကိုင္တြယ္နိုင္သင့္သည္ မဟုတ္လား။
ယခုအခ်ိန္တြင္ သူမလုပ္ရမည္မွာ ဤလူႏွစ္ေယာက္အား အခ်ိန္ဆြဲထားရန္ႏွင့္ သူတို႔အား အေပၚထပ္သို႔ တက္ခြင့္မေပးရန္ ျဖစ္၏။ သို႔မဟုတ္ပါက လူပိုမ်ားလာလွ်င္ ေကာင္းရွင္းအား ေသခ်ာေပါက္ ဖမ္းမိသြားလိမ့္မည္။
ထိုသို႔ေတြးလိုက္ၿပီးေနာက္ ေခ်ာင္ဟုန္ယဲ့သည္ ႐ုတ္တရက္ စူးခ်ဴ၏ လက္အား ျပန္ဆြဲထားလိုက္၏။
"စူးခ်ဴ၊ နင္ ငါ့အစ္မကို ငါလာတဲ့အေၾကာင္း မေျပာရဘူးေနာ္။ သူက ငါ့ကို တကယ္ မႀကိဳက္ဘူး။ တကယ္လို႔ သူက ငါ သူ႕ကို တိတ္တိတ္ေလး လာၾကည့္တာကို သိသြားရင္ ငါ့ကိုျမင္တာနဲ႕ ရိုက္လိမ့္မယ္"
"နင္က အဓိပၸါယ္မရွိတာေတြ ေျပာေနတာပဲ။ ငါ့ရဲ႕ေျပာင္က်ဲက ဘယ္သူ႕ကိုမွ အႏၲရာယ္မေပးဘူး။ ပုံစံကို ၾကည့္ရတာ နင္က စိတ္မခ်ျဖစ္ေနတဲ့ပုံပဲ။ နင္ ဘာလို႔ အၿမဲတမ္း ေျပာင္က်ဲရဲ႕ ဂုဏ္သတင္းကို ဖ်က္ဆီးေနတာလဲ။ အိုး...ဟုတ္သားပဲ၊ ငါတို႔အိမ္က ဓါးျပတစ္ေယာက္ကိုေတာင္ ဆြဲေဆာင္နိုင္တယ္နဲ႕တူတယ္။ နင့္ရဲ႕ ခိုးေၾကာင္ခိုးဝွက္အျပဳအမူေတြက နင္က ဒီဓါးျပနဲ႕ ဆက္ႏြယ္ေနတယ္ဆိုတဲ့ အဓိပၸါယ္မလား။ ဒါေပမယ့္ နင္ ျဖစ္ေနရင္ေတာင္ ကိစၥမရွိဘူး၊ ဘာလို႔လဲဆို ေျပာင္က်ဲက ရဲေတြကို ဖုန္းဆက္ေခၚၿပီးၿပီေလ။ သူ မလြတ္နိုင္ေတာ့ဘူးဆိုတာ အေသအခ်ာပဲ"
ေခ်ာင္ဟုန္ယဲ့၏ စကားမ်ားကို ၾကားလိုက္ရေသာ အခိုက္တြင္ စူးခ်ဴသည္ ဆက္၍ စိတ္ထိန္းမထားနိုင္ေတာ့ဘဲ အကုန္ေျပာခ်ပစ္လိုက္သည္။
မည္သို႔ပင္ျဖစ္ေစ အေျခအေနသည္ နိဂုံးသို႔ ေရာက္ေနၿပီျဖစ္၏။ သူတို႔ႏွစ္ေယာက္ ေစာင့္ၾကည့္ေနတာကိုမွ ေခ်ာင္ဟုန္ယဲ့က ဖုန္းေခၚရဲေသးရင္ စူးခ်ဴ ေခ်ာင္ဟုန္ယဲ့ကို ခုန္အုပ္ၿပီး ေသေအာင္ ဆြဲကုတ္ပစ္မည္ျဖစ္သည္။ ဟမ့္ ...